20/10/2022
Hello
ခင်တမာလေးကို မေ့နေကြပြီလား အချစ်တို့ရေ။
မင်တို့တအိမ်လုံး ကိုဗစ်ဖြစ်သွားတဲ့အချိန်ကစပြီး ခင်တမာ page လေးနဲ့ အရောင်းလေးကို အကြောင့်ပြချက်မရှိ ပိတ်ထားလိုက်ရပါတယ်။အခု ခြေလှမ်းအသစ်လေးနဲ့ ပြန်လာပြီမို့ ပြန်ပြီးအားပေးကြပါဦးနော်။
မင့်ဖေဖေနဲ့မေမေတို့ရဲ့ နာမည်လေးတွေကို အစွဲပြုပြီး ခင်တမာရယ်လို့ စဖြစ်လာတာပါ။ကြော်တာလှော်တာလဲ မေနဲ့ဖေပါဘဲ။နောက်ပိုင်းကိစ္စတွေကတော့ မင်လုပ်တာပေါ့လေ 😁။ မိဘတွေ အရမ်းညှော်ရတာရယ် ပင်ပန်းတာရယ် ရောဂါတွေရယ်ကြောင့် အရောင်းလေးနားလိုက်ရတာပါ။
အရင် ရောင်းတဲ့ itemလေးတွေတော့ အခုလောလောဆယ် မရသေးပေမယ့် ခြေလှမ်းသစ်နောက်တစ်ခု နဲ့ ပြန်လာပါပြီနော်။မကြာခင် တင်ပေးပါမယ်နော်။
လွန်ခဲ့တဲ့ ၂ နှစ်က ရောင်းခဲ့တဲ့စျေးနှုန်းကို ကြည့်ပြီး အရမ်းတန်တာဘဲ လို့ ခံစားရတယ်။အခုပြန်ရောင်းမယ်ဆိုရင်တောင် အရင်စျေးနဲ့ ဘယ်လိုမှ မကိုက်တော့ဘူး အချစ်တို့ရေ 😁
ဘာလေးများရောင်းမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးရှင့်။
အားပေးခဲ့သူ တစ်ယောက်ချင်းစီတိုင်းအားအထူးပင် ကျေးဇူးတင်လျက်
ခင်တမာ