Ngu Farm - ငု

Directions

Ngu Farm - ငု Farming and Resort

ဂျာဂျာလေ မိုးအရမ်းရွာရင်စိတ်ညစ်တယ်။ နောက်ပြီးလွမ်းတယ်။ Karaoke စက်လေးပြင်ထားရတော့မိုးသီချင်းတောင်နားမထောင်ရဘူး။ဒါ​​ပေမယ်...
03/09/2026

ဂျာဂျာလေ မိုးအရမ်းရွာရင်စိတ်ညစ်တယ်။
နောက်ပြီးလွမ်းတယ်။ Karaoke စက်လေးပြင်ထားရတော့မိုးသီချင်းတောင်နားမထောင်ရဘူး။ဒါ​​ပေမယ့်.......Bluetooth box ကို U9 simcard နဲ့ဆိုအဆင်ပြေပါတယ်။

ဘာပဲဖြစ်ဖြစ်လမ်းဟောင်းကသာလာကျပါ။😀😀😀😀😀

Pickle အကြောင်းတစေ့တစောင်း-------------------------------------------------Pickle  ကို စလေ့လာရင် ဆားကနေစရမှာ ၊  ပြီးရင် ...
02/09/2026

Pickle အကြောင်းတစေ့တစောင်း-------------------------------------------------

Pickle ကို စလေ့လာရင် ဆားကနေစရမှာ ၊ ပြီးရင် Batar System တွေပါလာရင် စာအုပ်တစ်အုပ်ဖြစ်သွားမှာ... ဒီတော့လိုရင်းလေးပဲစကြရအောင် ။

ဒီဆားရည်စိမ်ခြင်းဟာရှေးဦးမစွထဲက ပေါ်ပေါက်လာတာပါ ။ ဒါပေမယ့် အခု ၂၁ ရာစုထိတိုင်အောင် ခေတ်မှီနေတုန်းပဲ ။ အသားငါး ၊ အသီးအနှံတွေကို ကြာရှည်ခံနှစ်ချီခံအောင် ပြုလုပ်ပြီးစားသုံးကြတာပါပဲ ။ နိုင်ငံတိုင်းမှာ Pickle ရှိပါတယ် ။ သူတို့တွေက ကိုယ်တွေငပိရည်စားသလိုစားကြတာပါ ။ အနောက်တိုင်းသားတွေနဲ့ အရှေ့တိုင်းသားတွေ Pickle ပြုလုပ်ပုံခြင်းကမတူပါဘူး ။ အနောက်နိုင်ငံတွေက ဆီ/အချို စားတာနည်းပါတယ် ။ ရာသီဉတုအေးတာကြောင့်ရယ် ၊ ကျန်းမာရေးရှုထောင့်ရယ်ကြောင့် ဖြစ်ပါလိမ့်မယ် ။ သူတို့ဆီက Pickle ဆိုရင် cucumber သခွားချဉ်ကို ပိုစားပါတယ် ။ Lime ကိုကျတော့ Fermented လုပ်ပြီး အရည်သောက်ကျတယ် ။ သခွားချဉ်ကို စက်ရုံကြီးတွေတည်ပြီးနိုင်ငံတကာအထိ ထိုးဖောက်ပါတယ် ။ သခွားချဉ်ကို မနက်စာပေါင်မုန့် ၊ အသား ၊ ဝက်ပေါင်ခြောက် နဲ့ တွဲစားပါတယ် ။ ရုရှဆိုစားပွဲတိုင်း မပါမဖြစ်ပါ ။

အရှေ့တိုင်းသားတွေကလဲ ဆားစိမ်အသီးကို သူနည်းသူဟန်လုပ်ကြပါတယ် ။ ကိုရီယားဆိုကင်ချီအစပ် ငရုတ်သီးမှုန့်ကို ဆန်မှုန့်နဲ့အရည်ကျို ဆားစိမ်မုန်ညှုင်းထုတ် နဲ့ အချဉ်ဖောက်ပါတယ် ၊ ဉနီ ၊ ဉဖြူပါထည့်လို့ရပါတယ် ။ ဂျပန်ကရော ကြက်သွန်ဖြူ/ ကြက်သွန်နီ ငရုတ်သီးတောင့်ကို ဆား ၊ Venegar ၊ ပဲငံပြာရည်နဲ့ Pickle လုပ်ကြပါတယ် ။ တရုတ်တို့ ၊ ထိုင်ဝမ်တို့ ၊ မွန်ဂိုတွေဆို အသီးအရွက်သာမက အသားကိုပါဆားစိမ်ကြပါတယ် ။

အဲ့ဒါဆို မြန်မာကရော…
မြန်မာရိုးရာ Pickle က ဆန်ဆေးရည်ရယ် ဆားရယ်ပါ ။ ကြွေအိုးထဲမှာ ပဲပင်ပေါက် ၊ မုန်လာပင်ပေါက် ၊ ကတက်ချဉ် ၊ မုန်လာ အစုံပါပဲ ၊ မြန်မာပြည်မှာ တကယ်တမ်းရောင်းဗန်းက မြန်မာအခေါ် ကုလားတည် ၊ သနပ်ပါ ။ သရက်၊ မရမ်း ၊ သံပုရာ တို့ကို အိန္ဒိယ Style နဲ့တည်ပြီး ရောင်းပါတယ် ။ ဒံပေါက်ဆိုင်တို့ ၊ ကြက်ဆီထမင်းဆိုင်တွေက အအီပြေအနေနဲ့ သုံးကြပါတယ် ။

အိန္ဒိယနိုင်ငံဟား ဟိုးရှေ့ပဝေသဏီ မီးရထား / လေယာဉ် မပေါ်ခင်ကတည်းက ပင်လယ်ရေလမ်းကျွမ်းကျင်တဲ့ ပေါ်တူဂီတွေဟာ အိန္ဒိယက ဟင်းခတ်အမွှေးအကြိုင်ကို Bater System နဲ့အဝတ်အထည် ၊ ကော်ဇော အစရှိတာတွေနဲ့ လဲလှယ်ကြပြီး တခြားနိုင်ငံတွေကို ပြန်လည်ရောင်းချကြတာပါတယ် ။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တွေက ပဲနံ့သာ ၊ ဇီယာ ၊ နာနက်ပွင့် ၊ လေညှင်းပွင့် ၊ မုံညှင်းစေ့ ၊ နံနံစေ့၊ ကရဝေး၊ သစ်ချပိုးခေါက် အစရှိသဖြင့်ပေါ့ ။ ဒါတွေကအချိုးကျ ထုထောင်းပြီး မဆလာဖြစ်လာပါတယ်။
မြန်မာဟာနယ်စပ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယ Pickle Style ကို မြန်မာပါးစပ် နဲ့ အစပ်အဟပ်တည့်လို့ ယူထားဟန်တူပါတယ် ၊ တကယ်လဲကောင်းပါတယ် ။ ဆို့တော့ ……..

“ ငု - Farm ” ကဏ္ဍရောက်လာပါပြီ ။ “ ငု - Farm ” ခြံထဲမှာ နှစ်ရှည်သီးပင်စားပင်မျိုးစုံရှိတာ ချစ်မိတ်ဆွေတို့ သိပြီးသားပါပဲ ။ သံပုရာတောင် ၊ ရှောက်တောင်က အသီးတွေကို ဒီတိုင်းလဲ အားပေးလို့ ရသလို Lime Pickle ၊ Lemon Pickle ကို စတင်ထုတ်ပါမယ် ။ ပထမတစ်ခါ သံပရာသီးများကို ကိုရီးယားစိမ်အိုးထဲထည့် Pickle ပြုလုပ်ပြီး မြန်မာဟင်းမှာသူများကို အမြည်းလက်ဆောင်ပေးခဲ့ပါတယ် ။ အဲ့ဒီတုန်းက ရောင်းဖို့ရယ် မဟုတ်ပါ ၊ အခုအိမ်ပြန်လက်ဆောင်အနေနဲ့ ဝယ်ယူအားပေးနိုင်မှာပါ ။ Organic အသီးတွေလဲဖြစ် ဓာတုဆေးဝါးလည်းမသုံးတဲ့အတွက် ရေခဲသေတ္တာထဲထည့်ရင် ( ၁၀)ရက်လောက် ခံမှာပါ ။ သခွားသီးပေါ်ချိန်မှာ သခွားချဉ် Fermented အနေနဲ့အပြင် မုန်ညှင်းထုတ်ပေါ်ချိန်မှာ ကင်ချီအစရှိသဖြင့် “ငု” လက်ဆောင်ပစည်းဆိုင်မှ ဝယ်ယူရရှိနိင်မှာပါ ။

--------------------

“ ငု - Farm ”က မင်မင်ဟာ စာတစ်ပုဒ်ရေးလို့ရှိရင် အရှည်ကြီးရေးပါတယ်။
(၁) စာရေးခြင်းကို ဝါသနာပါခြင်းကြောင့်လည်းကောင်း ၊

(၂) အကြောင်းအရာတစ်ခုခုကို “ဂဃနဏ” သိစေရန်တွက် လည်ကောင်း၊

(၃) “ငု - Farm” ခြံလေး၏နဂိုမူလရည်ရွယ်ချက်မှာ ငွေကြေးကို အဓိကမထားပဲ လူကြီးများ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့စေရန် နှင့် လူငယ်များ မိမိတို့အိမ်တွင် နေ့စဉ်စားသုံးနေသော အသီးအရွက်များ မည်သို့မည်ပုံစိုက်ပျိုးရသည် ၊ သဘာဝမြေဩဇာနှင့် ပက်သက်၍ နွားချေး ၊ ငါးအမိုင်နို ၊ ဖွဲပြာတို့ကို အချိုးကျရောစပ်၍ စိုက်ပျိုးခြင်းဖြင့် Organic သီးပင်စားပင်များ ဖြစ်ပေါ်လာပုံကို မျက်ဝါးထင်ထင် ၊

(၄) “ငု - Farm” မှ စိုက်ပျိုးထားသော သီးပင်စားပင်များကို ကိုယ်တိုင်ခူးဆွတ်၍ ဈေးနှုန်းချိုသာစွာဖြင့် ပြန်လည်ဝယ်ယူပြီး “ငု - Farm Kitchen” တွင် ကိုယ်တိုင်စိတ်တိုင်းကျ ချက်ပြုတ်၍ လည်းကောင်း အိမ်ပြန်လက်ဆောင်အဖြစ်လည်ကောင်း ရာသီပေါ်သီးနှံများဖြစ်သည့် သံပုရာသီးပေါ်ချိန်တွင် သံပုရာသီးသနပ် ၊ သရက်သီးပေါ်ချိန်တွင် သရက်သီးသနပ် ၊ ရှောက်သီးပေါ်ချိန်တွင် ရှောက်ပျားယို နှင့် မိမိတို့ ကြိုက်နှစ်သက်တဲ့အချိန် သောက်သုံးနိုင်ရန်ချဥ်ပေါင်သီးဖျော်ရည် နှင့် ချည်ပေါင်သီးခြောက်များ အစရှိသဖြင့် Value Added ပြုလုပ်ထားသော အိမ်ပြန်လက်ဆောင်များကိုလည်း ထုတ်လုပ်ရောင်းချရန် သတင်းကောင်းပါးအပ်ပါကြောင်း…….

အစဉ်တစိုက်ကြိုးစားနေသော
Ngu Farm Team😍😍😍

ဟိုတနေ့က သတင်းတပုဒ်ဖတ်လိုက်ရတယ် ။ ရှမ်းပြည်တောင်ပိုင်းမှာ ခရမ်းချဉ်သီးတွေ စျေးမရလို့ လမ်းဘေးမှာ ပုံထားတယ်တဲ့ စိတ်ထဲမကောင...
26/08/2026

ဟိုတနေ့က သတင်းတပုဒ်ဖတ်လိုက်ရတယ် ။ ရှမ်းပြည်တောင်ပိုင်းမှာ ခရမ်းချဉ်သီးတွေ စျေးမရလို့ လမ်းဘေးမှာ ပုံထားတယ်တဲ့ စိတ်ထဲမကောင်းဘူး ။ ခရမ်းတပင်ဖြစ်ဖို့ နဲ့ အသီးသီးတဲ့အထိ ဘယ်လောက်အားထုတ်ရသလဲဆိုတာ သိနေပြီလေ ။ ဒီခရမ်းချဉ်သီးတွေကို အနှစ်ချက်ထားမလား ၊ ယိုထိုးထားမလား ။ Value Added လုပ်လို့ရတယ်။ စာတော့နဲနဲဖတ်ရမှာပေါ့ ။

Value Added နဲ့ ငု - Farm
----------------------------------------

ဧက (၈၀) ကျယ်ဝန်းတဲ့ “ငု - Farm” ခြံထဲမှာ သီးပင်စားပင်စိုက်ပျိုးထားတာ “ငု- Farm” ချစ်မိတ်ဆွေများ အသိပါ ။ ကျွဲကော ၊ သံပုရာ ၊ ရှောက် ၊ ပိန္နဲ ၊ နာနက် ၊ သရက်များအပြင် ဆလပ် ၊ မုန်လာ ၊ ချဉ်ပေါင် ၊ ငရုတ် ၊ ကန်စွန်း ၊ ခရမ်း အစရှိသဖြင့်ပေါ့ ။

ဒီအထဲမှာမှ “ ငု _ Farm” ချစ်မိတ်ဆွေတို့ မစိမ်းတာက ချဉ်ပေါင်သီးဖျော်ရည်ပါ ။ “ငု - Farm” မှာ စိုက်ပျိုးထားတဲ့ ချဉ်ပေါင်တွေဟာ ယိုးဒယားမျိုးတွေဖြစ်ပြီး စဉ်ဆက်မပြတ်စိုက်ပျိုးထားပါတယ် ။ Welcome Juice အနေနဲ့ ဝင်လာသမျှ “ ငု -Farm” ချစ်မိတ်ဆွေများကို တိုက်ကျွေးလို့ အမောပြေစေခဲ့ပါတယ်။ အချို့က ကြိက်ကြလို့ အိမ်အပြန်သယ်လို့ရအောင် Packing ကို လှလှလေးနဲ့ထုတ်ပိုးရောင်းချပါတယ် ။ ရေခဲသေတ္တာထဲထည့်ထားရင် (၁၀)ရက်လောက်ခံပါတယ် ၊ (၁၀)ရပ်ကျော်သွားလဲ သောက်လို့ရပါတယ် ။ Fermentation ( အချဉ်ဖောက် ) ဖြစ်ပြီး W**e လို ဖြစ်သွားတာပါ ။ ( Fermentation နဲ့ Pickle ဆက်စပ်ပုံကို နောက် Product တစ်ခုကြော်ငြာရင် သေချာလေး ရှင်းပြပါမယ် )

အချို့တချို့သောချစ်ဧည့်သည်တွေက ကျွန်တော်/ ကျွန်မတို့ ကြိုက်တဲ့ အချိန်မှ သောက်ချင်ပါတယ်ဆိုလို့ ဆရာမကြီး/ဆရာ/ဆရာမတို့ဆီက အကူအညီယူပြီး ချဉ်ပေါင်ဖူးခြောက်ကို စတင်ထုတ်လုပ်နေပါပြီ ။ Dry Roselle ကို ကိုယ်တိုင်ကြိုသောက်လို့ရအောင် လက်ဆောင်ပေးလို့ရအောင် Packgaging လှလှလေးတွေနဲ့ ဈေးနှုန်းချိုသာစွာ ရောင်းမှာပါ ။

ချဉ်ပေါင်ဖူးခြောက်ကိုနေရောင်အောက်မှာမလှန်းပဲ အေးမြပြီး ခြောက်သွေ့တဲ့နေရာမှာ လှန်းခြင်းကြောင့် အဟာရဓာတ်အပြည့်ဝ ရရှိစေပါတယ် ။ နှစ်သက်ရာ ထန်းလျက် (သို့ ) သကြားညိုနဲ့ ကြိုပြီး အချိန်မရွေးသောက်သုံးလို့ ရပါတယ် ။ အရည်ကြိုပြီးညှစ်ဖတ်များကိုလဲ မျက်နှာမှာ ပွတ်လိမ်းခြင်းဖြင့် ချွေးပေါက်ထဲမှ ချေးများကို ဖယ်ထုတ်ပေးပြီး အသားအရည်တင်းရင်းလှပစေပါတယ် ။
ငု - Dry Roselle ( Vitamin – C )

ငု - Farm ချစ်မိတ်ဆွေားအတွက်​အမြဲအဆင်ပြေအောင်ကြိုးစားနေသော......

ငု - Farm Team 😍😍😍
Mobile + Viber - 09980629017

မဂ်လာပါ...ချစ်မိတ်ဆွေများ😃😃😃ဒီနှစ်ကဝါထပ်သလိုမိုးကလဲကောင်းသကိုး။ဒီလကုန်ခါနီးပြီး ရှေ့လကျော်ရင် ဝါလကင်းလွတ်ပြီးသီတင်းကျွတ်...
25/08/2026

မဂ်လာပါ...ချစ်မိတ်ဆွေများ😃😃😃

ဒီနှစ်ကဝါထပ်သလိုမိုးကလဲကောင်းသကိုး။ဒီလကုန်ခါနီးပြီး ရှေ့လကျော်ရင် ဝါလကင်းလွတ်ပြီးသီတင်းကျွတ်တော့မယ်။

ငု Farm လေးမှာလဲပွင့်လင်းရာသီအမှီပန်းတွေပွင့်အောင်မိုးထဲလေထဲကြိုးစားရတာမလွယ်ပါဘူး
။အရေးကြီးတာကတနှစ်ထက်တနှစ်မတူဖို့လေ....

အစားအသောက်အသစ်အဆန်းတွေ ရောင်စုံပန်းခင်းကြီးတွေ သီးနှံအစုံအလင်ရဖို့ကြိုးစားထားပါတယ်။
9 လပိုင်း15 ရက်ကစပြီး Booking များကိုစတင်လက်ခံပါမယ်နော်။အောက်ပါစည်းကမ်းချက်များအတိုင်းပေါ့......

အစဥ်တစိုက်ကြိုးစားနေသော
ငု - Farm Team 😍😍😍

ဘာမှိုကြီးလဲ  wooo
19/08/2026

ဘာမှိုကြီးလဲ wooo

Combination & Creation-------------------------–-------------Creator တွေဟာမဖြစ်မနေပေါင်းစပ်ကြရတယ်။မတူညီတဲ့အရာတွေနဲ့ပေါ့။...
10/08/2026

Combination & Creation
-------------------------–-------------

Creator တွေဟာမဖြစ်မနေပေါင်းစပ်ကြရတယ်။မတူညီတဲ့အရာတွေနဲ့ပေါ့။မလွယ်ဘူး...တကယ်မလွယ်တာ..
အိုင်းစတိုင်းပြောသလို မတူညီတဲအရာတွေပေါင်းစပ်ရင်အသစ်တခုရတယ်တဲ့။ငယ်််ငယ်ကဖတ်ခဲ့ဖူးတာပါ။နားမလည်ခဲ့ဘူး။ အခုနားလည်လာတယ်။

အသစ်ကိုဖန်တီးဖို့အတွက် အိပ်မက်တွေလိုတယ် လက်တွေ့ကျမှုတွေလိုတယ်၊မျက်ရည်တွေနဲ့ပေးဆပ်ရမယ် ၊ပျော်ရွှင်ကျေနပ်မှုတွေရမယ်။

ငု Farm လဲဒီလိုပါပဲ၊ ပြင်ဆင်ချိန် ပြုပြင်ပြောင်းလဲရေးလုပ်ချိန် မတူညီတဲ့ရသတွေပေးနိုင်ဖို့ကြိုးစားရတာပါပဲ။

ဂျာဂျာတော့ဒီရက်ပိုင်း မလှုပ်နိုင်ပါဘူး။ဘယ်သူ့အတွက်လဲဆိုတော့ ငု Farm ချစ်သူများအတွက်ပါ။

အသစ်တွေနဲ့ပိုစိမ်းလန်းလာမယ်😍😍😍

အစဥ်တစိုက်ကြိုးစားနေသော
ငု - Farm Team 🤟🤟🤟

ဂျာဂျာလေ မိုးအရမ်းရွာရင်စိတ်ညစ်တယ်။ နောက်ပြီးလွမ်းတယ်။ Karaoke စက်လေးပြင်ထားရတော့မိုးသီချင်းတောင်နားမထောင်ရဘူး။ဘာပဲဖြစ်ဖ...
06/07/2026

ဂျာဂျာလေ မိုးအရမ်းရွာရင်စိတ်ညစ်တယ်။
နောက်ပြီးလွမ်းတယ်။ Karaoke စက်လေးပြင်ထားရတော့မိုးသီချင်းတောင်နားမထောင်ရဘူး။

ဘာပဲဖြစ်ဖြစ်လမ်းဟောင်းကသာလာကျပါ။😀😀😀😀😀

17/06/2026

မနေ့ကလာရောက်ပြီး ကြော်ငြာရိုက်ကူးတဲ့ Ocean Blue Swimm'ng Pool Specialized Group ကိုကျေးဇူးအထူးပါခင်ဗျ။

ပုံလေးတွေရရင်လဲပေးပါတင်ပေးပါမယ်😍😍😍

Ngu Farm - ငု Team 🙏🙏🙏

ဒါက Sunday ဆိုလာနေကြ Bicker တွေပါ။ 11ကုန်းကိုစက်ဘီးစီးရင်းအပြန်  Ngu Farm - ငု မှာနားကြတာပေါ့။ 👍👍👍💪💪💪
16/06/2026

ဒါက Sunday ဆိုလာနေကြ Bicker တွေပါ။ 11ကုန်းကိုစက်ဘီးစီးရင်းအပြန် Ngu Farm - ငု မှာနားကြတာပေါ့။ 👍👍👍💪💪💪

ငု Farm ကိုလာလည်သွားကြတဲဒ့ PTT Lubricants Myanmar Group ရော KBZ Group ရောကို ငု Farm Team ကကျေးဇူးတင်ပါတယ်အမျိုးတို့ရေ။ဒ...
16/06/2026

ငု Farm ကိုလာလည်သွားကြတဲဒ့ PTT Lubricants Myanmar Group ရော KBZ Group ရောကို ငု Farm Team ကကျေးဇူးတင်ပါတယ်အမျိုးတို့ရေ။

ဒီထက်ပိုလှပအောင်ပြင်ဆင်နေပါတယ် 😍😍😍
မိုးရာသီမှာလဲအထူးအစီအစဥ်လေးတွေရှိပါတယ်။

မကြာမှီလာပါမယ်။

အစဥ်တစိုက်ကြိုးစားနေသော
Ngu Farm - ငု Team 🥰🥰🥰

Address

သပြေတောင်ကွင်း၊ကိုင်းရှိုး​ကြီးကျေးရွာ၊ဉယျာဉ်ဝလမ်းဆုံ၊, လှည်းကူးမြို့နယ်။
Hlegu

Website

Alerts

Be the first to know and let us send you an email when Ngu Farm - ငု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category