07/08/2024
How to move on in 100days
Day-12
ငှက်လွှတ်ရင် ကုသိုလ်ရပြီး ... လက်လွှတ်ရင် ဘာရလဲတဲ့ ... နာကျင်ရမှာပေါ့နော် ... ဒါပေမဲ့ လက်လွှတ်တော့ လွတ်လပ်သွားမှာတော့ အမှန်ပါပဲ ...
ဘဝမှာ ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းချင်ရင်တော့ လေးလံတဲ့ အရာတွေ အားလုံးကိုတော့ လွှတ်ချ ခဲ့ရမှာ ပါပဲ ... ဒါကြောင့် လွှတ်ချခြင်း ခရီးစဉ် The Journey of Letting go မှာ ...
အတိတ်မှာ ကပ်ငြိနေတဲ့ ကိုယ့်ရဲ့ စိတ်တွေကို Let go လုပ်ပါ ... အတိတ်ဆိုတာ ပြန်သွားပြီး ပြုပြင် ပြောင်းလဲလို့ မရတော့တာမို့ အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါ ...
အရာရာ ထိန်းချုပ် Control လုပ်ချင်တဲ့ စိတ်ကို Let go လုပ်ပါ ... ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို လိုက်ပြီး ထိန်းချုပ်လို့ မရတာမို့ ကိုယ်တတ်နိုင်သလောက်ကိုပဲ အကောင်းဆုံးလုပ်ပြီး Trust the process လုပ်လိုက်ပါ ...
အနာဂါတ်ကို စိုးရိမ် ပူပန်နေတာတွေ Let go လုပ်ပါ ... အနာဂါတ်မှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ သေသေချာချာ တိတိကျကျ မသိနိုင်တာမို့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်စိတ်တွေကို လွှတ်ချပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု Trust အပြည့်အဝ ထားပါ ...
မျှော်လင့်ချက် Expectation တွေကို Let go လုပ်ပါ ... ကိုယ် မျှော်လင့် ထားသလောက် ကိုယ် ပြန်မရတဲ့ အခါ ကိုယ်ပဲ နာကျင်ရတယ်လေ ... ဒါ့ကြောင့် Expectation တွေကို လျော့ချထားပါ ...
~ Randy
ကိုယ့်ရဲ့ အရာရာ ပြီးပြည့်စုံချင်တဲ့ စိတ်, မှန်ချင်တဲ့ စိတ်ကို Let go လုပ်ပါ ... လောကမှာ ဘယ်အရာကမှ ဘယ်သူကမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိသလို မှားတဲ့ အခါတွေ ဆိုတာလဲ ရှိတတ်ပါတယ် ... ဒါ့ကြောင့် Accept yourself ဖြစ်ပြီး လုပ်စရာရှိတာတွေကို ကိုယ်နိုင်သလောက် အကောင်းဆုံးလုပ်ရင်း အသစ် အသစ်တွေကို ဆက်လက် လေ့လာသင်ယူသွားပါ ...
ကိုယ်က အခြားသူတွေကို သုံးသပ် အကဲဖြတ်တာတွေနဲ့ ... အခြားသူတွေက ကိုယ့်ကို သုံးသပ် အကဲဖြတ်တာတွေကို Let go လုပ်ပါ ... လူတိုင်းဟာ ကိုယ်ပိုင် ခရီးလမ်း Own Journey ကို လျှောက်လှမ်း နေကြတာပါ ... ဒါ့ကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင် လမ်းကြောင်း Own Path ကိုပဲ အာရုံစိုက် လျှောက်လှမ်းရမှာ ဖြစ်ပါတယ် ...
လူတွေ, အရာဝတ္တုတွေ အပေါ်မှာ စွဲလမ်းနေတဲ့ စိတ်ကို Let go လုပ်ပါ ... လောကမှာ ဘယ်အရာမှ မမြဲသလို ... ရေစက်ပါလို့ ဆုံကြပြီး ရေစက်ကုန်လို့ ခွဲခွာကြရတာချည်းပါပဲ ... ဒါ့ကြောင့် လက်ရှိ အတွေ့အကြုံနဲ့ ချစ်ခြင်း မေတ္တာတရား အပေါ်မှာသာ အာရုံစိုက် Focus ထားပါ ...
ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ထင်တဲ့ မြင်တဲ့ အမြင်တွေကို Let go လုပ်ပါ ... ကိုယ့်ကိုယ်ကို ကောင်းတာ ဖြစ်စေ, ဆိုးတာ ဖြစ်စေ သတ်မှတ်ချက်တွေက ကိုယ့်ကိုယ်ကို ပြန်ပြောနေတဲ့ Story တွေပါပဲ ... ဒါ့ကြောင့် ပုံပြင် ကန့်သတ်ချက် Limitation တွေကို လွှတ်ချထားပြီး ပစ္စုပ္ပန် တည့်တည့်လေးမှာ အကောင်းဆုံး ပျော်ရွှင်အောင် နေထိုင်ပါ ...
နဲနဲပဲ လွှတ်ချ လွှတ်ချ, များများပဲ လွှတ်ချ လွှတ်ချ Let go လုပ်နိုင်ဖို့က နာကျင် ခံစားရတာမို့ သတ္တိတော့ လိုအပ်ပါတယ် ...
Have A Nice Day! ♥️♥️♥️
#မျိုးသီဟကျော် ~
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentorn