Bagyiaung Official

Bagyiaung Official True crime article

07/07/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ရွာတစ်ရွာမှာပေါ့။ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်တော့ မသိ။နွားတစ်ကောင်ရဲ့ခေါင်းဟာ စဉ့်အိုးကြီးထဲ စွပ်မိသွားပြီး ပြန်ထုတ်မရတော့ဘူ...
06/08/2024

ရွာတစ်ရွာမှာပေါ့။
ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်တော့ မသိ။

နွားတစ်ကောင်ရဲ့ခေါင်းဟာ စဉ့်အိုးကြီးထဲ
စွပ်မိသွားပြီး ပြန်ထုတ်မရတော့ဘူး တဲ့။

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ ရွာသားတွေဟာ
ပညာရှိလို့ သူတို့ယူဆထားတဲ့ သူကြီးဆီသွားပြီး
အကူအညီတောင်းတယ်။

"နွားခေါင်းကို ဖြတ်ပစ်လိုက်ကွာ"

သူကြီးစကား ကြားတော့ ရွာသားတွေက
ဟုတ်သားပဲဆိုပြီး နွားခေါင်းကို ဖြတ်ပစ်လိုက်ကြသတဲ့။

ဒါပေမဲ့ ခေါင်းက ထုတ်မရသေးဘူး။
သူကြီးက ထပ်ပြောတယ်။

"စဉ့်အိုးကို ခွဲလိုက်ကွာ"

ရွာသားတွေလည်း သူပြောသလို ခွဲလိုက်တယ်။
အဲဒီကျမှ အဆင်ပြေသွားတယ်။

နွားကတော့ သေသွားပြီးဆိုတော့
ထုံးစံအတိုင်း အမဲပေါ်လိုက်ကြတယ်ပေါ့။

ညခင်း ထမင်းစားချိန်ကြတော့ သူကြီးက
သူ့ရှေ့က အမဲသားဟင်းခွက်ကြီး စိုက်ကြည့်နေရင်း
အတော်လေးကြာတော့ မျက်ရည်တွေ ကျလာသတဲ့။

ဘာဖြစ်တာလဲလို့ အိမ်သားတွေက ဝိုင်းပြီး
မေးကျတော့ သူကြီးက ပြောတယ်။

"ငါလို ရှေ့မီနောက်မီ ပညာရှိမျိုးသာ မရှိရင်
ဒီရွာသားတွေ ဘယ်လိုများ နေကြမလဲလို့
တွေးမိလို့ပါကွာ" တဲ့။

ဂိန်

Credit

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Bagyiaung Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category