28/08/2023
ဒီနေ့ ရခိုင်ကနေ ရောက်လာတဲ့ (ကိုညီ Nyi Nyi Than ) မိတ်ဆွေတွေကို ကိုဂျွန် Jonathan LTun Kyaw က Heather Waddy's Garden မှာ (ဆယ်ယောက် group) ထမင်း ကျွေးချင်တယ်ဆိုလို့ စီစဉ်ပေးဖြစ်ပါတယ်။
Main Dish က
ဝက်သရက်သီးခြောက်ချက်
ကြက်အညာချက် ( ဗမာကြက်)
အရံဟင်း က
မျှစ်ထောင်း
အညာငရုတ်သီးချက်
ပဲတောင့်ရှည်ထောင်း
ဆီးဖြူသီးထောင်း
ကင်းမုံသီးချက်
ဖားပင်စိမ်းချက်
ပဲဟင်း
အမဲသားမျှစ်ပေါင်းချက်
ကြက်ဟင်းခါးသီးချက် တို့ပါဝင်ပါတယ်။
ဗမာကြက်ကြော်ကတော့ သီးသန့် တစ်ကောင် ကြော်ပေးဖြစ်ပါတယ်။
မိုးတွင်း ဖြစ်နေတာရယ် ၊ နေရာထိုင်ခင်း သိပ် အဆင်မပြေသေးတာရယ်ကြောင့် ပြန်ဖွင့်နိုင်ဖို့ စဉ်းစားနေရင်းက မိတ်ဆွေတွေ စားချင်တယ်ဆိုလို့ ဆယ်ယောက် group အနေနဲ့ စီစဉ်ပေးလိုက်ရတာပါ။
အရင်က တစ်ယောက် တစ်သောင်းကျပ် ယူပေမဲ့ ခု တစ်ယောက် 13000 ကျပ် လောက်မှ အဆင်ပြေလောက်မယ် ထင်ပါတယ်😔
🥰