Cozy Cafe

Cozy Cafe လူကြီးမင်းတို့၏ စိတ်ကျေနပ်မှူက ကျွန် တော်တို့ အတွက် ခွန်အားတစ်ခုပါ...

03/08/2025

"ကော်ဖီက ကောင်းလိုက်တာ.....
ဘာနဲ့ဖျော်လဲ ဦး"တဲ့။

"ကလေးကို ချစ်တဲ့စိတ်နဲ့ပါလို့ "
ဖြေလိုက်တော့......

"ရှက်စနိူးလေးနဲ့ ဆိုင်အပြင်ဘက်
ပြေးထွက်သွားလိုက်တာ....။

အခုဆို

၆လ နဲ့ ၂၅ ရက်ရှိသွားပြီ။. ။


သိန်းဇော် Cafe Talk

24/06/2025

Hello မဂ်လာနံနက်ခင်းလေးပါဗျ
ဒီလကုန်ကစပြီး Cozy Cafeဆိုင်လေးကို ယာယီပိတ်ထားပါအုံးမယ်ဗျ
နိူင်ငံရေးကြီးပြီးသွားတဲ့အခါ အရင်ကထက်ပိုကောင်းတဲ့ Cozyအနေနဲ့ပြန်လာခဲ့ပါ့မယ်ဗျ။
ယနေ့အချိန်ထိသတိတရအားပေးခဲကြသော ကျွန်တော်တို့ရဲ့မိတ်ဆွေအားလုံးကိုကျေးဇူးအထူးတင်လျက်ပါ။
မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုမွန်ကောင်းခြွေလျက်.......

14/04/2025

၂၀၂၅ ရဲ့ သင်္ကြန် မှ စ
ပြိုလဲခြင်း ၊ ပျက်စီးခြင်း ၊ သေဆုံးခြင်း
များမှ ကင်းဝေးပြီး

မိဘပြည်သူ များ ၊ မိတ်ဆွေ ၊ ညီအကိုမောင်နှမ များ
ဘေးရန်ကင်းကွာ ၊ အားလုံးကျန်းမာကြပါစေ

ပန်းလိုမွှေး ၊ ရေလိုအေးကာ
ထာဝစဉ် မြန်မာပြည် ကြီးငြိမ်းချမ်း ရွှင်လန်း ပါစေ
လို့ Cozy Cafe မိသာစုကနေ ဆုမွန်းကောင်းခြွေလျက်ပါ 🙏🙏🙏
အခြေအနေအရပ်ရပ်ကြောင့်ဆိုင်လေးကို ယာယီပိတ်ထားပါသေးတယ်ဗျ.......

02/01/2025

Hello....
အခြေနေအရပ်ရပ်ကြောင့်ဆိုင်လေး ခဏပိတ်ထားတာပါ.....
ဒီနစ်သစ်ကနေ့စပြီး မင်မင်တို့ဆိုင်လေးပုန်မှန်အတိုင်းပြန်ဖွင့်ပါပြီနော်
ဘာဂါလေးခဏခဏမေးတဲ့ကာကာလေးတွေလဲ စျေးလေး အတတ်နိူင်ဆုံးချိန်ပြီပြန် Tryပေးပါမယ်ဗျ

Hello..... မီးလေးပြန်ရတော့ မင်မင်မုန့်လေးတွေပြန်လုပ်ပါပြီ မနက်ဖြန် Korea Garlic Bread လေး လုပ်ပါမယ်ဗျ Double Cheese တွေန...
15/07/2024

Hello.....

မီးလေးပြန်ရတော့ မင်မင်မုန့်လေးတွေပြန်လုပ်ပါပြီ
မနက်ဖြန် Korea Garlic Bread လေး လုပ်ပါမယ်ဗျ

Double Cheese တွေနဲ့ အရသာ အရမ်းမိုက်တဲ့ Bread တွေမို့ ခုမှာစားဖို့ အကြံပေးချင်ပါတယ်(တခါတလေမှလုပ်တာမို့ပါ😁😁)

လတ်ဆတ် မွှေးအီပြီး Cheese တွေ အပြည့်နဲ့နော်

1. Korean Cream Cheese Garlic Bread

2. Cream Cheese Only...

အရသာ ၂ မျိုးရပါတယ်

Korean Cream Cheese Gralic Bread ကတော့ Garlic ကြိုက်တဲ့သူများအတွက် favourite လေးဖြစ်သွားမှာအသေအချာပါဗျ

Garlic မကြိုက်တဲ့ သူများအတွက် Cream Cheese Bread လေးတွေ မှာယူ သုံးဆောင်လို့ ရပါတယ်

အရသာ ၂ မျိုးလုံး စားကြည့်ဖို့ အကြံပေးပါရစေ

Price / 3500 kyats ( for 1 )​

🙆‍♂️🙆‍♂️အလုံး၃၀လောက်ပဲလုပ်မှာမို့ပါဗျ 🙆‍♂️🙆‍♂️

Bagar လေးတွေလဲ Orderလက်ခံပါတယ်ဗျ

အိမ်အရောက် Delivery လဲပို့ဆောင်ပေးပါတယ်ဗျ

Ph / 09 444022575(Viber)

/ 09 683985990

လိုင်းတွေကမရလို့ Viberကနေပြောပေးပါဗျ

ph ဆက်ပြီးမှာယူလို့လဲရပါတယ်ဗျ

Address / ပတ္တမြားမြိုသစ် COZY CAFE

Page လေးကို like & follow လုပ်ထားပေးဖို့မမေ့နဲ့နော်

CAFE

03/07/2024

Helllo....
ဆိုင်လေးပုံမှန်အတိုင်းပြန်ဖွင့်ပါပြီ.......

 /Cheese Lava ယနေ့ Orderလေး..... #အားပေးကြတဲ့ကာကာတစ်ယောက်စီကို ကျေးဇူးတင်လျက်ပါဗျ......
27/05/2024

/Cheese Lava ယနေ့ Orderလေး.....
#အားပေးကြတဲ့ကာကာတစ်ယောက်စီကို ကျေးဇူးတင်လျက်ပါဗျ......

ကော်ဖီပူပူလေး တစ်ခွက်ဖျော်မယ်၊မိုးစက်မိုးပေါက်တွေ ကြဲချနေတဲ့ကောင်းကင်ကြီးကို ငေးမယ်၊အဲဒီလိုနည်းနဲ့ ကိုယ့်ဆီကိုစိမ့်ဝင်လာ...
25/05/2024

ကော်ဖီပူပူလေး တစ်ခွက်ဖျော်မယ်၊
မိုးစက်မိုးပေါက်တွေ ကြဲချနေတဲ့
ကောင်းကင်ကြီးကို ငေးမယ်၊

အဲဒီလိုနည်းနဲ့ ကိုယ့်ဆီကိုစိမ့်ဝင်လာတဲ့
အအေးဓာတ်လေးကို ခံစားမယ်။
ပြီးတော့ အဆွေးဓာတ်လေးကို ခံစားမယ် !!

#ပုရစ်

  Cakeလေးမရဘူးလားမေးမေးနေကြလို့ ဒီနေ့ရပါပြီဗျ... #မင်မင် Cream cheeseလေးရှိတုန်းလုပ်ပေးတာပါ..လမ်းကြောအခြေအနေအရ Cream Che...
09/03/2024

Cakeလေးမရဘူးလားမေးမေးနေကြလို့
ဒီနေ့ရပါပြီဗျ...

#မင်မင် Cream cheeseလေးရှိတုန်းလုပ်ပေးတာပါ..
လမ်းကြောအခြေအနေအရ Cream Cheese လေးမှာယူဖို့အဆင်မပြေလို့ပါ...

#အများကြီးလုပ်ထားတာမဟုတ်လို့ ပါ
အမြဲတမ်းလည်းမလုပ်ဖြစ်လို့ပါဗျ....

Crepe/Avacado Crepe ေလး၂မျိုးရပါမယ်ဗျ

 #မင်မင်အားနေတာနဲ့ မုန့်လေးတွေပြန်လုပ်နေပါတယ်နော်....  Pillow လေးတွေလဲလုပ်ပေးမယ်နော် မင်မင်အားတဲ့တစ်ရက်ကြ😁😁 Cake သားအလွှ...
02/03/2024

#မင်မင်အားနေတာနဲ့ မုန့်လေးတွေပြန်လုပ်နေပါတယ်နော်....

Pillow လေးတွေလဲလုပ်ပေးမယ်နော် မင်မင်အားတဲ့တစ်ရက်ကြ😁😁
Cake သားအလွှာလေးကိုမှ Pudding အသားလေးအရမ်းစားကောင်း...

လေးနဲ့ဆိုလိုက်ဖက်နေရော

Caramel Pudding Cake လေး

26/02/2024

#မနက်ဖြန် မင်မင်တို့ ဆိုင်လေး နေ့တပိုင်းပိတ်ပါတယ်ဗျ ညနေ (12:30pm)ဆို ပိတ်ပါပြီဗျ.....

#မင်မင် ဘိုးဘွာရိပ်သာမှာ ကုသိုလ်လေးသွားလုပ်ဖို့ရှိလို့ပါဗျ

#လာရောက်အားပေးကြတဲ့ ကာကာ များက်ုကျေးဇူးပါ...

Address

အပိုင်း (၅) ၊ ပတ္တမြား ရပ်ကွက် (၉) ၊နီလာ(၆)လမ်း ၊ကသာမြို့။
Katha
COZYCAFE

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959444022575

Website

Alerts

Be the first to know and let us send you an email when Cozy Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cozy Cafe:

Share

Category