AK Foody House

AK Foody House တနင်္လာနေ့တိုင်း ပိတ်ပါသည်နော် ��

27/12/2021

နက်ဖြန်အတွက် မုန့်လေးတွေမှာလို့ရသေးတယ်နော်

Choco , Fruit , Cheese အရသာလေးတွေကို အရင်ဈေးအတိုင်းပဲရောင်းပေးထားတယ်နော် အသဲတို့ 😊

ဒူးရင်းကတော့ ရှားသေးတော့ ပေါ်တာနဲ့တင်ပေးမှာ 😍

26/12/2021

မက်ခရိုနီ မနက်ဖြန်ကစပြီး မှာလို့ရပီနော်

ပို့စ်တစ်ခုခုရေးပေးပါဆိုလို့ ရေးပေးလိုက်ပီ 😂

24/10/2021

Pasta 2600 to 4500
Cheese 4300 to 7800 (ဒါတောင်ဝယ်ရခက်တုန်း)

အခြားဘာညာတွေ ဈေးတက်တာမပါသေးဘူး
မင်းသားနဲ့ မင်းသမီးတင်ဈေးကမြောက်တက်

ဈေးလဲတင်မရောင်းချင်သေးတော့

ဆက်ရောင်းဖို့အားမရှိ 😭

အချစ်လေးတို့ရေ ... အရေးကြီးသတင်းတွေ ဘာညာဆိုထဲက Post မတင်ဖြစ်တော့တာ ဒီနေ့ထိပဲ Post update မတင်တာတောင် လက်တို့ပီးမှာစားကြတ...
15/10/2021

အချစ်လေးတို့ရေ ...
အရေးကြီးသတင်းတွေ ဘာညာဆိုထဲက Post မတင်ဖြစ်တော့တာ ဒီနေ့ထိပဲ
Post update မတင်တာတောင် လက်တို့ပီးမှာစားကြတဲ့အချစ်တို့ကိုလဲ ကျေးဇူးပါလို့

ခုက မုန့်ရောင်းလားလို့မေးရင်လဲဖြေရခက်
အာ့ဆိုမရောင်းတော့ဘူးလားမေးပြန်တော့လဲငြင်းရခက်😅😅😅

ခုဖြစ်နေတာက ကုန်ကြမ်းတွေဝယ်လို့မရတာရယ်
ဝယ်လို့ရရင်လဲအနည်းငယ်ပဲရတာကိုမှ ဈေးက ၃ ပုံ ၂ ပုံလောက်ခုန်တက်နေတော့ မရောင်းပဲနေတာကမြတ်နေတယ်ကွယ် 😆

ဆိုတော့ Order တက်မှာတောင်ကြောက်နေရတဲ့ဘဝပါ 😭
အရင်ရောင်းရတာတွေလှူတာက ကိုယ်ပင်ပန်းတာပဲရှိတယ် ခုကျ လူလဲပင်ပန်း လှူရတာလဲအရင်းသာသာဆိုတော့ မရင်းတော့ပဲလှူလိုက်တာ ပိုအဆင်ပြေနေမယ်ထင်တယ်

ဈေးတွေမတရားတက်နေရင်း post မတင်ဖြစ်တဲ့ကြားကာလမှာ ကိတ်မုန့်လေးပါတွဲပီးမှာစားကြတဲ့ ချစ်တို့ကိုလဲ ကျေးဇူးပါလို့ နာမည်ကြီးpage တွေအများကြီးရှိတဲ့ထဲမှ ၂ မျိုးလုံးစားချင်တာဆိုပီး လာလာမှာပေးကြတယ်
ဆာဒါငဲရော 😍😍😍

19/09/2021

Hello baby တို့ရေ 😍

ကုန်ကြမ်းလေးတွေ ပြန်ရနေပီမို့ အင်္ဂါနေ့အတွက် Order လေးတွေ တင်လို့ရပီနော်

မုန့်အကြွေးလေးတွေကျန်နေတဲ့ ချစ်လေးတို့ကိုလဲ အမြန်ဆုံး တယောက်ချင်းဆီဖြေးဖြေးချင်း ဆပ်ပေးသွားပါ့မယ်လို့ 😁

ကုန်ကြမ်းရမယ့်နေ့ထိ စောင့်နေပေးတဲ့ VIP လေးများကို ဆာရာငဲရော 😘😘😘

15/09/2021

Macaroni လေး ခဏ အ​ရောင်းနားမယ်နော် ကုန်ကြမ်းတွေဘယ်လိုမှ ဝယ်လို့မရလို့ပါ 😣😣😣

ဈေးတက်တာဆက်ရောင်းလို့ရတယ် ကုန်ကြမ်းပြတ်တာကဘယ်လိုမှအဆင်မပြေ 😥

ဒီကာလမှာ ပို့စ်တင်ဖို့ စိတ်မပါတာကြောင့် မုန့်နဲ့ပတ်သက်ပီး ဘာမှမတင်တာတောင် မှာစားကြတဲ့ Customer လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်လို့ ကုန်ကြမ်းပြန်ဝယ်လို့ရပီဆိုတာနဲ့ လာကြော်ငြာပေးမယ်နော် chat box မှာ လာမေးကြတာကို ငြင်းရတာအားနာလာလို့ post မတင်ချင်ပဲ တင်လိုက်ရတာပါ ပြန်ရတာနဲ့ ထပ်ပီးအားပေးကြပါဦးနော် 😍😍

ကိတ်လေးတွေ ရောင်းတဲ့ Page တွေ အများကြီးရှိနေရဲ့နဲ့ ကိုယ့်ကိတ်လေးကို မေးနေကြတဲ့ ချစ်လေးတွေကလဲ ကိုယ့်ကိုယ်သက်သက်အားပေးချင်တာ သိပါတယ် ကုန်ကြမ်းပြန်ရတာနဲ့မှာထားတာလေးတွေ ဦးစားပေးလုပ်ပေးပါ့မယ် ချေနေတာ မဟုတ်ရပါဘူးနော် ခဏလေးစောင့်ပေးပါဦး သဲတုံးတို့ရေ 🥰🥰🥰

ချစ်တယ် 😘

06/09/2021

ည ၁၀ ဘလာ ဘလာ ဘလာ 😂
ဖုန်းနံပါတ်လေးတွေတော့ မှန်အောင်ပေးနော် ယူတို့
ဖုန်းဆက်ရင်လဲကိုင်နော်
ဖုန်းလိုင်းတော့မဖြတ်ဘူးမလား 😆

ဒန်တန် 😍ဒူးရင်းချစ်သူတို့ရေ ... ဒူးရင်းလေးတွေအမှာတက်ထားတုန်း ပိုမှာထားတာလေးတွေရောက်ပီနော် Durian Macaroni လေးမှ စားချင်န...
06/09/2021

ဒန်တန် 😍

ဒူးရင်းချစ်သူတို့ရေ ...

ဒူးရင်းလေးတွေအမှာတက်ထားတုန်း ပိုမှာထားတာလေးတွေရောက်ပီနော် Durian Macaroni လေးမှ စားချင်နေတာ ဆိုရင်တော့ အရင်ဈေးအတိုင်း Order လေး ကောက်မယ်နော် ...
ဒူးရင်းနဲ့စားနေကျသူတွေကတော့ သူ့အရသာထိမိတာကိုသိနေပီမို့ ထူးပီးပြောမနေတော့ဘူးနော် 🤩

မစားဖူးသေးတဲ့သူတွေက ဒူးရင်းလေးနဲ့ တွဲစားကြည့်လိုက် ကျန်တာမတိုးတော့ပဲ ဒူးရင်းရပီလားပဲ လာလာမေးနေမှာ 🥰

ဒီနေ့မှာ နက်ဖြန်အစောဆို Deli လာယူပီး အနီးအနားကစပြီး မြို့နယ်တိုင်းပို့ပေးပါတယ်နော်

ဒေါပုံ ဗိုလ်ထွန်းစံရပ်ကွက်အတွင်း deli free နဲ့ပို့ပေးပီး သာကေတအနီးအဝေး ၅၀၀/၁၀၀၀/၁၅၀၀ ပါနော်

အနည်းဆုံး ၂ ဘူးမှ စပီး ကြိုက်သလောက်မှာယူနိုင်ပါတယ်ရှင် 😍

💛 Durian Macaroni 🌳 3500 Ks

အခြားအရသာလေးတွေကတော့

🧡 Cheese Macaroni 🧀🧀🧀 2500 Ks
💚 Fruit Macaroni 🍎🍎🍎 2500 Ks
🤎 Chocolate Macaroni 🍫🍫🍫 2500 Ks
💜 Chocolate + Fruit Macaroni 🍫🍎 3000 Ks ပါနော်

ဗမာသီးလေးတွေ အမွှာလိုက် ခွဲဘူးလေးတွေပါ ဈေးနည်းနည်းနဲ့ ရောင်းပေးဖို့ စဥ်းစားထားပါနော်
အားပေးမယ်ဆို လက်တို့လိုက်ပါလို့ အချိန်မရွေး CB နော် 😘😘😘

05/09/2021

မုန့်မှာရင်လေ လိပ်စာနဲ့ ဖုန်းနံပါတ်ကို သေချာလေးပေးကြပါလို့ နော် ...

ဥပမာ - ဗိုလ်တထောင်ဆို ဗိုလ်တထောင်မြို့နယ်ဆိုပီး ရပ်မသွားကြပါနဲ့ တိုက်နံပါတ် အလွှာ ဘယ်ဘလောက် ဘယ်လမ်းလေးတော့ ရေးပေးကြပါလို့ အတိအကျမေးပြန်ရင်လဲမကြိုက်ချင်ကျလို့

လိပ်စာအတိအကျမသိတဲ့အခါကျ ဖုန်းနံပါတ်တလုံးမှားသွားတာမျိုး စက်ပိတ်ထားတာမျိုး (အထူးသဖြင့် တဆင့်ပို့ပေးရတဲ့သူမျိုး) ပို့ပေးရရင် ရမယ့်သူကမသိတဲ့အခါကျ တစ်ချို့ဆို ဖုန်းစိမ်းမို့ မကိုင်တာတဲ့ အဲ့လိုဆို deli တွေခမျာလဲ တိုင်ပတ်လို့ပါ ...

အဲ့လိုချိန် deli ပို့သူနဲ့ ကိုယ်ပါရူးချင်ရော မှာပေးတဲ့သူဆီလဲချက်ချင်းဆက်သွယ်မရနဲ့ 😪

ကိုယ်လဲစားသုံးသူပဲဆိုတော့ အခြား page တွေမှာ မှာခဲ့ရင် လိပ်စာအတိအကျကိုတောင်းစရာမလိုအောင်တခါထဲပေးထားတော့ ရောင်းသူလဲထပ်မေးမနေရတော့ဘူးပေါ့

လွဲတာလေးတွေက ၁ ခါမက ရှိလို့ပါ နားလည်ပေးကြပါနော် မှာယူတဲ့အတွက်လဲကျေးဇူးတင်ပါတယ် ရှင့် 😍😍

အပတ်စဥ်တနင်္လာနေ့တိုင်းပိတ်လို့ ဒီနေ့မှာတဲ့ Order လေးတွေက အင်္ဂါနေ့ (၃၁-၈-၂၀၂၁) မှ ရမယ်နော် 🥰🥰🥰
29/08/2021

အပတ်စဥ်တနင်္လာနေ့တိုင်းပိတ်လို့ ဒီနေ့မှာတဲ့ Order လေးတွေက အင်္ဂါနေ့ (၃၁-၈-၂၀၂၁) မှ ရမယ်နော်
🥰🥰🥰

Macaroni ကို ဒူးရင်းနဲ့ ရလားလို့မေးရင် မရပါဘူးအာ့ဆို မရဘူးလားဆိုတော့လဲမဟုတ်ပါဘူး 😁ဒူးရင်းမှ ဒူးရင်း ဒူးရင်းနဲ့ပဲစားချင်ပ...
25/08/2021

Macaroni ကို ဒူးရင်းနဲ့ ရလားလို့မေးရင် မရပါဘူး
အာ့ဆို မရဘူးလားဆိုတော့လဲမဟုတ်ပါဘူး 😁
ဒူးရင်းမှ ဒူးရင်း
ဒူးရင်းနဲ့ပဲစားချင်ပါတယ်ဆိုတဲ့ customer လေးတွေအတွက် ဒူးသီးအသားကြီးပဲရောင်းတဲ့သူဆီကနေ order ကြိုမှာပြီး လုပ်ပေးပါတယ်နော် ဈေးကတော့ ကိုယ်အရင်အသီးဝယ်နေကျဈေးနဲ့တော့ မရဘူးပေါ့နော်

ကဲ ခုချိန်မှဒူးရင်းနဲ့ပဲ စားချင်တာဆိုတဲ့သူတွေကတော့ တပွဲ ၄၅၀၀ နဲ့ရောင်းပေးတယ်နော် (၁၀၀၀တော့ပေါင်းယူမှအဆင်ပြေလို့ပါ 😪)

နောက်အသီးတွေပေါလာရင် အရင်ဈေးအတိုင်းပဲရောင်းပေးမယ်နော်

( ဒီဈေးနဲ့ကလဲအမြဲရောင်းတာမဟုတ်ဘူးနော် ငွေအမောက်ကအရေးမကြီးဘူး စားချင်တာစားရမှဆိုတဲ့သူတွေရယ် သူစားချင်တာလေးပဲကျွေးချင်ပါတယ်ဆိုတဲ့သူတွေအတွက်ပါ )

မှာယူပေးတဲ့အတွက်ကျေးဇူးပါ 😍😍😍

ကိုယ့်ရဲ့ Macaroni လေးတွေက အချိုမများထားတော့ ကလေးတွေပါ ချောင်းဆိုးမှာစိတ်ပူစရာမလိုပဲ စိတ်ချလက်ချကျွေးလို့ရပါတယ်နော် မေမေ...
22/08/2021

ကိုယ့်ရဲ့ Macaroni လေးတွေက အချိုမများထားတော့ ကလေးတွေပါ ချောင်းဆိုးမှာစိတ်ပူစရာမလိုပဲ စိတ်ချလက်ချကျွေးလို့ရပါတယ်နော် မေမေတို့ရေ 🥰

သူလေးဆို ၁ နှစ်ကျော်လေးနဲ့ဆွဲချက်ပဲ
ကိုယ့်ရဲ့ customer အငယ်ဆုံးလေး 😍😍😍

Address

Dawbon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

+95943051700

Website

Alerts

Be the first to know and let us send you an email when AK Foody House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AK Foody House:

Share