Lazy Cooking

アクセス

Lazy Cooking 美味しい食べ物を食べれるのも一つの幸せ!🍀

Be live carefully in daily with all your heart! Create the life you want!💛🤍🩵🌱✨

တျောက်တည်း အလုပ်ရှုပ်တာမှ😺
20/09/2026

တျောက်တည်း အလုပ်ရှုပ်တာမှ😺

My kind of therapy 😹🧹
Cleaning = peace of mind ✨

မနေ့က ည9နာရီထိOTဆင်းလိုက်တာဒီနေ့ခွင့််ယူ😬 6days ဆက်တိုက်holidaysဖြစ်သွားပြီ။next week Thursday 9/24ထိ နားမယ်〜🌱💫💛 အဟိဟိုအ...
18/09/2026

မနေ့က ည9နာရီထိOTဆင်းလိုက်တာ
ဒီနေ့ခွင့််ယူ😬 6days ဆက်တိုက်holidaysဖြစ်သွားပြီ။
next week Thursday 9/24ထိ နားမယ်〜🌱💫💛 အဟိ

ဟိုအရင်က ဘာဆေးမှ မဆောင်ဖြစ်ခဲ့ပေမယ့်
3ထိပ်စီးပြောင်းပြီးနောက်ပိုင်း မဆောင်လို့မရတော့ဘူးဖြစ်🥹 နေမကောင်းဖြစ်မှာလည်း ကြောက်လာတယ်။ မနက်တိုင်း အိမ်သာသွားရတာက ကိုယ့်အတွက် ပျော်ရွှင်မှုဖြစ်လာတဲ့ အဖွားကြီးပေါက်စ ဖြစ်လာ အဟီး😺
ဝမ်းမှန်မှ စိတ်ရော ခေါင်းရော ကြည်တာပါဆို😬

စာဖတ်ကြည့်လိုက်တာနဲ့စာရေးသူရဲ့experienceနဲ့ ရင့်ကျက်မှုကို မြင်ရ။ အခုထိတော့ ဒို့experienceကဒို့က အထက်လူကြီးကို မကြိုက်တာ...
18/09/2026

စာဖတ်ကြည့်လိုက်တာနဲ့
စာရေးသူရဲ့experienceနဲ့ ရင့်ကျက်မှုကို မြင်ရ။

အခုထိတော့ ဒို့experienceက
ဒို့က အထက်လူကြီးကို မကြိုက်တာရယ်😬
(အဲ့လိုနဲ့ အလုပ်လုပ်ပေးချင်စိတ်မရှိလို့ ခေါင်းမာပစ်တာနဲ့ ကိုယ့်professionalပျောက်မလိုဖြစ်ရတဲ့အတွေ့အကြုံလည်းယူမိပြီးပြီ😬 စိတ်လိုလက်ရခေါင်းမာပစ်လို့ ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးမိသလိုဖြစ်တဲ့အတွေ့ကြုံလည်း ယူပြီးသွားပြီ🤨)
ဒါမယ့်လည်း ဒို့က ဒို့ပါပဲ မကြိုက်ရင် ထားခဲ့လိုက်ယ်နိုင်တယ်။😳 ပြီးရော

အလုပ်မှာ အထက်လူကြီးက
ကိုယ့်ကို မကြိုက်ဘူးဆိုရင်…
ကိုယ့်ဘက်က ဒီလိုအရာတွေ လုပ်လို့ရပါတယ်။

အလုပ်လုပ်တဲ့နေရာမှာ
လူတိုင်းက ကိုယ့်ကို သဘောကျနေဖို့ မဖြစ်နိုင်ပါဘူး။

ကိုယ်က အလုပ်ကို ဘယ်လောက်ပဲ ကြိုးစားကြိုးစား
ကိုယ့်အပေါ် အမြင်မကြည်တဲ့
အထက်လူကြီးတစ်ယောက် ရှိလာနိုင်တယ်။

ကိုယ်ဘာလုပ်လုပ် အပြစ်မြင်တယ်။
တခြားသူတွေကို မပြောဘဲ
ကိုယ့်ကိုပဲ အမြဲထောက်ပြတယ်။
ကိုယ်လုပ်တာကောင်းရင်တောင်
သိပ်ပြီးအသိအမှတ်မပြုဘူး။

ဒီလိုအခြေအနေမျိုး ကြုံလာရင်
ချက်ချင်းစိတ်ဆိုးပြီး ပြန်တိုက်တာထက်
ကိုယ့်ဘက်က ဘယ်လိုနေသင့်လဲဆိုတာ
သိထားဖို့ ပိုအရေးကြီးတယ်။

ပထမဆုံး…
“သူက ငါ့ကို မကြိုက်ဘူး”
ဆိုတဲ့ခံစားချက်တစ်ခုတည်းနဲ့
ချက်ချင်းဆုံးဖြတ်မချပါနဲ့။

တကယ်ပဲ ကိုယ့်ကို မကြိုက်တာလား။
ဒါမှမဟုတ် ကိုယ့်အလုပ်မှာ ပြင်စရာတစ်ခုခုရှိနေတာလား။

နှစ်ခုကို ခွဲခြားကြည့်ပါ။

ကိုယ့်ဘက်ကလည်း
အမှားရှိရင် ပြင်ပါ။
မရှိတဲ့အမှားကိုတော့
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

ဒုတိယအချက်…
အလုပ်ကို ပိုပြီးစနစ်တကျလုပ်ပါ။

အထက်လူကြီးနဲ့ အဆင်မပြေတဲ့အချိန်မှာ
“ငါလည်း မကြိုက်တော့ဘူး”
ဆိုပြီး အလုပ်ကို လျှော့လုပ်လိုက်တာက
ကိုယ့်အတွက်ပဲ ပြဿနာဖြစ်လာနိုင်တယ်။

အဲ့ဒီအစား
အလုပ်ချိန်မှန်ပါစေ။
တာဝန်တွေကို သေချာလုပ်ပါ။
ပြောထားတဲ့အရာတွေကို မှတ်ထားပါ။
မသိတာရှိရင် မေးပါ။
အမှားရှိရင် ပြင်ပါ။

လူတစ်ယောက်ရဲ့ အမြင်ကို
ချက်ချင်းပြောင်းလဲဖို့ မလွယ်ပေမယ့်
ကိုယ့်ရဲ့ အလုပ်မှတ်တမ်းကိုတော့
တဖြည်းဖြည်းကောင်းအောင် လုပ်လို့ရတယ်။

တတိယအချက်…
ပြောသမျှကို စိတ်ထဲမှာပဲ မထားပါနဲ့။

အထူးသဖြင့်
ကိုယ့်အပေါ် မတရားပြောဆိုတာ၊
အလုပ်တာဝန်ပေးပုံ မညီမျှတာ၊
အရေးကြီးတဲ့ ညွှန်ကြားချက်တွေကို
နောက်ပိုင်းမှာ ပြဿနာဖြစ်နိုင်တဲ့အခြေအနေတွေဆိုရင်
ရက်စွဲ၊ အချိန်၊ ဘာပြောခဲ့တယ်၊
ဘာတာဝန်ပေးခဲ့တယ်ဆိုတာ
ကိုယ့်အတွက် မှတ်တမ်းထားပါ။

ဒါက
တစ်ယောက်ယောက်ကို ဒုက္ခပေးဖို့မဟုတ်ဘူး။

တစ်နေ့နေ့မှာ
“မင်းကို ဒီလိုပြောခဲ့တယ်”
“မင်းက ဒီလိုလုပ်ခဲ့တယ်”
ဆိုပြီး အငြင်းပွားလာတဲ့အခါ
ကိုယ့်ဘက်မှာ ဖြစ်ရပ်မှန်ကို ပြန်စစ်နိုင်ဖို့ပါ။

စတုတ္ထအချက်…
လုပ်ဖော်ကိုင်ဖက်တိုင်းကို
အထက်လူကြီးအကြောင်း လိုက်မပြောပါနဲ့။

“သူက ငါ့ကို မကြိုက်ဘူး”
“ငါ့ကိုပဲ အမြဲဖိတယ်”
“သူ့ကြောင့် အလုပ်မလုပ်ချင်တော့ဘူး”

ဆိုပြီး လူတိုင်းကို လိုက်ရင်ဖွင့်တာက
ခဏတာတော့ စိတ်သက်သာနိုင်တယ်။

ဒါပေမယ့်
ကိုယ်ပြောလိုက်တဲ့စကားတွေ
ဘယ်နေရာကနေ ဘယ်လိုပြန်ရောက်လာမလဲ
မသိနိုင်ဘူး။

ပြဿနာကို ဖြေရှင်းဖို့လိုရင်
လိုအပ်တဲ့လူ၊ လိုအပ်တဲ့နေရာမှာ
လိုအပ်သလောက်ပဲ ပြောပါ။

ပဉ္စမအချက်…
အထက်လူကြီးကို မကြိုက်တာနဲ့
ကိုယ့် Professionalism ကို မပျောက်စေနဲ့။

နှုတ်ဆက်ရင် နှုတ်ဆက်ပါ။
အလုပ်ကိစ္စရှိရင် အလုပ်ကိစ္စအတိုင်းပြောပါ။
လိုအပ်တဲ့အရာကို လိုအပ်သလို မေးပါ။

သူ့အပေါ် ကိုယ့်ခံစားချက်နဲ့
ကိုယ့်အလုပ်တာဝန်ကို မရောပါနဲ့။

“သူက ငါ့ကို မကြိုက်လို့
ငါလည်း သူ့ကို မလေးစားတော့ဘူး”
ဆိုတဲ့စိတ်နဲ့ နေလိုက်ရင်
နောက်ဆုံးမှာ ကိုယ့်ပုံရိပ်ပဲ ထိခိုက်နိုင်တယ်။

နောက်ဆုံးတစ်ခုက
အရမ်းအရေးကြီးတယ်။

အထက်လူကြီးတစ်ယောက်က
ကိုယ့်ကို မကြိုက်တာနဲ့
ကိုယ့်တန်ဖိုးက လျော့သွားတာ မဟုတ်ဘူး။

လူတစ်ယောက်ရဲ့ အမြင်က
လူတစ်ယောက်ရဲ့ အမြင်ပဲ။

ကိုယ့်တန်ဖိုးကိုတော့
ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ယူမှု၊
ကိုယ့်အကျင့်စာရိတ္တနဲ့
အချိန်ကြာလာတာနဲ့အမျှ သက်သေပြရတယ်။

ဒါပေမယ့်
တကယ်လို့ ကိုယ့်အပေါ်
မမျှတတဲ့ဆက်ဆံမှုတွေ၊
အလုပ်နဲ့မသက်ဆိုင်တဲ့ အနိုင်ကျင့်မှုတွေ၊
ထပ်ခါတလဲလဲ မသင့်တော်တဲ့အပြုအမူတွေ
ဖြစ်နေတယ်ဆိုရင်တော့

“ငါသည်းခံရမယ်”
ဆိုပြီး အမြဲတမ်း တိတ်တိတ်နေဖို့ မလိုပါဘူး။

အခြေအနေကို မှတ်တမ်းတင်ပါ။
သင့်တော်တဲ့အချိန်မှာ
သင့်တော်တဲ့ တာဝန်ရှိသူကို
အချက်အလက်နဲ့ ပြောပြပါ။

ဘာလို့လဲဆိုတော့
Professional ဖြစ်တယ်ဆိုတာ
အရာအားလုံးကို သည်းခံနေတတ်တာ
မဟုတ်ပါဘူး။

ဘယ်အချိန်မှာ တိတ်တိတ်နေသင့်လဲ။
ဘယ်အချိန်မှာ ပြောသင့်လဲ။
ဘယ်အချိန်မှာ ကိုယ့်ဘက်က ရပ်တည်သင့်လဲ။
ဘယ်အချိန်မှာတော့ နေရာပြောင်းဖို့ စဉ်းစားသင့်လဲ။

အဲ့ဒီအရာတွေကို
အခြေအနေကြည့်ပြီး ဆုံးဖြတ်တတ်တာပါ။

မှတ်ထားပါ။

အလုပ်မှာ
အထက်လူကြီးတိုင်းက
ကိုယ့်ကို သဘောကျနေဖို့ မလိုဘူး။

ဒါပေမယ့်
ကိုယ့်အလုပ်ကိုတော့
ကိုယ်တိုင်လေးစားနိုင်တဲ့အထိ
သေချာလုပ်ထားပါ။

လူတစ်ယောက်ရဲ့
မကြိုက်ခြင်းကြောင့်
ကိုယ့်တန်ဖိုးကို မဆုံးဖြတ်ပါနဲ့။

စကားနဲ့ ပြန်တိုက်မယ့်အစား
အလုပ်နဲ့ သက်သေပြပါ။

စိတ်နဲ့ ပြန်လက်စားချေမယ့်အစား
ကိုယ့်အနာဂတ်ကို ပိုကောင်းအောင်လုပ်ပါ။

ဘာလို့လဲဆိုတော့
အလုပ်မှာ အနိုင်ရတယ်ဆိုတာ
တစ်ယောက်ယောက်ကို အနိုင်ယူတာမဟုတ်ဘူး။

ကိုယ့်ကိုယ်ကို မပျောက်သွားအောင်
ကိုယ့်တန်ဖိုးကို မကျသွားအောင်
ကိုယ့်အနာဂတ်ကို ဆက်တည်ဆောက်နိုင်တာပါ။

#လုပ်ငန်းခွင် #နိုင်ငံခြား

တဘူတာ ကျော်စီးသွားမိလို့ ပြန်စီးလာတာ။ ရထားထဲမှာ သရဲခြောက်မှာတောင် ကြောက်ရကျောချမ်းရင်း ပုံရိုက်😁  (Thursday) jst 22:07 o...
17/09/2026

တဘူတာ ကျော်စီးသွားမိလို့ ပြန်စီးလာတာ။

ရထားထဲမှာ သရဲခြောက်မှာတောင် ကြောက်ရ
ကျောချမ်းရင်း ပုံရိုက်😁

(Thursday) jst 22:07 o’clock

13/09/2026

ဒီနေ့မနက်ကြီး ၄နာရီထိုး ထ့ပြင်ထားတဲ့ ထမင်းဗူး မေ့ကျန်ခဲ့တယ်။ 😌

long time no eat, bitter gourd curry👩🏻‍🍳😋one of favorites.  12, 2026 Saturday👩🏻‍🍳💫
12/09/2026

long time no eat, bitter gourd curry👩🏻‍🍳😋
one of favorites.

12, 2026 Saturday👩🏻‍🍳💫

住所

Itabashi-ku, Tokyo

ウェブサイト

アラート

Lazy Cookingが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する