08/08/2026
လတ်တလော မြန်မာနိုင်ငံမှာလူကြိုက်အများဆုံးနဲ့ အရောင်းရဆုံးဖြစ်တဲ့ Scotch Whisky အမျိုးအစားတွေနဲ့ ၎င်းတို့၏ ထူးခြားချက်များ ကို အုပ်စုခွဲ၍ စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ လူကြိုက်အများဆုံး Blended Scotch Whisky များ
-Johnnie Walker (Red Label / Black Label / Double Black)
အကြောင်းအရာ: ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ နာမည်အကြီးဆုံး scotch ဝီစကီ ဖြစ်ပါတယ်။
အရသာ: Red Label က ခပ်ပြင်းပြင်း စပ်စပ်အရသာရှိပြီး Cocktail စပ်သောက်ဖို့ သင့်တော်ပါတယ်။
-Ballantine (Finest / 12 Years Old)
အကြောင်းအရာ: ဥရောပစျေးကွက်မှာ နာမည်ကြီးပြီး မြန်မာနိုင်ငံမှာလည်း လူကြိုက်များလာတဲ့ Smooth ဖြစ်တဲ့ ဝီစကီ အမျိုးအစားပါ။
အရသာ: ပျားရည်၊ ပန်းသီး နဲ့ ဗနီလာအရသာ ခပ်ပါးပါးလေး ပါဝင်လို့ သောက်ရတာ အလွန်ချောမွေ့ (Smooth) ဖြစ်ပါတယ်။
-Chivas Regal (12 Years Old)
အကြောင်းအရာ: ပွဲတက်လမ်းသောက်သူများနှင့် လက်ဆောင်ပေးလိုသူများ အဝယ်များသည့်
ပရီမီယံဆန်သော ဝီစကီ ဖြစ်ပါတယ်။
အရသာ: သစ်သီးနံ့၊ ပျားရည်နံ့ သင်းပျံ့ပြီး အရသာ နူးညံ့ပျော့ပျောင်းပါတယ်။
-100 Pipers
အကြောင်းအရာ: စျေးနှုန်းအရမ်းမကြီးဘဲ အရသာကောင်းမွန်သဖြင့် စားသောက်ဆိုင်များနှင့် Bar
များတွင် ရောင်းအားအကောင်းဆုံး စာရင်းဝင် ဖြစ်ပါတယ်။
၂။Single Malt Scotch Whisky များ
-The Glenlivet (12 / 15 / 18 Years Old):
အကြောင်းအရာ: Single Malt လောကမှာ ကမ္ဘာ့အရောင်းရဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။အရသာ: သစ်သီးစုံရနံ့ (Fruity) လေးနဲ့ အရသာက နူးညံ့ပြီး Single Malt စတင်သောက်သူတွေအတွက် အဆင်ပြေဆုံးပါ။
-The Macallan (Color collection/ Sherry Oak / Double Cask):
အကြောင်းအရာ: ဝီစကီလောကရဲ့ Luxury Brand ဖြစ်ပြီး စျေးနှုန်းမြင့်မားသော်လည်း အဆင့်အတန်း
တစ်ခုကို ပြသလိုသူများ အကြိုက်တွေ့ကြပါတယ်။
အရသာ: သစ်သီးခြောက်၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ Wood အရသာတို့ ပေါင်းစပ်ထားပြီး အရသာ အရမ်းလေးနက်ပါတယ်။
-Glenfiddich (12 / 15 / 18 Years Old):
အကြောင်းအရာ: ကမ္ဘာ့ဆုတံဆိပ်အများဆုံးရ Single Malt ဖြစ်ပြီး (Exotic) ဆန်သော အနံ့အရသာရှိပါတယ်။
အရသာ: ပန်းသီးစိမ်းနံ့၊ သစ်သားနံ့ ပါးပါးလေးနဲ့ သောက်ပြီးရင် အာခေါင်ထဲမှာ အရသာစွဲကျန်ရစ်စေပါတယ်။
-Singleton
အကြောင်းအရာ: မြန်မာနိုင်ငံ စျေးကွက်ထဲမှာ လတ်တလော လူကြိုက် အရမ်းများလာတဲ့ ပုလင်းဒီဇိုင်းဆန်း single malt ဖြစ်ပါတယ်။
အရသာ: ကတ်တရက်စေ့၊ စပျစ်သီးခြောက် အရသာများပါဝင်ပြီး သောက်ရတာ အလွန်ပေါ့ပါးလန်းဆန်းစေပါတယ်။
၃။ မှိုင်းနံ့ပြင်းပြင်း ကြိုက်သူများအတွက် (Islay / Smoky Whisky)
-Double Black Label (Johnnie Walker):
စျေးကွက်ထဲမှာ မှိုင်းနံ့ (Smoky) ကို အလွယ်တကူ အခြေခံအဆင့် ခံစားနိုင်တဲ့ Blended ဝီစကီ
ဖြစ်ပါတယ်။
-Taliskers (10 Years Old): Single Malt ဖြစ်ပြီး သစ်သားမှိုင်းနံ့တင်မကဘဲ ငရုတ်ကောင်းလို စပ်ရှိတ်ရှိတ်အရသာနဲ့ ပင်လယ်ဆားငန်နံ့လေး ခပ်ပါးပါး ပါဝင်ပါတယ်။