Tiens Healthy Food Supplements

Tiens Healthy Food Supplements Tiens အမှတ်တံဆိပ်ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်များမှာယူလိုပါက
09256602608(Viber/Telegram)မှာဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

 #ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခုလက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွ...
27/09/2026

#ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွက်ဟာ ကျန်းမာရေးအတွက် သင်မထင်ထားတဲ့ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းရဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) #လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်

တနေ့ကို ရေနွေးကြမ်း လေးခွက်ခန့်သောက်သုံးပေးခြင်းဟာ လုံးဝမသောက်သုံးခြင်းထက် လေဖြတ်ရောဂါကို သိသိသာသာကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ဦးနှောက်အတွင်းသွေးခဲကာ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၂) #နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဟာ Heart Attack ဖြစ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) #အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

နွားနို့သောက်သုံးခြင်းလိုပဲ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရေနွေးကြမ်းမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ကေ ဓာတ်တွေဟာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရိုးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) #သွားကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်

ဂျပန်သုတေသနလေ့လာသူတွေရဲ့အဆိုအအရ လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဟာ သွားတွေကို ခိုင်ခံ့စေပြီး ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ခံတွင်းထဲက pH Level ကိုမျှတစေတာကြောင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပါတယ်။

(၅) #အစာခြေစနစ်ကို ကောင်းမွန်စေတယ်

ထမင်းစားပြီးတိုင်း ရေနွေးကြမ်းတခွက်သောက်သုံးပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
...
#ကျန်းမာရေးအသိပညာရကြပါစေ

#မြန်မာတိုင်းရင်းဆေးနည်း

LYP...

✅အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက်အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့်...
21/09/2026

✅အာရုံကြောအားကောင်းစေမဲ့ အချက် (၅)ချက်

အာရုံကြော အားနည်းတယ်တဲ့။ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုမျိုး ခံစားဖူးကြလဲ။ အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များတာပေါ့။

ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။

#အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ

(၁) အာဟာရတွေ ရွေးချယ်စားပါ။
အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင်
အစိမ်းရောင်ရှိတဲ့ အရွက်တွေ ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် ပင်စိမ်း နံနံ ဘူး ဖရုံ မြင်းခွာ ကိုက်လန် ကြက်ဟင်းခါး ပျဉ်တော်သိမ်း သင်ဘော ခွေးတောက် ကြက်ဟင်းခါးသီးအပေါ်ကအစိမ်း မှုံလာ တို့ပေါ့။
အသီးအနှံတွေ ဥပမာ ၊ ဆီးသီး၊ ဖရဲသီး၊ မင်းကွတ် ထန်န်းသီးနု အုန်းရေနုနု ကြက်မောက်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့ ပိန်းနည်းစေ့

#ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး ပိန်းဥ ကဇွန်းဥ ပန်းဥ အာတလွှတ်ဥ
ဖရုံသီး ကျောက်ဖရုံ ကြောင်ရှာသီး ဒန်သလွန် ရုံးပတေ ဘူး ခါးရမ်း ခါးရမ်းကဆောသီး ပဲဆောင်းခါးသီး ကင်းပုံသီး မျောက်ငိုသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ တို့ကိုလည်း စားပါ။

ဘာနေနေရေများများ ချက်စားပါ
ကလီဇာ ဆီကြော် ready made
နီတဲ့အသား ရှောင်ပါ

(၂) #အသက် ဝဝ ရှူပါ။
အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။

(၃) #ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။
မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။
၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၄) #နေရောင်ခြည် နဲ့ ထိတွေ့ပါ။
ညှော်တေ ရှောင်ပါ ဘာတခုမှကောင်းကျိုးမရှိပါ

ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။

(၅) #စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။ ဒေါသကြောက်ရွှံမူ စိုးရိမ်မူ လျော့ချပါ
ဥပမာ

အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။
ဒေါသ စိုးရိမ် ကြောက်ရွှံ တာတေ တနေရာထွက်သွားရှောင်နေပါ

#ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

#ကိုယ့်ကိုယ်ကိုချော့ပါ။
စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။
ဘယ်အရာမှစိတ်တိုင်းကျဖြစ်မလာပါ လူတျိုငျး အကောင်းအဆိုးပါပဲ ကောင်းတာပဲတွေးပေးပါ မကောင်းတာကြုံခဲ့ရင်
ဝဠ်ကြွေးတခု ဆပ်ရတယ်လိုမြင်ပါ
အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။

#ကျန်းမာရေးဗဟုသုတရကြပါစေ
#လေးစားစွာဖြင့်


credit

Tiens ရဲ့ဖြည့်စွက်ဓာတ်စာတွေကိုအမြဲသုံးနေကျကာကာလေးတွေရဲ့ အမှာလေးတွေပါရှင့်အများကြီးအားပေးကြတဲ့အတွက်ကျေးဇူးတင်ရပါတယ်ရှင့် ...
19/09/2026

Tiens ရဲ့ဖြည့်စွက်ဓာတ်စာတွေကိုအမြဲသုံးနေကျကာကာလေးတွေရဲ့ အမှာလေးတွေပါရှင့်

အများကြီးအားပေးကြတဲ့အတွက်ကျေးဇူးတင်ရပါတယ်ရှင့်


မနက်ခင်းမှာ ကြက်ဥပြုတ်ကို ပုံမှန်စားသင့်တဲ့ အကျိုးကျေးဇူး (၁၂) ချက်မနက်စာအတွက် ဘာစားရမလဲ စဉ်းစားရခက်နေပါသလား? ကြက်ဥပြုတ်...
19/09/2026

မနက်ခင်းမှာ ကြက်ဥပြုတ်ကို ပုံမှန်စားသင့်တဲ့ အကျိုးကျေးဇူး (၁၂) ချက်

မနက်စာအတွက် ဘာစားရမလဲ စဉ်းစားရခက်နေပါသလား? ကြက်ဥပြုတ်ဟာ အာဟာရအပြည့်ဆုံးနဲ့ လုပ်ရကိုင်ရ အလွယ်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

မနက်ခင်းမှာ ကြက်ဥပြုတ် စားပေးတာက သင့်ကျန်းမာရေးကို ဘယ်လောက်တောင် အကျိုးပြုသလဲ ဆိုတာ ကြည့်လိုက်ရအောင်။

၁။ အာဟာရဓာတ် ပြည့်စုံခြင်း - ကြက်ဥမှာ ခန္ဓာကိုယ်အတွက် အထူးလိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်စွာ ပါဝင်ပါတယ်။

၂။ ကိုယ်အလေးချိန် လျော့ကျစေခြင်း - ပရိုတင်းဓာတ် ကြွယ်ဝလို့ ဗိုက်ဝတာ ကြာရှည်စေကာ ခဏခဏ အစာစားချင်စိတ်ကို လျော့ပါးစေပါတယ်။

၃။ မျက်စိအား ကောင်းစေခြင်း - မျက်စိအားကောင်းစေတဲ့ Lutein နဲ့ Zeaxanthin ဓာတ်များပါဝင်လို့ အမြင်အာရုံကို အထူးကာကွယ်ပေးပါတယ်။

၄။ ဦးနှောက်စွမ်းရည် ကောင်းမွန်စေခြင်း - မှတ်ဉာဏ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ Choline ဓာတ် အများအပြား ပါဝင်ပါတယ်။

၅။ ကြွက်သားများ သန်မာစေခြင်း - အရည်အသွေးမြင့် ပရိုတင်းပါဝင်လို့ ကြွက်သားထုကို သန်မာထွားကျိုင်းစေပါတယ်။

၆။ အရိုးအဆစ် သန်မာစေခြင်း - ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာအနည်းငယ်ထဲက တစ်ခုဖြစ်လို့ အရိုးနဲ့ သွားတွေကို ခိုင်မာစေပါတယ်။

၇။ နှလုံးရောဂါ ကာကွယ်ပေးခြင်း - ကောင်းမွန်တဲ့ ကိုလက်စထရော (HDL) ကို တိုးတက်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို သက်သာစေပါတယ်။

၈။ ဆံပင်နဲ့ အသားအရေ လှပစေခြင်း - ဆံပင်သန်စွမ်းဖို့နဲ့ အသားလှပဖို့အတွက် လိုအပ်တဲ့ Sulfur နဲ့ ဗီတာမင် B12 ပါဝင်နေပါတယ်။

၉။ ကိုယ်ခံစွမ်းအား တိုးတက်စေခြင်း - ကိုယ်ခံအားစနစ် အားကောင်းစေမယ့် Selenium ဓာတ် ကြွယ်ဝစွာ ပါရှိပါတယ်။

၁၀။ သွေးအားနည်းခြင်းမှ ကာကွယ်ခြင်း - သံဓာတ်ဖြည့်တင်းပေးလို့ သွေးအားနည်းရောဂါကို ကောင်းစွာ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ တက်ကြွလန်းဆန်းစေနိုင်ခြင်း - တစ်နေ့တာလုံး အင်အားပြည့်ဝနေစေဖို့ လိုအပ်တဲ့ စွမ်းအားကို ဖြည့်ဆည်းပေးပါတယ်။

၁၂။ ဈေးနှုန်းချိုသာပြီး အလွန်လွယ်ကူခြင်း - အချိန်အများကြီး ပေးစရာမလိုဘဲ လွယ်လွယ်ကူကူ ပြုတ်စားနိုင်လို့ လူတိုင်းနဲ့ သင့်တော်ပါတယ်။

မိသားစုဝင်တွေ အားလုံး ကျန်းမာပျော်ရွှင်စေဖို့ မနက်ခင်းတိုင်းမှာ ကြက်ဥပြုတ် တစ်လုံး ဒါမှမဟုတ် နှစ်လုံးလောက်ကို ပုံမှန်စားသုံးပေးဖို့ တိုက်တွန်းလိုက်ပါရစေ

အကြံပေးချက်အနေဖြင့်-ကြက်ဥပြုတ်တနေ့ကို(၂)လုံးလောက်စားပေးပါ။

#ကျန်းမာရေးဗဟုသုတရကြပါစေ

ဟော်မုန်းနဲ့ သူ၏အဓိပ္ပါယ်———-၁။ ဒိုပါမင်း = ပျော်ရွှင်မှုဟော်မုန်းတွန်းအားရရှိပြီး စိတ်ကျေနပ်မှုရရှိနိုင်ပါတယ်။၂ ။ ကော်တ...
15/09/2026

ဟော်မုန်းနဲ့ သူ၏အဓိပ္ပါယ်
———-

၁။ ဒိုပါမင်း = ပျော်ရွှင်မှုဟော်မုန်း
တွန်းအားရရှိပြီး စိတ်ကျေနပ်မှုရရှိနိုင်ပါတယ်။

၂ ။ ကော်တီစော = စိတ်ဖိစီးမှုစော်မုန်း
စိတ်ဖိစီးမှုများရင် ထွက်လာတတ်ပါတယ်။

၃ ။ အောက်စီတိုစင် = အချစ်ဟော်မုန်း

၄ ။ မယ်လတိုနင် = အိပ်စက်မှုဟော်မုန်း
အိပ်စက်မှုစက်ဝန်းကို ထိန်းချုပ်ပေးပါတယ်။

၅ ။ ဂရီလင် Ghrelin = ဆာလောင်မှုဟော်မုန်း
အစာစားချင်စိတ် များပြားနိုင်ပါတယ်။

၆ ။ လက်ပ်တင်Leptin = ဗိုက်ပြည့်ဟော်မုန်း
ဗိုက်ပြည့်နေကြောင်း အချက်ပေးပါတယ်။

၇ ။ အယ်ဒရီနာလင် = စွမ်းအင်ဟော်မုန်း
စွမ်းအင်နဲ့ တက်ကြွမှု မြင့်တက်နိုင်ပါတယ်။

၈ ။ ဆီရိုတိုနင် = စိတ်ခံစားချက် ကောင်းမွန်တဲ့ ဟော်မုန်း
စိတ်ခံစားချက်တည်ငြိမ်နိုင်ပါတယ်။

၉ ။ အင်ဒိုဖင် = နာကျင်မှုသက်သာနိုင်တဲ့ဟော်မုန်း
သဘာဝအကိုက်အခဲပျောက်ဆေး ဖြစ်ပါတယ်။

၁၀ ။ ပရိုလက်တင် = နို့ထုတ်လုပ်တဲ့ဟော်မုန်း
နို့ထုတ်လုပ်နိုင်အောင် လှုံ့ဆော်နိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။
#ဒေါက်တာခင်မိုးမိုး


#ကူးယူပြီးတဆင့်ပြန်လည်ဝေမျှပါသည်

ပစွည်းပြတ်နေတာကြာပီဖြစ်တယ်ရသလောက်မလောက်လို့ post မတင်ဖြစ်တဲ့Orecare သွားတိုက်ဆေး ပစွည်းပြန်ရပါပီ..ဒါပေမယ့်အမြန် Orederတင...
07/09/2026

ပစွည်းပြတ်နေတာကြာပီဖြစ်တယ်
ရသလောက်မလောက်လို့ post မတင်ဖြစ်တဲ့
Orecare သွားတိုက်ဆေး ပစွည်းပြန်ရပါပီ..
ဒါပေမယ့်အမြန် Orederတင်မှ ရပါမယ်ရှင့်

သွား‌ကိုက်လို့ စိတ်ညစ်နေရတာထက် မဖြစ်ခင်မှကြိုတင်ကာကွယ်ပါ😘😘

🦷 ORECARE Toothpaste

သွားနဲ့ သွားဖုံးကျန်းမာရေးကို နေ့စဉ်ဂရုစိုက်ပေးလိုသူတွေအတွက်

🦷 သွားနှင့်သွားဖုံးကို သန့်ရှင်းလန်းဆန်းစေဖို့ နေ့စဉ်အသုံးပြုပါ

ခံတွင်းသန့်ရှင်းပြီး လန်းဆန်းတဲ့ခံစားမှုကို ရရှိစေနိူင်ပါတယ်

နေ့စဉ်သွားတိုက်ခြင်းက သွားကျန်းမာရေးအတွက် အရေးကြီးဆုံးအလေ့အကျင့်တစ်ခုပါ။

ORECARE နဲ့ မနက်/ည ပုံမှန်သွားတိုက်ပြီး ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုပါတယ်


ျပ်

"လူတော်တော်များများက ကြက်ဥပြုတ်ကို ရိုးရှင်းတဲ့ မနက်စာတစ်ခုလိုပဲ မြင်ကြပါတယ်။ ဒါပေမဲ့ ထိုင်းရိုးရာဆေးပညာအရ ကြက်ဥဟာ "မြေဓ...
04/09/2026

"လူတော်တော်များများက ကြက်ဥပြုတ်ကို ရိုးရှင်းတဲ့ မနက်စာတစ်ခုလိုပဲ မြင်ကြပါတယ်။

ဒါပေမဲ့ ထိုင်းရိုးရာဆေးပညာအရ ကြက်ဥဟာ "မြေဓာတ်နဲ့ ရေဓာတ်" မျှတတဲ့ အစားအစာဖြစ်ပြီး ခွန်အားပေးတယ်၊ သွေးအားကောင်းစေတယ်၊ အစာခြေစနစ်ကိုပါ ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မနက်ခင်း (၆:၀၀ နာရီမှ ၉:၀၀ နာရီ) အတွင်း စားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ "အစာခြေမီး" အကောင်းဆုံး အလုပ်လုပ်တဲ့အချိန် ဖြစ်တာကြောင့်

ကြက်ဥထဲက အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်ပြီး အညစ်အကြေး (အဆိပ်အတောက်) ဖြစ်ပေါ်မှု နည်းပါးသွားစေပါတယ်။

☘️☘️☘️ကြက်ဥပြုတ် စားသုံးခြင်းရဲ့ အဓိက အကျိုးကျေးဇူးများ☘️☘️☘️

၁။ နှလုံးကျန်းမာရေးကို အားဖြည့်ပေးပြီး မကောင်းတဲ့ အဆီ (LDL) လျှော့ချခြင်း

ကြက်ဥထဲက ပရိုတင်းဓာတ်ဟာ နှလုံးကြွက်သားတွေကို သန်မာစေပါတယ်။ ကြက်ဥထဲက အကျိုးပြုအဆီ (HDL) က သွေးကြောထဲက မကောင်းတဲ့အဆီ (LDL) တွေကို ဖယ်ရှားပေးနိုင်တဲ့ အတွက် သွေးလည်ပတ်မှု ကောင်းမွန်ပြီး နှလုံးရောဂါနဲ့ သွေးကြောပိတ်ဆို့ခြင်း အန္တရာယ်ကို လျှော့ချပေးပါတယ်။

၂။ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးပြီး သွေးအားကောင်းစေခြင်း

ကြက်ဥမှာ ဗီတာမင် D, A, B12 နဲ့ ဆီလီနီယမ် (Selenium) တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို တားဆီးပေးပြီး သွေးဖြူဥကို အားဖြည့်ပေးနိုင်ပါတယ်။ ညဉ့်နက်တဲ့သူ ဒါမှမဟုတ် အလုပ်ပင်ပန်းတဲ့သူတွေအတွက် အားအင် ပြန်လည်ဖြည့်တင်းပေးပါတယ်။

၃။ ကြွက်သားနဲ့ အရိုးအဆစ်များကို ထောက်ပံ့ခြင်း

ကြက်ဥမှာပါတဲ့ အမိုင်နိုအက်ဆစ် (Amino acids) တွေဟာ တစ်ရှူးတွေကို ပြန်လည်ပြုပြင် တည်ဆောက်ပေးပါတယ်။ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ် (Phosphorus) ကလည်း အရိုးနဲ့ သွားတွေကို ခိုင်မာစေပါတယ်။

၄။ မျက်စိနဲ့ ဦးနှောက်ကို အားဖြည့်ခြင်း

ကြက်ဥအနှစ်ထဲက လူတင် (Lutein) နဲ့ ဇီယာဇန်သင်း (Zeaxanthin) ဓာတ်တွေက မျက်စိအာရုံခံလွှာ ယိုယွင်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုလင်း (Choline) ဓာတ်က ဦးနှောက်ကို အားဖြည့်ပေးပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

၅။ အတွင်းပိုင်းကနေ အလှအပကို မြှင့်တင်ပေးခြင်း

ကြက်ဥထဲက ပရိုတင်းနဲ့ ဘိုင်အိုတင် (Biotin) ဓာတ်တွေဟာ လက်သည်းနဲ့ ဆံပင်တွေကို သန်မာစေပါတယ်။ အသားအရေကို စိုပြေဝင်းပစေပြီး ဆဲလ်များ ယိုယွင်းပျက်စီးမှုကို နှေးကွေးသွားစေပါတယ်။

"ကောင်းမွန်တဲ့ အစားအစာဆိုတာ ဈေးကြီးဖို့ မလိုပါဘူး။

မနက်တိုင်း စားသုံးတဲ့ ကြက်ဥပြုတ် တစ်လုံးဟာ သွေးအား၊ နှလုံး၊ ဦးနှောက်နဲ့ ဆံပင်တို့ကို အားဖြည့်ပေးပြီး ကျန်းမာရေးကို အခြေခံကနေ စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။"

အကြံပေးချက်အနေဖြင့်မနက်ခင်းတစနေ့ကိုကြက်ဥပြုတ်(၂)လုံး(၃)လုံးစားပေးဖို့တိုက်

#ကျန်းမာရေးဗဟုသုတရကြပါစေ
#ဗဟုသုတ #ကျန်းမာရေးသတင်း

ဒီနေ့ရဲ့ way လေး 😍မန်းလေးမြို့ထဲ တစ်ဉီးတည်းအမှာလေး   သွားတိုက်ဆေး 3ဗူး  1ဗူးOrecare သွားတိုက်ဆေး..စူပါစရင်း... အနည်းငယ်ရ...
03/09/2026

ဒီနေ့ရဲ့ way လေး 😍
မန်းလေးမြို့ထဲ တစ်ဉီးတည်းအမှာလေး
သွားတိုက်ဆေး 3ဗူး

1ဗူး

Orecare သွားတိုက်ဆေး..
စူပါစရင်း... အနည်းငယ်ရပါဉီးမယ် ရှင့်😍




ဒီနေ့ရဲ့ way လေး 😍မန်းလေးမြို့ထဲ  ူးဝယ်ယူအားပေးကြတဲ့ တစ်ဉီး တစ်ယောက်ချင်းကို ကျေးဇူးပါရှင့်အမျိုးသမီးတိုင်းရဲ့ လက်စွဲမဟေ...
31/08/2026

ဒီနေ့ရဲ့ way လေး 😍
မန်းလေးမြို့ထဲ ူး

ဝယ်ယူအားပေးကြတဲ့ တစ်ဉီး တစ်ယောက်ချင်းကို ကျေးဇူးပါရှင့်

အမျိုးသမီးတိုင်းရဲ့ လက်စွဲ
မဟော်မုန်းဖြည့်စွက်စာ
အနည်းငယ်သာရတော့မှာမို့
လိုအပ်သူများ မှာယူလို့ရပါသေးတယ်ရှင့်😍




တို့ အမျိုးသမီးတွေရဲ့  ခန္ဓာကိုယ်တခုလုံးကျန်းမာရေးနဲ့ အသားအရေ  အလှအပ  အားလုံးရဲ့ 70% ကို ထိန်းချုပ်ပြီး ပံပိုးပေးနေတာ အမ...
29/08/2026

တို့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တခုလုံးကျန်းမာရေးနဲ့ အသားအရေ အလှအပ အားလုံးရဲ့ 70% ကို ထိန်းချုပ်ပြီး ပံပိုးပေးနေတာ အမျိုးသမီးဟော်မုန်းပါ

အမျိုးသမီးဟော်မုန်းက အသက် 13-14-15 နှစ် အရွယ် ရာသီစပေါ်တဲ့အချိန်ကစပြိး ထွက်လာပါတယ်
ရာသီလာနေတဲ့အချိန် သားဥကြွေချိန်မှာ
အများဆုံးထွက်ပါတယ်။
ရာသီ ပေါ်ချိန်မှစပြီးတော့ အသက်၃၅ နှစ်အထိဟာ အမျိုးသမီးဟော်မုန်းအကြွယ်ဝဆုံးအချိန်ပါ။

ဒါကြောင့် အသက်၂၀အရွယ်အမျိုးသမီး လေးတွေဟာဆိုရင် ဘာမှမလိမ်းဘဲ မပြင်ဆင်ဘဲနဲ့တောင် လှ‌သွေးကြွယ်နေတဲ့အချိန်ပေါ့

ကျန်းမာရေးဆိုရင်လည်း အချိန်မှန်မစား အချိန်မှန် မအိပ်တာတောင် ဒူပေတာပေ ခံနိုင်ကြတာပေါ့

အသက်၃၅ ကျော်လာပြီဆိုရင်တော့ အမျိုးသမီးဟော်မုန်း စပြီး ကျလာပါပြီ
ဒါပေမဲ့ ကျန်းမာရေးအရမသိသာသေးဘူး။
ရုပ်ရည်စပြီးကျလာပြီ။

အသက်၄၀ကျော်ရင် အမျိုးသမီးဟော်မုန်း ၅၀% ထိ ကျလာပြီ
အဲဒီမှာ ရုပ်ရည် သိသိသာသာကျလာပြီ
အသားအရည်မှိန်သွားပြီ တင်းတိပ်ဝက်ခြံ အမဲစက်တွေဖြစ်လာပြီ
ရံဖန်ရန်ခါမှာ အိပ်မပျော်တာ ခေါင်းမူးတာ
အပင်ပန်းမခံနိုင်တာ စပြီးဖြစ်လာတယ်။

၄၀ကျော် ကနေ ၅၀ဖက်ကိုရောက်လာလေ
အမျိုးသမီးဟော်မုန်းကျဆင်းနှုန်း အရမ်းမြန်လာတယ်။ 50%-60%-70%-80% အထိပေါ့

ဒီအချိန်အတွင်းမှာ သွေးဆုံးကိုင်ဖို့လက္ခဏာတွေ ကောင်းကောင်းခံစားရပြီပေါ့

နှလုံရောဂါမရှိဘဲ နှလုံးတုန်တာ
ဘာမှမလုပ်ဘဲမောတာ
စိတ်တိုလွယ်တာ စိုးရိမ်ပူပန်စိတ်များတာ
အမျိုးသမီးအင်္ဂါခြောက်တာ
အမျိုးသားနဲ့အတူနေချင်စိတ်လုံးဝမရှိတာ
ည၁၂နာရီအထိ အိပ်မရတာ
ဒါမှမဟုတ် ည တစ်နာရီမှာ တရေးနိုးပြီး
မိုးလင်းထိအိပ်လို့မရတော့တာ။
အချို့တွေတော့လည်း တစ်ညလုံးရဲ့အိပ်ပျော်သလို ထင်ရပေမယ့် နိုးနေတာမျိုး
ခေါင်းကြီးတခုလုံး အုံခဲနေတာ
အာရုံစိုက်လို့မရတာ
ခြေမသယ်ချင် လက်မသယ်ချင် ဖြစ်တာ
ခြေစစ်လက်ဆစ်တွေကိုက်တာ
ဖြစ်တတ်ပါတယ်
ဒါတွေကို သွေးဆုံးကိုင်လို့ သတ်မှတ်သလိုမတ်တတ်နာလို့ ခေါ်ပါတယ်

ဆရာဝန်ပြရင် ရောဂါရှာမရပါဘူး
သွေးဆုံးသွားပြီဆိုရင်တော့ အမျိုးသမီးဟော်မုန်းလုံးဝမထွက်တော့ပါဘူး

ဒါကြောင့် သွေးဆုံးကိုင်ဝေဒနာတွေ ပိုပြီးတော့ပြင်းပြင်းထန်ထန်ခံစားလာရပါတယ်။

ဒါကြောင့်အမျိုးသမီးအားလုံး
ကျန်းမာရေးကောင်းချင်တယ်ဆိုရင်
အသက်၄၀ကျော်ကစပြီးတော့
အမျိုးသမီးဟော်မုန်း အားဖြည့်တဲ့အစားအစာတွေကို ဂရုတစိုက်စားသောက်ရပါမယ်။
ဒါမှမဟုတ် အမျိုးသမီးဟော်မုန်းဖြည့်စွက်စာတွေကို ပုံမှန်စားသွားရပါမယ်။

အမြဲတမ်းကိုစားသွားရမှာလား မစားရင်ရောဘာတွေဖြစ်လာမှာလဲလို့ ယုကိုမေးကြပါတယ်။

အမျိုးသမီးဟော်မုန်းဖြေစွက်စာ မစားတဲ့သူက အိပ်ယာထဲမှာ ဘုန်းဘုန်းလည်းသွားမှာမဟုတ်ပါဘူး
တစ်နေ့တနေ့ မတ်တတ်နာတွေနဲ့ ရှာမရတဲ့ရောဂါတွေနဲ့ စိတ်ပင်ပန်း လူပင်ပန်းနေရမယ်
ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။ မိသားစု ရှိနေရင်တောင်မှ
စိတ်မပျော်ရွှင်တော့ဘူး တစ်ယောက်တည်းအထီးကျန်လာမယ်။

အမျိုးသမီးဟော်မုန်းဖြည့်စွက်စာစားတဲ့သူတွေကတော့ နေ့စဉ် သွက်လက်ဖြတ်လတ်ပြီးတော့
ကျန်းမာပျော်ရွှင်မယ်။ နုပျိုပါမယ်။ မိသားစုနဲ့အတူသွား အတူလာပြီးတော့ ပျော်ရွှင်နဲ့ဘဝကိုရရှိပါလိမ့်မယ်။
မယုံမရှိပါနဲ့
ယုကိုယ်တိုင် သွေးဆုံး စောခဲ့ပြီး 42 မှာ သွေးဆုံးခဲ့ပါတယ် သွေးဆုံးကိုင်လည်း ခံစားခဲ့ရပါတယ်
ဒါပေမဲ့ယုက မကျန်းမာမှာ အရမ်းကြောက်တဲ့သူမို့ အမျိုးသမီးဟော်မုန်း ဖြည့်စွက်စာတွေကို
အမြဲတမ်းစားခဲ့ပါတယ်။
လေ့ကျင့်ခန်းလည်းလုပ်ခဲ့ပါတယ်။
တာရှည်ခံအစားအသောက်တွေကိုလည်း
အတက်နိုင်ဆုံးရှောင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အသက် 49 နှစ်အရွယ် သွေးဆုံးပြီးတာ ၇နှစ် ရှိနေတာတောင်
ကျန်းမာပျော်ရွှင်စွာနဲ့ နေနိုင်ပါတယ်။
ဘဝမှာ အဓိပ္ပါယ်ရှိစွာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချနေနိုင်ခဲ့ပါတယ်
အမျိုးသမီးတိုင်း သွေးဆုံးကိုင်ခြင်းမှ ကင်းဝေးကြပါစေရှင်

Address

Mandalay

Alerts

Be the first to know and let us send you an email when Tiens Healthy Food Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share