Retail ဆိုင်အကြောင်းသိကောင်းစရာ

  • Home
  • Myanmar
  • Kamayut
  • Retail ဆိုင်အကြောင်းသိကောင်းစရာ

Retail ဆိုင်အကြောင်းသိကောင်းစရာ Retail ဆိုင်ရောင်းအား တက်အောင်သိကောင်းစရာများ/လေ့လာစရာများ/အကြံပြုချက်များ Retail consultation service,Business advisory service,Business development.

01/09/2025

လုပ်ငန်းငယ်လေးတွေမှာ ပိုင်ရှင်ကိုယ်တိုင်နေရာတကာပါနေရလား?

❌မပါလဲဖြစ်ပါတယ် … ဖြစ်ချင်တိုင်းဖြစ်တာပါ.

Case scenario

📌ကားဆေးမည့်သူ = ကားဆေးချင်လို့ပါ

📌ဝန်ထမ်း A(ကားဆေးဆိုင်ကြီးကြပ်သူ)= ကား 2 စီးစောင့်ရပါမယ်။
သိပ်တော့မကြာပါဘူး(***စျေးရောင်းရရန်သတိပြန်ကပ်ပြီး အပြော***)

📌ဝန်ထမ်း B(ကားဆေးနေသူ) = ကြာအုန်းမှာ 2 စီးကျန်သေးတယ်(***မဆေးရရင်သက်သာမည်***)

အထက်ပါအဖြစ်အပျက်မျိုးဟာ မြန်မာနိုင်ငံရဲ့ လုပ်ငန်းအငယ် တော်တော် များများ မှာ ဒီအတိုင်းဖြစ်ပျက်နေကြတာပါ။

ပိုင်ရှင်တစ်ဦး ရှိပြီး သေချာစေ့စပ်အောင် လိုက်ကြည့်မယ်ဆိုရင် ဝင်လာမယ့်ဝင်ငွေကို ပုတ်ချ လိုက်တာမျိုး ရှိဖို့မဖြစ်နိုင်ပါဘူး။

❌ ဝန်ထမ်းဟာ ဝန်ထမ်းစိတ်ဓါတ်ပဲရှိတယ်လို့
လွယ်လွယ် ပြောရင် ဝန်ထမ်းဖက် ကနေ စိတ်ခံစားကြမယ့်သူတွေဒုနဲ့ဒေးပါ(လုပ်ငန်းရှင်ဖက်ကကြည့်ရင်လဲဒါဟာငြင်းမရတဲ့ အမှန်တရားပါ)

✅ ဝန်ထမ်းတွေကို ခန့်ထားရုံနဲ့ မပြီးပဲ ကိုယ်နားလည်ထားသလောက် သင်တန်းပေးပြီး စိတ်ခံယူချက်တွေပြုပြင်ပေးဖို့လိုပါတယ်။

✅Sales incentive တွေနဲ့စျေးရောင်းချင်အောင် ဝင်လာမဲ့ငွေတွေကို ပုတ်မထုပ် အောင် ဆွဲဆောင်ဖို့လိုပါတယ်။

(တစ်ချို့ပြုပြင်မရတဲ့သူတွေမှာလည်း ငွေမလိုချင်ပဲ/ ရေသာပဲ ခိုချင်တဲ့သူတွေကတော့ လုပ်ငန်း အတွက် အဆိပ်အတောက်ပါပဲ)
အမြတ်မရှိသလောက်ဖြစ်နေတဲ့ ခေတ်မှာ ရှေ့ဆက်လက်တွဲဖို့ခက်ပါတယ်။

ဒီတော့ လုပ်ငန်းရှင်တွေဟာ နေရာတကာဝင်ပါရပြီး ဉာဏ်/ ဝရိယ စိုက်ထုတ်နေရုံ နဲ့ မပြီးပဲ ကံ ကောင်းဖို့ မသေချာတဲ့ အချိန်မှာ ကိုယ့်လုပ် ငန်းလေး ပျောက်ကွယ် မသွားဖို့ System တွေ/ Check & Balance တွေ ကိုချမှတ်နိုင်ဖို့ တတ် နိုင်တဲ့ဘက်က ရေးပေးချင်ပါတယ်။

လုပ်ငန်း လုပ်နေကြတဲ့ မိတ်ဆွေတို့ရဲ့ အဆင်ပြေနေတဲ့ မိရိုးဖလာ နည်းလမ်းလေးတွေလဲ အများအတွက် comment မှာရေးသွားနိုင်ပါတယ်။


#ကိုယ်ပိုင်လုပ်ငန်း
#ဝန်ထမ်း

08/01/2022

အားလုံးပဲ မင်္ဂလာပါ..!
🛑🛑🛑📈📊
သိချင်တာ‌တွေ Comments မှာရေးပေးပါ။

အားလုံးထဲကမှအများသိချင်တဲ့အကြံပေးချက် တွေရေးပေးပါမယ်။

အခက်အခဲအမျိုးမျိုးကြောင့် အကြံပေးမှုတွေ မလုပ်နိုင်ခဲ့တာကြာသွားခဲ့ပါတယ်။

ယခုချိန်မှာ ဆိုင်အများမှာကြုံ‌‌ တွေ့ခက်ခဲ/လိုအပ်နေတာတွေကို အရင်‌ရေးပေး/အကြံပေးလိုပါတယ်။

Address

Kan Street
Kamayut
11181

Telephone

+959750062536

Website

Alerts

Be the first to know and let us send you an email when Retail ဆိုင်အကြောင်းသိကောင်းစရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Retail ဆိုင်အကြောင်းသိကောင်းစရာ:

Shortcuts

Share