Shwe Mhan Myanmar Handicraft Shop

Shwe Mhan Myanmar Handicraft Shop Viber no.
09-255646906

01/09/2026
 #ကြွေစေ့ လိုသလောက် မှာယူနိုင်ပါတယ်ရှင်။ #ရွှေမန်းမြန်မာ09255646906
15/02/2026

#ကြွေစေ့ လိုသလောက် မှာယူနိုင်ပါတယ်ရှင်။
#ရွှေမန်းမြန်မာ
09255646906

❝နတ်ပြည်မှာမရနိုင်တဲ့ကုသိုလ်❞လူ့ဘုံမှာ လူလာဖြစ်ရတာ အရမ်းကံကောင်းပါတယ်။ လူ့ဘုံမှာ ကမ္မဋ္ဌာန်းလေးဆယ်လုံး ရလို့ပါ။  #နတ်ပြည...
05/02/2026

❝နတ်ပြည်မှာမရနိုင်တဲ့ကုသိုလ်❞
လူ့ဘုံမှာ လူလာဖြစ်ရတာ
အရမ်းကံကောင်းပါတယ်။
လူ့ဘုံမှာ
ကမ္မဋ္ဌာန်းလေးဆယ်လုံး ရလို့ပါ။
#နတ်ပြည်မှာဆို . . .
#အသုဘကမ္မဋ္ဌာန်း(၁၀) ပါး ရယ် ,
#ကာယဂတာ သတိ ကမ္မဋ္ဌာန်း ရယ်
#အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း ရယ် . .
အားလုံး(၁၂) ပါး မရနိုင်ပါဘူး။
#နတ်ပြည်မှာ
အသုဘအလောင်းကောင် ဆိုတာ မရှိပါဘူး။
သေရင် မီးငြိမ်းသလို ခန္ဓာကိုယ် ပျောက်သွားတာပါ။ အလောင်းကောင်မရှိတော့
အသုဘ ကမ္မဋ္ဌာန်း ပွားလို့ မရနိုင်ပါဘူး။
ကာယဂတာသတိကမ္မဋ္ဌာန်း ဆိုတာက . . .
ဆံပင် , မွှေးညှင်း , လက်သည်း ,
သွား , အရေ . . စသည်တွေကို
စက်ဆုပ်ဖွယ်ဖြစ်အောင် ဆင်ခြင်ပြီး ပွားရတာပါ။
#နတ်ပြည်မှာ
ဆံပင် , မွှေးညှင်းတွေ ရှိပေမယ့်
သူတို့ ဆံပင် , မွှေးညှင်းတွေဟာ
သိပ်လှ , သိပ် တင့်တယ်နေတော့
စက်ဆုပ်ရွံရှာဖွယ် ဖြစ်အောင်
ပွားဖို့ မလွယ်ပါဘူး။
ဒါကြောင့်
ကာယဂတာသတိ ကမ္မဋ္ဌာန်း မရတာပါ။
အာဟာရပဋိကူလသညာ ကမ္မဋ္ဌာန်း ဆိုတာ . .
အာဟာရတွေကို
စက်ဆုပ်ရွံရှာဖွယ်ဖြစ်အောင် ဆင်ခြင်တာပါ။
ဒီအစာတွေဟာ
အစာရှိရာကိုလည်း သွားရတယ်။
အစား ရဖို့ရာလည်း ရှာရတယ် . .
စသည်ဖြင့် ( ၁၀ ) နည်းနဲ့ ဆင်ခြင်ရတာပါ။
( ဆင်ခြေပုံ (၁၀) နည်းကိုတော့
ဝိသုဒ္ဓိမဂ် မြန်မာပြန်မှာ ကြည့်ပါ )
နတ်ပြည်မှာ အစာအာဟာရ ရှိပေမယ့်
သူတို့ အာဟာရ တွေဟာ နတ်သြဇာ
အဆီအနှစ် အာဟာရတွေ ဖြစ်နေလို့ ,
သိပ်ကောင်းနေလို့ စက်ဆုပ်ရွံရှာဖွယ်လို့
ဆင်ခြင်လို့ မရပါဘူး။
ဒါကြောင့် နတ်ပြည်မှာ
အာဟာရပဋိကူလသညာ
ကမ္မဋ္ဌာန်း မရတာပါ။
ရူပဘုံမှာကျတော့
အထက်ကပြောခဲ့တဲ့ (၁၂)ပါး ရယ် ,
အာနာပါနကမ္မဋ္ဌာန်းရယ် မရပါဘူး။
အာနာပါန ဘာဖြစ်လို့ မရတာလဲ . .
ရူပဘုံမှာ အသက်မရှူလို့ပါတဲ့။
ဘာပဲပြောပြော သူများဘုံတွေနဲ့စာရင်
ကိုယ့်ဘုံက ကမ္မဋ္ဌာန်းလေးဆယ်လုံး
ရနေတာ ဆိုတော့ တော်တော်လေးကို
ကံကောင်းနေပါတယ်။
ဒါပေမယ့် လူ့ဘုံမှာ
ကမ္မဋ္ဌာန်းလေးဆယ်လုံး ရှိနေပေမယ့်
ကိုယ်က လုံးဝ မထိကြည့်ဘဲ ဘယ်တော့မှ
မပြီးဆုံးနိုင်တဲ့ လောကီအာရုံတွေ နောက်ပဲ
တစ်ကောက်ကောက် လိုက်နေမယ် ဆိုရင်တော့
လူ့ဘုံမှာ လူလာဖြစ်တာ
" ကံကောင်းတယ် " လို့ မဆိုသာဘူးနော်။
(ရဝေနွယ်-အင်းမ)🙏🙏

 #သံလျက် အဆောင် #လင်းလွန်းသားရွှေချ တစ်လက်မ size
04/01/2026

#သံလျက် အဆောင်
#လင်းလွန်းသား
ရွှေချ တစ်လက်မ size

ပိုက်ဆံ ဘယ်လောက်ပဲ ရှိနေပါစေ၊အသက် ၂၀၀ ထိ မရှည်နိုင်ပါဘူး။ဘယ်လောက်ပဲ လှပနေပါစေ၊တစ်နေ့ အိုကြရမှာပဲ။လူတိုင်း နားလည်ထားရမှာက...
21/12/2025

ပိုက်ဆံ ဘယ်လောက်ပဲ ရှိနေပါစေ၊
အသက် ၂၀၀ ထိ မရှည်နိုင်ပါဘူး။

ဘယ်လောက်ပဲ လှပနေပါစေ၊
တစ်နေ့ အိုကြရမှာပဲ။

လူတိုင်း နားလည်ထားရမှာက လူ့ဘဝဆိုတာ
အချိန်အတိုင်းအတာ ရှိတယ်ဆိုတာပဲ။

ဒါကြောင့် အရာအားလုံးအပေါ် စစ်မှန်တဲ့ စိတ်ရင်းနဲ့ ဆက်ဆံနိုင်ဖို့ ကြိုးစားပါ။

ကိုယ့်ကို စိတ်ညစ်အောင် လုပ်တဲ့သူတွေနဲ့
ဝေးဝေး နေလိုက်ပါ။

ကိုယ့်ကို စိတ်ဆင်းရဲစေမဲ့ အတွေးတွေ ကို
ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။

စိတ် အေးချမ်းရင် ကိုယ်လည်း အေးချမ်းသလို
နှစ်ခါပြန်မရတဲ့ အချိန်တွေကို စိတ်ဆင်းရဲခြင်းတွေ ၊ ဒေါသတွေ ၊ အလို မကျမှုတွေနဲ့ အကုန်မခံပဲ ပျော်ရွှင်ခြင်းတွေ ၊ အေးချမ်းမှုတွေနဲ့ပဲ ကုန်ဆုံးနိုင်ဖို့ ကြိုးစားလိုက်ပါ။
Credit

Address

Mandalay

Telephone

+959960212019

Website

Alerts

Be the first to know and let us send you an email when Shwe Mhan Myanmar Handicraft Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category