Travel Ko Ko

Travel Ko Ko Food & Travel Vlog လေးတွေကိုမျှဝေသွားမဲ့pageလေးပါရှင့်🥰

PayPay က အလကားရတဲ့ Point လေးတွေနဲ့ ရှယ်ယာဝယ်ထားတာတောင်ကြည့်လိုက်တိုင်း အနီရောင် 💔“−” ပဲ မြင်နေရတယ် 😂Point နဲ့မို့လို့သာ ...
20/08/2026

PayPay က အလကားရတဲ့ Point လေးတွေနဲ့ ရှယ်ယာဝယ်ထားတာတောင်
ကြည့်လိုက်တိုင်း အနီရောင် 💔“−” ပဲ မြင်နေရတယ် 😂

Point နဲ့မို့လို့သာ “ထားလိုက်ပါလေ” ဆိုပြီး စိတ်အေးနေတာ 🤣

သူများတွေလို သောင်းနဲ့ချီပြီး NISA ထဲ ထည့်ထားမိရင်တော့…
အခုချိန်လောက်ဆို ခွက်စွဲပြီး လမ်းဘေးထိုင်နေရလောက်ပြီ 😭😂

ရှယ်ယာဆိုတာ တကယ်ပဲ
📈 တက်ရင် ပျော်
📉 ကျရင် မကြည့်ရဲ
ဖြစ်နေတာပဲ 🤣

ရင်းနှီးမြှုပ်နှံနေတဲ့သူတွေကော အခု + လား − လား? 👀

ဖိုးလပြည့်က မူလတန်းသင်ယူပြီးမြောက်ခြင်း ကျောင်းဆင်းပွဲမှာ ဘွဲ့ဝတ်စုံ ဝတ်ချင်တယ်ဆိုပြီးပြောလို့ကျောင်းဆင်းပွဲမှာ အဲ့ဝတ်စု...
14/08/2026

ဖိုးလပြည့်က
မူလတန်းသင်ယူပြီးမြောက်ခြင်း

ကျောင်းဆင်းပွဲမှာ ဘွဲ့ဝတ်စုံ ဝတ်ချင်တယ်ဆိုပြီးပြောလို့

ကျောင်းဆင်းပွဲမှာ အဲ့ဝတ်စုံဝတ်ကြရတာ ဆိုပြီး ကိုယ်တွေခေတ်က နံမည်ကြီးခဲ့တဲ့ မူလတန်း ဘွဲ့ဝတ်စုံ 😅

13/08/2026

Happy birthday 🎈
-crd

💦 Shizuoka မှာ စျေးသက်သက်သာသာနဲ့ ရေကစားချင်ရင် ဒီနေရာလေး 🏊‍♀️🛝📍 大浜公園プール (Ōhama Park Pool)နွေရာသီပူပူမှာ အဝေးကြီးသွားစရာမ...
12/08/2026

💦 Shizuoka မှာ စျေးသက်သက်သာသာနဲ့ ရေကစားချင်ရင် ဒီနေရာလေး 🏊‍♀️🛝

📍 大浜公園プール (Ōhama Park Pool)

နွေရာသီပူပူမှာ အဝေးကြီးသွားစရာမလိုဘဲ Shizuoka မြို့ထဲမှာပဲ ရေကစားလို့ရတဲ့နေရာလေး ☀️💙

Pool တွေ၊ Water Slide တွေနဲ့ ကလေးတွေအတွက် ရေကစားစရာတွေလည်းရှိလို့ လူကြီးရော ကလေးရော ပျော်လို့ရပါတယ် 🛝💦

💰 ဝင်ကြေး
လူကြီး — Shizuoka မြို့တွင်း ¥800 / မြို့ပြင် ¥1,000
ကလေး — မြို့တွင်း ¥400 / မြို့ပြင် ¥500

🚌 သွားနည်း
JR 静岡駅 (Shizuoka Station) ကနေ 大浜麻機線 Bus စီးပြီး 大浜公園 ဘက်ကိုသွားပါ။
⏰ Bus နဲ့ မိနစ် 30 လောက် 🚏

🚗 ကားနဲ့ဆို Shizuoka Station ကနေ 10–15 မိနစ်လောက်။

📍 大浜公園プール
静岡市駿河区西島1380

Shizuoka မှာ နွေရာသီအတွက် ရေကစားစရာနေရာရှာနေတယ်ဆို ဒီနေရာလေး Save ထားနော် 🌸

08/08/2026

🇻🇳 ဗီယက်နမ်ရိုးရာ လက်မှုပညာ – Sơn Mài 🎨✨

ဗီယက်နမ်ခရီးစဉ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ရိုးရာလက်မှုပညာတစ်မျိုးကို အနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။

ဒီလက်မှုပညာကို Sơn Mài (Lacquer Art) လို့ခေါ်ပြီး ဥခွံ၊ ခရုခွံ စတဲ့ပစ္စည်းလေးတွေကို သေးသေးလေးခွဲကာ တစ်ခုချင်းစီ လက်နဲ့စိတ်ရှည်ရှည် ပုံဖော်ကပ်ပြီး ဖန်တီးကြတာပါ။ 🥚🖼️

ဒီနည်းလမ်းနဲ့ ပန်းချီကား၊ ပန်းအိုး၊ ဗန်းနဲ့ အလှဆင်ပစ္စည်းအမျိုးမျိုးကို လှလှပပ ဖန်တီးထားတာတွေ တွေ့ရပါတယ်။ တစ်ခုချင်းစီကို အသေးစိတ် လက်နဲ့လုပ်ထားတာမြင်ရတော့ ဗီယက်နမ်ရိုးရာလက်မှုပညာရဲ့ အနုပညာနဲ့ ကျွမ်းကျင်မှုကို ပိုပြီးသဘောကျမိခဲ့ပါတယ်။ 🇻🇳❤️

ဗီယက်နမ်သွားဖြစ်ရင် ဒီလို ရိုးရာလက်မှုပညာလုပ်ပုံတွေကိုလည်း လေ့လာကြည့်ဖို့ မမေ့နဲ့နော် ✨

03/08/2026

နေနိုင်လွန်းတဲ့ သူစိမ်းလေးရယ်

03/08/2026

ကံဆိုးတယ် camera ကျကွဲသွားတယ်🥴

ကံကောင်းတယ် အသစ်တစ်လုံး ပြန်ရတယ်😎🤭

住所

Aoi
Shizuoka-shi, Shizuoka

アラート

Travel Ko Koがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー