Big-Boing

Big-Boing Big-Boing, Arakawa-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

🇯🇵 ဂျပန်ကို ချစ်သူတိုင်းအတွက် ဂျပန်ယဉ်ကျေးမှု၊ ခရီးသွားနည်း၊ ဘာသာစကားနဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို နေ့စဥ် Update တင်ပေးနေတာမို့ Like & Follow လုပ်ခဲ့ပါနော်! ❤️

🇯🇵 ဂျပန်မှာ နေတာကြာလာရင် မဖြစ်မနေကြုံရနိုင်တဲ့ အဓိကအချက်များ 🤣၁။ “すみません” နဲ့ “大丈夫です” ကို အလိုလိုပြောတတ်လာမယ်ဘာဖြစ်ဖြစ် “...
13/05/2026

🇯🇵 ဂျပန်မှာ နေတာကြာလာရင် မဖြစ်မနေကြုံရနိုင်တဲ့ အဓိကအချက်များ 🤣

၁။ “すみません” နဲ့ “大丈夫です” ကို အလိုလိုပြောတတ်လာမယ်
ဘာဖြစ်ဖြစ် “sumimasen…” 😭

၂။ ရာသီဥတုကြောင့် အသားခြောက်လာမယ်
Winter ရောက်ရင် lotion မလိမ်းရင် desert skin ဖြစ် 😵‍💫

၃။ Convenience Store က အစားအသောက်တွေကို restaurant ထက်ပိုသဘောကျလာမယ်
FamilyMart fried chicken = soulmate 🍗

၄။ Train delay ၅ မိနစ်တောင် စိတ်ဖိစီးလာမယ်
Myanmar မှာဆို “လာရင်ပြီးတာပဲ” 😌

၅။ အဝတ်အစားတွေ အနက်ရောင်ပဲ ပိုများလာမယ်
Closet ဖွင့်လိုက်ရင် ninja collection 🥷

၆။ Seasonal menu တွေမြင်ရင် မဝယ်မနေနိုင်ဖြစ်လာမယ်
Sakura limited 🍓🌸
Autumn chestnut 🌰
Winter strawberry 🍓

၇။ ATM fee 110¥ ကိုတောင် နှလုံးနာလာမယ် 😭

၈။ “အလုပ်သွားမလုပ်ချင်ဘူး…” ဆိုပေမဲ့ punctual ဖြစ်လာမယ်
၈:
ရောက်ရင်တောင် late feel 😵

၉။ Donki ထဲ “ခဏပဲဝင်မယ်” ဆိုပြီး ၁ နာရီပျောက်သွားမယ် 🛒

၁၀။ Anime မကြည့်တဲ့သူတောင် anime song တချို့ရနေမယ် 🎶

ကဲ… ဂျပန်မှာနေတာကြာလာရင် နောက်ထပ်ဘာတွေဖြစ်သေးလဲ 🤣
:::

13/05/2026
13/05/2026

"ဘယ်တော့ပြန်မလာလဲ?"
"ပိုက်ဆံဘယ်လောက်စုမိပြီလဲ?"
"ဘယ်တော့အိမ်ထောင်ပြုမှာလဲ?"

ဒီမေးခွန်းတွေ ကျွန်တော်တို့အားလုံး ကြားဖူးကြမှာပါ။ မိသားစုဝင်တစ်ယောက် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့အခါမျိုးမှာ မကြာခဏ မေးမိတတ်ကြတဲ့ မေးခွန်းတွေပါ။

ဒါပေမယ့် ဒီမေးခွန်းတွေဟာ ဖြေဖို့ အရမ်းခက်တဲ့၊ ဖိအားပေးတဲ့ မေးခွန်းတွေဖြစ်နေတတ်ပါတယ်။

ဘာကြောင့် ဒီမေးခွန်းတွေက ဖိအားဖြစ်ရတာလဲ?

နိုင်ငံခြားမှာ နေထိုင်အလုပ်လုပ်နေသူတစ်ယောက်ဟာ...

· နေ့စဉ် အလုပ်ဖိအား၊ ဘာသာစကား၊ ယဉ်ကျေးမှုကွဲလွဲမှုတွေကို ရင်ဆိုင်ရှင်သန်နေရပါတယ်
· မိခင်တိုင်းပြည်ရဲ့ အခြေအနေကို စိုးရိမ်ပူပန်နေရပါတယ်
· အနာဂတ်အတွက် မရေရာမှုတွေကြားမှာ ဆုံးဖြတ်ချက်ချနေရပါတယ်
· မိသားစုကို လွမ်းနေတတ်ပါတယ်

တကယ်တမ်း

· ပြန်ချင်တာပေါ့ အမိမြေ - ဒါဟာ နိုင်ငံခြားမှာနေသူတိုင်းရဲ့ စိတ်ထဲမှာ အမြဲရှိနေတဲ့ခံစားချက်ပါ
· နေချင်တာပေါ့ ကိုယ့်ရဲ့အိမ် - နွေးထွေးမှုကို လွမ်းတာဟာ သဘာဝပါပဲ
· လိုချင်တာပေါ့ နွေးထွေးတဲ့ မိသားစု - ဒါပေမယ့် ဒီလိုခံစားချက်တွေကို ဖိအားပေးမေးခွန်းတွေနဲ့ ထပ်မံဖိအအားမပေးမိပါစေနဲ့

နိုင်ငံခြားမှာ ရောက်နေသူတွေနဲ့ စကားပြောတဲ့အခါ "ဘယ်တော့ပြန်မလဲ" ထက် "နေကောင်းလား" လို့ မေးကြည့်ပါ။ "ပိုက်ဆံဘယ်လောက်ရပြီ" ထက် "စိတ်ဖိစီးမှုတွေ များလား" လို့ မေးကြည့်ပါ။

တကယ့်အရေးကြီးတာက သူတို့ရဲ့လက်ရှိဘဝကို နားလည်ပေးဖို့၊ သူတို့ရဲ့ခံစားချက်တွေကို အလေးထားပေးဖို့ပါ။ မေးခွန်းတိုင်းဟာ စာနာမှုနဲ့ နားလည်မှုကို သယ်ဆောင်လာနိုင်ပါစေ။

အကောင်းမြင်စိတ်နဲ့ မေးမြန်းခြင်းက ဖိအားပေးမေးမြန်းခြင်းထက် ပိုပြီး ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။

နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ မိတ်ဆွေများ၊ မိသားစုဝင်များရဲ့ ခံစားချက်များကို အခြေခံကာ ရေးသားထားခြင်းဖြစ်ပါတယ်။ အားလုံးပဲ နားလည်မှုနဲ့ စာနာမှုပြည့်ဝတဲ့ ဆက်ဆံရေးများ ရရှိပါစေလို့ ဆန္ဒပြုလျက်...

Big-Boing

13/05/2026

ဂျပန်ကို ပထမဆုံးရောက်တဲ့အခါ အိမ်သုံးပစ္စည်းတွေဝယ်ဖို့ စာရင်းလုပ်ရင်း "Water server လည်း လိုမလား" ဆိုတဲ့ မေးခွန်း ပေါ်လာတတ်ပါတယ်။ ဂျပန်ရဲ့ ပိုက်ကရေက ကမ္ဘာ့အသန့်ရှင်းဆုံးထဲမှာ ပါပေမယ့်...

ဂျပန်ရဲ့ ရေက တကယ်သောက်လို့ရပြီလား? ✅

အဖြေက "ဟုတ်" ပါ!

ဂျပန်ရဲ့ မြို့ပြဧရိယာအများစုမှာ ပိုက်ဆင်းရေကို တိုက်ရိုက်သောက်သုံးနိုင်ပါတယ်။ ကျန်းမာရေးစံချိန်စံညွှန်းက ကမ္ဘာ့အမြင့်ဆုံးတန်းစာမှာ ရှိပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ၊ ညစ်ညမ်းမှုတွေ မပါဝင်ပါဘူး။

ဒါဆို Water Server ဘာလို့စဉ်းစားရတာလဲ? 🤔

ဒီလိုအကြောင်းရင်းတွေကြောင့် လူတချို့က ရေသန့်စက်တွေကို စဉ်းစားကြပါတယ်:

1. ကလိုရင်းအနံ့ ပြင်းတတ်ခြင်း

အထူးသဖြင့် နွေရာသီမှာ ရေသန့်စင်ရေးအတွက် ကလိုရင်းပမာဏ အနည်းငယ်မြင့်တက်တတ်ပါတယ်။ ဒါက ကျန်းမာရေးအတွက် အန္တရာယ်မရှိပေမယ့် အရသာနဲ့ အနံ့ကို ထိခိုက်စေနိုင်ပါတယ်။

2. ဒေသကွဲပြားမှု

တိုကျိုလို မြို့ကြီးတွေမှာ ရေအရည်အသွေးကောင်းပေမယ့် ကျေးလက်ဒေသတချို့မှာတော့ မြေအောက်ရေအရသာရှိတတ်ပါတယ်။

3. အိမ်အဟောင်းများရဲ့ ပြဿနာ

နှစ် 30-40 ကျော် အိမ်အဟောင်းတွေမှာ ရေပိုက်လိုင်းတွေ အိုဟောင်းနေတတ်ပါတယ်။

ဂျပန်မှာ ရေသန့်သောက်နိုင်ဖို့ ရွေးချယ်စရာတွေ

1. Water Server

· ရေသန့်ဗူးကြီးတွေကို စက်ပေါ်တင်ပြီး အပူ၊အအေး ထုတ်ယူနိုင်တဲ့စက်
· အားသာချက်: လွယ်ကူ၊ ထိရောက်
· အားနည်းချက်: နေရာယူ၊ ဗူးအသစ်လဲရန် လို မီတာခကုန် (ဂျပန်မှာမီတာခစျေးကြီးပါတယ်)

2. sink Filter

· မီးဖိုချောင်သုံးရေပိုက်မှာ တပ်ဆင်တဲ့စနစ်
· အားသာချက်: လုံးဝသန့်စင်ရေ
· အားနည်းချက်: သိပ်မရှိသလောက်
ထမင်းဟင်းချက်ရင်လဲ ရေသန့်သုံးနိုင်။

3. Pitcher Filter

· Brita ဆိုတဲ့ရေသန့်စစ်ပေးတဲ့ဘူး
· အားသာချက်: ဈေးချို၊ လွယ်ကူ
· အားနည်းချက်: ရေနည်းနည်းပဲ သန့်စင်နိုင်

🎯
Water Server မလိုပါ ဆိုတဲ့သူတွေ

· ပိုက်ဆင်းရေအရသာကို ပြဿနာမရှိသူများ
· ရေသန့်ဗူးဝယ်သောက်တတ်သူများ
· နေရာကျဉ်းကျဉ်းမှာနေသူများ

Water Server ကောင်းပါတယ် ဆိုတဲ့သူတွေ:

· ကလေးငယ်ရှိမိသားစုများ
· ကလိုရင်းအနံ့ အလွန်မခံနိုင်သူများ
· ရေသန့်ဗူးအမြဲဝယ်သောက်ပြီး ကုန်ကျစရိတ်လျှော့ချလိုသူများ

💡
1. အရင်စမ်းကြည့်ပါ: အိမ်မှာ ၁-၂ ပတ်လောက်ရေအရသာကို စမ်းကြည့်ပါ
2. အိမ်ဟောင်းဆို ရေစစ်ကြည့်ပါ: ၁၉၉၀ မတိုင်မီ တည်ဆောက်တဲ့အိမ်ဆိုရင် ရေပိုက်လိုင်းကို စစ်ဆေးပါ
3. အကြီးစား Water Server မဝယ်ခင် Brita လို အိုးလေးနဲ့ စမ်းကြည့်ပါ

🎌
ဂျပန်မှာ Water Server က လိုအပ်ချက်ထက် ဇိမ်ခံပစ္စည်း အဆင့်မှာပါ။ မြန်မာလိုပြောရင် "သောက်လို့ရတဲ့ရေကို ပိုကောင်းအောင်လုပ်တာ" ပါပဲ။

မိသားစုလိုအပ်ချက်၊ ဘတ်ဂျက်နဲ့ ကိုယ်တိုင်ရဲ့ အနှစ်သက်ဆုံးဖြတ်ပါ။ ဂျပန်မှာ ရေသန့်ရဖို့ စိတ်ပူစရာမလိုပေမယ့် ပိုကောင်းတဲ့အရသာအတွက်တော့ ရွေးချယ်စရာတွေ ရှိပါတယ်!

ဂျပန်မှာအခြေချနေထိုင်သူတွေ၊ လာရောက်အလုပ်လုပ်ကိုင်ဖို့ပြင်ဆင်နေသူတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

13/05/2026

လာလာမေးကြတယ်
ဂျပန်လာချင်လို့ ဘာတွေပြင်ဆင်လာရမလဲတဲ့

ပြန်ဖြေပေးပါတယ်။ ယောက်ကျား​လေးဆို ဂျပန်စာနည်းနည်းသင်လာ၊ ပြီးရင်တရားဟောတက်အောင်လေ့လာခဲ့ ဒီရောက်ရင် ဘုန်းကြီးဗီဇာယူလိုက်လို့ 😜

မိန်းကလေးတွေကျတော့ ကိုကြီးကိုကြီးဆိုပြီး
စီနီယာဘီးကျဲကြီးတွေနဲ့ကြိုက်လိုက်ရင် ဗီဇာအိုကေပီ
မအိုကေလည်း ဂျပန်အဖိုးကြီးတွေရှိပါတယ်လို့

ဟိုတစ်နေ့က TT မှာတွေ့တာ မြန်မာမလေးက ဂျပန် ၆၀ကျော်လောက် အဖိုးကြီးကိုယူပီး လန်းနေတဲ့ video လေးတွေ့လို့ စိတ်ထဲမကောင်းဘူး

အဖိုးကြီးအတွက်စိတ်မကောင်းဘူးပြောတာနော်😂


Big-Boing

13/05/2026

ဂျပန်လူမျိုးများနှင့် "Gaijin Seat"
(外人シート)

"Gaijin Seat" ဆိုသည်မှာ ဂျပန်တွင် ရထား သို့မဟုတ် ဘတ်စ်ကားပေါ်၌ နိုင်ငံခြားသားတစ်ဦး ထိုင်လိုက်ပါက လူအနည်းငယ်သာ ရှိသည့်အချိန်၊ (တစ်ခါတစ်လေလူကြပ်နေချိနိမှာတောင်မှ) ထိုသူ၏ ဘေးနှစ်ဘက်ရှိ ထိုင်ခုံများ လူလွတ်နေတတ်သည့် ဖြစ်စဉ်ကို ရည်ညွှန်းသော ဝေါဟာရဖြစ်ပါသည်။

နိုင်ငံခြားသားများတွေကို ဂျပန်လူမျိုးတွေ ဒီလို မြင်နေကြတာလား?

· ကိုယ်ခန္ဓာ ကြီးမား၍ ခြိမ်းခြောက်နေသည်ဟု ထင်မြင်ခြင်း
· ကိုယ်နံ့ သို့မဟုတ် ခန္ဓာကိုယ်အမွေးထူခြင်းကြောင့် ရှောင်ကြဉ်ခြင်း
· နိုင်ငံခြားသားများအား စည်းကမ်းမဲ့သူများအဖြစ် ရှုမြင်ခြင်း
· နိုင်ငံခြားသားများက အင်္ဂလိပ်လို စကားပြောတတ်ခြင်း၊ အလွယ်တကူ စကားစပြောတတ်ခြင်းကို ရှောင်ရှားလိုခြင်း
· ဆင်းရဲခြင်း၊ မသန့်ရှင်းခြင်း၊ စည်းကမ်းမဲ့အပြုအမူများ (ဥပမာ- ဖုန်းအကျယ်ကြီးပြောခြင်း) ကို စိုးရိမ်ခြင်း
· ငွေကြေးအိတ် ခိုးခံရမည်ကို စိုးရိမ်ခြင်း
· မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်မည်ဟု ထင်မြင်ကာ အကြမ်းဖက်မှုကို စိုးရိမ်ခြင်း

အခြားသော အမြင်တစ်မျိုးက?

ဤဖြစ်စဉ်ကို ဂျပန်လူမျိုးတို့၏ "ဧည့်ဝတ်ကျေပွန်မှု" ၏ ပုံရိပ်တစ်ခုအဖြစ်လည်း ရှုမြင်နိုင်ပါသည်။

"ရထားအတွင်း နိုင်ငံခြားသားတစ်ဦး ထိုင်နေသည်။ ခရီးသွားတစ်ဦး ဖြစ်မည်။ ရှည်လျားသော ခရီးကြောင့် ပင်ပန်းနေမည်။ ထိုသို့ပင်ပန်းနေရသည့်တိုင် ဤကဲ့သို့ ကျပ်တည်းသော ရထားတွင် စီးနင်းရသည်မှာ သနားစရာကောင်းသည်။ ဂျပန်တွင် ရှိနေသမျှကာလပတ်လုံး အနည်းငယ်မျှ သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ပေးစွမ်းလိုသည်။"

ထို့ကြောင့် ဂျပန်လူမျိုးအချို့က "သင်၏ ဘေးနှစ်ဘက်ရှိ ထိုင်ခုံများကို ကျွန်ုပ်တို့ မဝင်ထိုင်ပါ။ သက်ကြီးရွယ်အိုဖြစ်စေ၊ ကိုယ်ဝန်ဆောင်ဖြစ်စေ ကျွန်ုပ်တို့ ထိုင်မည်မဟုတ်ပါ။ ထို့ကြောင့် စိတ်မညှိုးငယ်ဘဲ အေးဆေးစွာ သက်တောင့်သက်သာ နားနေလိုက်ပါ..." ဟု ခံစားမိတတ်ကြောင်း တင်ပြထားပါသည်။

ကျောင်းသားတစ်ဦး၏ အတွေ့အကြုံအရ-

· သူသည် ရထားပေါ်တွင် ထိုင်သည့်အခါတိုင်း ဘေးထိုင်ခုံများ လူလွတ်နေတတ်ကြောင်း၊ ရထားကြပ်သည့်အချိန်တွင်ပင် ထိုသို့ဖြစ်တတ်ကြောင်း ပြောပါသည်။
· အစတွင် မိမိ၏အသွင်အပြင် သို့မဟုတ် ကိုယ်နံ့ကြောင့် ဖြစ်မည်ဟု စိုးရိမ်မိသော်လည်း အခြားနိုင်ငံခြားသားများလည်း ထိုကဲ့သို့ ကြုံတွေ့ရသည်ကို သိရပြီးနောက် "ဂျပန်လူမျိုးတွေဟာ နိုင်ငံခြားသားတွေကို ကြောက်နေကြတာပဲဖြစ်မယ်" ဟု ယူဆလာခဲ့သည်။
· သူ၏မွေးရပ်မြေတွင် နိုင်ငံခြားသားများအား "ဧည့်သည်များ" အဖြစ် ဆက်ဆံပြီး ဘေးနားတွင် ထိုင်ကာ စကားပြောလိုကြသည်ဟု ဆိုပါသည်။

· ဂျပန်လူမျိုးအများစုသည် နိုင်ငံခြားသားများနှင့် မရင်းနှီးမှု၊ ကြောက်ရွံ့မှု သို့မဟုတ် ဘာသာစကားအခက်အခဲ ကြောင့် ဤသို့ ပြုမူတတ်ကြောင်း ယူဆရပါသည်။
· ဂျပန်သည် နိုင်ငံခြားအလုပ်သမား လက်ခံမှုကို တိုးမြှင့်လျက်ရှိသော်လည်း လူမှုရေးအဆင့်တွင် ဤကဲ့သို့သော ခံစားချက်များ ဆက်လက်ရှိနေနိုင်ပါသည်။

"Gaijin Seat" ဖြစ်စဉ်သည် ဂျပန်လူမျိုးတို့၏ ဧည့်ဝတ်ကျေပွန်မှု၊ လူမှုရေးစည်းကမ်းများ၊ နိုင်ငံခြားသားများနှင့် မရင်းနှီးမှု စသည့် အကြောင်းရင်းများ ရောထွေးနေသည့် ရှုပ်ထွေးသော လူမှုရေးဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ဤဖြစ်စဉ်ကို ဂျပန်လူမျိုးများ၏ ဆိုးသောရည်ရွယ်ချက်ဖြင့် ဖြစ်သည်ဟု တစ်ထစ်ချ မယူဆဘဲ၊ ယဉ်ကျေးမှုနှင့် လူမှုရေး ကွာခြားမှုများကို နားလည်ရန် ကြိုးပမ်းခြင်းက ပိုမိုအဓိပ္ပာယ်ရှိမည်ဟု ယူဆပါသည်။

အတွေ့အကြုံလေးတွေမျှဝေပေးသွားပါဦးနော်။

Big-Boing

13/05/2026

ဂျပန်မှာ အလုပ်ကပြန်ရောက်ပြီဆိုရင် အနားယူဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့ နေထိုင်မှုပုံစံနဲ့ ကြိုက်နှစ်သက်မှုပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဒီနေရာမှာ ထိရောက်ပြီး ဂျပန်လူမျိုးတွေ အသုံးများတဲ့ အနားယူနည်းတချို့ကို ပြောပြပါမယ်။

"အိမ်အပြန်ရေချိုးခြင်း" (帰宅後の入浴, Kitaku-go no nyūyoku) ရေနွေးနဲ့ ရေချိုးတာက စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေပြီးအိပ်စက်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ဂျပန်လူမျိုးတွေက လက်ဖက်စိမ်း (緑茶, Ryokucha) သောက်ပြီး အနားယူလေ့ရှိပါတယ်။

အိမ်မှာ "အလုပ်စိတ်ကင်းအောင်" လုပ်ပါ
အလုပ်စာတွေ၊ အီးမေးလ်တွေကို မဖွင့်ပါနဲဂျပန်မှာ “အလုပ်ပ္ပီးချိန် အွန်လိုင်းအလုပ်မလုပ်ခြင်း" (オフタイムの確保, Off-time Kakuho) ကို အရေးကြီးတဲ့ နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။
*ဖုန်းကို သုံးချင်စိတ်လွှတ်ထားပါ" (デジタルデトックス, Digital Detox)* အနည်းဆုံး ၁ နာရီလောက် ဖုန်းကင်းတဲ့အချိန်လုပ်ပါ။

စိတ်လက်ပေါ့ပါးစေမယ့် အလေ့အထများ
ရုပ်မြင်သံကြားကြည့်ခြင်း (テレビ鑑賞, Terebi Kanshō) / အန်နီမီကြည့်ခြင်း၊ ဂျပန်တွေ အိမ်ပြန်ရင် **အန်နီမေ (アニメ)** ဒါမှမဟုတ် **ဒရာမာ* ကြည့်ပြီး အနားယူတာက အရမ်းရေပန်းစားပါတယ်။
မုန့်စားခြင်း (おやつ, Oyatsu) အိမ်ပြန်ရင် မိုချိ (餅)၊ ဒိုရာယာကီ (ドラ焼き) လိုမုန့်လေးတွေ စားပြီး စိတ်ဖြေလေ့ရှိပါတယ်။

ရိုးရာဂျပန်နည်းလမ်းက အိမ်သန့်ရှင်းရေးကို ယောဂ/တရားထိုင်နဲ့ ပေါင်းစပ်ခြင်း
- ဥပမာ: "အိုဆိုဂျိ (お掃除, Osōji)" လို့ခေါ်တဲ့ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ *စိတ်ငြိမ်အောင်* လုပ်တဲ့နည်း။

"အိပ်ခါနီး ရေနွေးနဲ့ ခြေထောက်စိမ်ခြင်း (足湯, Ashiyu)" ဂျပန်တွေက အိပ်မက်ဆိုးတွေကို သက်သာစေဖို့ ဒီနည်းကို သုံးကြပါတယ်။

"ဖုန်းကို အိပ်ရာမဝင်ခင် ၁နာရီအတွင်း မသုံးပါနဲ့" ネムリネ (Nemuri-ne, အိပ်စက်မှုအရည်အသွေးကျဆင်းခြင်း) ဖြစ်စေနိုင်ပါတယ်။

ဂျပန်တွေရဲ့ "အကြိုက်ဆုံး အနားယူနည်း
(お風呂, Ofuro)
ရေနွေးထဲ ဆားခါး (浴塩, Yokuso) / အမွှေးနံ့သာ (アロマ, Aroma) ထည့်ပြီး ရေစိမ်တာက ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

အပြင်ထွက်ပြီး လမ်းလျှောက်ခြင်း (散歩, Sanpo)
အိမ်နားက ပန်းခြံ (公園, Kōen) မှာ ညနေခင်း လမ်းလျှောက်တာက စိတ်ကို လန်းဆန်းစေပါတယ်။

✍️ ကိုယ်ပိုင်နည်းလမ်း ဖန်တီးပါ**
ဂျပန်မှာ "マイペース (My Pace)" ဆိုတဲ့စကားလုံးရှိပါတယ်။ ကိုယ့်ရဲ့ *သက်တောင့်သက်သာအနားယူနည်း** ကို ဖန်တီးပါ။ တစ်ခါတလေ "何もしない (ဘာမှမလုပ်ဘဲနေခြင်း)" ဆိုတာလည်း အနားယူနည်းတစ်မျိုးပါပဲ။ 😴

ဂျပန်မှာ အလုပ်ကပြန်လာရင် *စနစ်တကျ အနားယူဖို့* အရေးကြီးပါတယ်။ ဒါမှ **နောက်နေ့အတွက် စွမ်းအင်ပြည့်ဝ* မှာပါ။

တို့ကတော့ အိပ်ရာကောင်းကောင်းဝယ်ထားပါတယ်။ တစ်နေ့တာ အလုပ်ပင်ပန်းမှုတွေကို ရေနွေးလေးစိမ်ပြီး အကြောတွေလျော့ပြီးရင်
နောက်တစ်နေ့အတွက် အားအင်ဖြည့်ဖို့
အိပ်ရာကောင်းကောင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့လိုမယ်ထင်လို့ပါ။

今日もお疲れ様でした! (ဒီနေ့အတွက်လည်းအလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်!) 🌸

#ဂျပန်
#fypシ゚




Biggu Boin
Big-Boing

13/05/2026

US နဲ့ တရုတ် Trade war ဖြစ်တော့ တရုတ်ဘက်က ကန် ဘက်ကို မြေရှားသတ္တုတင်ပို့တာရပ်လိုက်တယ်။ အမေရိကန် ဘက်ကတော့ ပိတ်ဆို့တာ အများကြီးပဲ။ တရုတ်တွေကတော့ တိတိကျကျဆိုရင် မြေရှား တခုပဲ တင်ပို့တာ ရပ်လိုက်တာ။

တဖန် ပြန်ညှိနှိုင်းကြတော့ အမေရိကန် တက္ကသိုလ်မှာ တရုတ်ကျောင်းသားတွေ ကျောင်းတက်ခွင့် နဲ့ တရုတ်က မြေရှားတင်ပို့တာကို လဲလိုက်ကြတယ်။

ဒါကို ကြားလိုက်ရတဲ့ အချိန်မှာ တွေးမိတာ တခုပဲရှိတယ်။ တရုတ်တွေကို နောက် ၅နှစ်လောက်ဆိုရင်တောင် တကမ္ဘာလုံးက အလေးပြုရတဲ့ အနေအထားရောက်သွားနိုင်တယ်ဆိုတာပဲ၊ ဘာလို့လဲဆိုတော့ ပညာကို တန်ဖိုးထားလို့။ သူတို့ လူမျိုးတွေကို ပညာတတ်အောင် သင်ပေးရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ မြေရှားသတ္တုကို လဲသွားခဲ့တယ်။

မြေရှားသတ္တုဆိုတာ အခုချိန်မှာသာ အရေးပါနေပေမယ့် နောက် ၅နှစ်နေလို့ ဒီထပ် နည်းပညာတွေ ထပ် ခေတ်မီလာရင် သူလည်း အရေးပါချင်မှ ပါတော့မှာ။ ဒါပေမယ့် တရုတ်တွေ ၅နှစ်လောက်သင်ခဲ့တဲ့ ပညာကတော့ နောက် အနှစ် ၅၀၀ လောက်ထိ ကောင်းကောင်း အသုံးချနိုင်တာကို တွေ့ရမယ်။

မြန်မာပြည်မှာ အမြဲတန်း ဂျင်းထည့်ခံရတဲ့ ပြဿနာကတော့ ငါတို့ နိိုင်ငံမှာ ပြည်တန် ပတ္တမြားတွေ ကျောက်စိမ်းတွေ ထွက်တယ်ဆိုတဲ့ စကားပဲ၊ အာ့ထဲမှာမှ ပြည်တန်ဆိုတာကို ပိုရယ်ချင်တယ်။ ပတ္တမြားဆန်ကျိုး အဖိုးပြည်တန် တဲ့။ ဆန်ကျိုးလောက်ရှိတဲ့ ပတ္တမြားကလည်း တိုင်းပြည်တခုစာလောက် အဖိုးထိုက်တန်တယ်ပေါ့ ပြောချင်တာက။

ဒါပေမယ့် အာ့ စကားပုံ က အရမ်းတင်စားပြီး ဦးနှောက် မရှိတဲ့ သူတွေ ပြောတဲ့ စကားမျိုးပဲ။ ဘယ်ပတ္တမြားမှ အာ့လို မတန်ဘူး။ ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ အရမ်းကောင်းပါတယ်ဆိုတဲ့ ပတ္တမြားက $ 34.8 Millions တန်တယ်၊ ဒါပေမယ့် မြန်မာက မထွက်ဘူး။ မိုဇမ်ဘီး ဆိုတဲ့ နိုင်ငံ အရှေ့ အာဖရိက နိုင်ငံက ထွက်တာ။

ဒုတိယ အကောင်းဆုံး ပတ္တမြားကမှ မြန်မာက ထွက်တာ 30Millions တန်တယ်။

အခု အီရန် ကို ဗုံးသွားကြတဲ့ B2 လေယာဉ်ပျံက 2.2 billions တန်တယ်။ အာ့ လေယာဉ်ပျံတစီး ရဲ့ တန်ဖိုးနဲ့ ဆိုရင် အကောင်းဆုံး ပတ္တမြား အလုံး ၆၀၀ ကျော် ဝယ်လို့ရတယ်။ အာ့လို ပတ္တမြားဆိုတာကလည်း ပိုက်ဆံရှိရင် လေလံပွဲတွေမှာ ကြိုက်ဈေး ပေးဝယ်လို့ရတယ်။ B2 ဆိုတာက ကန့်သတ်ပစ္စည်း ငွေရှိပါတယ်၊ ငွေတွေ ပုံပေးရင်တောင် မရောင်းဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်တွေက နည်းပညာ ကို သူများ ရသွားမှာ စိုးလို့။

တကယ်တန်းတွေးကြည့်ရင်် အနှစ် ၁ရာနေတောင် တခါရဖို့ မလွယ်တဲ့ ပတ္တမြားက ဒီလို တစီးပြီး တစီး ထုတ်လို့ ရတဲ့ လေယာဉ်ပျံထပ် ဘာလို့ ဈေးနည်းနေရတာလဲ??? အဓိက က ပညာပဲ။ ပညာ ရွှေအိုး လူမခိုး ဆိုသလိုပဲ ပညာ တခု တတ်ထားရင် ရွှေ အိုး တလုံးပိုင်သလိုပဲ။ အမြဲ ချမ်းသာတယ်။

ကိုယ်တွေ မြန်မာတွေ ဘာလို့ အမြဲ ဆင်းရဲနေလည်းဆိုတော့ အာ့ ပညာ မတတ်လို့၊ ခေတ် အဆက်ဆက် ဘာ ပညာမှ မတတ်ခဲ့ဘူး။ အရောင်းအဝယ် ပညာ ဆိုတာလည်း ဈေးကျတုန်း ဝယ်ထားပြီး ဈေးတက်ရင် ပြန်ရောင်းနဲ့ ပြီးလာတာ၊ ဘာမှ မခက်ဘူး။ Property Rich က များတယ်၊ No Innovation No Invention ပဲ။

Market lead ဆိုတာ ဘာမှ ရှိမနေဘူး။ တော်တော်တော့ ဝမ်းနည်းဖို့ကောင်းတယ်။

ဒီနိုင်ငံမှာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်သလို ဘယ်တော့မှလည်း ထူးချွန်လာကြမှာ မဟုတ်ဘူး။ တချို့က ပြောကြသေးတယ်။ ကျန်တာ ဘာမှ မဖြစ်ရင်နေ ဗုဒ္ဓဘာသာ ဖြစ်ရင် ကျေနပ်ပြီတဲ့၊ အာ့တွေက ပိုဆိုးတယ်၊ လောကီ နဲ့ လောကုတ္တရာကို ရောထွေး ပလိုက်တာ။ အာ့ ၂ခုက လုံးလုံးမှ မဆိုင်ဘူး။

အရင်က အင်ဒိုဆိုတာ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာ နိုင်ငံပဲ။ ဒါပေမယ့် မွတ်စလင်လူမျိုးတွေရဲ့ တိုက်ခိုက်မှုကို ခံရပြီး အစ္စလာမ် နိုင်ငံ ဖြစ်သွားတယ်။ တကယ်တန်းသာ ဖြစ်လာရင် ဘုရားတရားတွေနဲ့ ကောက်ထုလို့ မရဘူး။ ငါတို့လိုနေတာ ငါတို့ကို ကာကွယ်နိုင်တဲ့ ပညာပဲ။

ကိုယ် အရင်ကတော့ ဒီလိုပိုစ့်ကို မရေးရဲဘူး။ ဘာလို့လဲဆိုတော့ ၂၁ ရာစုမှာ စစ်ဖြစ်ရင် ဘယ်လို ဆိုတာ သေချာ မသိလို့၊ အခု အီရန်-အစ္စရေး စစ်ကို ကြည့်ပြီး သေချာသိလိုက်ရတယ်။ ငါတို့ နိုင်ငံက အခုချိန် ဘယ်နိုင်ငံနဲ့ စစ် ဖြစ်ဖြစ် ရှုံးဖို့က 70% ပဲ။ နည်းပညာ၊ စည်းလုံးညီညွတ်မှု၊ ဘတ်ဂျက် အကုန် အားနည်းတယ်။ အခု ပြည်ပ ကျူးကျော်စစ် မဟုတ်ပဲ၊ ပြည်တွင်း စစ် မှာတင်း တိုင်း စစ် ဌာန ချုပ် ၂ခု ကျသွားတယ်။

မြန်မာပြည်ကို တကယ်ချစ်ရင် ပညာတတ်အောင်သင်ကြရမယ်။

အရင်ခေတ်ကလို စပိုင်လုပ်တယ်ဆိုတာ လူတွေ ခိုစာတွေနဲ့ လုပ်စရာမလိုတော့ဘူး။ ၁၀ ပေပတ်လည် အခန်းထဲမှာ အဲကွန်းတလုံး၊ ကွန်ပျူတာ တလုံးနဲ့ အင်တာနက်ရှိတာနဲ့တင် အကုန်သိအောင်လုပ်လို့ ရနေပြီ။

တချို့က ပြောကြတယ်၊ မြန်မာက GeoPolitics အရ သောက်ရမ်း အရေးကြီးတဲ့ နိုင်ငံမှာ ထိုင်နေတယ်ဆိုပြီး၊ အခု မြင်ကြလား၊ အမေရိကန် က သူ့နိုင်ငံကနေ အီရန်ကို ဗုံးသွားကြဲတာ ဘယ်နိုင်ငံမှာမှ ဆီ ဝင်မဖြည့်ဘူး။ လေထဲတင် ဆီဖြည့်၊ လေထဲတင် ထမင်းစားပြီး အမေရိကန်နဲ့ အီရန်ကို ရန်ကုန် နပတ အသွားအပြန် ခရီးလို သွားပြီး ဗုံးကြဲသွားတာ။

မြန်မာကို အရမ်း နေရာကောင်းရတယ်ဆိုပြီး အထင်စွတ်ကြီး မနေနဲ့။ အိမ်ခြံမြေ ဈေးကွက်အရပြောရရင် မြန်မာဆိုတာ လှေဦးတိုက် လှည်းဦိးတိုက်မှာ ခွထိုင်နေတဲ့ နိုင်ငံ။ ဘေးမှာ တရုတ် နဲ့ အိန္ဒိယက စစ်ဝင်တိုက်ပြီးသိမ်းစရာ မလိုဘူး။

အာ့တော့ ပညာတတ်အောင်သင်မှ ရမယ်။ မဟုတ်ရင်တော့ မြန်မာတွေက သခင်မျိုး ဘယ်တော့ မှ ဖြစ်မလာဘူး၊ အမြဲ ကျွန်ခံနေရတဲ့ ကျွန်မျိုးပဲ ဖြစ်တယ်။

ဒီပိုစ့်က ၁၆ နှစ်အောက်က ကလေးတွေနဲ့ အသက် ၅၀ အထက် လူကြီးတွေ အတွက် မဟုတ်ဘူး။

မြန်မာနိုင်ငံကို အမြင့်ဆုံး တွန်းတင်နိုင်တဲ့ ၁၈-၄၅ သက်တန်းကြား လူတွေ အတွက်ရေးပေးထားတာ။ ကလေးတွေကို ပညာတတ်အောင်သင်ခိုင်းဖို့ရယ်၊ ကလေးတွေကလည်း ပညာတတ်အောင် သင်ကြဖို့ရယ်ကို အသားပေးချင်တာ။

Credit
Big-Boing

၂၃-၆-၂၀၂၅
PayThee TheOne

13/05/2026

ဂျပန်စုံတွဲတွေ ငွေကြေးစီမံခန့်ခွဲပုံ

ဂျပန်မှာ 同棲လို့ခေါ်တဲ့ living together လက်မထပ်ဘဲ အတူနေထိုင်ကြတဲ့ စုံတွဲတွေကြားမှာ "အိမ်ထောင်ဦးစီး" ဆိုတဲ့ ရိုးရာယဉ်ကျေးမှုပုံစံကနေ တဖြည်းဖြည်း ပြောင်းလဲလာတာကို မြင်တွေ့ရပါတယ်။ နှစ်ဦးနှစ်ဖက်လုံးအလုပ်လုပ်ကိုင်ကြတဲ့အတွက် အသုံးစရိတ် မျှဝေခံကြတာက ပုံမှန်ဖြစ်လာပါပြီ။

ဒါပေမယ့် "မျှဝေခံတယ်" ဆိုတဲ့ စကားလုံးတစ်လုံးတည်းမှာတင် မတူညီတဲ့ အတွေးအမြင်နဲ့ နည်းလမ်းပေါင်းစုံ ရှိနေတတ်ပါတယ်။ အခုခေတ် ဂျပန်က စုံတွဲတွေရဲ့ "ကိုယ်ပိုင်ဘတ်ဂျက်" နဲ့ "တရားမျှတမှု" ကို ဘယ်လိုရှာဖွေနေကြသလဲ ဆိုတာ လေ့လာကြည့်ရအောင်။

"တဝက်စီ (50/50)" က အမြဲတမ်း တရားမျှတဲ့နည်းလား?

အလွယ်ဆုံးနဲ့ အဖြေရှင်းလင်းဆုံး နည်းလမ်းက တဝက်စီခွဲသုံးတာ ပါပဲ။ ရက်တိုခရီးသွားတာ၊ ရက်သတ္တပတ်အနည်းငယ်အတူနေတာမျိုးဆို ဒီနည်းက အဆင်ပြေပါတယ်။

ဒါပေမယ့်... လစာကွာဟမှုကြီးတဲ့ စုံတွဲတွေအတွက်ကြတော့ ဒီနည်းက ရေရှည်မှာ မတရားသလို ဖြစ်လာတတ်ပါတယ်။ လစာ ၃ သိန်းရတဲ့သူနဲ့ ၆ သိန်းရတဲ့သူက တစ်ယောက် ၂ သိန်းစီထည့်ရမယ်ဆိုရင်၊ လစာနည်းသူရဲ့ဝင်ငွေရဲ့ ၆၆% က အသုံးစရိတ်အတွက် သွားနေတာမို့ "စုမိတယ်" ဆိုတဲ့ခံစားချက်က လုံးဝမရှိတော့ပါဘူး။ ဒီလိုအခြေအနေက ငွေကြေးစိတ်ဖိစီးမှုကို ဖြစ်စေပြီး ဆက်ဆံရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ပညာရှင်တွေ အကြံပေးတဲ့ "ဝင်ငွေအချိုးကျ" နည်းလမ်း

ငွေကြေးစီမံခန့်ခွဲမှုပညာရှင်တွေရဲ့ အဓိကအကြံပြုချက်က ဝင်ငွေအချိုးအလိုက် မျှဝေသုံးစွဲဖို့ ပါပဲ။ ဒီနည်းက ပိုပြီးတရားမျှတ်ပါတယ်။

ဥပမာ: ကောင်လေး လစာ ၄၀၀,၀၀၀ ယန်း၊ ကောင်မလေး လစာ ၃၀၀,၀၀၀ ယန်း ရှိတယ်ဆိုပါစို့။

· စုစုပေါင်းဝင်ငွေ = ၇၀၀,၀၀၀ ယန်း
· ကောင်လေး ဝင်ငွေအချိုး ≈ ၅၇% (400,000 / 700,000)
· ကောင်မလေး ဝင်ငွေအချိုး ≈ ၄၃%

ဒီတော့ လစဉ်စုစုပေါင်း အိမ်ထောင်စုအသုံးစရိတ် (အိမ်လခ၊ လျှပ်စစ်၊ ရေ၊ အစားအသောက်) ကို ကောင်လေးက ၅၇%၊ ကောင်မလေးက ၄၃% စီ ကျသင့်ငွေပေးသွင်းတာမျိုးပါ။ လစာကွာဟမှုကို ထည့်သွင်းစဉ်းစားပေးထားတဲ့အတွက် နှစ်ဦးစလုံးအတွက် မျှတမှုရှိပါတယ်။

ဒီနည်းရဲ့ အဓိကအားသာချက်တွေက:

· တရားမျှတမှု: ဝင်ငွေနဲ့လျော်ညီတဲ့တာဝန်ကိုပဲ ယူရပါတယ်။
· စိတ်ဖိစီးမှုနည်းခြင်း: ဝင်ငွေနည်းသူအတွက် စုမိနိုင်စွမ်း ဆက်လက်ရှိနေပါတယ်။
· လွတ်လပ်ခွင့်: ကိုယ်ပိုင်လက်ကျန်ငွေကို စိတ်ကြိုက်သုံးစွဲနိုင်ပါတယ်။

အသုံးများတဲ့ ပုံစံအချို့

လက်တွေ့မှာတော့ လူတွေက ကိုယ့်အခြေအနေနဲ့ ကိုက်ညီမယ့် ပုံစံကို ရွေးကြပါတယ်။

1. ပုံစံကွဲ (Hybrid Model): အိမ်လခလို အဓိကကုန်ကျစရိတ်ကြီးတွေကို ဝင်ငွေအချိုးကျ ခွဲတာ၊ စားသောက်စရိတ်၊ အပြင်ထွက်စရိတ်လို နေ့စဉ်အသုံးတွေကို တဝက်စီ ခွဲတာမျိုးပါ။ လူကြိုက်အများဆုံးနည်းတစ်ခုပါ။
2. ဘဏ်အတူတူဖွင့်သုံးခြင်း: အိမ်ထောင်စုဘဏ်အကောင့်တစ်ခု ဖွင့်ပြီး နှစ်ဦးက အချိုးကျငွေသွင်းထည့်။ အဲဒီအကောင့်ကနေ အိမ်ထောင်စုအသုံးစရိတ်အားလုံးကို ထုတ်သုံးတာပါ။ စနစ်ကျပြီး မှတ်တမ်းလည်းရှင်းပါတယ်။

အတူနေစုံတွဲတိုင်း လုပ်သင့်တဲ့ "ငွေကြေးဆွေးနွေးပွဲ"

ဘယ်နည်းလမ်းကိုပဲရွေးရွေး၊ အောက်ပါအချက်လေးတွေကို သေချာလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

· မှတ်တမ်းတင်ပါ: Google Sheets လို အခမဲ့ Tool သုံးပြီး ဘယ်သူက ဘာသွင်းထားလဲ၊ ဘာသုံးလဲ ရှင်းရှင်းလင်းလင်း မှတ်ထားပါ။ ကုန်ကျစရိတ်ကို တွေ့မြင်နိုင်ဖို့ပါ။
· ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ: လစာပမာဏ၊ အနာဂတ်ရည်မှန်းချက်တွေ၊ ဘယ်အသုံးအဖြုန်းကို အရေးတကြီးထားလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပါ။
· ရက်သတ္တပတ်/လစဉ် ပြန်လည်သုံးသပ်ပါ: လက်ရှိစနစ်က အဆင်ပြေရဲ့လား၊ ချိန်ညှိဖို့လိုသလား ဆိုတာ ပုံမှန်ဆွေးနွေးပါ။
· ကိုယ်ပိုင်သုံးစရိတ်ကို အသိအမှတ်ပြုပါ: တစ်ယောက်က ကော်ဖီဝယ်သောက်တာ ကြိုက်တယ်၊ တစ်ယောက်က ဂိမ်းဝယ်တာ ကြိုက်တယ်ဆိုရင်၊ အဲဒီသုံးစွဲမှုတွေကို ကိုယ်ပိုင်ဘတ်ဂျက်အတွင်းမှာ လွတ်လပ်စွာခွင့်ပြုပေးသင့်ပါတယ်။

အဆုံးသတ်အနေနဲ့...

ဂျပန်မှာဖြစ်ဖြစ်၊ ကမ္ဘာ့တခြားနေရာမှာဖြစ်ဖြစ်၊ "အတူနေတဲ့ဘဝ" အတွက် "တစ်သမတ်တည်းဖြစ်တဲ့ဘတ်ဂျက်စနစ်" ဆိုတာ မရှိပါဘူး။ အရေးကြီးတာက နှစ်ယောက်လုံးအတွက် အဆင်ပြေပြီး မျှတတဲ့နည်းလမ်းကို ရှာဖွေတတ်ဖို့ပါပဲ။

ငွေကြေးကိစ္စကို စိတ်ထဲမှာ မှိတ်သိပ်မထားဘဲ၊ ရှင်းရှင်းလင်းလင်း ဆွေးနွေးတတ်တဲ့ အလေ့အထဟာ ရေရှည်လက်တွဲဖက်သွားမယ့် လမ်းကြောင်းအတွက် အုတ်မြစ်ကောင်းတစ်ခုပါပဲ။

သင်တို့စုံတွဲ (သို့) သင်သိထားတဲ့ အတူနေစုံတွဲတွေရဲ့ အသုံးစရိတ်မျှဝေပုံက ဘယ်လိုမျိုးလဲ? 50/50 လား၊ အချိုးကျလား၊ ဒါမှမဟုတ် တခြားထူးခြားတဲ့ နည်းလမ်းတွေ ရှိလား? မျှဝေပေးကြည့်ရအောင်! 👇

https://www.tiktok.com/?_r=1&_t=ZS-93b8wKgJt0m

Big-Boing

ဂျပန်မှာဒီရက်ပိုင်းဂျပန်လူမျိုးတွေက မူစလင်တွေကိုဆန္ဒပြကြတာတွေတွေ့တော့။ ငယ်ငယ်က အမျိုးပျောက်မှာစိုးကြောက်စရာစာအုပ်ဖတ်ဖူးတ...
12/05/2026

ဂျပန်မှာဒီရက်ပိုင်းဂျပန်လူမျိုးတွေက မူစလင်တွေကိုဆန္ဒပြကြတာတွေတွေ့တော့။ ငယ်ငယ်က အမျိုးပျောက်မှာစိုးကြောက်စရာစာအုပ်ဖတ်ဖူးတာသွားသတိရတယ်။

Settler Colonialism (အခြေချ ကိုလိုနီယယ်ဝါဒ / ဝင်ရောက်အခြေချ ကိုလိုနီယယ်ဝါဒ)
ပြောင်းရွှေ့ အခြေချပြီး မူလနေထိုင်သူများကို တဖြည်းဖြည်း ဝါးမြိုခြင်းတဲ့။

(Genocide) မဟုတ်ပဲ၊ ပြင်ပမှ အများအပြား ပြောင်းရွှေ့လာပြီး အခြေချနေထိုင်ကာ မူလ ဌာနေလူမျိုးစုကို တဖြည်းဖြည်း ဝါးမြိုဖျက်ဆီးသွားခြင်း ကို Settler Colonialism လို့ ပညာရှင်များက ခေါ်ဆိုကြတယ်။

လက်ရှိမြန်မာပြည် မအလကြောင့် ပြည်ပထွက်လာတဲ့လူတွေထဲမှာ တရုတ်တွေမရှိဘူး။ မွတ်တွေမပါဘူး၊ ကုလားတွေမပါဘူး။ စစ်မှုထမ်းဖို့လဲမပါဘူးထင်တာပဲ။

မူလနေထိုင်ပြည်သူက အပြင်ထွက် တရုတ်ကုလားတွေက နိုင်ငံထဲ ဝင်ရောက် အခြေချနေထိုင်လာကာ မူလ ဌာနေလူမျိုးစုများ၏ မြေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူဦးရေ နဲ့ အခွင့်အရေး တွေကို တဖြည်းဖြည်း အစားထိုး ဖျက်ဆီးသွားခြင်း ဖြစ်ပါတယ်။

ပညာရှင် Patrick Wolfe က “Settler Colonialism ဟာ ဖြစ်ရပ်တစ်ခု မဟုတ်ဘဲ ဖွဲ့စည်းပုံတစ်ခု (a structure, not an event)” ဟု ဖော်ပြခဲ့ပါတယ်။ တစ်ကြိမ်တည်း ဖြစ်ပြီးရုံ မဟုတ်ဘဲ ရေရှည်တည်မြဲနေတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
အဓိက နည်းလမ်းများ
* မူလဌာနေများ၏ မြေပိုင်ဆိုင်မှုကို လုယက် ဖယ်ရှားခြင်း (Land dispossession)
* ပြင်ပမှ အခြေချသူများ ဆက်လက် ရောက်ရှိလာအောင် အားပေး ရွှေ့ပြောင်းလာစေခြင်း
* မူလ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းများကို ဖိနှိပ်ခြင်း သို့မဟုတ် စုပ်ယူ အစားထိုးခြင်း (Cultural assimilation)
* မူလဌာနေ ကလေးများကို အတင်း အခြားယဉ်ကျေးမှုထဲ ထည့်သွင်း ပညာသင်ကြားစေခြင်း
* အမေရိက တိုက် — ဥရောပ အခြေချသူများ ရောက်ရှိလာပြီး ဌာနေ အမေရိကန် လူမျိုးစုများ အများစု ပျောက်ကွယ်သွားခဲ့ခြင်း
* ဩစတြေးလျ — ဗြိတိန် အခြေချသူများက အဘော်ရီဂျီနီ (Aboriginal) လူမျိုးများကို ဖယ်ရှားခဲ့ခြင်း
* ကနေဒါ၊ နယူးဇီလန် — ဆင်တူညီသော အခြေချ ကိုလိုနီယယ်ဝါဒ
* အခြား — အယ်လ်ဂျီးရီးယား (ပြင်သစ်)၊ တောင်အာဖရိက စသည်
ခေတ်သစ်တွင် ဆွေးနွေးနေသော အကြောင်းအရာ
ဥရောပ နဲ့ အနောက်နိုင်ငံများမှာ “Great Replacement (အကြီး အစားထိုး)” သီအိုရီ အဖြစ် ဆွေးနွေးနေကြပါတယ်။ ရိုးရာ ဥရောပလူမျိုးများ၏ လူဦးရေ နဲ့ ယဉ်ကျေးမှု ကို နိုင်ငံခြားရွှေ့ပြောင်း လူဦးရေ အစားထိုး လာနေတယ်ဆိုတဲ့ အမြင်ပါ။

မြန်မာနိုင်ငံ အခြေအနေ

ဖြည့်တွေးပါ!!

Settler Colonialism ဟာ ရိုးရိုး ရွှေ့ပြောင်း ပြဿနာ မဟုတ်ပဲ၊ မြေ၊ ယဉ်ကျေးမှု နဲ့ လူမျိုးရေး အထောက်အထား ကို အစားထိုး ဖျက်ဆီးနိုင်တဲ့ နက်ရှိုင်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ တွဲယှဉ်နေထိုင်နိုင်ဖို့ဆိုရင် ဌာနေလူမျိုးစုများ၏ အခွင့်အရေး ကာကွယ်ရေး၊ ယဉ်ကျေးမှု လေးစားမှု နဲ့ ရွှေ့ပြောင်း မူဝါဒ ဂရုတစိုက် ထိန်းချုပ်ရေး က အရေးကြီးပါတယ်။

Big Boing

住所

Arakawa-ku, Tokyo

アラート

Big-Boingがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する