02/08/2026
" Fruit & Nut Mix စားသူတိုင်း သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် လျှို့ဝှက်ချက်များ"
အစေ့အဆန် နဲ့ အသီးခြောက်အရော ( Fruit & Nut Mix ) ထဲမှာပါတဲ့ စတော်ဘယ်ရီ ၊ စပျစ်ခြောက် ၊ ခရမ်ဘယ်ရီ အစရှိတဲ့ အသီးခြောက် တွေရဲ့ သဘာဝအစိုဓာတ်ကြောင့် ကြာလာရင် Almond, သီဟိုဠ်စေ့ နဲ့ ဖရုံစေ့တွေဟာ ပျော့သွားတတ်ပါတယ်။ အမြဲတမ်း လတ်လတ်ဆတ်ဆတ်နဲ့ အရသာအရှိဆုံး စားသုံးနိုင်ဖို့အတွက် ဒီလမ်းညွှန်ချက်လေးတွေကို လိုက်နာကြည့်ပေးပါဗျ 🥰
✅ ဆောင်ရန် (Do’s)
👉 လေလုံအောင်ပိတ်ပါ ✅
စားပြီးတိုင်း လေလုံတဲ့ဘူး (Air-tight container) ထဲထည့်ပြီး အဖုံးကို သေချာကျပ်နေအောင် ပိတ်ထားပါ။
👉 သန့်ရှင်းခြောက်သွေ့ပါစေ ✅
စားခါနီးတိုင်း သန့်ရှင်းပြီး လုံးဝခြောက်သွေ့နေတဲ့ ဇွန်း (သို့) လက်နဲ့ပဲ ခပ်ယူပေးပါ။
👉 အေးမြတဲ့နေရာမှာထားပါ ✅
နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အေးမြခြောက်သွေ့တဲ့နေရာမှာ ထားပါ။
❌ ရှောင်ရန် (Don'ts)
👉 ရေငွေ့နဲ့ လုံးဝမထိပါစေနဲ့ ❌
စိုစွတ်နေတဲ့ ဇွန်းတွေ၊ လက်စိုတွေနဲ့ ကိုင်တွယ်ရင် မှိုတက်လွယ်တတ်လို့ အထူးရှောင်ကြဉ်ရပါမယ်။
👉 အပူရှိတဲ့နေရာတွေရှောင်ပါ ❌
မီးဖိုဘေး၊ ရေနွေးအိုးဘေးတွေမှာ ထားပါက အခွံမာသီးတွေ ဆီချေးနံ့
ထွက်လာတတ်ပါတယ်။
👉 ဘူးဖွင့်ပြီး ကြာရှည်မထားပါနဲ့ ❌
အကောင်းဆုံး အရသာနဲ့ အာဟာရကို ရရှိဖို့ 250g ဘူးကို ဘူးဖွင့်ပြီး ၁၀ရက် အတွင်းမှာ အပြီးစားသုံးပေးသင့်ပါတယ်။
💙 ကျန်းမာရေးနဲ့ညီညွတ်တဲ့ Fruit & Nut Mix လေးကို စနစ်တကျ ထားသိုပြီး အရသာရှိရှိ သုံးဆောင်နိုင်ကြပါစေ 🙏🙏🙏
Enjoy Your Healthy Snacks!
Lotus Mart
Your Trusted Health Food Store!
☎ - 09750058844
#ကျန်းမာရေးအကြံပြုချက်