01/10/2026
#၂၇ မှ သည် ၃၃ ဆီသို့ #
ပြောပြရင် ယုံကြမယ်တောင် မထင်ဘူး
*မွေးကတည်းကနေ အသက် ၂၇ နှစ် အထိ လူဖြစ်လာပြီး အသက်ရှင်သန်မှုဟာ အတိတ်ဘဝက ဝဋ်ကြွေး လာဆပ်ခြင်းပဲလို့ ခံယူခဲ့တယ်
*ဒါတောင် ကျမဟာ အလယ်အလတ်တန်းစား မိသားစု တစ်ခုက မွေးဖွားလာပြီး ဘာအပူအပင်မှ မရှိ မိဘ မောင်နှမ ချစ်ခြင်းမေတ္တာနဲ့အပြည့် မွေးဖွားလာတဲ့သူ
*ရှင်သန်ရင်း ရပ်တည်ရင်း ပျော်ရွှင်မှု ပျောက်ဆုံးပြီး လုပ်သင့်တာကို လုပ်နေခဲ့တဲ့သူ ဖြစ်သင့်သလောက်တော့ ဖြစ်နေတဲ့ လူတစ်ယောက်အနေနဲ့ရှိနေခဲ့တယ်
*၂၇ နောက်ပိုင်း အတွေးလေးတွေ ပြောင်းလဲလာတယ် ကမ္ဘာကြီးကို ချစ်တတ်လာတယ် သဘာဝ ပတ်ဝန်ကျင်းကို နှစ်သက်လာတယ် အသေးအဖွဲလေးတွေမှာ ပျော်ရွှင်မှုကို ရှာတွေ့တတ်လာတယ်
ဥပမာ ၊ ရုံးအပြန် bus station ကနေ အိမ်ပြန်လမ်းတစ်လျှောက် ညနေဆည်းဆာကြည့်ရင်း လမ်းလျှောက်ရတဲ့ ခံစားမှု
နေသာတဲ့တစ်နေ့ ပန်းခြံမှာထိုင်ရင်း တိမ်တွေရွေ့လျားတာကို ကြည့်ရင်း သီချင်းညည်းတဲ့ ခံစားချက်
စျေးသွားရင်း ပန်းဆိုင်က အန်တီကြီး ပန်းညှပ်နေတာကို မြင်တဲ့ မြင်ကွင်း
ကိုယ်နဲ့ type တူတဲ့ သူငယ်ချင်းနဲ့ အေးဆေး ကော်ဖီသောက်ရင်း လမ်းလျှောက်ရင်း ရောက်တတ်ရာရာ ပြောရတဲ့ ခံစားချက်
အိုးးးးးး သေးမွှာတဲ့အရာလေးတွေထဲက ရတဲ့ အရာရာဟာ ကြည်နူးစရာအတိပါ
အဲ့လို အရာလေးတွေကို မြင်တတ်ပြီဆိုရင် ကျမတို့ဟာ သိပ်မျှော်လင့်ချက် မများတဲ့ လူတစ်ယောက် ပျော်ရွှင်မှုကို သိနေတဲ့ လူတစ်ယောက်ဖြစ်နေပါပြီ
*၂၇မှ ဆိုပေမယ့် ကျမ နောက်ကျ မနေခဲ့ပါဘူး
ခုထိ ပျော်ရွှင်မှုဆိုတာကို မသိသေးတဲ့ လူတွေထပ်စာရင် ကျမ စောနေသေးတာပဲ
*တခါတလေ ပြောပြချင်တယ်
ပျော်ရွှင်မှုဆိုတာ saving money တွေ မဟုတ်ဘူး တိုက်တွေ ကားတွေ မဟုတ်ဘူး အပေါ်ယံ သူငယ်ချင်းတွေ မဟုတ်ဘူးဆိုတာ
#