02/10/2026
🍜 ပိတ်ရက်မနက်ခင်းကို မုန့်ဟင်းခါးပူပူလေးနဲ့ စလိုက်ရင် ဘယ်လိုလဲ… 🤤💛
ဟင်းရည်ပူပူလေးဆမ်း၊ ကြက်ဥပြုတ်လေးထည့်၊ ငရုတ်သီးလေးဖြူးပြီး နံနံပင်မွှေးမွှေးလေး အုပ်လိုက်ရင်… အိမ်မှာနေရင်း မြန်မာပြည်က မနက်ခင်းလေးကို ပြန်သတိရသွားမယ်နော် 🥰
အတုတ်မဆိုင်မှာ မုန့်ဟင်းခါးအနှစ်ထုပ်၊ ဟင်းရည်ခြောက်ထုပ်နဲ့ အနှစ်ဘူးလေးတွေ အစုံရှိပါတယ်။ ကိုယ်ကြိုက်တဲ့အမျိုးအစားလေး လာရွေးပြီး ပိတ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ချက်စားကြရအောင် 🍜🏡
🌿 မုန့်ဟင်းခါးနဲ့ တွဲစားဖို့ နံနံပင်လတ်လတ်ဆက်ဆက်လည်း လိုသလောက် ဝယ်လို့ရပါတယ်နော်။ တခြားအသီးအရွက်လေးတွေကတော့ နည်းနည်းစီပဲရှိလို့ စောစောလာရွေးထားကြပါဦး။🛒 💚
🚚 မနက်ဖြန် Fuji မြို့တွင်း Delivery FREE ပို့ပေးပါမယ်။
ဆိုင်မလာနိုင်တဲ့သူတွေလည်း Page Messenger ကနေ မှာယူနိုင်ပါတယ်။ Fuji မြို့တွင်း ¥2,000 နှင့်အထက်ဆို ပစ္စည်းရောက်မှ ငွေချေလို့ရပါတယ်နော်။
📦 နယ်ဝေးအတွက် ¥10,000 နှင့်အထက်ဆို ပို့ဆောင်ခအခမဲ့၊ ¥10,000 အောက်ဆို Sagawa ပို့ခ ¥800 ပါ။ ရေခဲပစ္စည်းပါဝင်ပါက အအေးပို့ခ ¥800 ထပ်မံကျသင့်ပါတယ်။
📍 ATOKE MA MART — အတုတ်မ မြန်မာစားသောက်ကုန်ဆိုင်၊ Fuji မြို့
#အတုတ်မ #မုန့်ဟင်းခါး #နံနံပင် ြန်မာဆိုင် #富士市 #ミャンマー食材 #モヒンガー