25/09/2025
ဒီရက်ပိုင်း ရေခဲမုန့် စားချင်နေတဲ့ မင်မင် S7 က အသစ်ထွက်တဲ့ Gelato ထဲက chocolate gelato လေး စမ်းစားကြည့်လိုက်တာ ထိမိနေရော ❤️
သူက နွားနို့ အစစ်နဲ့ Chocolate flavour လေးကို အဓိက ထား သုံးထားတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ခါးဆိမ့်ဆိမ့် အရသာလေး က တစ်ဇွန်းဆို တဇွန်း ထိမိတော့ ကုန်မှပဲ ဇွန်းချတော့တယ် 🤭🤭🤭 ဓာတုပစ္စည်း ( လုံးဝ )နဲ့ အချိုဓာတ် သိပ်မပါတော့ မင်မင့်လို ဝိတ်ချနေတဲ့ သူတွေ အတွက်လည်း သင့်တော်တယ် ရေခဲမုန့်ကြိုက်တဲ့ ကလေးလေးတွေ အတွက် လည်း ချောင်းဆိုးမှာ မပူရတော့ပဲ ယုံကြည်စွာ ကျွေးလို့ရတယ် Gelato အပြင် မွေးနေ့ကိတ် ဒီဇိုင်း အစုံအလင်နဲ့ တနေ့တမျိုး မရိုးအောင် ထုတ်တဲ့ မုန့်တွေကိုလည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ ရသေးတယ် မင်တော့ Cheese lava cake , Durian pillow , Overload bread နဲ့ Egg - tart လေး စားပြီး သဘောကျနေလို့ အိမ်မှာ ကုသိုလ်လုပ်ရင် ဘုန်းကြီး အချိုပွဲအတွက် Cheese lava cake လေး အမြဲ လှူဖြစ်တယ် 😁 တနေ့ကမှ စမ်း ထုတ်တဲ့ Shoukupan bread လေး ဆိုရင် ပေါင်မုန့်ညို လေးကို chocolate sauce တွေ ပြည့်နှစ်နေအောင် ထည့်ပေးထားတာ ပေါင်မုန့်လုံးလေးကို ဇွန်းနဲ့ ဖဲ့လိုက်ရင် အလွှာလိုက်လေး ပါလာပြီး အဲ့ အလွှာ နူးနူးညံ့ညံ့လေးကိုမှ Chocolate sauce လေးနဲ့ စားရတာကလေ တကယ် amazing ပဲ ❤️ Chocolate sauce နဲ့ စားတာတောင် အရသာက လုံးမသွားပဲ နူးညံ့တဲ့ ပေါင်မုန့်သားလေး အရသာက သပ်သပ် ၊ chocolate အရသာလေးက သပ်သပ် ခံစားမိတာ ❤️ မင်တော့ တထိုင်တည်း တဘူးလုံး ကုန်ရော 😁😁😁