My Crush Cake & Cool

My Crush Cake & Cool Cake & Cool

06/12/2022
29/09/2022

🍰🍰🍰ချီဖွန်ကိတ်ပြုလုပ်ရာတွင်သတိထားရမည့်အချက်များ
🥣ချီဖွန်ကိတ်အတွက်အသုံးပြုသည့်ကြက်ဥက အခန်းအပူချိန် ဖြစ်ရပါမည်။ရေခဲသေတာထဲထည့်ထားသည့်ကြက်ဥက အကာ၊အနှစ်ခွဲရတာလွယ်တယ်ဆိုပေမယ့်ကြက်ဥအကာလိုသလောက်မတောင့်နိုင်တဲ့အတွက် အသုံးမပြုသင့်ပါ။အကာ၊အနှစ်ခွဲရတာ လွယ်ချင်တယ်ဆိုရင်တော့ ရေခဲသေတာထဲက ထုတ်ခါစကြက်ဥကို အကာ၊အနှစ်ခွဲပြီးအခန်းအပူချိန်ဖြစ်မှကြက်ဥအကာရိုက်ပေးပါ။
🥣ကြက်ဥအကာရိုက်သည့်ခွက်ကစတီးခွက်သုံးတာအကောင်းဆုံးပါ။အသုံးပြုသည့်ခွက် ၊mixerတွင်ဆီ၊ရေ၊အမူန်မရှိရပါ။
🥣ကြက်ဥအကာရိုက်ရာတွင်အရှိန်ပြင်းပြင်းဖြင့်မရိုက်ရပါ။အလယ်လတ်နူန်းဖြင့်သာရိုက်ပေးရပါမည်။
🥣နောက်တချက်ကတတ်နိုင်သလောက်သကြားကိုနုတာသုံးပေးရပါမယ်သကြားကြမ်းရင်ချီဖွန်ကိတ်ကြမ်းနိုင်လို့ပါ။
🥣ချီဖွန်ကိတ်အများစုကအပူချိန်150/160သာပေးရပါတယ်။အပူချိန်အမှန်သိအောင်Oven သာမိုမီတာကိုသုံးပေးပါ။
🥣မုန့်မကျတ်ခင်Ovenတံခါးကိုဖွင့်လိုက်ပိတ်လိုက်မလုပ်ရပါ။
🍰ကြက်ဥအကာရိုက်ရာတွင်အမွှေမလွန်ရပါ(Soft Peak)ဖြစ်လျှင်ရပ်ရပါမည်။အမွှေလွန်ရင်အမြှပ်ကပွစိကြီးဖြစ်ပြီးကိတ်သားမကောင်းဖြစ်တတ်ပါတယ်။
🍰ကြက်ဥအကာရိုက်ထားသည်နှင့်မုန့်နှစ်ရောရာတွင်လဲ အထက်မှအောက်သို့ခေါက်ချသည့်ပုံစံဖြင့်အသာယာမွှေရမည်။ကော်ဖီမွှေသလိုစက်ဝိုင်းပုံမမွှေရ၊အမွှေမကြမ်းရပါ။အမွှေလွန်သောမုန့်နှစ်သည် ကြက်ဥအကာရိုက်ထားသည်များအရည်၊အမြှပ်ကွဲကာကိတ်သားပျက်တတ်ပါသည်။
🥣မုန့်ကျတ်ပြီဆိုရင် မိုလ်ထဲကချက်ချင်းမထုတ်ရပါ၊အအေးခံဗန်းပေါဲသို့မှောက်ချပြီးအအေးခံပါ။အေးပြီဆိုမှမိုလ်ထဲကနေထုတ်ပေးပါ။မုန့်သားကျတ်ပြီဆိုပြီးမိုလ်ထဲက ချက်ချင်းထုတ်ရင် ကိတ်သားပြန်ကျတာတို့ မျက်နှာပြင်ချိုင့်၀င်တာတို့ဖြစ်တတ်ပါတယ်။(ညိမ်းကတော့မျက်နှာပြင်လှချင်လို့အဲအေးခံဗန်းပေါဲ baking paperခံပြီးမှ မှောက်ချကာ အအေးခံပါတယ်)
🥣နောက်ဆုံးအချက်ကတော့ မိမိပြုလုပ်မည့်ဂျုံကို ဇကာချပေးရပါမည်။ကိတ်သားချောမွေ့စေရန်အတွက် အရေးကြီးတဲ့အချက်ထဲပါပါတယ်။

❗❗❗အခုပြောပြတဲ့အချက်တွေကို သေချာမှတ်ပြီးလုပ်မယ်ဆို အရမ်းအရသာရှိပြီးလှပတဲ့ချီဖွန်ကိတ်လေးကိုရရှိမှာဖြစ်ပါတယ်ရှင့်😍
❗❗❗ချီဖွန်ကိတ်ရဲ့အဓိကအချက်ကလေးတွေကို ညိမ်းစင်ကာပူကချီဖွန်ကိတ်online classတက်တုန်းက (ဆရာမSu(NG)ရဲ့တချို့အချက်​​ တွေကို ပြော​ပြပေးထားတာပဲဖြစ်ပါတယ်ရှင့်
💓💓💓အားလုံးကိုအဆင်ပြေစေချင်သည့်စေတနာဖြင့်သာ
💓💓💓ပုံကတော့ဆရာမရဲ့ပုံလေးပါ😘

25/09/2022

Address

Mandalay
05033

Website

Alerts

Be the first to know and let us send you an email when My Crush Cake & Cool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share