ရှင်ငြိမ်း Online Shopping

ရှင်ငြိမ်း Online Shopping အိမ်ချက်လက်ရာ နှင့် ​ဒေသထွက်ကုန်အမျိူးမျိူး

 #မိုးလေးအေးတုန်းရောင်းပေးမယ်ရှင်ဒေသထွက်အစားအစာဖြစ်တဲ့ စဉ့်ကူးပေါင်းတင်းလေး အိစက်ပြီး စားကောင်းလို့ နှစ်တိုင်းအမြဲရောင်း...
16/06/2026

#မိုးလေးအေးတုန်းရောင်းပေးမယ်ရှင်

ဒေသထွက်အစားအစာဖြစ်တဲ့ စဉ့်ကူးပေါင်းတင်းလေး အိစက်ပြီး စားကောင်းလို့ နှစ်တိုင်းအမြဲရောင်းကောင်းတယ့်ပေါင်းတင်း.💖
ကျွန်မရာင်းတဲ့ပေါင်းတင်းက ဝါးအစိုထဲကို ကောက်ညှင်း၊ဆား၊ဆီနှင့် တခြားပါဝင်ပစ္စည်းကို ရေအနည်းငယ်ထည့်ပြီး မီးဖိုမှာ မီးကင်တာပါရှင် 😋

#ကောက်ညှင်းဆန်ကို ပြုတ်ပြီးမှ ထည့်တာမဟုတ်တဲ့အတွက် နူးအိပြီး အရမ်းစားလို့ကောင်းပါတယ် 🤤💞
#စဥ့်ကူးဆိုင်မှတိုက်ရိုက်ယူ​ရောင်းလို့လမ်းခရီးအခြေအနေရတန်ဆာခတွေများသွားလို့စျေးတတ်ယူရခြင်းပါရှင်..
🌸 ဆောင်းအချိန်မှာ💞 ဆောင်တွင်းစာလေးစားရတာ အရသာအရှိဆုံးပဲ😋
#စဥ့်ကူး​ပေါင်းတင်း ဒီတိုင်း​လေးစား​နော်😋💞
#​ကြော်စားစရာမလို​အောင်စား​ကောင်း😋
#ဆီ​လေးနဲ့​မွှေး​နေ​အောင် ​သေချာ​ပေါင်းထားပေးတယ့်💞😋
#မှတ်ချက်
#အဖြူ (ကောက်ညင်း)
#အမဲ(ငချိတ်)

#အုန်းပေါင်းတင်း..အုန်သီးဖက်တွေနဲ့မွှေးပြီးစားလို့ကောင်း (အဖြူ /အမဲ )
#တစ်ချောင်း ..9000
#ပဲပေါင်းတင်းကတော့နတ်တော်ပဲလေးတွေနဲ့အိစက်ပြီးစားလို့ကောင်း(အဖြူ/အမဲ)
#တစ်ချောင်း 9000
#ငှက်ပျောပေါင်းတင်းကဌက်ပျောရောအုန်းသီးဖက်လေးပါ ပါတော့
ဌက်ပျောထုပ်လေးစားရသလိုပဲ..
#တစ်​ချောင်း 9500

#တစ်ချောင်းကို 50 ကျပ်သားအပြည့်ပါပီး အရှည်က ၂ပေ ကျော်ရှိပါတယ်.😍

#မှာယူလိုပါက

☎️09-798630255
#မြို့တွင်း deli🛵အပ်​ပေးပါတယ်ရှင်
🏡အိမ်လာယူလို့လည်းရပါတယ်ရှင်ွ
၆၅ Aလမ်း ၁၀၇ Aလမ်း ၁၀၈လမ်းကြား မြို့သစ်။

မိုးအေးအေးလေးနဲ့ မြိန်မြိန်ယှက်ယှက်စားလို့ကောင်းတယ့် ဒညင်းသီးငပိချက်မွှေးမွှေးလေး အမှာလေးတွေ deliနဲ့ပို့ပေးနေပါပီရှင်🥰 #...
16/06/2026

မိုးအေးအေးလေးနဲ့ မြိန်မြိန်ယှက်ယှက်စားလို့ကောင်းတယ့် ဒညင်းသီးငပိချက်မွှေးမွှေးလေး အမှာလေးတွေ deliနဲ့ပို့ပေးနေပါပီရှင်🥰
#ဒီဟင်းတစ်ခွက်ထဲနဲ့တင်ထမင်းမြိန်နေရောပဲရှင်🤤🤤😋😋
#အားပေးမှု့တိုင်းအတွက်ကျေးဇူးပါ
#ဒညင်းသီးငပိချက်
#အိမ်ချက်လက်ရာ

15/06/2026

ဒီလို အင်ဒိုကြက်ကြော်လေးတွေရပါပီရှင်..👨‍🍳
ေစျးသည်ေလးမို့တစ်ရက်တော့ကြိုမှာပေးပါရှင် 🥰
#အိမ်ချက်လက်ရာ

06/06/2026

#ဒညင်းသီးငပိချက်
ပူပူနွေးနွေးနဲ့ထမင်းမြိန်စေမယ့် အိမ်ချက်လက်ရာ ဒညင်းသီးငပိချက်👨‍🍳😋🤤
ထမင်းပူပူနဲ့အနှစ်တွေနဲ့နယ်စား..ထမင်းမြိန်စေမှာအသေချာပါပဲ...🤤🤤✅️
#အားပေးမှု့တိုင်းအတွက်ကျေးဇူးပါ
#တစ်ရက်တော့ကြိုမှာပေးပါရှင်
#အိမ်ချက်လက်ရာ
#ဒညင်းသီးငပိချက်


 #ပင်ကြွေသီးမလို့အရသာချိူအီမွှေးနေရောပဲ..🤤😋 #ဗမာသီးကောင်းရင်ဘယ်အသီးမှလိုက်မမှီပါဘူးရှင်😍 #တမွှာဆို.တစ်မွှာ ထိထိမိမိနဲ့ချ...
11/05/2026

#ပင်ကြွေသီးမလို့အရသာချိူအီမွှေးနေရောပဲ..🤤😋
#ဗမာသီးကောင်းရင်ဘယ်အသီးမှလိုက်မမှီပါဘူးရှင်😍
#တမွှာဆို.တစ်မွှာ ထိထိမိမိနဲ့ချိူနေရော😋🤤အကောင်သေးအဆိပ်ပျင်းတယ်ဆိုတာဝယ်ဖူးသူတိုင်းသိလို့ ထပ်ထပ်မှာကြတဲ့အသီးလေး😍
ဘယ်လောက်ရောက်ရောက် အမြန်ကုန်တဲ့အသီးပါ..😋😋
#2လုံးတတွဲကို18000 နဲ့သာယူ😱
#အော်ဒါလေးတော့ကြိုပြောပေးထားပါရှင်

/cb

 #ကလောဂျူးပဲပုတ်ကြော်ဘူးအဖုံးလေးဖွင့်လိုက်တာနဲ့မွှေးနေရောပဲ...🤤🤤စားပြီးရင်းထပ်စားချင်သော..😋သက်သက်လွတ်သမားများအတွက်လည်းအဆ...
30/04/2026

#ကလောဂျူးပဲပုတ်ကြော်
ဘူးအဖုံးလေးဖွင့်လိုက်တာနဲ့မွှေးနေရောပဲ...🤤🤤
စားပြီးရင်းထပ်စားချင်သော..😋
သက်သက်လွတ်သမားများအတွက်လည်းအဆင်ပြေသောလေးပါ..🤤
ဒီတိုင်းစားစား ထမင်းပူပူလေးနဲ့စားစား ..အရံဟင်းအဖြစ် အသင့်ဆောင်ထားလည်းအဆင်ပြေတယ်ရှင်..🥰
ကျွန်မကတော့မနက်ပိုင်းအကြော်လေးနဲ့ဆီဆမ်းစား..အရမ်းကြိုက်သော..🤤😋
#ဘူးကြီး..10000
#ဘူးလတ် .7500
#အော်ဒါလေး​ကြိုကောက်မယ်ရှင်


#09-798630255
်း107Aလမ်း108လမ်းကြားမြို့သစ်
ယူမယ့်အော်ဒါအရေအတွက်လေးပြောပြီးအိမ်လာယူလို့ရပါတယ်ရှင်
#အိမ်အရောက်deliနဲ့ပို့ဆောင်ပေးပါတယ်ရှင်

တစ်ခါတလေ… ကိုယ်က မထွက်သွားလို့ပဲ ကိုယ်နာနေရတာပါ။---ကိုယ့်ကိုမလိုအပ်တော့တဲ့လူတွေနဲ့ ဝေးဝေးနေပါဘဝမှာ လူတိုင်းကို ထိန်းထားရ...
27/04/2026

တစ်ခါတလေ… ကိုယ်က မထွက်သွားလို့ပဲ ကိုယ်နာနေရတာပါ။

---

ကိုယ့်ကိုမလိုအပ်တော့တဲ့လူတွေနဲ့ ဝေးဝေးနေပါ

ဘဝမှာ လူတိုင်းကို ထိန်းထားရမယ်လို့ မရှိပါဘူး။
အချို့လူတွေက ကိုယ့်ဘဝထဲဝင်လာတာဟာ နေရဖို့မဟုတ်ပဲ သင်ခန်းစာပေးဖို့ပါ။

တချို့ကို ကိုယ်တန်ဖိုးထားပေမယ့်
သူတို့အတွက်တော့ ကိုယ်ဟာ အရေးမကြီးတော့နိုင်ပါတယ်။

အဲဒီအချိန်မှာ အမှန်တရားကို လက်ခံနိုင်ဖို့လိုတယ်။

မလိုအပ်တော့တဲ့နေရာမှာ ဆက်နေရင်
ကိုယ်တန်ဖိုးကို ကိုယ်တိုင်လျော့ချနေတာနဲ့တူပါတယ်။

လူတစ်ယောက်က
ကိုယ့်ကို မဆက်သွယ်တော့ဘူး
မရှာတော့ဘူး
မအရေးထားတော့ဘူးဆိုရင်
အဲဒါဟာ သတိပေးချက်တစ်ခုပဲ။

“ကိုယ်မလိုတော့ဘူး” လို့ ပြောနေတဲ့ အသံတိတ်စာတစ်စောင်ပါ။

တချို့က ထွက်မသွားရဲဘူး
ဘာလို့လဲဆိုတော့
အမှတ်တရတွေရှိလို့
အချစ်ရှိလို့
မျှော်လင့်ချက်ကျန်နေသေးလို့ပါ။

ဒါပေမယ့်
မျှော်လင့်ချက်တစ်ခုတည်းနဲ့
ဆက်နေရတာက ကိုယ့်ကို ပိုပြီး နာစေတတ်ပါတယ်။

တန်ဖိုးထားခံရတဲ့နေရာမှာနေတဲ့သူဟာ
ကိုယ့်ကိုယ်ကို ပိုပြီးချစ်တတ်လာတယ်။

မတန်ဖိုးထားတဲ့နေရာမှာနေတဲ့သူဟာ
ကိုယ့်ကိုယ်ကို မေ့သွားတတ်တယ်။

အဲဒါကြောင့်
ဘယ်သူကိုမှ မစွန့်ခွာချင်လည်း
ကိုယ့်ကို မလိုအပ်တော့တဲ့သူတွေကို
မထိန်းထားသင့်ပါဘူး။

တစ်ချို့ဆက်ဆံရေးတွေက
အဆုံးသတ်သင့်တဲ့အချိန်မှာ အဆုံးသတ်ရပါမယ်။

မဟုတ်ရင်
အဲ့ဒီဆက်ဆံရေးက
ကိုယ့်စိတ်ဓာတ်ကို ဖျက်စီးတတ်ပါတယ်။

ကိုယ့်ကို အမြဲစိတ်ပင်ပန်းစေတဲ့သူ
ကိုယ့်တန်ဖိုးကို မမြင်တဲ့သူ
ကိုယ့်အပေါ် မရိုးသားတဲ့သူ
အဲဒီလိုလူတွေကို ချစ်နေတယ်ဆိုတာ
ကိုယ့်ကိုယ်ကို မချစ်တာနဲ့ တူပါတယ်။

တစ်ခါတလေ
လက်လွှတ်ခြင်းဟာ အရှုံးမဟုတ်ဘူး
ကယ်တင်ခြင်းတစ်ခုပါ။

သူတို့ကို လွှတ်လိုက်တာဟာ
ကိုယ့်ဘဝကို လွတ်လပ်စေခြင်းပါ။

ကိုယ့်ကို မလိုတဲ့နေရာမှာ
အမြဲအရေးပါတာ မဖြစ်နိုင်ပါဘူး။

ဒါပေမယ့်
ကိုယ့်ကို တန်ဖိုးထားမယ့်နေရာတွေမှာ
ကိုယ်ဟာ အဖိုးတန်လူတစ်ယောက်ဖြစ်နေတတ်ပါတယ်။

လူတစ်ယောက် ထွက်သွားတာကြောင့်
ဘဝမပြီးသေးပါဘူး။

တကယ်တော့
မသင့်တော်တဲ့လူတစ်ယောက် ထွက်သွားတာဟာ
သင့်တော်တဲ့အရာတွေ ဝင်လာဖို့ နေရာလွတ်ပေးတာပါ။

ကိုယ့်ဘဝကို ပိုကောင်းအောင်လုပ်ချင်ရင်
ကိုယ့်ပတ်ဝန်းကျင်ကို ရွေးချယ်တတ်ရမယ်။

မလိုအပ်တော့တဲ့သူတွေကို
တိတ်တိတ်လေး ဝေးသွားခြင်းဟာ
အရမ်းတန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။

မလိုတဲ့နေရာမှာ
နေတတ်တာမဟုတ်ပဲ
ထွက်သွားတတ်တာက ပိုအရေးကြီးတယ်။

နောက်ဆုံးမှာတော့
ကိုယ့်အတွက်အရေးကြီးဆုံးက
“ကိုယ့်စိတ်အေးချမ်းမှု” ပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုမလိုတဲ့သူတွေနဲ့ ဝေးသွားလိုက်ပါ…
သင့်ကိုတန်ဖိုးထားမယ့်ဘဝက သင့်ကိုစောင့်နေပါတယ်။

လူရယ်လို့ ဖြစ်လာရင်ကိုယ့်ကိုအားကျတဲ့လူရှိသလိုအမြင်ကပ်တဲ့လူလည်းရှိမယ်ကိုယ့်ကိုမနာလိုတဲ့လူရှိသလိုအထင်သေးတဲ့လူလည်းရှိမယ်ဒါဖ...
21/02/2026

လူရယ်လို့ ဖြစ်လာရင်
ကိုယ့်ကိုအားကျတဲ့လူရှိသလို
အမြင်ကပ်တဲ့လူလည်းရှိမယ်

ကိုယ့်ကိုမနာလိုတဲ့လူရှိသလို
အထင်သေးတဲ့လူလည်းရှိမယ်
ဒါဖြစ်လေ့ဖြစ်ထသဘာဝပါ

ကိုယ်ဘယ်လောက်ပဲကောင်းအောင်
လုပ်လုပ် ဘယ်လောက်ပဲ အနစ်နာ
ခံကြိုးစားကြိုးစား လူတိုင်းကိုကျေနပ်
အောင်တော့ မစွမ်းဆောင်နိုင်ပါဘူး

ဒါကြောင့်မို့လို့သူများအကြိုက်ကိုဆောင်ဖို့
ကိုယ့်ရဲ့ပင်ကိုတန်ဖိုးကို အထိခိုက်မခံပါနဲ့
ကိုယ့်ခံယူချက်အပေါ်ကိုယ်ကာကွယ်သင့်ပါတယ်

သိထားဖို့က သူများပါးစပ်ဖျားပေါ်က "ကိုယ်"
ဟာ ကောင်းသည်ဖြစ်စေ မကောင်းသည်
ဖြစ်စေ ကိုယ်အစစ်မှန် မဟုတ်ပါဘူး

လူဆိုတာ...
မျက်စိချင်းတူသော်ငြားလည်း
အမြင်ချင်းမတူဘူး

နားပေါက်ချင်းတူသော်ငြားလည်း
ကြားပုံချင်းမတူပါဘူး

ပါးစပ်ချင်းတူသော်ငြားလည်း
ပြောပုံဆိုပုံချင်းမတူပါဘူး

ဦးနှောက်ချင်းတူသော်ငြားလည်း
အယူအဆချင်း မတူနိုင်ပါဘူး

လူချင်းတူသော်ငြားလည်း အသက်ရှင်
နေထိုင်ပုံချင်း မတူပါဘူး...
ဒီအတွက်ကြောင့်
ကိုယ်ဘယ်လောက်ပဲထူးချွန်ထူးချွန်
နားလည်တဲ့ သူတွေနဲ့ တွေ့ဦးမှ...

ကိုယ်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ...

ကိုယ်ဘယ်လောက်ပဲ ရိုးသားရိုးသား
သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ...

ကိုယ်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ
တန်ဖိုးထား တတ်တဲ့ လူနဲ့ ကြုံဦးမှ...

နောက်ဆုံးတော့...
သိတာလည်း အားလုံးမပြောနဲ့
မြင်တာလည်း အားလုံးမယုံနဲ့
များများလုပ် နည်းနည်းပြော
ကိုယ်လုပ်စရာရှိတာကိုပဲ အကောင်းဆုံးလုပ်သွားပါ...

လောကမှာ သည်းခံခြင်းဟာမွန်မြတ်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပေမဲ့၊ အတိုင်းအတာတစ်ခု ထက်ကျော်လွန်သွားတဲ့အခါမှာတော့ ကိုယ့်ရဲ့ "သည်...
21/01/2026

လောကမှာ သည်းခံခြင်းဟာ
မွန်မြတ်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပေမဲ့၊ အတိုင်းအတာတစ်ခု ထက်ကျော်လွန်သွားတဲ့အခါမှာတော့ ကိုယ့်ရဲ့ "သည်းခံမှု" ဟာ တစ်ဖက်လူအတွက် "အခွင့်အရေး" ဖြစ်သွားတတ်ပါတယ်။

လူအများစုဟာ ကိုယ့်အပေါ် အမြဲအလျှော့ပေး၊ အမြဲငြိမ်ခံနေတဲ့သူကို စိတ်သဘောထားကောင်းတယ်လို့ မြင်မယ့်အစား "ဘာလုပ်လုပ်ရတယ်" ဆိုတဲ့ အားနည်းသူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြတာက ပိုများပါတယ်။

ကိုယ်က နားလည်ပေးခြင်းနဲ့ သည်းခံနေတာကို တစ်ဖက်လူက အနိုင်ယူလို့ရတယ်လို့ ထင်မြင်သွားတဲ့အခါမှာတော့ "လေးစားမှု (Respect)" ဆိုတာ ပျောက်ဆုံးသွားပါတော့တယ်။

ဒါကြောင့် ကိုယ့်ရဲ့ စိတ်ဓာတ်ကျန်းမာရေးနဲ့ ကိုယ့်တန်ဖိုးကို ထိန်းသိမ်းဖို့အတွက်-
• ဘယ်အချက်တွေကို လက်မခံနိုင်ဘူးလဲဆိုတဲ့ "စည်း (Boundary)" တစ်ခု ရှိပါစေ။

• မတရားမှုကို ငြိမ်ခံနေတာထက် ယဉ်ကျေးစွာနဲ့ "မဟုတ်ဘူး/မကြိုက်ဘူး" လို့ ပြောတတ်ပါစေ။
• ကိုယ့်ကိုယ်ကိုယ် အရင်လေးစားပါ။ ဒါမှသာ တစ်ဖက်လူကလည်း သင့်ကို လေးစားလာမှာဖြစ်ပါတယ်။

"တန်ဖိုးရှိတဲ့ သည်းခံခြင်းဆိုတာ အတိုင်းအတာတစ်ခု ရှိရသလို၊ မှန်ကန်တဲ့ နေရာမှာပဲ သုံးသင့်ပါတယ်။"

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959798630255

Website

Alerts

Be the first to know and let us send you an email when ရှင်ငြိမ်း Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရှင်ငြိမ်း Online Shopping:

Shortcuts

Share