22/09/2026
မူးယစ်စေတဲ့ဆေးတွေ ကို "ပျော်ဖို့" ထက် "မနာကျင်ချင်လို့" သုံးနေတာ။
တချို့လူတွေ ပင်ပမ်းလာတဲ့အခါ ဆေးတွေ စမ်းသုံးကြည့်တာမျိုးလုပ်တတ်ကြတယ်၊
ဒါလုပ်တာက stress ပြေလို့၊
သူငယ်ချင်းက တွေဆုံလို့ လုပ်ဖြစ်တာ၊
ခံစားချက်မကောင်းတဲ့ feeling တွေ ခဏမေ့ချင်တာကြောင့် စတဲ့ အကြောင်းအရာတွေကြောင့် စတင်ဖြစ်တတ်ကြတယ်။
တခါတလေ
စိတ်ထဲက အတွေးတွေ အရမ်းများနေတာ၊ စိတ်မွန်းကြပ်နေတာ၊
ပတ်ဝန်းကျင်က အပြစ်တင်မှုတွေ
"ငါ မကောင်းဘူး" "ငါနဲ့ မတန်ဘူး" ဆိုတဲ့ self-worth နည်းနေတဲ့ feeling တွေက
လူကို အရမ်းပင်ပန်းစေတတ်တယ်။
အဲ့ဒီလိုအချိန်မှာ မူးယစ်စေတဲ့ဆေးတွေက
ခဏတာတော့ ခေါင်းထဲက noise တွေ တိတ်သွားသလို၊ စိတ်နာကျင်မှု သက်သာသွားသလို၊
လွတ်မြောက်သွားသလိုမျိုး ခံစားရတတ်တယ်။
အဲ့ဒါကြောင့် တချို့လူတွေက
မူးယစ်စေတဲ့ဆေးတွေကို "ပျော်ဖို့" ထက်
"မနာဖို့" သုံးနေကြတာမျိုး ဖြစ်တတ်တယ်။
ဒါတွေက ခဏတာ သက်သာပေမယ့်
နောက်ပိုင်းကျ
စိတ်ပိုပင်ပန်းလာတယ်၊
ကိုယ့်ကိုကိုယ် ပိုမုန်းလာတယ်၊
relationship တွေ ပျက်လာတယ်၊
ဘဝကို ပိုမထိန်းနိုင်သလို ဖြစ်လာတတ်တယ်။
ပြီးတော့ shame ဝင်လာတယ်။
"ငါ ဘာလို့ မရပ်နိုင်တာလဲ" ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်လာတတ်တယ်။
အဲ့ဒီ shame နဲ့ နာကျင်မှုကို ထပ်မခံနိုင်တော့
ထပ်သုံးမိပြန်တယ်။
ဒီလိုနဲ့
နာကျင်မှု → ဆေးသုံး → ခဏသက်သာ → ပိုနာ → ထပ်သုံး
ဆိုတဲ့ cycle ထဲ ဝင်သွားတတ်တယ်။
ဒီလိုလူတွေက ကိုယ့်ကိုကိုယ်
"စိတ်ဓာတ်ပျော့တယ်"
"မကောင်းတဲ့လူ" လို့ပဲ မြင်လိုက်ရင်
ကိုယ့်အတွင်းက နာကျင်မှုကို မမြင်နိုင်တော့ဘူး။
ဒါပေမယ့် ဒီနာကျင်မှုတွေကြောင့်
ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ behavior ကို ဆက်လုပ်နေတာကလဲ အဖြေမဟုတ်ဘူးမလား။
ဒီလိုအခြေအနေတွေ ကိုယ့်မှာဖြစ်နေပြီဆိုရင်တော့
Counsellor, rehab, support system တွေရဲ့ အကူအညီက အရမ်းအရေးကြီးလာတာမို့ လက်မလွန်ခင် Healing Journey လေး စဖို့လိုနေပါပြီ။
ဒီ Journey လေးကနေ
"ငါ ဘယ်ကရာကနေ ပြေးနေတာလဲ"
"ငါ တကယ်လိုအပ်နေတာ ဘာလဲ" ဆိုတာကို
ရိုးရိုးသားသား ကြည့်လာနိုင်ပါလိမ့်မယ်။
ကိုယ့်အနေနဲ့ Healing journey လေးကို စတင်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ Nest Solace ရဲ့ Free consultation session လေး ကနေ စတင်လိုက်ပါ။