15/06/2026
🍢 အကင်စုံ နဲ့ မာလာ၁၀မျိုး သင်တန်း (တစ်ရက်အပြတ် လက်တွေ့သင်တန်း) 🥘
မိမိကိုယ်ပိုင်စီးပွားရေးပဲ စတင်ချင်တာလား၊ ဆိုင်ကြီးပဲ တိုးချဲ့ချင်တာလား? အရသာပိုင်းအတွက် လုံးဝစိတ်ချရပြီး ဆိုင်ပြန်ဖွင့်နိုင်တဲ့အထိ တာဝန်ယူသင်ကြားပေးမယ့် "အကင်စုံ နဲ့ မာလာ၁၀မျိုး သင်တန်း" ကို ဖိတ်ခေါ်လိုက်ပါပြီ။
Ready-Made အနှစ်ထုပ်တွေ လုံးဝမသုံးပါဘူး! ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကုန်ကျစရိတ် သက်သာမယ့် ကိုယ်ပိုင် Chef လက်ရာ မာလာအနှစ်ချက်နည်းကို စနစ်တကျ လက်တွေ့သင်ကြားပေးမှာ ဖြစ်ပါတယ်။
📆 သင်တန်းအသေးစိတ်
သင်တန်းရက်: 21.6.2026 (တနင်္ဂနွေနေ့)
သင်တန်းချိန်: မနက် (၉:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီထိ
သင်တန်းကြေး: 180,000 ကျပ် (လက်တွေ့ကုန်ကြမ်းဖိုး အပြီးအစီး နှင့် Formula စာအုပ်ပါ တစ်ပါတည်းပေးမည်)
သင်တန်းနေရာ: ၈၁ လမ်း၊ ၄၀ x ၄၁ လမ်းကြား၊ KKM အအေးကုန်ကြမ်းဆိုင်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📝 သင်ကြားပေးမည့် Menu များ
🍢 (၁) အကင်နှင့် အသားနှပ်တန်း (Hot Pot အသားနှပ်နည်း အပါအဝင်) အသားနှပ်နည်း (၅) မျိုး:
🍀ထိုင်းအချိုနှပ်နည်း
🍀ရိုးရိုးအချိုနှပ်နည်း
🍀အစပ်နှပ်နည်း
🍀မာလာအရသာနှပ်နည်း
🍀ရှမ်းကောအရသာနှပ်နည်း
📌Sauce (ဆော့စ်) နှင့် အကင်ဆီ (၆) မျိုး:
ထိုင်းမန်ကျည်းဆော့စ်၊ မြေပဲဆော့စ်၊ မာလာဆော့စ်
အချိုဆီရိုးရိုး၊ အစပ်ဆီရိုးရိုး၊ မာလာအကင်ဆီ
🥘 (၂) မာလာ ၁၀ မျိုး သင်တန်း (အနှစ်တစ်နှစ်ခံ ချက်နည်းအပါအဝင်)
(ကိုယ်တိုင်ချက်ထားတဲ့ မာလာအနှစ်ကို အနှစ်ထုပ်အဖြစ် ပြန်လည်ထုတ်ရောင်းလို့ရတဲ့အထိ အထားခံပါတယ်)
1. မာလာဟင်း
2. မာလာရှမ်းကော
3. မာလာဆီမွှေးချက်နည်း
4. မာလာငါး
5. ကြက်ခြေထောက်မာလာ
6. အာလူးမာလာ
7. ကြက်နှမ်းကပ်ကြော်
8. မြေအိုးမာလာမြီးရှည်
9. မာလာရှမ်း
10. မာလာ Hot Pot / မာလာမောက်ချိုက်
🎯 ဘယ်လိုလူတွေ တက်ရောက်သင့်လဲ?
၁၀၀ တန် အကင်စုံဆိုင် သို့မဟုတ် Hot Pot / အကင်ဆိုင် သီးသန့် ဖွင့်လှစ်လိုသူများ
အွန်လိုင်းမှတစ်ဆင့် မာလာအနှစ်ထုပ်နှင့် အစားအသောက်များ Delivery ရောင်းချချင်သူများ
မိသားစု Dinner ပွဲတွေမှာ ဆိုင်ကအတိုင်း အရသာရှိရှိ ကိုယ်တိုင်ချက်ကျွေးချင်သူများ
စားဖိုမှူးဝါသနာပါပြီး လုပ်ငန်းခွင်ထဲ ဝင်ရောက်လိုသူများ
💡 သင်တန်းရဲ့ ထူးခြားချက်
သင်တန်းဆင်းပြီးတာနဲ့ အိမ်မှာချက်ချင်း လက်တွေ့လေ့ကျင့်နိုင်ဖို့အတွက် ဝယ်ယူရမည့် ကုန်ကြမ်းဆိုင်များကိုပါ တစ်ပါတည်း လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။
တစ်ရက်တည်းနဲ့ လျှာလည်သွားစေမယ့် အရသာမျိုး ရရှိအောင် အတတ်သင် အာမခံ သင်ကြားပေးပါတယ်။
⚠️ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် တကယ်သေချာ တက်ရောက်မည့်သူများသာ စောစောစီးစီး စာရင်းပေးသွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
📞 ဆက်သွယ်စုံစမ်းရန်
တစ်ဦးချင်း သီးသန့်တက်ရောက်လိုသူများအတွက်လည်း သီးသန့်သင်တန်းကြေးဖြင့် သင်ကြားပေးနေပါသည်။
Page Messenger သို့ စာပို့၍ဖြစ်စေ၊
ဖုန်းနံပါတ်: 09-456665396, 09-422914022 ,09772100428 သို့ဖြစ်စေ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။
#အကင်နှင့်မာလာသင်တန်း #မူကထ #မာလာမောက်ချိုက်