24/04/2025
ဖြစ်နိုင်တာက စပါ
◾
စီးပွားရေးစလုပ်မယ်ဆိုရင် အများစုက ရုံးခန်းနေရာကျယ်ကျယ်နဲ့ ဝန်ထမ်းတွေခန့်ဖို့ စစဉ်းစားကြတယ်။ အဲဒါကြောင့်ပဲ အရင်းအနှီးဆိုတာကြီးက အဓိကလိုအပ်ချက်ဖြစ်နေပြီး စဖို့ခက်ခဲနေတတ်တာ။
အောင်မြင်တဲ့လုပ်ငန်းကြီးတော်တော်များများဟာ ကြီးကြီးကျယ်ကျယ်မဟုတ်ဘဲ စခဲ့ကြတာ။ ပိုင်ရှင်လည်းကိုယ်၊ ဝန်ထမ်းလည်းကိုယ်နဲ့စလုပ်ပြီးမှ တဖြည်းဖြည်းချဲ့လာခဲ့တဲ့သူတွေ အများကြီး။ တချို့ဆို နေအိမ်အခန်းမှာစတယ်၊ တချို့ဆို ဂိုဒေါင်ကိုရုံးခန်းလုပ်ပြီးစခဲ့ကြတာ။
စီးပွားရေးလုပ်တယ်ဆိုတာ တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်ပြီးဖြစ်စေ ကိုယ်ရောင်းချင်တဲ့ Prduct or Service ကို Customer လက်ထဲ ရောက်အောင်ပို့တာပဲ။
အဲဒီတော့ အရင်းအနှီးမလုံလောက်လို့၊ ရုံးခန်းကြီးမရှိသေးလို့ဆိုပြီး ထိုင်ခေါင်းစားနေတာထက် ကိုယ်ဘယ်လိုနည်းလမ်းနဲ့ လုပ်လို့ရမလဲ စဉ်းစားတတ်ဖို့လိုတယ်။
ဒီနေ့ခေတ်က တချို့လုပ်ငန်းတွေဆို ကိုယ့်မှာ ဖုန်းတစ်လုံး၊ လက်ပ်တော့တစ်လုံးရှိရင် စလို့ရတယ်။
Crd