30/05/2025
ဂျပန်နိူင်ငံမှာ အလုပ်အာမခံကြေးလစဉ်ဆောင်ထားပီးအလုပ်ကထွက်တဲ့အခါ Helloworkမှာ失業手当Sh*tsugyō teate (အလုပ်လက်မဲ့ထောက်ပံ့ကြေး)
လျှောက်ဖို့အတွက် ထွက်ခဲ့တဲ့အလုပ်က 離職票 (Rishokuhyō) အလုပ်ထွက်စာတောင်းမရလို့ ဘယ်လိုတောင်းရမလဲဆိုတဲ့ ညီအကိုမောင်နှမများအတွက်
離職票 (Rishokuhyō)ဆိုတာ မိမိလုပ်ခဲ့တဲ့အလုပ်ရှင်က ထုတ်ပေးရမည့် အလုပ်ထွက်အထောက်အထားဖြစ်ပြီး HelloWork မှာ 失業手当 လျှောက်တဲ့အခါ လိုအပ်ပါတယ်။
ဂျပန်နိူင်ငံမှာအလုပ်ထွက်တဲ့အခါဥပဒေအရအလုပ်ရှင်က 離職票 ထုတ်ပေးရန် တာဝန်ရှိပါတယ်။
離職票 တောင်းလို့မရရင် ဘာလုပ်ရမလဲ?
(၁) ပုံမှန်မဟုတ်တဲ့အလုပ်ရှင်ကို ဒီလိုပြောတောင်းပါ
"雇用保険法第61条により、離職票の発行は貴社の義務です。至急発行願います"
" Koyō hoken-hō dai 61-jō ni yori, rishoku-hyō no hakkō wa kisha no gimudesu. Shikyū hakkō negaimasu"
(၂) အလုပ်ထွက်ပီး၁၄ရက်ကျော်သည်အထိအလုပ်ရှင်ဘက်မှ 離職票 လဲမပို့ပေး အကျိုးအကြောင်းလဲ အကြောင်းမပြန်ပါက
労働基準監督署 (Rōdō Kijun Kantokusho) Labor Standards Inspection Office သို့ တိုင်ကြားပါ။
(Google Map မှာ 労働基準監督署 လို့ရိုက်ရှာပီး မိမိနဲ့အနီးဆုံးရုံးကို သွားရောက်တိုင်ကြားပါ)
労働基準監督署 မှ အလုပ်ရှင်ကို ဥပဒေအတိုင်း အတင်းအကျပ် 離職票 ပေးဖို့ဖိအားပေးပါလိမ့်မယ်။
雇用保険法第61条 (အလုပ်အကိုင်အာမခံဥပဒေ ပုဒ်မ ၆၁)အရ
အလုပ်ရှင်သည် မိမိဆီမှာလုပ်ခဲ့သည့်အလုပ်သမားအား 離職票 (Rishokuhyō အလုပ်ထွက်စာရွက်)ကို အလုပ်မှထွက်ပြီး ၁၄ ရက်အတွင်း ထုတ်ပေးရန် ဥပဒေအရ ပြဋ္ဌာန်းထားသည်။
離職票 (Rishokuhyō )အလုပ်ထွက်စာရွက်တွင် အလုပ်သမား၏ အလုပ်လုပ်ကိုင်ခဲ့သည့်ကာလ၊ လုပ်ခလစာ၊ အာမခံကြေးပေးချေမှုအခြေအနေ စသည့် အချက်အလက်များ ပါဝင်ရမည်။
အလုပ်ရှင်ဘက်မှ ဤဥပဒေကို မလိုက်နာပါက ဒဏ်ငွေ (30,000 မှ 500,000 ယန်း အထိ)ပေးဆောင်ရမည်ဖြစ်သည်။
(၃) အခြားနည်းလမ်းတစ်ခုမှာ Hello Work (ハローワーク) သို့ သွား၍ 失業手当 အတွက် 離職票 မပါပဲ 雇用保険被保険者離職証明書交付申請書 ဖြင့် အစားထိုးလျှောက်ထားနိုင်ပေမယ့် 離職票တခါထဲယူသွားပီးလျှောက်တာမျိုးထက် အချိန်တော့ပိုကြာနိုင်ပါတယ်။
失業手当( အလုပ်လက်မဲ့ ထောက်ပံ့ကြေး)လျှောက်ဖို့
1・離職票・雇用保険被保険者証
2 ・3.0cm×2.4cmဓါတ်ပုံ ၂ပုံ
3・マイナンバーカード
နိုင်ငံခြားသားဆိုရင် 在留カード
4・ Bank စာအုပ်သို့မဟုတ် bank card
- အလုပ်ထွက်ပြီး ၁ နှစ်အတွင်းလျှောက်ရမည်။
📞 ဥပဒေရေးရာ အခမဲ့ တိုင်ပင်ဆွေးနွေးရန်
ဖုန်း : 0570-078374
📞 HelloWork အကြံပေးဌာန :
ဖုန်း : 0120-60-7999
🌐 Tokyo Foreigner Employment Support Center : 03-3368-3381
မူရင်းရေးသားသူအား-crd