30/01/2026
လေယာဉ်လက်မှတ်ဖြတ်တော့မယ်ဆို ဘာတွေ သတိထားရမလဲ‼️
✈️၁) နာမည် (Passport Name) ကိုတိတိကျကျရေးပါ
• လေယာဉ်လက်မှတ်မှာပါတဲ့ နာမည်က ပတ်စ်ပို့နာမည်နဲ့ တစ်လုံးမှမကွာရပါ
• အက္ခရာလွဲရင် boarding မပေးနိုင်တာရှိပါတယ်
✔️ ဥပမာ
• Passport: KHINE ZAR AUNG
• Ticket: KHAING ZAR AUNG ❌ (လွဲနိုင်)
📅 ၂) ရက်စွဲ၊ အချိန်ကို သေချာစစ်ပါ
• Departure date (ထွက်မယ့်နေ့)
• Return date (ပြန်မယ့်နေ့)
• AM/PM အချိန်မှားတာများပါတယ်
🧳 ၃) Baggage ပါ/မပါ စစ်ပါ
လက်မှတ်အမျိုးအစားတချို့မှာ
• Carry-on သာပါပြီး
• Checked baggage မပါတာရှိပါတယ်
✔️ ဝယ်မယ်ဆိုရင်
• 20kg ပါလား
• 30kg ပါလား
• Extra baggage ဝယ်လို့ရလား စစ်ပါ
💰 ၄) လက်မှတ်စျေးထဲမှာ ဘာတွေပါလဲကြည့်ပါ
တချို့စျေးသက်သာတဲ့ ticket တွေမှာ
• Seat မရွေးနိုင်
• အစားအစာမပါ
• အိတ်မပါ
• ပြန်မလဲနိုင်
ဒါကြောင့် စျေးနည်းတာပဲကြည့်မနေဘဲ
စည်းကမ်းတွေကိုဖတ်ပါ
🔄 ၅) Refund / Change Policy ကိုသိထားပါ
မသွားဖြစ်ရင်
• ပြန်အမ်းလို့ရလား
• ရက်ပြောင်းလို့ရလား
• Fee ဘယ်လောက်ယူလဲ
“Non-refundable” ဆိုရင် ပြန်မရနိုင်ပါ
🛫 ၆) Transit (လေယာဉ်ပြောင်းစီး) ရှိရင်အချိန်လုံလောက်လား
Transit time က
• ၁ နာရီအောက်ဆို အန္တရာယ်ရှိပါတယ်
• Immigration ပြန်ဝင်ရနိုင်တာလည်းရှိတတ်
✔️ 2–3 hours အနည်းဆုံးထားတာကောင်းပါတယ်
🌍 ၇) Visa လို/မလို စစ်ပါ
နိုင်ငံတချို့က Transit သာလုပ်တာတောင်
Visa လိုတာရှိပါတယ်
ဥပမာ
• USA transit visa လိုနိုင်
• UK transit visa လိုနိုင်
🏢 ၈) Official website သို့မဟုတ် ယုံကြည်ရတဲ့ agent နဲ့ဝယ်ပါ
page မသေချာတာတွေက
• scam ဖြစ်နိုင်
• Ticket fake ဖြစ်နိုင်
✔️ Airline official website
✔️ Expedia, Skyscanner (price compare)
🧾 ၉) Booking Confirmation ကိုသိမ်းထားပါ
• E-ticket PDF
• Booking reference (PNR)
• Receipt
ဖုန်းထဲမှာ screenshot လည်းထားပါ
⏳ ၁၀) အချိန်မီဝယ်တာ စျေးသက်သာတတ်
• Domestic → 1–2 months ကြိုဝယ်
• International → 2–4 months ကြိုဝယ်
Holiday season မှာ စျေးတက်တတ်ပါတယ်😙