22/09/2025
ဆေးခန်းတခုတွင် လူနာတယောက်
အထဲဝင်လာလိုက်..အပြင်ထွက်သွားလိုက်နှင့် ဂနာမငြိမ်ဖြစ်နေသည်.. သူ့ကြည့်ရတာ
ဝင်ပြရင်ကောင်းနိုး မကောင်းနိုး
စဉ်းစားနေဟန်ရှိသည်..
အတွင်းမှဆရာဝန်မလေးလည်း ကြာတော့
ထိုသူကိုသတိပြုမိလာသည်..လူနာကုန်ချိန်ထိ
ထိုသူ အထဲဝင်မပြနိုင်သေးသဖြင့်
ဆရာဝန်မလေး အပြင်ထွက်လာသည်..
-
ဘာဖြစ်လို့ပါလဲရှင်..အထဲကြွပါ
-
လူနာလည်း ပေကတ်ကတ်နှင့်လိုက်လာသည်..
ပုံစံကမဝံ့မရဲမို့ ဆရာဝန်မလေးက
စကားကြောင်းပေးသည်..
-
ဘာဖြစ်တယ်ဆိုတာ ပြောပါရှင်..
ဆရာဝန်ဆိုတာ ကျား မ မရွေးကုပေးရသူပါ..
ကျွန်မမိန်းကလေးဖြစ်နေလို့အားမနာပါနဲ့..
ဆေးပညာသဘောမှာ လူနာအနေနဲ့ဘဲ ကျွန်မတို့ကသတ်မှတ်တာပါ..
ဘာရောဂါဖြစ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါရှင်
-
ဆရာမ ကျွန်တော့ကိုမရီဘူးဆိုမှ ကျွန်တော်ဆေးခန်းပြမှာနော်
-
ဟုတ်ပါပြီရှင်..မရီပါဘူး.. ဘာဖြစ်တယ်ဆိုတာပြောပါရှင်
-
ထိုအခါလူနာသည် သူ့ပုဆိုးကိုအသာလှန်ပြလိုက်သည်..
လူနာ၏အင်္ဂါမှာ AAဓါတ်ခဲအရွယ်သာသာ ရှိနေကြောင်းတွေ့ရသဖြင့်
ဆရာဝန်မလေး အနည်းငယ်ပြုံးစိစိ
ဖြစ်သွားသည်..
လူနာက မကျေမနပ်နှင့် စိုက်ကြည့်နေသဖြင့် ဆရာဝန်မလေး မျက်နှာပိုးအမြန်သပ်ပြီး
တောင်းပန်လိုက်သည်..
-
ဆောရီးပါရှင်.. ကျွန်မ ဆရာဝန်ကျင့်ဝတ်နဲ့
မညီဖြစ်သွားတယ်.. လှောင်တာမဟုတ်ပါဘူး.. ရှင့်ဘာဖြစ်တယ်သာပြောပါ
-
ထိုအခါ လူနာပြောလိုက်သောစကားကြောင့် ဆရာဝန်မလေးခမျာ
ပါးစပ်ကိုလက်ဝါးနှင့်ပိတ်ပြီးအခန်းထဲမှ ထွက်ပြေးကာ
အပြင်တွင် ဗိုက်ကိုနှိပ်၍ ရီမိပါတော့သည်..
လူနာပြောလိုက်သည်ကားးးးးးးးးး
-
ယောင်နေလို့ပါဆရာမ
James