Better Future

Better Future To better future

မင်းနဲ့အတူတူ----------🌻ပြင်ဦးလွင်မြို့လေးမှာ🌻နေကြာရိုင်းအဝါတွေနဲ့ 🌻ခြံခတ်ထားတဲ့ ခြံလေးရယ်🌼တရုတ်စကားပင်ရံထားတဲ့ 🌼လမ်းကလေး...
26/02/2023

မင်းနဲ့အတူတူ
----------
🌻ပြင်ဦးလွင်မြို့လေးမှာ
🌻နေကြာရိုင်းအဝါတွေနဲ့
🌻ခြံခတ်ထားတဲ့ ခြံလေးရယ်
🌼တရုတ်စကားပင်ရံထားတဲ့
🌼လမ်းကလေးရယ်
🌹တောင်ကုန်းပေါ်က
🌹နှစ်ထပ်တိုက်လေးရယ်
တောင်စောင်းတစ်လျှောက်
ပွင့်နေတဲ့ ကျောက်နှင်းဆီခင်း
ကြီးရယ်က မင်းထင်တာထက်
ပိုလှနေမယ် အချစ်ရေ 🖤🖤🖤

မင်းလက်နဲ့ခူးဖို့ လိမ္မော်သီးအချို့...🍊🍊

မင်းလက်နဲ့ခြွေဖို့ စတော်ဘယ်ရီသီးနီနီရဲရဲအချို့ ...🍓🍓

မင်းအရပ်နဲ့တိုင်းပြီး ကြီးထွားတဲ့ နဂါးမောက်ပင်တွေ...
မင်းနာမည်နဲ့သီးတဲ့ စပျစ်နွယ်တွေ...🍐🌽🌶🍓🍎

တွေးကြည့်စမ်း ကလေးရေ
အစ်ကိုဖန်ဆင်းတဲ့ နိဗ္ဗာန်ဘုံမှာ
ခြံနံဘေး စမ်းချောင်းလေး ရစ်ခွေစီးဆင်းသေးတယ် 🌸🌸

အလိုလောဘဆိုတာ အတောမှမသတ်တာ 😇😇

မင်းအတွက် Honda fitလေးတစ်စီးရယ် 😊
ကိုယ့်အတွက် Cafe fineဘီးလေးတစ်စီးရယ်☺️ ဒါဆို ဘဝကနေပျော်ပြီလေ အချစ်ရေ 💓💓💓

တစ်ခါတစ်လေ
ကဗျာတွေရွတ်မယ်
တစ်ခါတစ်ရံ ထူးအိမ်သင်
တစ်ခါတစ်ရံ စိုင်းထီးဆိုင်ပေါ့..

ကိုယ်တို့
လတ်ဆတ်တဲ့ရနံ့တွေထုံလွှမ်းစေတဲ့လေကို အဆုတ်နဲ့အပြည့် ရှိုက်ကြမယ် 🌿

အိမ်အလုပ်တွေနဲ့
အရမ်းပင်ပန်းလာတဲ့အခါ
တောပန်းကလေးတွေ
ကြည့်လို့ ရှက်တဲ့အခါ
ရင်ခွင်ထဲခေါင်းထိုးဝှက်ပါ🤭

မင်းက အစ်ကို့ဇနီးမို့
မင်းပဲ အစ်ကို့သမီးမို့
ကိုယ့်တီးတိုးဖော်လေးရေ
မင်းနဲ့ အတူနေချင်တယ် 😊

အစ်ကိုပြောတဲ့ အရာတွေဟာ
အစ်ကို့အတွက် ကြိုးစားယူဖို့ မဝေးဘူး .....🍂

🍁ခက်တာတစ်ခုပဲ ရှိတယ်
" မင်း နေနိုင်ရဲ့လားဆိုတာတစ်ခုပဲ ... အစ်ကို့ပြသနာဖြစ်နေတယ် "

ဗဒင်သီချင်းလေးလို
နေမယ် မနေဘူးကတော့
ကလေးရဲ့သဘောပါ...🎀

သေချာတဲ့ခြံလေး ဒီနေ့မြေစရှင်းနေတယ် ...🔱⚜️

မင်းဘက်က တစ်လှမ်းပဲလှမ်းပါ
ကျန်တဲ့ဘဝသက်တမ်း အစ်ကိုဆက်ထမ်းပါ့မယ် 🤩

မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတာကလေ ကလေးရေ ,,,,,

ခင်ပွန်းက ကုမ္ပဏီထောင်
ဇနီးက စိန်ရွှေရတနာဆိုင်ဖွင့်တာမျိုး မဟုတ်ဘူး....

လင်က ချဉ်ပေါင်းခင်းလေး ပေါင်းသင်နေချိန်
မယားက ငရုပ်ပင်တွေ ရေလောင်းတာမျိုး👨‍🦳👩‍🦳

ဘဝမှာ ငွေတွေအများကြီး မလိုချင်တော့ဘူး ...

ဘဝမှာ ဂုဏ်အကြီးကြီး မလိုချင်တော့ဘူး ....

မိုးလုံလေလုံ အိမ်ကလေးနဲ့
စားဝတ်နေရေး ဖူလုံမယ်ဆို နေပျော်ပြီ ...👩‍🌾👨‍🌾

ဒါထက်ပိုပြီး
(မင်းနဲ့ )
မိုးလုံလေလုံ ဖူဖူလုံလုံ မေတ္တာမျှခွင့်ရရင် သေပျော်ပါပြီ။

#ဆန်းကျော်စွာဝင်း
photo - credit🙏

Address

Danubyu

Website

Alerts

Be the first to know and let us send you an email when Better Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category