23/06/2024
အရက်ရောင်းသူက ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး
နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။
ကြေးမုံပြင်က မှန်တယ် ကိုယ်ငိုရင် ဘယ်တော့မှသူမရီဘူး။
ဖယောင်းတိုင်တွေထွန်းပြီး
သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်
ဖယောင်းတိုင်မှုတ်ပြီး မွေးနေ့ပွဲတွေ ကျင်းပကြတယ်။
ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။
ပြီးတော့ ခြေထောက်မှာ
စွပ်ကြတယ်။
ဒါပေမယ့် ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ
တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။
ဒါကြောင့် တန်ဖိုးထက်
လုပ်ဆောင်ရမယ့် နေရာက
အဓိက ဖြစ်လာတယ်။
မှန်ကန်တဲ့ အကြံပေးသူဟာ
ဆားခါးနဲ့တူတဲ့
မိတ်ဆွေစစ်ဖြစ်တယ်လို့
ယူဆပြီး
အလိုလိုက် အကြိုက်ဆောင်
အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။
ဆားခါးက ပိုးပုရွက်မကျဘဲ ၊
သကြားကတော့ ပိုးပုရွက်ကြောင့်
ပျက်စီးခြင်းကိုရောက်ရတယ်။
ကောင်းတဲ့လမ်းကို
ဘယ်သူမှ မသွားချင်ကြဘူး။
မကောင်းတဲ့ လမ်းကိုတော့
အားလုံးသွားကြတယ်။
ဒါကြောင့်
အရက်ရောင်းသူက ဘယ်မှမသွားရဘဲ
နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။
နံရံပေါ်ကဓာတ်ပုံရဲ့ဝန်ကို
တကယ်ထမ်းထားတာက သံချောင်းလေး။
ဒါပေမယ့်
လူတွေချီးမွမ်းကြတာက
သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။
လူတွေက
သူတို့ကို တိရိစ္ဆာန်လို့ ပြောရင်
ထသတ်ချင်ကြပြီး
ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့
ကျေနပ်နေကြပြန်ပါလေရော ။
မင်္ဂလာပွဲတွေမှာ
လူတွေက အရှေ့ကနေ
လိုက်ကြပြီး
မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။
ဒါကိုမြင်ရတော့
လောကကြီးက
ပျော်နေချိန်မှာ သင့်ရှေ့က
နေကြပြီး
ဝမ်းနည်းချိန်မှာ
နောက်ကို ဆုတ်သွားတတ်
ကြတဲ့ သင်ခန်းစာကို
ယူမိတယ်။
မွေးမယ် သေမယ်
ဖြစ်နေကြအုံးမယ်
တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်
ကိုယ့်သမိုင်းလေးကိုတော့
လက်ရေးလှအောင်
အမှန်ကန်ဆုံး
ရေးနိုင်ကြစေချင် ပါတယ်။
လေးစားလျှက်🙏
မေတ္တာဖြင့်...
#ဝင်းသီဟကျော်
#သင်္ခါရဘဝ