Aryone Oo Fish Cracker

Aryone Oo Fish Cracker food product

✅✅✅ အလုပ်​တွေဆက်တိုက်လုပ်ရတော့ အလုပ်ပင်ပန်းတာကတစ်ကြောင်း ကုန်စျေးနှုန်းတက်တာကတစ်ကြောင်း မီးပြတ်တာကတစ်ကြောင်း အကြောင်းအမျ...
28/03/2026

✅✅✅ အလုပ်​တွေဆက်တိုက်လုပ်ရတော့ အလုပ်ပင်ပန်းတာကတစ်ကြောင်း ကုန်စျေးနှုန်းတက်တာကတစ်ကြောင်း မီးပြတ်တာကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့်အလုပ်ခဏ နားထားတာ အော်ဒါတွေအများကြီး ထပ်တက်လာတော့ အလုပ်တွေပြန်စတင်ပါတော့မယ် ငါးမှာထားလို့ရရင် ငါးမုန့်ပြန်ထွက်ပါတော့မယ်နော်......

✅✅✅ ထုတ်လုပ်မှုသာခဏနားခဲ့တာ delivery service တွေက 5 kg အထက်တွေလက်မခံတော့လို့
ကိုယ်တိုင်အပင်ပန်းခံပြီး delivery လုပ်နေရတော့ မနားရပါဘူး............

24/03/2026

✅✅✅ ငါမုန့်တွေ အမှာကြမ်းကြလို့ တစ်နေ့တစ်နေ့ကို အများကြီးဆက်တိုက်ထုတ်လုပ်နေပေမယ့် ကုန်သလောက်ဖြစ်သွားပါပြီ လက်ကျန် ၂၀၀ ထုပ်တောင်မကျန်တော့ပါဘူး တစ်နေ့တစ်နေ့တောင်ပုံရာပုံ ထုပ်ပိုးမှုလုပ်ရပါတယ် မီးခနခနပြတ်တော့ အလုပ်တွေခန့်မှန်းသလောက်မပြီးတော့ပါ
အပို့တွေကိုကြန့်ကြာစေပါတယ်.....

✅✅✅ ဒီအဖြတ်လက်ကျန်လေးတွေပို့ပြီးရင် ရက်အနည်းငယ် နားပါဉီးမယ် ဒိုင်ဝင်ငါးပဲ သီးသန့်လုပ်တာကြောင့် ငါးစျေးတွေတက်နေသလို သယ်ယူစားရိတ်တွေ ကုန်ကြမ်းစားရိတ်တွေ အစစအရာရာ​စျေးတွေ တက်နေပါတယ် စျေးတက်လို့နားတာတော့မဟုတ်ပါ ခေါတ်ကာလအလိုက် စျေးတင်ရောင်းလို့အဆင်ပြေနိုင်ပါသေးတယ်.....

✅✅✅အဆိုးဆုံးကမီးမမှန်တော့တာပါ
လာချိန်လည်းတိတိကျကျမရှိပြတ်ချိန်လည်းတိတိကျကျမရှိတော့လို့ပါ လာရင်တောင်ခနခနပြတ်နေပါတယ် အလုပ်လုပ်နေရင်းတန်းလန်း
မီးပြတ်သွားလို့ရှိရင် ဆုံးရှုံးမှုများပါတယ် အများကြီးထုတ်လုပ်ရင် အများကြီးဆုံးရှုံးနိုင်ပါတယ်
မီးပြတ်ရင်တောင် အချိန်အတိကျလာပြီး အချိန်အတိကျဖြတ်ရင် အလုပ်ကိုချိန်ဆလုပ်လို့ အဆင်ပြေနိုင်ပါသေးတယ်.....

✅✅✅မီးအခြေအနေတွေကိုရက်အနည်းငယ်လောက်စောင့်ကြည့်ပြီးရင် ပြန်လည်ထုတ်လုပ်ပါမယ် .......

✅✅✅ အသစ်ထပ်ထွက်ရင် ငါးမုန့်စျေးလေးတွေအနည်းငယ်တက်ပါမယ်....
💙💙💙လက်လီတစ်ထုပ်ကို ၂၅၀၀ ကနေ ၂၈၀၀ ကျပ်ဖြစ်သွားပါမယ်နော်......

💙💙💙 အများယူရောင်းမယ့်သူတွေ
☎ 09252429231, 09421739814, page chatbox,
viber 09252429231 တို့ကနေဆက်သွယ်ပြီးမှာယူနိုင်ပါတယ်.........

✅✅✅  ငါးမုန့်မှာနေကြတာလည်းပို့မလောက် တစ်ဖက်မှာလည်း ပစ္စည်းစျေးတွေရော ကားခတွေရော အကုန်နတ်ပြည်ရောက်ကုန်ပြီ ငါးမုန့်ဖာတွေကိ...
22/03/2026

✅✅✅ ငါးမုန့်မှာနေကြတာလည်းပို့မလောက် တစ်ဖက်မှာလည်း ပစ္စည်းစျေးတွေရော ကားခတွေရော အကုန်နတ်ပြည်ရောက်ကုန်ပြီ ငါးမုန့်ဖာတွေကို ဂိတ်ချဖို့အရေးတောင် တော်တော်တိုင်ပတ်...
အရင်ကဆို အထုပ် ၅၀၀ လောက်ဆိုဂိတ်ချပေးလို့ရပေမယ့် အခုတော့ ကားခစျေးတွေမတရားတက်တော့ အထုပ်ရေ အနည်းဆုံး ၂၀၀၀ လောက်စုပြီးမှဂိတ်ချပေး နေရတယ် .....
✅✅✅ယူရောင်း cus တွေလည်း
သယ်ယူစားရိတ်သိပ်မတက်အောင် ၁၆၀/၁၇၀ ဆန့်ဖာကြီးတွေနဲ့ပဲထည့်ပြီး ပို့ပေးလိုက်ပါတယ်နော်..

✅✅✅ အရုဏ်ဉီး ငါးမုန့်ကို ဝယ်ယူအားပေးကြတဲ့သူတွေရော အားမပေးနိင်ကြသေးတဲ့သူတွေရော
အားလုံး အလုပ်အကိုင်တွေအဆင်ပြေပြီး စိတ်ချမ်းသာကိုယ်ကျမ်းမာစွာဖြင့် ဘေးအပေါင်းတို့ကို
လွယ်ကူစွာ ကျော်ဖြတ်နိုင်ကြပါစေ........

20/03/2026

✅✅✅ ငါးအရသာအပြည့်နဲ့ စားလိုက်ရင်ရွရွလေးမွမွလေး စျေးကွက်ထဲ ရခိုင်ငါးမုန့်ကြော်ပြီးသားလေးတွေ မကြာမှီ​လာပါမယ်နော် အ​ကြော်အတွက်သီးသန့်ထုတ်လုပ် ထားတာပါ......

✅✅✅ အကြော်အတွက်သီးသန့်ထုတ်လုပ်ထားတာမို့ 70 g တစ်ထုပ်မှာ အချပ်ရေ ၄၀ ကျော်လောက်ပါပါတယ် ငါးရာတန်တစ်ထုပ်မှာ ကြော်ပြီးသား ၄ချပ် ၅ ချပ်ထည့်လို့ရပါတယ် ......

မှတ်ချက်. ပစ္စည်းထုတ်လုပ်မှုလိိုက်မမှီသေးလို့
လောလောဆယ်စျေးကွက်ထဲ မသွင်းသေးပါ
နောက်လလောက်မှစျေးကွက်ထဲတဖြေဖြေးရောင်းချပေးပါ​မယ်...........

19/03/2026

✅✅✅ အော်ဒါတွေများတော့ ငါးမုန့်လည်းထွက်တာနဲ့ကုန် မပို့ပဲကျန်နေခဲ့တဲ့ အော်ဒါများအတွက် ဆက်တိုက်ထုတ်လုပ်ပေးနေပါတယ် ရက်ပိုင်းအတွင်းရအောင်ပို့ပေးပါမယ် စက်အားကောင်းတော့ ငါးမုန့်ကအရမ်းထွက်ပါတယ်နော် သကြ်န်နားနီးလို့ ငါးမုန့်ကအော်ဒါတွေကို ပို့နေရင်းနဲ့ကို ရောက်ကုန်ကုန်လို့ထပ်မှာတဲ့သူနဲ့ အသစ်မှာတဲ့သူတွေတိုးလာလို​့ ပို့နေရင်းနဲ့ကို အော်ဒါတွေနှစ်ဆသုံးဆပြန်ပြန်ပိကျလာလို့ပါ......

✅✅✅ အလွတ်မှာထားကြတဲ့ cus တွေအတွက်
ဆယ့်ငါးပိသာနဲ့ အထက်မှာထားကြတဲ့သူတွေကို အကြေတစ်ပိသာစီလက်ဆောင်ထည့်ပေးလိုက်ပါတယ် မနက်ဖြန်မှီရင် ဂိတ်ချပေးလိုက်ပါမယ်.....

✅✅✅ရခိုင်ငါးမုန့်စစ်စစ်ဖြစ်တဲ့ အရုဏ်ဉီးငါးမုန့်ကိုဝယ်ယူအားပေးချင်တယ်ဆိုရင်...

☎ 09252429231,09421739814 page chatbox
တို့ကိုဆက်သွယ်ပြီးဝယ်ယူအားပေးနိုင်ပါတယ်.....

17/03/2026

✅✅✅ သင်တန်းပေးပါလားလာလာမေးနေကြတယ် ဟိုးအရင်ကတည်းကလည်း ရင်းနှီးတဲ့သူတွေရောမရင်းနှီးတဲ့သူတွေရော သင်ပေးဖို့ပြောတာကို ဘယ်အချိန်မေးမေးငြင်းခဲ့ပါတယ် ငါးမုန့်လုပ်ငန်းလုပ်သူတိုင်းက ကိုယ့် privacy နဲ့ကိုယ်ပဲ အရသာစပ်တဲ့ formula ကို အချိန်အကြာကြီးလုပ်နေကြတဲ့ အလုပ်သမားတွေမသိအောင်တောင် ထိန်းသိမ်းထားတတ်ကြပါတယ်........
✅✅✅ founder က ပိုတောင်ထိန်းသိမ်းရပါတယ်.
ငါးမုန့် formula သက်သက်ထိန်းသိမ်းရတာမဟုတ်ပါ နည်းပညာပိုင်းပါထိန်းသိန်းရပါတယ် ဖြတ်စက်ကောင်းတစ်လုံးဖြစ်ဖို့အတွက် အရှေ့မှာ ငွေကုန်ပြီး အလုပ်မဖြစ်တဲ့စက်ပေါင်းများစွာရင်းနှီးခဲ့ရပါတယ်
ငါးမုန့်အချောင်း လုပ်စက်တစ်လုံးဖြစ်ဖို့အတွက်
ရှေ့မှာ တစ်ရာဖိုးကားသုံးစီးရတဲ့ခေါတ်မှာ ကားတစ်စီးစာဖိုးလောက်နဲ့ညီတဲ့ အလုပ်မဖြစ်တဲ့စက်တွေရင်းနှီး ခံခဲ့ရပါတယ် ငါးအသားထုတ်စက်တစ်လုံးရဖို့အတွက် တစ်ရာဖိုးကားသုံးစီးခေါတ်မှာ ကားတစ်စီးစာမကတဲ့ ငွေနဲ့ ရောက်လာရင်အလုပ်ဖြစ်ဖို့မဖြစ်ဖို့မသေချာပဲ မျက်စိစုံမှိတ်ပြီး ဝယ်ယူခဲ့ရပါတယ်
အဲ့လိုတွေစွန့်စားရူးသွပ်ခဲ့လို့ သူများတွေငါး ဆယ်ငါးပိသာလောက်ကို လူဆယ်ယောက်လောက်သုံးပြီးတစ်နေကုန်ပင်ပင်ပန်းပန်းလုပ်နေရအချိန်မှာ founder တို့ဆီမှာ ငါးပိသာကိုးဆယ်လောက်ကို လူနှစ်ယောက်သုံးယောက်လောက်နဲ့ နှစ်နာရီကျော်လောက် ပေါ့ပေါ့ပါးပါးလုပ်ပြီး တစ်နေကုန်
အေးဆေးနှပ်နေနိုင်တာပါ.......
✅✅✅ အဲ့လိုတွေရင်းနှီးပေးဆပ်ခဲ့ရလို့ founfer က လုပ်ငန်းအပေါ်မှာရော စက်ပစ္စည်းတွေအပေါ်မှာရော အရမ်းကိုတန်ဖိုးထားပါတယ် ငါးမုန့်ကောင်းသလို စက်အားတွေလည်းကောင်းလို့ ရခိုင်ပြည်တစ်ခုလုံးမှာရောင်းအားအကောင်းဆုံးဖြစ်ခဲ့ရပါတယ် နောက်လည်းရောင်းအားအကောင်းဆုံးဖြစ်နေဉီးမှာပါပဲ အခုချိန်ထိ ရခိုင်က ငါးမုန့်လုပ်ငန်းငယ်လေးတွေမှာ လက်လှီးစက်နဲ့တစ်ချပ်ချင်းစီလှီးနေကြတုန်းပါ.......

မှတ်ချက်. ​လောလောဆယ် ငါးမုန့်လုပ်နည်းသင်တန်းမပေးသေးပါဘူးနော် နောင်စိတ်ကူး
ပေါက်လို့ သင်ပေးမယ်ဆိုရင်​တောင် လူအများစုပြီးမှသင်ပေးပါမယ် တစ်နေ့ကို အထုပ်ရေ ၂၅၀၀ ကနေ ကြိုက်သလောက်ထုတ်လုပ်နိုင်တဲ့ စီးပွားဖြစ် ဟဲဗီးဝိတ်တန်းမို့လို့ သင်တန်းကြေး စျေးတော့ကြီးပါမယ်......

15/03/2026

✅✅✅ အမှာတွေကြမ်းထားတော့ ငါးမုန့်တစ်ဖြတ်ပြီးတစ်ဖြတ်ထုတ်လုပ်နေရလို့ posts တွေတင်ဖို့မအားလို့မတင်ဖြစ်တာပါ....
✅✅✅ customers ကြီးတွေရှိတော့ သူတို့နဲ့တင် တစ်ဖြတ်ပြီးတစ်ဖြတ် လုံးချာလည်နေတော့တယ် cus တစ်ချို့က အကြော်တွေလုပ်နေတော့ စျေးကွက်ထဲရောင်းမလောက်ဘူးရယ်....
✅✅✅ ကိုယ်တိုင်ဖြန့်ချီရေးလုပ်မလို့ plan ဆွဲနေတာ cus တွေကိုပို့တာနဲ့တင်ထွက်သမျှကုန်နေလို့ ကိုယ်တိုင်မဖြန့်ရဘူးဖြစ်နေတယ် အများကြီးထုတ်လုပ်နိုင်အောင် အများကြီးကြိုးစားပါဉီးမယ်..........
🙏🙏🙏
အားပေးသူ customers များအားလုံး အထူးပဲကျေးဇူးတင်ရှိပါတယ်..........

✅✅✅ မိသားစုထဲနာရေးဖြစ်လို့ အလုပ်နားတာရယ် ငါးရပြီဆိုပြီး အလုပ်လုပ်ပြီလို့ post တင်လိုက်တော့မှ ရောက်လာတဲ့ငါးကအငယ်များလို့ ...
09/03/2026

✅✅✅ မိသားစုထဲနာရေးဖြစ်လို့ အလုပ်နားတာရယ် ငါးရပြီဆိုပြီး အလုပ်လုပ်ပြီလို့ post တင်လိုက်တော့မှ ရောက်လာတဲ့ငါးကအငယ်များလို့ ပြန်ပို့လိုက်ရတယ် အဲ့တာနဲ့ပဲ နောက်ထပ်ငါးကမတက်လို့ဝယ်လို့မရတော့ပြန်ဘူး ........
✅✅✅ နေရာဒေသမတူတော့ ငါးဝယ်ရတဲ့အထာတွေသိပ်မနပ်သေးဘူး အထုပ်ရေထောင်လိုက်ယူသွားတဲ့ cus ကလည်း ပို့ပြီးသုံးရက်လောက်ကတည်းက ကုန်တော့မယ်လို့ပြောနေပြီ တစ်ယောက်တည်းကိုတောင်အထုပ် ၂၀၀၀ လောက်ပို့ရဉီးမယ် တခြားအကြော်ကြော်ဖို့အတွက်အလွတ်တွေ ယူရောင်းအထုပ်တွေမှာထားတာလည်းအများကြီးပဲ ပို့ရမယ့်ငါးမုန့်တွေက ၄၀၀၀/၅၀၀၀
လောက်အကြွေးတင်နေပြီ အားလုံးကိုလည်းအားနာလှပါပြီ ငါးရတာနဲ့မကြာပါဘူး သုံးရက်ဆို အကုန်ပို့ပေးနိုင်ပါပြီ ဒီတစ်ခါငါးရရင်မပြတ်အောင်ထုတ်လုပ်ပေးပါမယ်.......

✅✅✅ ဝိတ်တန်းကြီးကြီးလေးကိုင်မလို့ plan လေးတွေဆွဲနေပါတယ် အထုပ်ယူရောင်းအမှာတွေအကြော်သမား အလွတ်သမားတွေ အော်ဒါအမှာလေးတွေအတွက...
03/03/2026

✅✅✅ ဝိတ်တန်းကြီးကြီးလေးကိုင်မလို့ plan လေးတွေဆွဲနေပါတယ် အထုပ်ယူရောင်းအမှာတွေ
အကြော်သမား အလွတ်သမားတွေ အော်ဒါအမှာလေးတွေအတွက် စတင်ထုတ်လုပ်နေပါပြီ ယူရောင်းတွေ အကြော်သမား အလွတ်သမားတွေ
တစ်ဖြတ်ပြီးတစ်ဖြတ်မှာနေကြတော့ ထုတ်မလောက်ဘူးရယ် ရခိုင်ကလူတွေကပြောတယ်
ရန်ကုန်ရောက်တာကြာပြီ ရခိုင်ငါးမုန့်ကောင်းကောင်းမစားဖူးတာကြာပြီ
အရုဏ်ဉီးငါးမုန့် ရန်ကုန်မှာ
လာထုတ်တော့မှ ငါးမုန့်ကောင်းကောင်းစားရတော့တယ်တဲ့......
✅✅✅ ဒီတစ်ဖြတ်တော့ ရန်ကုန်ငါးကွန်းရှပ်ကို
test လုပ်တဲ့အပိုင်းကတော့ next level ဖြစ်သွားပါပြီနော် ရခိုင်ငါးမုန့်က ရခိုင်ငါးမုန့်နဲ့တူအောင် ဝါးစားရတော့မှာ အချပ်တွေကတော့ အရင်ကကြီးတယ်ထူတယ်ပြောကြပေမယ့် ဒီတစ်ခေါက်တော့ မကြိီးမထူအနေတော်လေးလုပ်ပေးထားပါတယ် အချပ်တွေကတော့ လှီးစက်ကရှယ်ကောင်းတော့ ထုံးစံအတိုင်း
ရှယ်လှပါတယ်နော် အရုဏ်ဉီးငါးမုန့်မှာ
နည်းနည်းလောက်မလှရင်တောင်အကြေထဲသွင်းလိုက်လို့ အကြေဝယ်တဲ့သူတွေတောင်ပြောနေကြတယ် အကောင်းထဲထည့်ရောင်းလို့ရတာပဲ နှ​မြောစရာကြီးဆိုပြီး......

01/03/2026

✅✅✅ ငါးမုန့် အမှာတွေကြမ်းလို့ လက်ကျန်လေး
တွေကုန်ပါပြီ ငါးမုန့်တွေအများကြီးမှာတာ မှာထားတာရဲ့ တစ်ဝက်ပဲ ပို့ပေးနိုင်ခဲ့လို့ အနူးအညွတ်တောင်းပန်ပါတယ်နော်.......
✅✅✅အသစ်အော်ဒါမှာထားတဲ့သူတွေအတွက် ငါးမှာထားတာရတာနဲ့ထုတ်လုပ်ပေးပါ​တော့ မယ်နော် ယူ​ရောင်းcustomer တွေ အကြော်သမား အလွတ်သမားတွေ တောင်းဆိုချက်အရ အချပ်နည်းနည်းသေးပြီး မထူမပါးအနေတော်လေးလုပ်ပေးပါမယ်.......

26/02/2026

✅✅✅ ရန်ကုန်လုပ်ငန်းခွဲ​က customers တွေအားပေးကြမ်းလို့ ကုန်သလောက်ဖြစ်သွားပါပြီ အခုရက်ပိိုင်း မိသားစုထဲမှာနာရေးအလှုုလေးရှိနေလို့ ရခိုင်ရောရန်ကုန်လုပ်ငန်းခွဲကရော အလုပ်တွေ ခနအရှိန်လျှော့ချထားရလို့ ပစ္စည်းပြတ်တာတွေရှိပါမယ် နောက်ထပ်ထွက်မယ့်ငါးမုန့်တွေကလည်း အကြော်သမားတွေအလွတ်ယူတွေအထုပ်မှာယူသူတွေ အော်ဒါသမားတွေနဲ့ပြည့်လျှံနေပါတယ် customers တွေအားပေးကြမ်းသလောက် ဒီဖက်ကလည်မှီအောင်လိုက်ထုတ်လုပ်ပေးပါမယ်..........

25/02/2026

✅✅✅ ရခိုင်ကလူတွေ ပြည်မထဲရောက်ရင် တော်တော်နဲ့ပင်လယ်စာတွေကို မစားချင်ကြ​တော့
ဘူး ဘာလို့လည်းဆို ရခိုင်ကလူတွက ပုဇွန်ဆိုလည်း ရေခဲမစမ်မှ ငါးဆိုရင်လည်းညနေဖက်စျေးမှာ နေ့လည်ကမှဖမ်းပြီးရောင်းတဲ့ငါးတွေလတ်မှလတ်ပဲ ဒီထက်လတ်ဆတ်တာမှ စားချင်သေးတယ်ဆိုရင် ပင်လယ်ကမ်းခြေမှာ ဆွဲပိုက်ဆွဲနေကြတဲ့သူတွေဆီမှာ သွားဝယ်ရင်လည်း ငါးတွေပုဇွန်တွေ ကင်းမွန်တွေ အရှင်တွေတောင်ဝယ်စားလို့ ရတယ်
ဂဏန်းတွေဂုံးတွေ ကရုကမာတွေ ဆိုလည်း အရှင်တွေ ညနေဖက်စျေးထဲပေါမှပေါပဲ
ရခိုင်တွေကဒါမျိုးလတ်ဆတ်တဲ့ပင်လယ်စာတွေစားလာကြတော့ ပင်လယ်စာနဲ့ပတ်သက်ရင် နည်းနည်းမဟုတ်ဘူး အများကြီးဇီဇာကြောင်ကြတာပေါ့........

Address

Kyaukpyu

Telephone

+959421739814

Website

Alerts

Be the first to know and let us send you an email when Aryone Oo Fish Cracker posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share