06/10/2026
Plant derived milk တွေထဲက ရနိုင်တာတွေပါရှင့်
•••••••••••••••••••
‘Plant-based diet’
နောက်ပိုင်း ခေတ်စားလာတဲ့ အထဲမှာ Plant-based diet တွေလည်း ပါပါတယ်နော်
အဲ့တာကြောင့် Plant-based dietအကြောင်း မင်မင်ဖတ်ထားသမျှလေး ပြန်လည်ဝေမျှပေးလိုက်ပါတယ်
ဒါလေးဖတ်ပြီး စိတ်ဝင်စားတယ်ဆို Nyoတို့pageလေးမှာ 100%vegan foodတွေ instockထားရောင်းပေးပါတယ်ရှင့်🤎
•Plant-based dietဆိုတာ ဘာလဲ?
Plant source ကရတဲ့ အစားအသောက်တွေ
အသီးအနှံ၊အသီးအရွက်၊ဂျုံကြမ်းဆန်ကြမ်း(whole grains)၊ပဲ၊ပြောင်း၊အစေ့အဆံ၊ပဲပိစပ်ကနေရတဲ့ အစားအသောက်တွေကို ဆိုလိုပါတယ်
•Plant-based dietကို ဘယ်သူတွေစားကြလဲ?
Flexitarian or semi-vegetarian
-အသား၊ငါး နည်းနည်းတော့စားတယ် အဓိက အသီးအရွက်စားတာများတဲ့သူ
Pescatarian
-ခြေလေးချောင်း၊ခြေနှစ်ချောင်း ဘာမှမစားဘူး ငါးတစ်မျိုးပဲစားတယ် အသီးအရွက်စားတဲ့သူ
Vegetarian
-အသား၊ငါး လုံးဝမစားဘူး
နို့နဲ့နို့ထွက်ပစ္စည်း၊ကြက်ဥတော့စားပြီး အသီးအရွက်စားတဲ့သူ
Vegan
-အသား၊ငါး၊နို့၊ကြက်ဥ၊ပျားရည် စသဖြင့် animal-derived products တွေ လုံးဝမစားပဲ အသီးအရွက်စားတဲ့သူ
ဒီအမျိုးအစားတွေ ရှိပါတယ်
•Plant-based diet တွေစားရင် ဝိတ်ကျမှာလား?
လေ့လာချက်တွေအရ Veganတွေ Vegetarian တွေ semi-vegetarian တွေက တခြားသူတွေထက် BMI နည်းတတ်ပါတယ် လို့ ပြောကြပါတယ်
Vegetarian foodတွေက fiberများတယ် အဆီနည်းတယ် ဆိုတဲ့ အချက်တွေကြောင့်လည်း ဖြစ်ဖို့များပါတယ်
•Plant-based dietတွေက ကျန်းမာရေးနဲ့ညီညွတ်လား?
တစ်နေ့တာလိုအပ်တဲ့ အာဟာရကို ပေးနိုင်တဲ့
Well-balanced plant-based dietကိုသာ စွဲသုံးမယ်ဆို BMI ကျလာမယ်၊Cholesterol ကျမယ်
ကောင်းကျိုးအနေနဲ့ သွေးတိုး၊ဆီးချို၊နှလုံးရောဂါနဲ့ တချို့သော ကင်ဆာရောဂါတွေကိုပါ ကာကွယ်ပေးနိုင်မှာဖြစ်တယ်
•Plant-based dietစားရင် ဆိုးကျိုးတွေ မရှိဘူးလား?
Plant-derived dietတွေက တချို့သော အာဟာရဓာတ်လိုအပ်ချက်တွေ ရှိနိုင်ပါတယ်
ဥပမာ-အသားဓာတ်နည်းတာ၊calcium၊Vitamin D၊B12၊Omega-3 fatty acids
ဒါပေမယ့် နောက်ပိုင်း readymade plant-derived food(cereals,plant milks,spreads&jam)တွေထဲမှာ
Fortified လုပ်ပြီး အာဟာရဓာတ်ပြည့်ဝအောင် ထည့်ပေးလာကြပါတယ်
•Plant-based dietတွေ စtryချင်တယ်ဆို ဘယ်လိုစရမလဲ?
စပြီး dietကိုပြောင်းမယ်ဆို လုံးဝကြီး ပြောင်းပစ်တာထက် တစ်ရက်မှာ ၃နပ်စားမယ်ဆို ၂နပ်လောက်စားကြည့်၊ တစ်ပတ်မှာ 2-3ရက် စစားကြည့်မယ်ဆို ပိုအဆင်ပြေပါတယ်
ပြီးတော့ အပေါ်မှာဖော်ပြထားတဲ့ အာဟာရဓာတ်တွေ ပြည့်မှီအောင် စားသောက်ဖို့ လိုအပ်ပါတယ်