07/08/2026
🤗ကျန်းမာရေးလိုက်စားတဲ့ ကာကာလေးတွေအတွက် MM-Mart Myanmar မှာဝယ်ယူရရှိနိုင်တဲ့Chiaseedအကြောင်းလေးKnowledge Sharingလေးလုပ်ပေးမယ်နော်🤗
💁🏻♀️အခုနောက်ပိုင်း ကျန်းမာရေးလိုက်စားသူတွေ၊ ဝိတ်ချချင်သူတွေကြားမှာ အရမ်းခေတ်စားနေတဲ့ "ချီယာစေ့ (Chia Seeds)" လေးတွေအကြောင်းကို အားလုံး သိပြီးလောက်မှာပါ။ မသိသေးတဲ့သူတွေ အတွက်၊ သေးငယ်ပေမယ့် အာဟာရဓာတ်တွေ အပြည့်အဝပါဝင်တဲ့ ဒီအစေ့လေးတွေက ခန္ဓာကိုယ်အတွက် ဘယ်လိုကောင်းကျိုးတွေ ပေးသလဲ၊ ဘယ်အချိန်မှာ ဘယ်လိုသောက်တာက အကောင်းဆုံးလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။
၁။ ချီယာစေ့ရဲ့ ကျန်းမာရေး ကောင်းကျိုးများ
💁🏻♀️ဝိတ်ကျစေရန် အထောက်အကူပြုခြင်း: ချီယာစေ့မှာ အမျှင်ဓာတ် (Fiber) နဲ့ ပရိုတင်းဓာတ် အများကြီး ပါဝင်ပါတယ်။ ချီယာစေ့က ရေကိုစုပ်ယူနိုင်စွမ်းမြင့်မားတာကြောင့် ရေနဲ့ထိလိုက်တဲ့အခါ သူ့ရဲ့မူလအရွယ်အစားထက် (၁၀) ဆခန့်အထိ ပွလာတတ်တဲ့အတွက် ဗိုက်ကို အချိန်ကြာကြာ ပြည့်နေစေပြီး အဆာခံနိုင်စေသောကြောင့် ဝိတ်ကျစေဖို့ အထောက်အကူပြုပါတယ်။ ချီယာစေ့သောက်ပြီး အစားအသောက် မဆင်ခြင်ပါကလည်း ဝိတ်မကျနိုင်ပါ။
💁🏻♀️အူလမ်းကြောင်း ကျန်းမာစေခြင်း: အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်တတ်သူတွေ၊ အူလမ်းကြောင်း လှုပ်ရှားမှု မကောင်းသူတွေအတွက် ဝမ်းမှန်စေဖို့ အထောက်အကူပြုပါတယ်။ ချီယာစေ့သောက်ပြီး ရေများများသောက်ပေးဖို့လိုပါတယ်။ ရေသောက်နည်းပါက ဗိုက်ပြည့်အင့်တာ၊ လေပွတာမျိုးကို ကြုံတွေ့ခံစားရတတ်ပါတယ်။
💁🏻♀️နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း: အပင်ကနေရတဲ့ Omega-3 fatty acid (ALA) ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။
💁🏻♀️သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း: အစားစားပြီးနောက် သွေးတွင်းသကြားဓာတ် ရုတ်တရက် ထိုးတက်သွားခြင်းမျိုး မဖြစ်အောင် တားဆီးပေးနိုင်လို့ ဆီးချိုသမားတွေအတွက်လည်း သင့်တော်ပါတယ်။
💁🏻♀️ဘယ်လို သောက်သုံးတာ အကောင်းဆုံးလဲ? 💧
🙅🏻♀️ချီယာစေ့ကို ရေမစိမ်ဘဲ အခြောက်အတိုင်း လုံးဝ (လုံးဝ) မစားပါနဲ့။ အခြောက်အတိုင်း မျိုချလိုက်ရင် အစာရေမြိုပြွန်ထဲမှာ ပွလာပြီး လည်ပင်းနင်တာ၊ အသက်ရှူကြပ်တာတွေ ဖြစ်တတ်ပါတယ်။
💁🏻♀️ချီယာစေ့ (၁) ဇွန်းခန့်ကို ရေ (သို့မဟုတ်) နွားနို့၊ ပဲနို့ တစ်ခွက်ထဲ ထည့်ပြီး အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် ပွလာအောင် စိမ်ထားပါ။ ဂျယ်လီလို အိစက်သွားမှ သောက်သုံးရပါမယ်။ (ညအိပ်ရာဝင်ခါနီး ရေခဲသေတ္တာထဲမှာ ကြိုစိမ်ထားပြီး မနက်မှ သောက်ရင်လည်း ရပါတယ်)။
💁🏻♀️ဆီးချိုရှိသူများ ချီယာစေ့ကို ရေဖြင့်စိမ်ပြီးသာ သောက်သုံးသင့်ပါတယ်။ ဖျော်ရည်များနှင့်စိမ် မသောက်သင့်ပါ။
*💁🏻♀️ချီယာစေ့သောက်ပြီးတဲ့အခါ ရေများများသောက်ပေးဖို့ မမေ့ပါစေနဲ့။
💁🏻♀️ဘယ်အချိန်မှာ သောက်တာ အထိရောက်ဆုံးလဲ? ⏰
💁🏻♀️မနက်ပိုင်း : မနက်အိပ်ရာထ ဗိုက်ဟာနေချိန်မှာ ရေတဖန်ခွက်ထဲ ချီယာစေ့ထည့်၊ သံပရာရည်လေး အနည်းငယ် ညှစ်ထည့်ပြီး သောက်ပေးတာက အစာခြေစနစ်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် သင့်တော်ပါတယ်။
💁🏻♀️အစားမစားမီ : ဝိတ်ချချင်သူတွေအတွက် နေ့လယ်စာ ဒါမှမဟုတ် ညနေစာ မစားခင် နာရီဝက်လောက်ကြိုပြီး သောက်ပေးပါ။ ဗိုက်ပြည့်သွားစေတဲ့အတွက် ထမင်းအများကြီး စားမိတာကို ထိန်းချုပ်ပေးပါတယ်တဲ့
Dr.Ye
#ချီယာစေ့ #ကျန်းမာရေးဗဟုသုတ