04/05/2023
" Love and S*x "
မှတ်ချက် ။ ။လူငယ်တိုင်း မဖြစ်မနေ
ဖတ်ကိုဖတ်သင့်တဲ့ စာပါ ။
လက်မထပ်သေးမချင်း s*x မပါတဲ့ RS မျိုး
တကယ် ရှိပါသလား...
အံ့ဩစရာကောင်းတာက အနဲစုကတော့
တကယ်ရှိနေပါသေးတယ်🖤
S*x နဲ့ RS ခွဲလို့မရတော့တဲ့ ဒီ21 ရာစုမှာ
အဲ့ဒီလို ပြောလိုက်မိရင် ကိုယ့်ကို အနဲနဲ့
အများကတော့ ဘာလာကြောင်တာလဲလို့ ထင်ကြမယ် ဆိုတာလဲ ကိုယ်သိပါတယ်...
Anyway...
ကိုယ်ကိုယ်တိုင် မိန်းကလေး ဖြစ်တဲ့အတွက်
မိန်းကလေးတွေရဲ့ စိတ်ကို
ကိုယၠပဲ အသိဆုံးမို့လို့ပါပဲ...
ယောကျာ်းတွေ နားလည်ချင်မှ နားလည်မယ်...
မိန်းမတွေအတွက်က S*x ထက်
အရေးကြီးတဲ့အရာက အချစ်ပါပဲ🌼
Juu ရဲ့ စာအုပ်တွေကို စဖတ်တော့ Juu ဟာ
ဟိုးရှေးခေတ်ကတည်းကနေ Living Together
ပုံစံသွားတဲ့ ဝတ္ထုတွေကို ရေးခဲ့တယ် ဆိုတာပါပဲ...
ဒီအရာကို တချို့တွေက အဆိပ်အတောက်စာပေ
ဆိုပြီး စွပ်စွဲခဲ့ကြသေးတာပဲလေ...
ဒါပေမယ့် မိန်းမတွေရဲ့ စိတ်ကို
မိန်းမတွေကပဲ နားလည်ခဲ့ပါတယ်...
မ်ိန်းမတွေရဲ့ စိတ်ဟာ အနုစိတ် သိပ်ဆန်တယ်...
ကိုယ်တကယ်မချစ်ရင်
ကိုယ့်အသားလာထိတာကိုတောင် မကြိုက်ကြပေမယ့်
ကိုယ်တကယ်ချစ်မိသွားတဲ့
လူနဲ့တွေ့ရင်ကျ ကြားလေတိုးတာတောင် မခံနိုင်တဲ့အထိ အမြဲတမ်း အနားမှာပဲ တိုးဝှေ့ချွဲနေချင်တဲ့
ကြောင်မလေးတွေပါပဲ...
အမြဲ တီတီတာတာ ပြောနေချင်ပြီး
လက်ကလေးကို ဆုပ်ကိုင်ထားချင်တာမျိုး...
အသံလေး အမြဲကြားနေချင်ပြီး
လမ်းဖြတ်ကူးတဲ့အခါတိုင်း အားကိုးတကြီး
လက်မောင်းလေးကို ဖက်တွယ်ထားချင်တာမျိုး...
ညလုံးပေါက် စကားတွေ ထိုင်ပြောချင်တာမျိုး...
ခရီးအတူတူ ထွက်ရရင်တောင် လက်မထပ်သေးမချင်း Korea ကားထဲက Drama ခန်းတွေ ထဲကလို
လက်ကလေးပဲ ထိပြီး အိပ်ချင်တာမျိုးပါပဲ...🌼
မိန်းမတွေ ချစ်မိသွားတဲ့အခါ s*x ရဲ့
ဟိုး Beyond မှာ အချစ်တခုပဲ ရှိနေခဲ့ပါတယ်...
တချို့အတွက်တော့ မသိပေမယ့်
မိန်းကလေးတော်တော်များများဟာ s*x ထက်
အချစ်ကို ပိုကိုးကွယ်ကြတဲ့သူချည်းပါပဲ...
ခုလို ပြောလိုက်လို့ အတွဲတိုင်း
ခုခေတ်မှာ မယူခင်ကတည်းက
အိပ်နေကြတာချည်းပဲ...မအိပ်တဲ့အတွဲ ပြစမ်း...
My body My choice ဆိုတဲ့
လူတွေကို ရည်ရွယ်ပြီးရေးထားတာ
မဟုတ်တဲ့အတွက်
ကိုယ့်စိတ်နဲ့ မနှိုင်းစေချင်ဘူး...
အထူးသဖြင့် ဒီCase မှာ
ယောကျာ်းလေးက အဓိကပဲလို့ ကိုယ်မြင်မိတယ်...
သူများမိုးခါးရေ သောက်တိုင်း လိုက်မသောက်တဲ့
ယောကျာ်းမျိုးတွေ တကယ် ရှိနေပါသေးတယ်🖤
ကိုယ့်မောင်လေး အရင်းလို ခင်ရတဲ့
မောင်လေး တယောက်က ပြောဖူးတယ်
"ကျနော်တို့ တွဲလာတာ 6 နှစ် ရှိခဲ့ပြီ...
ကျနော့် ကောင်မလေး နဲ့ ကျနော် လုံးဝ
တူတူ မအိပ်ဘူး...ချစ်လွန်းလို့
နမ်းမိတာလောက်လေး အစွန်ဆုံးပဲ တဲ့...
ကျနော့် သူငယ်ချင်းတွေကတော့ ပြောတယ်
မင်းရူးနေလား...သတ္တိမရှိဘူးလား...
အစုံပေါ့တဲ့...ကျနော် တခုပဲ ပြန်ပြောခဲ့တယ်...
မဟုတ်ဘူး...ငါ့ကိုယ်ငါ တန်ဖိုးထားသလို
ငါ့ကောင်မလေးကိုလဲ တန်ဖိုးထားတယ်...
လူပဲ အသွေးအသားတော့ ရှိကြတာပဲ...
ဒါပေမယ့် ငါ့ကိုယ်ငါတန်ဖိုးထားတယ်...
ငါမလုပ်နိုင်ဘူးတဲ့"....
အဲ့ဒီစကားလေး ကြားရတာ
ကိုယ်တကယ် ဂုဏ်ယူမိတယ် ...
သူ့ကောင်မလေး အစားလဲ တကယ် ဝမ်းသာမိတယ်...
အရာအားလုံးက စိတ်တခုကနေပဲ
စတင်ကြတာချည်းပါပဲ...
အိပ်မယ်လို့ စိတ်ကူးထားတဲ့ ယောကျာ်းကတော့
အခွင့်အရေးရတဲ့နေ့ ရအောင်အိပ်မှာပဲ...
အခွင့်အရေးမယူတတ်တဲ့ ယောကျာ်းကတော့
အကျီချွတ်ပြရင်တောင် ပြန်ဝတ်ပေးမှာပဲ...
အဲ့ဒီလို မယူမချင်း ကိုယ့်ကိုယ်ကိုယ်
တန်ဖိုးထားတဲ့ စည်းမကျော်တတ်တဲ့
ယောကျာ်းမျိုး ခုခေတ်မှာ တကယ် ရှိနေပါသေးတယ်...
အဲ့ဒီလို ယောကျာ်းမျိုးကို လက်ထပ်ရမယ့်
မိန်းကလေးတွေက သိပ်ကံကောင်းတာပဲလို့
ကိုယ်တွေးမိတယ်...
အဲ့ဒီလို RS မျိုးကိုပဲ ကိုယ်အထင်ကြီးတယ်...
လေးလဲ လေးစားတယ်...
ကိုယ်တို့ရဲ့ ယုံကြည်သူ ဆရာ
တယောက် ပြောဖူးတဲ့ စကားလေးတခွန်းရှိတယ်...
"လူမှာပဲ လက်ထပ်ခြင်း မင်္ဂလာရှိတာ...
တိရစ္ဆာန်တွေ လက်ထပ်တာ မြင်ဖူးလားတဲ့...
မယူခင် ဘယ်တော့မှ မအိပ်နဲ့...
ဒီလို ပြောလိုက်လို့
လွန်ခဲ့တဲ့ ၁၀ နှစ်က ညီမလေး တယောက်
ရင်လာဖွင့်ဖူးတာကို အမှတ်ရမိတယ်...
"" မမ သမီးကောင်လေး နဲ့ အိပ်လိုက်မိပြီ...
သူ့ကို ပဲ ယူရတော့မယ် တဲ့ "
သူ့ကောင်လေးက အရမ်းဆိုးတယ်...
အမြဲ မျက်ရည်ကျအောင်လဲ လုပ်တယ်...
သူရင်လာဖွင့်တော့ ကိုယ်ဘာပြန်ပြောခဲ့မိသလဲဆိုရင်
"သူနဲ့ အိပ်မိတာနဲ့တင် ညီမလေး သူ့ကို ယူစရာ မလိုပါဘူး...လူတိုင်း မှားဖူးကြတာပဲ...
နောက် ထပ်မမှားရင် ရပီ...
သူမကောင်းမှန်း သိသိနဲ့ ယူစရာ မလိုဘူး...
ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့...အားမငယ်နဲ့လို့"
ပြောခဲ့ဖူးတယ်...
ခုတောင် အဲ့ဒီညီမလေး သူ့ကိုချစ်တဲ့
တခြားကောင်လေး တယောက်နဲ့ လက်ထပ်သွားပြီ...
ကိုယ်တို့ဟာ မွေးကတည်းက
အမှားတွေနဲ့ ရှင်သန်ခဲ့ကြတာပဲ...
Virgin စစ်တဲ့ သူတွေက
တခြားနေရာတွေမှာ မှားခဲ့ကြသလို
တခြားနေရာမှာ အားလုံးမှန်ခဲ့တဲ့
လူတွေလဲ Virgin စစ်ချင်မှ စစ်မှာပဲလေ...
သူက တော့ အပျို မစစ်လို့
သူကတော့ အိမ်ထောင်ကွဲမို့
သူက ဆေးသမား မို့ ဆိုပြီး
ထိုင်ကဲ့ရဲ့နေမယ့် သူထဲမှာတော့ ကိုယ်မပါဘူး...
ယုတ်စွအဆုံး
ကိုယ်လက်ထပ်မယ့်လူက Virgin စစ်တာ
မစစ်တာတောင် ကိုယ်စိတ်မဝင်စားဘူး...
လူတိုင်း အတိတ်မှာ Dark side တွေ
ကိုယ်စီ နဲ့ပဲမလား...
ကိုယ်ကရော ဘယ်လောက် ကောင်းခဲ့ဖူးလို့လဲ...
အမှားတွေဆီကနေပဲ အမှန်တရားဆီ
ရောက်ရှိခဲ့ကြတာပဲ မဟုတ်လား...
အရေးကြီးတာက ကိုယ်နဲ့ မယူမချင်း
ကိုယ့်အပေါ် သစ္စာရှိစွာနဲ့ စည်းမကျော်ပဲ
အချိန်တန်မှ တန်ဖိုးထားစွာ
လက်ထပ်ယူချင်တဲ့ လူမျိုး ဖြစ်ရင် ရပြီ...
အဲ့လိုယောက်က်ျားမျိုးကတော့ ရှားတယ်
အေးပေါ့...
ခုခေတ်ကြီးထဲမှာ အဲ့လိုလူက ရှိတော့ရှိမယ်...
ရှားနေခဲ့ပါပြီ...
လူထု စိန်ဝင်း ပြောဖူးတဲ့ စကားလေးလိုပါပဲ...
"တန်ဖိုးဆိုတာ ရှားလို့ ရှိတာ မဟုတ်လား🖤"
ကမ္ဘာပေါ်က တန်ဖိုးရှိသော ယောကျာ်းများသို့
အမှတ်တရ မှတ်တမ်းတင်လျက်🌼🌼🌼
လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကို
အောင်သောကြောင့် ၊ သင်တို့အား
ငါရေး၍ ပေးလိုက်၏...
လူပျို တို့၏ တပ်မက်ခြင်းကိလေသာစိတ်
ကို ကြည်ရှောင်ရှားကြလော့။
Crd,✍️✍️✍️✍️✍️
မေတ္တာဖြင့်ပြန်လည်မျှဝေသည်။