Morning Purified Drinking Water

Morning Purified Drinking Water နေ့သစ်တိုင်းမှာ အားအင်ဖြည့်ဖို့ Morning သောက်ရေသန့် ကို သောက်ကြပါစို့

💧 သာစည်မြို့မှာ ပိုက်ဆံအတူတူ ရှာကြစို့ အရောင်းကိုယ်စားလှယ် ခေါ်ယူခြင်းသာစည်မြို့က မိတ်ဆွေများအားလုံး မင်္ဂလာပါဗျာ!နေပူပူ...
05/04/2026

💧 သာစည်မြို့မှာ ပိုက်ဆံအတူတူ ရှာကြစို့

အရောင်းကိုယ်စားလှယ် ခေါ်ယူခြင်း

သာစည်မြို့က မိတ်ဆွေများအားလုံး မင်္ဂလာပါဗျာ!
နေပူပူမှာ ရေငတ်ပြေဖို့က Morning သောက်ရေသန့်ရှိသလို၊ အိတ်ကပ်ထဲ ငွေဝင်ဖြောင့်ဖို့အတွက်လည်း ကျွန်တော်တို့ဆီမှာ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ်။
အခုဆိုရင် ကျွန်တော်တို့ရဲ့ **20 L သောက်ရေသန့်ဗူး** တွေအတွက် လက်တွဲဆောင်ရွက်မယ့် အရောင်းကိုယ်စားလှယ်အသစ်တွေကို ဖိတ်ခေါ်နေပါပြီ။

✅ ဘာတွေလိုအပ်သလဲ?
အနည်းဆုံး သုံးဘီးဆိုင်ကယ် တစ်စီးရှိရုံပါပဲ (အိမ်မှာ သုံးဘီးရှိပြီး ဖုန်တက်နေရင် အခုပဲ ဖုန်ခါပြီး ထွက်ခဲ့လိုက်ပါတော့။
ရေရှည်လက်တွဲ လုပ်ဆောင်ပေး ဖို့တော့ လိုအပ်ပါတယ်။

🌟 ဘာကြောင့် ကျွန်တော်တို့နဲ့ လက်တွဲသင့်တာလဲ?
1. ရောင်းအားကတော့ ရှယ်ပဲ: သာစည်မှာ အကောင်းဆုံးနဲ့ အရည်အသွေး အစိတ်ချရဆုံးမို့ "ရေလာရင် ငါးရတာထက်၊ ရေလာရင် ပိုက်ဆံရတာက ပိုမြန်နေမှာပါ"။
2. အကျိုးအမြတ်က မနည်းဘူးနော်: ရောင်းရတဲ့အပေါ်မှာ အကျိုးအမြတ် များများစားစား ကျန်ရှိမှာမို့ မိသားစုအတွက်တင်မကဘဲ ရည်းစားအတွက် လက်ဆောင်ဝယ်ဖို့ပါ ပိုလျှံနေစေရမယ်။
3. နာမည်ပျက်မရှိ:သန့်ရှင်းမှုမှာ နံပါတ် (၁) မို့ ဖောက်သည်ဆီ ရဲရဲကြီး သွားပို့ရုံပါပဲ။

"အလုပ်မရှိလို့ အိမ်မှာ မျက်နှာငယ်မနေပါနဲ့၊ သုံးဘီးလေးနှိုးပြီး ကျွန်တော်တို့ဆီ လာခဲ့ပါ။

**စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့...**
📞 ဖုန်း - 09400295959 ၊ 09976661135

***မြန်မြန်လေး ဆက်သွယ်လိုက်ပါဦး၊ လူများသွားရင် သုံးဘီးတွေ တိုက်မိနေဦးမယ်ဗျို့!***

🛑 သင်သောက်နေတဲ့ ရေရဲ့ မြစ်ဖျားခံရာကိုရော ဂရုပြုမိရဲ့လား?ကျန်းမာရေးအတွက် ရေများများသောက်ဖို့ လိုအပ်သလို၊ သောက်သုံးလိုက်တဲ...
22/02/2026

🛑 သင်သောက်နေတဲ့ ရေရဲ့ မြစ်ဖျားခံရာကိုရော ဂရုပြုမိရဲ့လား?

ကျန်းမာရေးအတွက် ရေများများသောက်ဖို့ လိုအပ်သလို၊ သောက်သုံးလိုက်တဲ့ ရေဟာ ဘယ်လောက်အထိ ဘေးကင်းသလဲဆိုတာက ပိုလို့တောင် အရေးကြီးပါတယ်။

အထူးသဖြင့် ရေအရင်းအမြစ် (အဝီစိတွင်း) ရဲ့ တည်နေရာဟာ သောက်ရေသန့်တစ်ဗူးရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။

💡 FDA ရဲ့ လမ်းညွှန်ချက်ကို သိပါသလား?

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရဲ့ စံနှုန်းများအရ ရေအရင်းအမြစ် (အဝီစိတွင်း) တစ်ခုဟာ အညစ်အကြေးစွန့်ပစ်ရာ အိမ်သာကျင်းများနဲ့ အနည်းဆုံး ပေ ၅၀ (50 ft) အကွာမှာ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါမှသာ မြေအောက်ရေအတွင်း မလိုလားအပ်တဲ့ ဘက်တီးရီးယားနဲ့ ပိုးမွှားများ ထိုးဖောက်ဝင်ရောက်ခြင်းကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။

✨ Morning သောက်ရေသန့်က ဘာကြောင့် ပိုပြီးထူးခြားသလဲ?
ကျွန်တော်တို့ Morning သောက်ရေသန့် အနေနဲ့ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး FDA သတ်မှတ်ချက်ထက်တောင် ပိုမိုဘေးကင်းစေရန် အထူးဂရုပြု ဆောင်ရွက်ထားပါတယ်။

• ပေ ၆၀ ကျော် အကွာအဝေးမှာ တည်ရှိခြင်း

Morning ရဲ့ ရေအရင်းမြစ်တွင်းတွေဟာ အိမ်သာကျင်းများနဲ့ အနည်းဆုံး ပေ ၆၀ (60 ft) အထက် အကွာအဝေးမှာ တည်ရှိတာကြောင့် ပိုမိုသန့်စင်မှုရှိမှာကို ၁၀၀% အာမခံပါတယ်။

• သဘာဝတောတောင် ရေမြေအရင်းမြစ်:

ကျွန်တော်တို့ စက်ရုံဟာ လူနေထူထပ်တဲ့ မြို့ပြကျေးလက်တွေနဲ့ အဝေးမှာ တည်ရှိပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ တောတောင်ရေမြေ ပတ်ဝန်းကျင်ကနေ ရရှိတဲ့ ရေအရင်းမြစ်ကို အသုံးပြုထားတာကြောင့် ဓာတုပစ္စည်းနဲ့ အညစ်အကြေး ကင်းစင်ရုံတင်မကဘဲ သဘာဝရဲ့ အရသာအတိုင်း လန်းဆန်းမှုကို ပေးစွမ်းနိုင်မှာပါ။

သန့်ရှင်းခြင်းထက် ပိုတဲ့... ဘေးကင်းစိတ်ချရမှု" ကို Morning က သင့်အတွက် အမြဲဖန်တီးပေးနေမှာပါ။

မိမိနှင့် မိသားစုကျန်းမာရေးအတွက် သောက်ရေသန့်ကို ရွေးချယ်တော့မယ်ဆိုရင် ရေရဲ့ အရင်းမြစ်ကို သေချာစစ်ဆေးဖို့ မမေ့ပါနဲ့နော်။

🌟 အသေးစားလေးနဲ့ အကျိုးကျေးဇူး အများကြီးပေးမယ့် 0.3L Branding ရေသန့်ဗူးလေးများသာစည် မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပျော်ဘွယ်...
13/02/2026

🌟 အသေးစားလေးနဲ့ အကျိုးကျေးဇူး အများကြီးပေးမယ့် 0.3L Branding ရေသန့်ဗူးလေးများ

သာစည် မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ပျော်ဘွယ်မြိုနယ် နှင့် အခြား မြို့နယ် များမှ စီးပွါးရေး လုပ်ငန်းရှင် မိတ်ဆွေများ ခင်ဗျား

အခုဆိုရင် Morning သောက်ရေသန့် ကနေ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ အတွက် ၀.၃ လီတာ ဗူးလေးတွေကို "လူကြီးမင်းတို့ ကိုယ်ပိုင်အမှတ်တံဆိပ်" ဖြင့် အထူးထုတ်လုပ်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ် ပါတယ် ခင်ဗျာ။

Morning သောက်ရေသန့်ရဲ့ Custom Labelling ဝန်ဆောင်မှုမှာ ဘာတွေပါမလဲ?

• Professional Label Design (အခမဲ့):

လူကြီးမင်းတို့ လုပ်ငန်းရဲ့ အရောင် (Brand Identity) နဲ့ ကိုက်ညီမယ့် ဆွဲဆောင်မှုရှိတဲ့ Label Design ကို ကျွန်တော်တို့ရဲ့ ကျွမ်းကျင် Designer များက အခမဲ့ (Free) ရေးဆွဲပေးမှာ ဖြစ်ပါတယ်။

• Premium PET Plastic အသုံးပြုခြင်း:

ဗူးသားအတွက် အရည်အသွေးမြင့် PET Preform Plastic ကိုသာ အသုံးပြုထားပါတယ်။ ဒါကြောင့် ဗူးသားက ကြည်လင်တောက်ပပြီး ကိုင်တွယ်ရတဲ့ ခံစားချက်က ခိုင်ခံ့မှုရှိတဲ့အတွက် Premium ဆန်တဲ့ Quality ကို ပေးစွမ်းနိုင်မှာပါ။

• အပိုအကုန်အကျ မရှိတဲ့ ဝန်ဆောင်မှု (No Extra Charges)
လူကြီးမင်းတို့ရဲ့ လုပ်ငန်း Logo ပါဝင်တဲ့ Label အတွက် ပုံနှိပ်ခ ကို လုံးဝ (လုံးဝ) ထပ်မံပေးဆောင်ရန် မလိုပါဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အနည်းဆုံး အော်ဒါအရေအတွက် ပြည့်မီရုံနဲ့ ဒီ Premium ဝန်ဆောင်မှုအားလုံးကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။

📞 အသေးစိတ် ဆွေးနွေးမှာယူရန်
စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် အထူးဈေးနှုန်းနဲ့ ဝန်ဆောင်မှုများ ပေးနေပြီဖြစ်လို့ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
• ဖုန်းနံပါတ်: 09 400 295959၊ 09 97666
• လိပ်စာ: လှိုင်းတက်စံပြ ကျေးရွာ၊ သာစည်မြို့၊မန္တလေး တိုင်းဒေသကြီး။

လူကြီးမင်းတို့ လုပ်ငန်းရဲ့ အောင်မြင်မှု ခရီးလမ်းမှာ Morning မှ အတူရှိနေပါရစေ ခင်ဗျာ။

မိဘပြည်သူ အပေါင်းတို့ခင်ဗျား...မိမိ တို့ အိမ်မှာ အလှူလေးလုပ်တာပဲဖြစ်ဖြစ်၊ ခန်းမများမှာ  မင်္ဂလာပွဲ ကျင်းပတာပဲဖြစ်ဖြစ် ဧည...
30/01/2026

မိဘပြည်သူ အပေါင်းတို့ခင်ဗျား...
မိမိ တို့ အိမ်မှာ အလှူလေးလုပ်တာပဲဖြစ်ဖြစ်၊ ခန်းမများမှာ မင်္ဂလာပွဲ ကျင်းပတာပဲဖြစ်ဖြစ် ဧည့်သည်တွေကို ဧည့်ခံတဲ့အခါ "ရေသန့်ဗူးကြီးတွေ" နဲ့ဆိုရင် နေရာအခက်ခဲဖြစ်သလို၊ စားပွဲဝိုင်းများပေါ်တင်ထားရင်လည်း မလှပသလို ခံစားနေရပြီလား?

ဒါဆိုရင်တော့ လူကြီးမင်းတို့ရဲ့ စိုးရိမ်မှုတွေကို Morning က တာဝန်ယူလိုက်ပါပြီခင်ဗျာ။

ကျွန်တော်တို့ရဲ့ Morning သောက်ရေသန့် မှာ အလှူနှင့် မင်္ဂလာပွဲများအတွက် အထူးရည်ရွယ်တဲ့ 0.3 L ရေသန့်ဗူးလေးတွေ စတင်မှာယူလို့ ရနေပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးအပ်လိုက်ပါတယ် ခင်ဗျာ။

သာစည်မြို့နယ်၊ မိထ္တီလာမြို့နယ် နှင့် ဝမ်းတွင်း မြို့နယ် အတွင်းမှ အလှူရှင်များ၊ မင်္ဂလာရှင်များအနေနဲ့ မှာယူလိုပါက ကျွန်တော်တို့ဆီကို အခုပဲ ဆက်သွယ်လိုက်ပါဗျာ။

လူကြီးမင်းတို့ရဲ့ အလှူပွဲနဲ့ မင်္ဂလာပွဲလေး အေးမြသာယာဖို့ Morning က အသင့်ရှိနေပါပြီ။

ဆက်သွယ်ရန်ဖုန်းနံပါတ် - 09400295959၊ 09769049041

#0.3L #အလှူမင်္ဂလာ #သောက်ရေသန့်

အလုပ်ခေါ်စာ 📢 "ရေဗူးတွေ ထမ်းရင်း... လမ်းမှာ လန်းကြစို့" မိမိကိုယ်ကို "ကျန်းမာရေးလည်း ကောင်းတယ်၊ ရေဗူးတွေနဲ့ အားကစားလုပ်ရ...
26/01/2026

အလုပ်ခေါ်စာ

📢 "ရေဗူးတွေ ထမ်းရင်း... လမ်းမှာ လန်းကြစို့"

မိမိကိုယ်ကို "ကျန်းမာရေးလည်း ကောင်းတယ်၊ ရေဗူးတွေနဲ့ အားကစားလုပ်ရင်း ပိုက်ဆံလည်း ရှာချင်တယ်" ဆိုတဲ့ လူစွမ်းကောင်း (၅) ဦးကို အပူတပြင်း ရှာဖွေနေပါတယ်ဗျာ။

💧 ကျွန်တော်တို့နဲ့ အတူတူ ဘာတွေလုပ်ရမလဲ?

• သတ်မှတ်ထားတဲ့ မြို့နယ်/ကျေးရွာတွေဆီကို သောက်ရေသန့်ဗူးကြီးတွေ ပို့ဆောင်ပေးရပါမယ်။

✅ ဘယ်လိုလူမျိုးတွေ လိုချင်တာလဲ?

• အသက်အရွယ်: အသက်က ကိန်းဂဏန်းပဲမို့ ကန့်သတ်မထားပါဘူး။ (ဒူးမချောင်၊ ခါးမနာဘဲ ရေဗူးထမ်းနိုင်ရင် ရပါပြီ)

• “ရိုးသားရမယ်၊ ကြိုးစားရမယ်၊အသင်းအဖွဲ့နဲ့ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်သူ ဖြစ်ရပါမယ်။”

•စက်ရုံက ချမှတ်ထားတဲ့ စည်းကမ်းတွေကိုတော့ လိုက်နာပေးဖို့လိုမယ်။

🏠 နယ်ဝေးက သူတွေအတွက် သတင်းကောင်း!

"အိမ်က ဝေးလို့ စိတ်မပူနဲ့... အဆောင်ရှိတယ်"။ နယ်ဝေးက လာရောက်လုပ်ကိုင်ချင်သူတွေအတွက် နေစရာ အဆောင် စီစဉ်ပေးထားပါတယ်။ အဝတ်အစားထုတ်လေးပဲ ယူလာခဲ့လိုက်ရုံပါပဲ။

📍 စက်ရုံ တည်နေရာ
• လှိုင်းတက်စံပြကျေးရွာ၊ သာစည်မြို့နယ်။

စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်တော့ အခုပဲ 09-400295959 ကို ဆက်သွယ် စုံစမ်းလိုက်ပါ။

(၅) ယောက်ပဲ ခေါ်မှာမို့လို့ မြန်မြန်လေးတော့ လုပ်ကြနော်!

#အလုပ်အကိုင် #ဝန်ထမ်းအလိုရှိသည်

“ချစ်ခြင်းမေတ္တာဆိုတာ အကောင်းဆုံးကို ပေးဆပ်ခြင်းပါ" ❤️မိဘတစ်ယောက်ဖြစ်လာတဲ့အခါ  "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းထက် "အကောင်း...
21/01/2026

“ချစ်ခြင်းမေတ္တာဆိုတာ အကောင်းဆုံးကို ပေးဆပ်ခြင်းပါ" ❤️

မိဘတစ်ယောက်ဖြစ်လာတဲ့အခါ "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းထက် "အကောင်းဆုံးကို ရွေးချယ်ပေးဆပ်ခြင်း" က ပိုပြီး အဓိပ္ပာယ်လေးနက်လာပါတယ်။
ကလေးငယ်တစ်ယောက်ရဲ့ တစ်နေ့တာ ကြီးထွားဖွံ့ဖြိုးမှုမှာ ရေဓာတ်ဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါပေမဲ့... ကျွန်တော်တို့ ချစ်တဲ့ ကလေးငယ်လေးတွေ သောက်မယ့်ရေဟာ "သန့်ရုံ" နဲ့ လုံလောက်ပါ့မလား?
ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ လူကြီးတွေလို မကြံ့ခိုင်သေးတာမို့ သူတို့သောက်မယ့် ရေတစ်စက်ချင်းစီတိုင်းမှာ ပိုးမွှားကင်းစင်ဖို့နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သန့်စင်မှုရှိဖို့က အလွန်အရေးကြီးပါတယ်။

✅ Morning သောက်ရေသန့်ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

ကျွန်တော်တို့ Morning ဟာ RO/UV စနစ်များနဲ့ အဆင့်ဆင့် သန့်စင်ထားပြီး ကလေးငယ်တွေရဲ့ နုနယ်တဲ့ အစာခြေစနစ်ကို အနှောင့်အယှက်မဖြစ်စေဘဲ ဘေးကင်းလုံခြုံမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
သားသားမီးမီးတို့ရဲ့ ကျောင်းလွယ်အိတ်ထဲမှာပဲဖြစ်ဖြစ်၊ ကျူရှင်ဝိုင်းလေး မှာပဲ ဖြစ်ဖြစ် Morning သောက်ရေသန့်လေး ပါသွားတာဟာ မိဘတစ်ယောက်အနေနဲ့ အကောင်းဆုံးကို ဂရုစိုက်ပေးလိုက်ခြင်းပါပဲ။
"သင့်ရင်သွေးရဲ့ ကျန်းမာလန်းဆန်းတဲ့ အပြုံးတွေအတွက်... အကောင်းဆုံးသော မေတ္တာနဲ့ Morning ကို ရွေးချယ်လိုက်ပါ။

ဆက်သွယ်မှာယူလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မှာယူနိုင်ပါတယ်။
09- 400295959 , 09769049041

လိပ်စာ- လှိုင်းတက်စံပြကျေးရွာ၊ သာစည်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၊၊

#ချစ်ခြင်းမေတ္တာနှင့်Morning

အေးချမ်းတဲ့ မနက်ခင်းမှာ ကိုယ့်ကိုကိုယ် ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာဖြစ်မလဲ? 🎁ညဘက်အိပ်စက်နေစဉ် ကုန်ဆုံးသွားတဲ့ ရေ...
20/01/2026

အေးချမ်းတဲ့ မနက်ခင်းမှာ ကိုယ့်ကိုကိုယ် ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာဖြစ်မလဲ? 🎁

ညဘက်အိပ်စက်နေစဉ် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို အကြည်လင်ဆုံး Morning သောက်ရေသန့်နဲ့ ပြန်လည်ဖြည့်တင်းပေးတာဟာ သင့်ရဲ့ အသားအရေနဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး အစပြုခြင်းပါပဲ။

ကြီးမားတဲ့ အောင်မြင်မှုတွေဆီကို လျှောက်လှမ်းဖို့အခြေခံအကျဆုံးဖြစ်တဲ့ "ရေတစ်ခွက်" ကနေ စတင်လိုက်ရအောင်လားဗျာ။

We’re Hiring! Junior Account (Female : 1 Post)(အတွေ့အကြုံ မရှိသေးသူများလည်း Junior Account Position လျှောက်ထားနိုင်ပါတယ်...
31/05/2025

We’re Hiring!

Junior Account (Female : 1 Post)

(အတွေ့အကြုံ မရှိသေးသူများလည်း Junior Account Position လျှောက်ထားနိုင်ပါတယ်..)

ဘာတွေ လုပ်ရမလဲ ဆိုတော့

- စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ခြင်းနှင့် ထိန်းသိမ်းခြင်း။

- ငွေတောင်းခံလွှာ၊ ငွေလက်ခံပြေစာနှင့် ငွေပေးချေမှုများကို တိကျစွာ စီမံဆောင်ရွက်ခြင်း။

- လစဉ်၊ သုံးလတစ်ကြိမ်နှင့် နှစ်ပတ်လည် ဘဏ္ဍာရေးအစီရင်ခံစာများ ပြုစုရာတွင် ကူညီဆောင်ရွက်ခြင်း။

- စာရင်းကိုင်ဌာန၏ အခြားစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း။

လိုအပ်သည့်အရည်အချင်းများ

* LCCI Level-1/2 အောင်မြင်ထားသူ (သို့) တက်ရောက်နေသူ ဦးစားပေးမည်။

* Admin ပိုင်းပါ တွဲလုပ်ချင်သူဖြစ်ရမည်။

* Microsoft Office Excel သုံးတတ်သူ သုံးနိုင်သူဖြစ်ရမည်

* လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ပါကအပြင်သွားနိုင်သူဖြစ်ရမည်

ရေရှည်လက်တွဲလုပ်လိုသူများ အခုပဲ CV ပို့လိုက်ပါ။

Viber : 09943883555
Email : [email protected]

Vacancies Announcement!!!=================Production Engineer - 2 Posts (Male or Female) - BE or BTech or AGTI (EP, EC, ...
01/05/2025

Vacancies Announcement!!!
=================

Production Engineer - 2 Posts (Male or Female)

- BE or BTech or AGTI (EP, EC, Mech/ Mechatronic)

-နေ့ဆိုင်း/ညဆိုင်း အလှည့်ကျ တာဝန်ထမ်းဆောင်ရမည်။

မိမိနှင့် ကိုက်ညီပါက အောက်ပါ အီးမေးလ် သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်။

Viber: 09943883555
[email protected]

ဆက်သွယ်စုံစမ်းရန် 📲 09400295959

02/04/2025

စက်ပိုင်းဆိုင်ရာ ပြုပြင်မှုများ ပြုလုပ်နေဆဲ ဖြစ်ပါသဖြင့် ရေပို့ဆောင်ရောင်းချခြင်းများကို 4/4/2025 ရက်နေ့မှသာ ပြန်လည်စတင်နိုင်မှာ ဖြစ်ပါသည်။

ရေများအရေးပေါ်လိုအပ်ခဲ့ပါလျှင် ယနေ့ ညနေ ၅နာရီတွင် ဇောတိက ဆန်စက်တွင် လာရောက်ဝယ်ယူနိုင်ပါကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

စိတ်ရှည်သည်းခံ စောင့်ဆိုင်းမှု့များအတွက် ကျေးဇူး အထူးတင်ရှိပါသည်။

29/03/2025

ယမန်နေ့က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် စက်ပိုင်းဆိုင်ရာ ပြုပြင်မှုများ ပြန်လည်ပြုလုပ်ရမည် ဖြစ်ပါသောကြောင့် သောက်ရေသန့် ထုတ်လုပ်မှုများ ကို ၂၉၊၃၊၂၀၂၅ ရက်နေ့မှ စ ၁၊၄၊၂၀၂၅ ရက်နေ့အထိ ခေတ္တခဏ ရပ်နားထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ။

ဆက်သွယ်ရေးလိုင်းများ လည်း ပြတ်တောက်နေပါသဖြင့် ဖုန်းခေါ်ဆိုမှု မရရှိနိုင်ခြင်း အတွက် တောင်းပန်အပ်ပါတယ်ခင်ဗျ 🙏။

Address

Meiktila

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959400295959

Website

Alerts

Be the first to know and let us send you an email when Morning Purified Drinking Water posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Morning Purified Drinking Water:

Share