Taung Kyaw_တောင်ကျော်

Taung Kyaw_တောင်ကျော် “Taung Kyaw” tea is the best well-known for its sweet, earthy and strong taste.
✅ Born from the hand

ဆောက်လုပ်ရေး လုပ်ငန်းတေနဲ့ ပတ်သက်ပြီး၍လည်း ယခု Urbanus Design & Construction  ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ် ခင်ဗ...
18/08/2024

ဆောက်လုပ်ရေး လုပ်ငန်းတေနဲ့ ပတ်သက်ပြီး၍လည်း ယခု Urbanus Design & Construction ကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ် ခင်ဗျာ...

အသိတရားရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ကို...ဇနီးသည်ရဲ့ရုပ်ရည်နဲ့ ချုပ်စရာမလိုသလို ....သားသမီးသံယောဇဉ်နဲ့လည်း ချုပ်ထားစရာမလ...
03/06/2024

အသိတရားရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ကို...
ဇနီးသည်ရဲ့ရုပ်ရည်နဲ့ ချုပ်စရာမလိုသလို ....
သားသမီးသံယောဇဉ်နဲ့လည်း ချုပ်ထားစရာမလိုပါဘူး....

တစ်ကယ်ဆို ....
မိသားစုတစ်ခုကို ဖန်တီးခဲ့ပြီးမှ...
ကိုယ်ဖန်တီးထားတဲ့ဘဝကို...
အကောင်းဆုံး ပုံဖော်ချင်တဲ့စိတ်လည်း ရှိနေသင့်ပါတယ်....

တချို့ အိမ်ထောင်ဦးစီးတွေက သူတို့ကြွားဝါဖို့ သူ့စိတ် မာန်မာနတွေအတွက်ပဲ ပစ္ဓည်းတွေကိုဝယ်ကြတယ်.....

အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့.... မိသားစုထက်..
တစ်ခြားအရာတွေကို ဦးစားပေး အလေးထားပြီး....

မိသားစုဆိုတာ အရေးမပါဘူးလို့ ခံယူလိုက်တဲ့အခါ....
သူကိုယ်တိုင်လည်း မိသားစုရဲ့ အရေးမပါသူဖြစ်သွားမှာပါ....

မိသားစုတစ်စုရဲ့ စိတ်ချမ်းသာမှု့ဟာ....
အိမ်ထောင်ဦးစီးကောင်း တစ်ဦးရဲ့ ဖန်တီးနိုင်မှု့အနုပညာပါ .....

ကမ္ဘာမှာ နိုင်ငံအမျိုးအစား ၃ ခုရှိတယ်။- ပထမနိုင်ငံ- ဒုတိယနိုင်ငံ- တတိယနိုင်ငံတတိယနိုင်ငံဆိုတာ ဆင်းရဲတဲ့နိုင်ငံတွေ။ဥပမာ -...
25/02/2024

ကမ္ဘာမှာ နိုင်ငံအမျိုးအစား ၃ ခုရှိတယ်။
- ပထမနိုင်ငံ
- ဒုတိယနိုင်ငံ
- တတိယနိုင်ငံ

တတိယနိုင်ငံဆိုတာ ဆင်းရဲတဲ့နိုင်ငံတွေ။
ဥပမာ - မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ ကင်မရွန်း၊
စတဲ့ နိုင်ငံတွေ။

ဒုတိယနိုင်ငံတွေက ဖွံ့ဖြိုးဆဲ နိုင်ငံတွေ။
ဥပမာ - ထိုင်း၊ စင်္ကာပူ၊ ကာတာ၊ South Africa
စတဲ့ နိုင်ငံတွေ။

ပထမနိုင်ငံတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေ။
ဥပမာ - အမေရိကန်၊ ဂျာမဏီ၊ အင်္ဂလန်၊ တရုတ်
စတဲ့ နိုင်ငံတွေ။

နိုင်ငံအနေအထားပေါ်မူတည်ပြီး နိုင်ငံသားတွေရဲ့
အတွေးအခေါ် မတူတော့ဘူး။

တတိယနိုင်ငံက မိဘတွေက သူတို့ကလေးတွေကို
ပညာတတ် ဖြစ်ချင်ကြတယ်။
ဒုတိယနိုင်ငံက မိဘတွေက သူတို့ကလေးတွေကို
ပညာရှင် ဖြစ်ချင်ကြတယ်။
ပထမနိုင်ငံက မိဘတွေက သူတို့ကလေးတွေကို
Everything Freedom ဖြစ်ချင်ကြတယ်။

တကယ်တော့ ပညာတတ်ဖြစ်ရင် အလုပ်သမားပဲ
ဖြစ်လိမ့်မယ်။
ဒိထက်ပိုဖြစ်ချင်ရင် အရမ်းကြိုးစားရတယ်။
ပညာတတ်သူတွေရဲ့စိတ်ထဲမှာ ငါပညာတတ်ပဲ
ဆိုပြီး confort zone မှာပဲ နေတတ်ကြတယ်။

ပညာရှင်ကတော့ comfort zone မှာ မနေကြဘူး။
အများစုက ပညာတတ် မဟုတ်ကြဘူး။
အလုပ်သမားတွေလည်း ရှိတယ်။
ကိုယ်အလုပ်ကိုယ်လုပ်သူလည်း ရှိကြတယ်။

Everything Freedom လူတွေကတော့ ဥစ္စာ၊ ဓန၊
ပညာ စတာတွေကို သိပ်ဂရုမစိုက်တော့ဘူး။
ရလာတဲ့ ဘဝ Life Time မှာ လုပ်ချင်တာတွေလုပ်
သွားချင်တဲ့နေရာတွေသွား အဖော်အပေါင်းများများ
ရှာရင်း နေထိုင်သွားကြတယ်။

တချို့တွေက တတိယနိုင်ငံတွေမှာ နေထိုင်ပေမယ့်
ပထမနိုင်ငံရဲ့ အသိဉာဏ်ရှိကြတယ်။
တချို့ကျတော့လည်း ပထမနိုင်ငံတွေမှာ ရှိနေပေမယ့်
တတိယနိုင်ငံသားရဲ့ အသိဉာဏ်လောက်ပဲ ရှိကြတယ်။

*** စင်္ကာပူ - ပထမနိုင်ငံ ***
ခုတော့ကော ကျုပ်တို့က ဘယ်နိုင်ငံလည်းဗျာ့...

ပြည်သိုလပြည့်နေ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး အမေ့မေတ္တာနဲ့တည်ဆောက်ထားတဲ့ မိသားစုနဲ့အတူ ကျန်းမာပျော်ရ...
25/01/2024

ပြည်သိုလပြည့်နေ့ အမေများနေ့မှာ

ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး အမေ့မေတ္တာနဲ့တည်ဆောက်ထားတဲ့ မိသားစုနဲ့အတူ ကျန်းမာပျော်ရွှင်အသက်ရှည် ကြပါစေလို့

တောင်ကျော်လက်ဖက်ခြောက်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

ခပ်သော့သော့လေး မြူးတဲ့မြောက်လေရဲ့ အေးမြမှုတွေကြားက နွေးထွေးမှုလေးက ရေနွေးကြမ်းပူပူလေးတစ်ခွက်ပေါ့…🍵🍵ဒီအချိန်ဆို ရှမ်းပြည်...
16/11/2023

ခပ်သော့သော့လေး မြူးတဲ့မြောက်လေရဲ့ အေးမြမှုတွေကြားက နွေးထွေးမှုလေးက ရေနွေးကြမ်းပူပူလေးတစ်ခွက်ပေါ့…🍵🍵

ဒီအချိန်ဆို ရှမ်းပြည်ရဲ့ နံနက်ခင်းတွေမှာ ချမ်းစိမ့်စိမ့်လေး ဖြစ်နေပြီ…🍃🍃

နွေးနွေးထွေးထွေးလေး ဖြစ်စေဖို့ ရေနွေးကြမ်းပူပူလေးကို မှုတ်သောက်ရတာဟာ အရသာတစ်ခုပဲလို့ ဆိုရမှာပါ... 🥰🥰

လှော်နံ့လေး သင်းနေတဲ့ တောင်ကျော် လက်ဖက်ခြောက်🍃နဲ့ဆိုရင်တော့ ရေနွေးကြမ်းရဲ့ အရသာဟာ Prefect ပေါ့။

အရည်အသွေးမြင့် အချိုခြောက်၊ လက်ဖက်ခြောက်တွေကို မြန်မာတစ်နိုင်ငံလုံးကို လက်လီ၊ လက်ကား ဖြန့်ဖြူးပေးနေပါတယ်။
Page message box မှ ဖြစ်စေ
📱 09 2033592, 09 402657890
☎️ 02 4024159, 02 4035628 တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။
#တောင်ကျော် #အချိုခြောက် #အဖန်ခြောက် #ရွှေဖီဦး
#ရေနွေးကြမ်း #လက်ဖက်ခြောက်

လက်ဖက်ရည်သောက်မယ်ဟေ့… ☕☕လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး လက်ဖက်ရည်သောက်၊ စကားပြော၊ ငြင်းကြခုံကြနဲ့ ပျော်စရ...
07/11/2023

လက်ဖက်ရည်သောက်မယ်ဟေ့… ☕☕

လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး လက်ဖက်ရည်သောက်၊ စကားပြော၊ ငြင်းကြခုံကြနဲ့ ပျော်စရာ အချိန်တွေဟာ ချိုမြိန်တဲ့ Tea Time☕ အချိန်တွေပေါ့။

ဘော်ဒါတွေနဲ့ ခရီးသွားရင်ပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင် မရောက်ဖြစ်တဲ့အခါမှာလည်း Tea Time feeling ကို အပြည့်အဝ ခံစားနိုင်ဖို့ တောင်ကျော်🍃 လက်ဖက်အချိုခြောက် ရှိနေဖို့ပဲ လိုပါတယ်။

အရည်အသွေးမြင့် အချိုခြောက်၊ လက်ဖက်ခြောက်တွေကို မြန်မာတစ်နိုင်ငံလုံးကို လက်လီ၊ လက်ကား ဖြန့်ဖြူးပေးနေပါတယ်။
Page message box မှ ဖြစ်စေ
📱 09 2033592, 09 402657890
☎️ 02 4024159, 02 4035628 တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

#တောင်ကျော် #အချိုခြောက် #အဖန်ခြောက် #ရွှေဖီဦး
#ရေနွေးကြမ်း #လက်ဖက်ခြောက်

🎆🎇✨ "မြန်မာနိုင်ငံရဲ့ ပထမဆုံး လက်ဖက်စိုက်ခဲ့တဲ့ ဒေသကို ခန့်မှန်းပြီး သီတင်းကျွတ် ဖုန်းဘေ လက်ဆောင်ယူကြမယ်" ဆိုတဲ့  ဉာဏ်စမ...
31/10/2023

🎆🎇✨ "မြန်မာနိုင်ငံရဲ့ ပထမဆုံး လက်ဖက်စိုက်ခဲ့တဲ့ ဒေသကို ခန့်မှန်းပြီး သီတင်းကျွတ် ဖုန်းဘေ လက်ဆောင်ယူကြမယ်" ဆိုတဲ့ ဉာဏ်စမ်းမေးခွန်းလေးရဲ့ ကံထူးရှင်တွေ ထွက်ပေါ်လာခဲ့ပါပြီ... 🎆🎇✨

ဒီမေးခွန်းလေးရဲ့ အဖြေကတော့ ( C ) ပလောင်ဒေသ၊ နမ့်ဆန် ပဲ ဖြစ်ပါတယ်။

ပါဝင်ဖြေဆိုသူတွေနဲ့ အဖြေမှန်သူတွေ အများကြီးတွေ့ရလို့ တောင်ကျော်🍃က ဝမ်းသာအားရှိရပါတယ်ရှင့်...🤩🤩

အဲဒီအဖြေမှန်သူတွေ များစွာထဲကမှ ကံထူးရှင် ၅ ယောက်ကို Random ရွေးချယ်ထားပါတယ်။

ကဲ... ကံထူးသူ အကောင့်ပိုင်ရှင်တို့ရေ ဒီပိုစ့်လေးကို screenshot ရိုက်ပြီး Page cb မှာ Ph no လေးတွေ ပေးခဲ့ပါဦးနော်။ ကိုယ်နဲ့ သိတဲ့သူက ကံထူးရှင်တွေထဲမှာ ပါဝင်နေရင်လည်း comment မှာ mention ခဲ့ပါဦး... 🥰🥰

ဒီတစ်ခေါက်မှာ ကံမထူးခဲ့သူတွေလည်း နောက်တစ်ခေါက် အစီအစဉ်တွေမှာ ကံထူးကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်... 🙏🙏🙏

အရည်အသွေးမြင့် အချိုခြောက်၊ လက်ဖက်ခြောက်တွေကို မြန်မာတစ်နိုင်ငံလုံးကို လက်လီ၊ လက်ကား ဖြန့်ဖြူးပေးနေပါတယ်။

📱 09 2033592, 09 402657890
☎️ 02 4024159, 02 4035628
#တောင်ကျော် #အချိုခြောက် #အဖန်ခြောက် #ရွှေဖီဦး
#ရေနွေးကြမ်း #လက်ဖက်ခြောက်

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) မှာ ရဟန်းရှင်လူ၊ မိ...
31/10/2023

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) မှာ ရဟန်းရှင်လူ၊ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှလုံးရွှင်ပြုံးဝမ်းသာ ရှိကြပါစေကြောင်း တောင်ကျော် မိသားစုမှ ဆန္ဒပြုတောင်းဆုခြွေလိုက်ပါတယ်ခင်ဗျာ။🙏🙏🙏

မြန်မာနိုင်ငံရဲ့ ပထမဆုံး လက်ဖက်စိုက်ခဲ့တဲ့ ဒေသကို ခန့်မှန်းပြီး သီတင်းကျွတ် ဖုန်းဘေ လက်ဆောင်ယူကြမယ်... ✨✨✨🎇🎆မြန်မာနိုင်င...
18/10/2023

မြန်မာနိုင်ငံရဲ့ ပထမဆုံး လက်ဖက်စိုက်ခဲ့တဲ့ ဒေသကို ခန့်မှန်းပြီး သီတင်းကျွတ် ဖုန်းဘေ လက်ဆောင်ယူကြမယ်... ✨✨✨🎇🎆

မြန်မာနိုင်ငံရဲ့ လက်ဖက် ရာဇဝင်လေး တစ်ခုမှာ ပုဂံခေတ် အချိန်ကာလတုန်းက အလောင်းစည်သူမင်းကြီးဟာ တိုင်းခန်းလှည့်လည်ရင်း ရှမ်းပြည်ရောက်တဲ့အခါမှာတော့ အခုဖော်ပြထားတဲ့ ဒေသ (၃) ခု

(A) တောင်ကြီး
(B) နမ့်ခမ်း
(C) ပလောင်ဒေသ နမ့်ဆန်

မှာ လက်ဖက်မျိုးစေ့တွေ ချီးမြှင့်ပေးခဲ့ပါတယ်တဲ့။

ဘယ်ဒေသလေးဖြစ်မလဲ... 🤔

✨ဒီ Post ကို Like and Share လုပ်ပြီး Share ထားတဲ့ screenshot နဲ့အတူ အဖြေမှန်လေးကို comment မှာ ရေးခဲ့ပါဦးနော်... 🤗🤗

အဖြေမှန်သူတွေထဲကမှ ကံထူးရှင် ၅ ဦး ကို အောက်တိုဘာလ လကုန်မှာ ဖော်ပြပြီး သီတင်းကျွတ်မုန့်ဖိုး အနေနဲ့ ဖုန်းဘေ ၃၀၀၀ စီ ထည့်ပေးသွားမှာ ဖြစ်ပါတယ်... 🥰🥰🥰

ကဲ... အဖြေကို မြန်မြန်လေးနဲ့ မှန်မှန်လေးရွေးပြီး ဖုန်းဘေကံထူးကြရအောင်.. 🤩🤩🤩

Page လေးကိုလည်း Like and follow လုပ်ထားဦးနော်။
ဒါမှ လကုန်လို့ မဲဖောက်တဲ့အခါ အရင်ဆုံးသိမှာပေါ့... 😘😘😘

#တောင်ကျော် #လက်ဖက်အချိုခြောက် #အချိုခြောက် #ဆိုင်ဖျော်

အမှတ်တရတွေနဲ့ လက်ဖက်ရည် 🍃🍃🍃ငယ်ဘဝ အမှတ်ရတွေထဲမှာ အဖေရဲ့ လက်ကို ဆွဲပြီး လက်ဖက်ရည်ဆိုင် သွားခဲ့တာကလည်း အချိုမြိန်ဆုံး အမှတ်...
10/10/2023

အမှတ်တရတွေနဲ့ လက်ဖက်ရည် 🍃🍃🍃

ငယ်ဘဝ အမှတ်ရတွေထဲမှာ အဖေရဲ့ လက်ကို ဆွဲပြီး လက်ဖက်ရည်ဆိုင် သွားခဲ့တာကလည်း အချိုမြိန်ဆုံး အမှတ်တရလေး တစ်ခုပေါ့။ လက်ဖက်ရည်ခွက် အောက်ခံပန်းကန်လေးထဲ အဖေထည့်ပေးတဲ့ လက်ဖက်ရည်ဟာ မေတ္တာတွေ ပါဝင်နေခဲ့တာကို အသက်ကြီးမှ သိလာခဲ့ရတယ်။

ဘဝရဲ့ အစိတ်အပိုင်းနဲ့ အမှတ်တရ များစွာမှာ လက်ဖက်ရည်ဟာ ထောင့်တစ်နေရာရာက ပါဝင်နေခဲ့တယ်။ ဆယ်ကျော်သက် အရွယ်ရောက်တော့ သူငယ်ချင်းတွေ ဆုံကြဖို့ ချိန်းတဲ့နေရာဟာ လက်ဖက်ရည်ဆိုင် ဖြစ်လာတယ်။ လက်ဖက်ရည်ဆိုင်မှာ အသည်းကွဲလာတဲ့ သူငယ်ချင်းကို အားပေးခဲ့ရသလို လက်ဖက်ရည်ဆိုင်မှာပဲ သူငယ်ချင်း အသစ်တွေ တိုးလာတယ်။ အသက် ၂၅ နှစ်ပြည့်သွားလို့လည်း လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ငိုင်နေခဲ့ဖူးတယ်။ အမှတ်တရဆိုရင် လက်ဖက်ရည်ဆိုင်မှာရှိတဲ့ TV က လာနေတဲ့ ဘောလုံးပွဲကို သူငယ်ချင်တွေ အုပ်လိုက်အော်ဟစ် အားပေးခဲ့တာဟာလည်း မမေ့နိုင်စရာ အမှတ်တရ တစ်ခုပေါ့။

သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် ဆိုသလို အရွယ်ရောက်လို့ ကြင်သူနဲ့ အိမ်ထောင်ပြုခဲ့ချိန်မှာလည်း လက်ဖက်ရည်ဝိုင်းတွေဟာ အစီအရီနေရာယူခဲ့တယ်။ အသက်အရွယ်တွေရ အိမ်ထောင်တွေကျပြီး သူငယ်ချင်းတွေ တစ်ယောက်တစ်နေရာစီ ပြောင်းသွားကြပေမယ့် လက်ဖက်ရည်ကတော့ အနားမှာ အမြဲရှိနေခဲ့တယ်။ လူကြီးအရွယ် ရောက်လာတော့လည်း သတင်းလေးတွေ နားစွန့်ရင်း လက်ဖက်ရည်ဆိုင်မှာ သတင်းစာဖတ်တတ်လာတာပါပဲ။

ပြက္ခဒိန်စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ကုန်ဆုံးသွားတယ်။ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေ ဝေလာတယ်။ နှစ်တွေ အလီလီပြောင်းသွားခဲ့ပေမယ့် လက်ဖက်ရည်ကတော့ အမှတ်တရတွေ အားလုံးကို သိမ်းပိုက်ထားဆဲပါပဲ။

လမ်းဆုံ၊ လမ်းမကြီးဘေးနဲ့ လမ်းသွယ်တွေမှာ လက်ဖက်ရည်ဆိုင်လေးတွေ ရှိတတ်တယ်။ လက်ဖက်ရည်ဆိုင်ဟာ TV က လာနေတဲ့ ဘောလုံးပွဲကို "ဟေး"ခနဲ "ဝါး"ခနဲ အားပေးခဲ့ကြတဲ့ နေရာဖြစ်ခဲ့သလို အတင်းအဖျင်းလေးနဲ့ သတင်းပေါင်းစုံ ပြောခဲ့ကြတဲ့ နေရာလည်းဖြစ်ခဲ့တယ်။ လက်ဖက်ရည်ဆိုင်မှာ အရောင်းအဝယ်တွေ အလုပ်ဖြစ်ခဲ့ကြသလို လူငယ်တွေရဲ့ အသည်းကွဲ ဒဏ်ရာကို ကုစားခဲ့တဲ့ နေရာလည်း ဖြစ်ခဲ့တယ်။ လက်ဖက်ရည်နဲ့ အမှတ်တရထဲမှာ ခင်မင်ရင်းနှီးမှုတွေ၊ ဂရုစိုက်မှုနဲ့ ချစ်ခြင်း ရနံ့တွေဟာ သင်းထုံရစ်နေခဲ့ တယ်။
#တောင်ကျော် #လက်ဖက်အချိုခြောက် #အချိုခြောက် #ဆိုင်ဖျော်

လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှုတွေ ရှိလာရင် ခဏနားပြီး Green Tea တစ်ခွက်သောက်ပါ 🍵🍵🍃အလုပ်တွေကြောင့် စိတ်ဖိစီးမှုတွေများပြီး...
05/10/2023

လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှုတွေ ရှိလာရင် ခဏနားပြီး Green Tea တစ်ခွက်သောက်ပါ 🍵🍵🍃

အလုပ်တွေကြောင့် စိတ်ဖိစီးမှုတွေများပြီး မွန်းကြပ်လာပြီဆိုရင် တောင်ကျော်ရဲ့ Green Tea🍃 က Stress တွေ ဝေးဝေးပြေးစေဖို့ ကူညီပေးနိုင်မှာပါ။

Green Tea 🍃 ဟာ အရသာကောင်းတဲ့အပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များစွာပါဝင်တာကြောင့် ပုံမှန်သောက်ပေးမယ်ဆိုရင် Stress တွေကို တိုက်ထုတ်ပေးနိုင်ပြီး စိတ်ကြည်လင် လန်းဆန်းစေပါတယ်... ✨✨✨

ဒါကြောင့် Stress တွေ များလာတဲ့အခါ ပြေလျော့စေဖို့ တောင်ကျော်ရဲ့ Green Tea ကို အမြဲဆောင်ထားဖို့ မမေ့နဲ့နော်... 🍃🍃

အရည်အသွေးမြင့် အချိုခြောက်၊ လက်ဖက်ခြောက်တွေကို မြန်မာတစ်နိုင်ငံလုံးကို လက်လီ၊ လက်ကား ဖြန့်ဖြူးပေးနေပါတယ်။
Page message box မှ ဖြစ်စေ
📱 09 2033592, 09 402657890
☎️ 02 4024159, 02 4035628 တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။
#တောင်ကျော် #အချိုခြောက် #အဖန်ခြောက် #ရွှေဖီဦး
#ရေနွေးကြမ်း #လက်ဖက်ခြောက်

Address

No. 18, 24th Street, Between 80th & 81st Street
Mandalay
05012

Telephone

+959402657890

Website

Alerts

Be the first to know and let us send you an email when Taung Kyaw_တောင်ကျော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category