BMB bakery

BMB bakery ❤️🥰

ဘူးသီးကြော် ကြော်နည်း နဲ့ မန်ကျည်းအချဉ်ရည်စပ်နည်းပါဝင်ပစ္စည်းများဘူးသီး (စားနိုင်သလောက်အသုံးပြုလို့ရအကြော်မှုန့်ကောက်ညှင...
11/04/2026

ဘူးသီးကြော် ကြော်နည်း နဲ့ မန်ကျည်းအချဉ်ရည်စပ်နည်း

ပါဝင်ပစ္စည်းများ

ဘူးသီး (စားနိုင်သလောက်အသုံးပြုလို့ရ
အကြော်မှုန့်
ကောက်ညှင်းမှုန့်
ပဲအကျတ်မှုန့်
ဆား ။ နနွင်း ။ ဆီ
ရိ (မထည့်လည်းရ)

ပထမဆုံး ဘူးသီးတွေကို ကိုယ်ကြိုက်တဲ့ပုံစံလှီးထားလို့ရပါတယ် ဘူးသီးကို အချောင်းလိုက်ကြော်မယ်ဆိုရင် အချောင်းလိုက်လှီးပြီး အခုနဲ့ဝိုင်းဝိုင်းကြော်မယ်ဆိုရင် သုံးထောင့်ပုံစံတွေလှီးထားလို့ရပါတယ်နော် မနက်ကြော်ရင် ညကတည်းကလှီးပြီး ထားထားလို့လည်းရပါတယ်

မုန့်နှစ်အတွက် အကြော်မှုန့် ကောက်ညှင်းမှုန့် ပဲမှုန့် သုံးမျိုးကို အကြော်မှုန့် ၃ ဆ နဲ့ ကောက်ညှင်းမှုန့်/ပဲမှုန့်ကို ၁ဆ စီရောစပ်ရပါမယ် ပြီးရင် အရသာအတွက် ဆားအနည်းငယ် နနွင်းအနည်းငယ် Baking soda ရှိရင် ဇွန်းဖျားလောက်လေးထည့်ရင်ရပါတယ် ကြက်ဥအကာ ထည့်ပေးလည်းရပါတယ်

အမှုန့်တွေအကုန်ရောပြီးသွားရင် ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးပါ
မုန့်ရည် မပျစ်တပျစ်အနေထားလေးဖြစ်ရင် ကြော်ဖို့အကောင်းဆုံးပါနော်

မုန့်ရည်လည်း စပ်ပြီးပြီဆိုရင် ဆီအတော်သင့် အပူရှိန်ဖြင့် ခဏက အသင့်လုပ်ထားတဲ့ ဘူးသီးချောင်းတွေကို မုန့်ရည်မှာ နှစ်ပြီး အိုးထဲထည့်ကာ စတင်ကြော်လို့ရပါပြီနော် ရွှေဝါရောင်တန်းလာပြီဆိုရင် ဆယ်တင်လို့ရပါပြီ အရမ်းကို အရသာရှိတဲ့ ဘူးသီးကြော်ကြွပ်ကြွပ်လေးကို ရရှိပြီဖြစ်ပါတယ်နော်

ဘူးသီးကြော်ကို မန်းကျည်းအချဉ်မဟုတ်ပဲ ငံပြာရည်အချဉ်နဲ့ပဲမှုန့်‌တို့ရောစပ်ပြီးတော့လည်း စားလို့ရပါတယ်နော်

မန်ကျည်း အချဉ်ရည်

ပါဝင်ပစ္စည်းများ

👉မန်းကျည်းသီး
👉ကြက်သွန်ဖြူ
👉ဂျင်း
👉ထန်းလျက်
👉ငရုပ်သီးစိမ်း
👉ဆား
👉ငရုပ်သီးအကျတ်မှုန့်
👉ပဲအကျတ်မှုန့်

မန်ကျည်းသီးတွေကို ရေနွေးနွေးပူပူဖြင့် အရင်စိမ်ထားပေးလိုက်ပါ ပြရင် ဇကာနဲ့ခံပြီး မန်ကျည်း အရည်ပဲယူပါ

မန်ကျည်းရည်ထဲကို ကြက်သွန်ဖြူ/ဂျင်းနဲ့ ငရုတ်သီးစိမ်း ရောထောင်းပြီး ထည့်ပါ အချိုးအဆ ချိန်ပြီးထည့်ရင်ရပါပြီနော်

ပြီးရင် ဆား အနည်းငယ် ထန်းလျက်ရည် အချိုကြိုက်သလောက်ထည့်လိုက်ပါ
ငရုတ်သီးအကျက်မှုန့် ကိုလည်း အစပ်ကြိုက်သလောက်ထည့်လို့ရပါတယ်

မန်းကျည်အချဉ်ရည်ရဲ့ အသက်တခုဖြစ်တဲ့
ပဲအကျက်မှုန့် ကို ၂ ဇွန်းလောက် ထည့်ပေးပါ ထည့်လိုက်ရင် ပျစ်ပျစ်လေး ဖြစ်သွားပြီး ပိုစားလို့ကောင်းပါတယ်နော်

နောက်ဆုံးအနေနဲ့ နံနံပင် ထပ်ထည့်လို့ရပါတယ်နော် မကြိုက်ရင်မထည့်လို့လည်းရပါတယ်နော်

ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင်တော့ အရသာရှိတဲ့ ဘူးသီးကြော်ကြွပ်ကြွပ်လေး နှင့် မန်းကျည်း အချဉ်ရပါပြီနော်🫶🏻

အိမ်မှာအပြင်းပြေစားဖို့ တူနာကော်ပြန့်ကြော် လုပ်နည်းလေး🌯
06/04/2026

အိမ်မှာအပြင်းပြေစားဖို့ တူနာကော်ပြန့်ကြော် လုပ်နည်းလေး🌯

ကြက်ကင်လုပ်နည်း🍗ပိတ်ရက်မှာ လုပ်စားရအောင် saveထားလိုက်နော်🫶ပါဝင်ပစ္စည်းများ.. .ကြက် - ၁ ကီလို တစ်ကောင်နံနံပင်အမြစ် - ၄ ခု...
04/04/2026

ကြက်ကင်လုပ်နည်း🍗
ပိတ်ရက်မှာ လုပ်စားရအောင် saveထားလိုက်နော်🫶

ပါဝင်ပစ္စည်းများ.. .

ကြက် - ၁ ကီလို တစ်ကောင်
နံနံပင်အမြစ် - ၄ ခု
ကြက်သွန်ဖြူ - ၈ မွှာ
စပါးလင် - ၁ ချောင်း
ငရုပ်ကောင်းစေ့ - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
သကြားအညို - ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငံပြာရည် Soy-sauce - ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငါးငံပြာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပဲငံပြာရည်အပျစ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)....တို့ပဲဖြစ်ကြပါတယ်။

ပထမဆုံး ကြက်ကို ပုံတွင်ပြထားသည့်အတိုင်း ရင်ဘက်မှခြမ်းကာ ရေဖြင့်အတွင်းအပြင် သန့်ရှင်းစွာဆေးပြီး ရေစစ်ထားပါ။

ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (နံနံပင်အမြစ် + ကြက်သွန်ဖြူ + စပါးလင်)တို့ကို ခပ်ပါးပါးလှီးထားပါ။ နံနံပင်၏အောက်ပိုင်း လက်နှစ်လုံးလောက်ကဖြတ်ထားသည့် အမြစ်ကိုသာအသုံးပြုပါမည်။ အပေါ်ကအရွက်များကို အသုံးမပြုပါဘူး။ ထို့နောက်....ပါဝင်ပစ္စည်းများအားလုံးကို ငရုပ်ဆုံထဲသို့ထည့်၍ ညက်နေအောင်ထောင်းပါ။ငရုပ်ကောင်းစေ့များပါထည့်၍ထောင်းပါ။အနည်းငယ်ညက်လာပါက ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပြီး ငံပြာရည်- Soy sauce + ငါးငံပြာရည် + ပဲငံပြာရည် တို့ကိုပါဝင်အချိုး အစားအတိုင်းထည့်ပြီးရောမွှေပေးပါ။ (ပဲငံပြာရည်အပျစ်သည် အရောင်အတွက်ထည့်ခြင်းဖြစ်ပါသည် မထည့်လျှင်လည်းရပါသည်) ဆော့ အနည်းငယ်ပျစ်နေပါက ။ ရေအနည်းငယ်မျှထည့်ပြီးမွှေပေးပါ....

ကြက်တစ်ကောင်လုံးကို ဓားဖြင့်အနည်းငယ်မွှန်းပြီး ဖျော်ထားသည့်ဆော့ဖြင့်နှံ့အောင်ရောနှယ်ပေးကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄-နာရီကြာမျှထည့်ထားရပါမည်။ ကြာကြာထားနိုင်ပါက တစ်ညသိပ်ထားလျှင်ပိုကောင်းပါသည်။ထို့နောက်....ပုံတွင်ပြထားသည့်အတိုင်း ကြက်ကို ဝါးညှပ်ဖြင့်ညှပ်ကာ မီးသွေးမီးဖို မီးအေးအေးဖြင့် တစ်ဖက်ဆီလှန်ကာ ဖြေးညှင်းစွာဖြင့်ကင်ပေးရပါမည်။ ကြက်အသားများရဲလာပြီး အနံ့မွှေးလာပါက အရသာရှိစွာ
အသင့်စားသုံးနိုင်ပါသည်။

 #ကွေ့တီယို  #အရည်အသုပ်ရော ပြုလုပ်နည်း🍲အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လ...
04/04/2026

#ကွေ့တီယို #အရည်အသုပ်ရော ပြုလုပ်နည်း🍲

အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လာဥဖြူ၂လုံး ငရုတ်ကောင်းမှုန့် နံနံပင်အမြစ် ပဲငံပြာရည်အကြည် ခရုဆီ သကြား နှင့် ဆား အနည်းငယ် ထည့်ပြီး ၁နာရီခွဲခန့်ပြုတ်ပေးရပါမယ်။

အပေါ်မှ ဝေ့တက်လာတဲ့ အနှစ်ဖတ်အမည်းများကို ခပ်ထုပ်ပေးပါ။ ပြီးမှနှစ်သက်ရာ ပုဇွန် ပဲသွေး ကြက်သားလုံး ဝက်သားလုံး ငါးဖယ်လုံး များကို ထည့်ပြုတ်ပါ။

ကန်စွန်းရွက် ဆလက်ရွက် ပဲပင်ပေါက် အစိမ်းနံ့ပျောက်စေရန် တို့ကို ရေနွေးဖျောပေးထားပါ။ တွဲဖက်စားသုံးမယ့် ဆန်ပြားခေါက်ဆွဲကိုလည်း ၂မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ အရမ်းပျော့နေအောင်ပြုတ်ဖို့မလိုပါဖူး။

ပြင်ဆင်ပုံကတော့ ပန်းကန်ထဲသို့ ဆန်ပြားခေါက်ဆွဲ အရွက်များ အသားလုံးများ ထည့်ပါ။ အရည်ဆမ်းပါ။ ငရုတ်သီးမှုန့် ထောင်းထားသောမြေပဲမှုန့် ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးကြိုက်သူများအတွက် လိုအပ်ရင်ထည့်စားနိုင်စေဖို့ အချဉ်စိမ်ထားသော ငရုတ်သီးစိမ်းနှင့် သံပုရာသီးစိတ် ပြုလုပ်ထားပါ။ နံနံပင် ကြက်သွန်မြိတ် ဘဲဥ နှင့် ဝက်ခေါက်ကြော်ကိုလည်း ထည့်စားနိုင်ပါသည်။

#ကွေ့တီယို အတွက်ကတော့ ဆန်ပြားခေါက်ဆွဲ အရွက် အသားလုံး မြေပဲလှော်မှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူဖြင့်ချက်ထားသောဆီချက် အားလုံးပေါင်းပြီး နယ်လိုက်ရင် ကွေ့တီယိုသုပ်ရပါပြီ။

စတော်ဘယ်ရီနို့ကျောက်ကျောအချိုပွဲလေး🍓🥛
03/04/2026

စတော်ဘယ်ရီနို့ကျောက်ကျောအချိုပွဲလေး🍓🥛

ငါးကင်(အကင်ဆိုင်ကင်နည်း) 🐟ပါ၀င်သောပစ္စည်းများ၁။ စလားဗီးယား ငါး (သို့) ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်၂။ ဆား - လက်ဖက်ရည်ဇွန...
03/04/2026

ငါးကင်(အကင်ဆိုင်ကင်နည်း) 🐟

ပါ၀င်သောပစ္စည်းများ
၁။ စလားဗီးယား ငါး (သို့) ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်
၂။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (သို့) အနည်းငယ် (ငါးအကောင် အကြီးအသေးပေါ်မူတည်ရ်ျ)
၃။ ဂျင်း - လက်တဆစ်
၄။ ကြက်သွန်ဖြူ - ၂ မွှာ
၅။ နံနံပင် - ၁၀ ပင်
၆။ ရှမ်းနံနံ - ၁၀ ပင်
၇။ ငရုတ်သီးစိမ်း - ၅ တောင့်
၈။ ငရုတ်သီးဆီချက် (တရုတ်မပုံ ပုလင်း) (မရှိလျှင် ငရုတ်သီးအကြမ်းမှုန့်နှင့် တရုတ်မဆလာကို ဆီသပ်ထားပါ။)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ငါးကို သန့်စင်ပြီး တဖက်တချက်ဆီကို မွှန်းထားပါ။
ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။

၂။ ဂျင်းနှင့် ကြက်သွန်ဖြူ မှ အ၇ည်ကို ငါးပေါ်သို့အနှံ့ညှစ်ချပါ။ ဗိုက်သားထဲကို ပါ ညှစ်ပါ။ ထို့နောက် ဆားဖြင့် ငါး အနှံ့သုတ်ပါ။

၃။ အရည်ညှစ်ထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ နံနံပင် တို့ကို ထောင်းပါ။ ထောင်းထားသောအစာပလာများကို ငါးရဲ့ဗိုက်သားထဲကို အစာသွပ်ပါ။

၄။ ငရုတ်သီးဆီချက်ကို ငါးရဲ့မျက်နှာပြင် ၂ ဖက်လုံးကို စုတ်တံ ဖြင့်သုတ်ထားပါ။

၅။ ငါးကင်လို့ရပါပြီ။ ငါးကင်နေစဉ်မှာ ငါးရဲ့မျက်နှာပြင်ကို ငရုတ်သီးဆီချက်ဖြင့် သုတ်ပေးပါ။
(အစပ်ကြိုက်လျှင် ငရုတ်သီးအဖတ်တွေပါ သုပ်ပါ။)
*ငါးကင်ကင်မည့် သံပြားကိုလဲဆီသုတ်ပါ။ ငါးအရေခွံများ ကပ်မသွားအောင်လို့ပါ။*

ခံတွင်းပျက်​နေတဲ့သူလေးတွေအတွက် အာလူးအစပ်သုပ်လုပ်နည်းလေး🥔❣
03/04/2026

ခံတွင်းပျက်​နေတဲ့သူလေးတွေအတွက်
အာလူးအစပ်သုပ်လုပ်နည်းလေး🥔❣

ငါးထမင်းနယ်အလွယ်တကူ လုပ်နည်း❤️ လိုအပ်သောပစ္စည်းများ• ထမင်း (နူးနူးညံ့ညံ့လေး ချက်ထားပါ)• ငါး (နူးအိနေအောင် ပြုတ်ပြီး အသား...
03/04/2026

ငါးထမင်းနယ်အလွယ်တကူ လုပ်နည်း❤️


လိုအပ်သောပစ္စည်းများ
• ထမင်း (နူးနူးညံ့ညံ့လေး ချက်ထားပါ)
• ငါး (နူးအိနေအောင် ပြုတ်ပြီး အသားနွှင်ထားပါ)
• ခရမ်းချဉ်သီး (ကြက်သွန်ဖြူနဲ့ ဆီသတ်ပြီး အနှစ်ချက်ထားပါ သို့မဟုတ် ပြုတ်ထားပါ)
• ကြက်သွန်ဖြူဆီချက်
• မြေပဲကြော် နှင့် ငရုတ်သီးခြောက်တောင့်ကြော်
• အရန်အမြည်း: နံနံပင်၊ ဂျူးမြစ် (မိမိကြိုက်နှစ်သက်သလို)
• အရသာအတွက်: ဆား သို့မဟုတ် ကြက်သားမှုန့် အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်

1. အနှစ်ပြင်ဆင်ခြင်း: ခရမ်းချဉ်သီးကို ကြက်သွန်ဖြူလေးနဲ့ ဆီသတ်ပြီး အနှစ်ချက်ထားပါ။ (ချက်ချင်းနယ်စားမှာဆိုရင်တော့ ခရမ်းချဉ်သီးကို ပြုတ်ပြီး ထမင်းထဲ တိုက်ရိုက်ခြေထည့်ရင်လည်း လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိပါတယ်။)

2. နယ်ဖတ်ခြင်း: ဇလုံတစ်ခုထဲတွင် မိမိစားနိုင်သလောက် ထမင်းကိုထည့်ပါ။ ပြီးလျှင် နူးအိနေအောင် နွှင်ထားတဲ့ ငါးအသားတွေကို ခြေထည့်ပါ။

3. အရသာသွင်းခြင်း: ချက်ထားသော ခရမ်းချဉ်သီးအနှစ်၊ ကြက်သွန်ဖြူဆီချက် မွှေးမွှေးလေးနဲ့ ဆားတို့ကို ထည့်ပြီး အားလုံးသမသွားအောင် သေချာနယ်ပေးပါ။

4. အလှဆင်ခြင်း: အရသာမြည်းလို့ အနေတော်ဖြစ်ပြီဆိုရင် ပန်းကန်ထဲမှာ အလုံးလေးတွေလုံးပြီးဖြစ်စေ၊ ပုံဖော်ပြီးဖြစ်စေ ပြင်ဆင်ပါ။ အပေါ်ကနေ ဆီချက်လေး ထပ်ဆမ်းပေးရင် ပိုမွှေးသွားတာပေါ့။

5. သုံးဆောင်ခြင်း: အပေါ်ကနေ မြေပဲကြော်လေးတွေ ဖြူး၊ ငရုတ်သီးလှော်တောင့်လေးတွေနဲ့အတူ နံနံပင်၊ ဂျူးမြစ်တို့ ရံပြီး မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

အကြံပြုချက်: ငါးထမင်းနယ်ကို ဟင်းခါးပူပူလေးတစ်ခွက်နဲ့ တွဲဖက်စားသုံးရင် ပိုပြီး ပြည့်စုံသွားစေမှာပါ။

သားသားမီးမီးလေးတွေအရမ်းကြိုက်တဲ့ လုပ်ရတာလည်းလွယ်ကူတဲ့ ဟော့ဒေါ့ပေါင်မုန့်လိပ်ကင် 🌭လုပ်နည်း
01/04/2026

သားသားမီးမီးလေးတွေအရမ်းကြိုက်တဲ့

လုပ်ရတာလည်းလွယ်ကူတဲ့

ဟော့ဒေါ့ပေါင်မုန့်လိပ်ကင် 🌭လုပ်နည်း

ဆီကြော်မဟုတ်ပဲ Airfrierနဲ့ကြော်လို့ရတဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကြက်ကြော်ကျွတ်ကျွတ်မွမွလုပ်နည်းလေး 🍗
01/04/2026

ဆီကြော်မဟုတ်ပဲ Airfrierနဲ့ကြော်လို့ရတဲ့

ကျန်းမာရေးနဲ့ညီညွှတ်တဲ့

ကြက်ကြော်ကျွတ်ကျွတ်မွမွလုပ်နည်းလေး 🍗

Address

70a× 111
Mandalay

Telephone

+959791285000

Website

Alerts

Be the first to know and let us send you an email when BMB bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share