ဖိုးလပြည့် အလှူ ဆွမ်းကပ် ဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Mandalay
  • ဖိုးလပြည့် အလှူ ဆွမ်းကပ် ဝန်ဆောင်မှုလုပ်ငန်း

ဖိုးလပြည့် အလှူ ဆွမ်းကပ် ဝန်ဆောင်မှုလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဖိုးလပြည့် အလှူ ဆွမ်းကပ် ဝန်ဆောင်မှုလုပ်ငန်း, Food & Drink, Mandalay.

အလှူပွဲကြီးတိုင်းမှာ ကြားလေ့ရှိတဲ့စကားက များများထည့်စားကြနော် …“ စားကောင်းကြလား ထပ်ထည့်ဦးမလား “စတဲ့ မြန်မာလူမျိုးတို့ရဲ...
10/06/2025

အလှူပွဲကြီးတိုင်းမှာ ကြားလေ့ရှိတဲ့စကားက များများထည့်စားကြနော် …

“ စားကောင်းကြလား ထပ်ထည့်ဦးမလား “

စတဲ့ မြန်မာလူမျိုးတို့ရဲ့ သဒ္ဒါတရား ထက်သန်တဲ့ ရက်ရောသံတွေပဲ ဖြစ်ပါတယ် ။

အလှူကြီးပြီးမြောက်ဖို့ဆိုရင် ကိုယ်ဧည်ခံတဲ့ ထမင်းဟင်းနဲ့လဲ သက်ဆိုင်ပါတယ် ။

ဧည့်ပရိသတ်တွေ ကိုယ့်အလှူက ပြန်သွားတဲ့အခါ” အလှူဟင်းတွေက ကောင်းလိုက်တာ “ လို့ပဲ အလှူရှင်တိုင်းက ကြားချင်ကြတာပါ …

ဧည့်ခံတဲ့ ထမင်းဟင်းနဲ့ ဝန်ဆောင်မှုကကောင်းမနေရင် အလှူရှင်တွေ မျက်နှာပျက်ရပါမယ် …

အလှူပွဲအကြီးကြီး လှူဒါန်းပြီးမှ ဧည့်ခံတဲ့ ထမင်းဟင်းကြောင့်နဲ့တော့ ပျက်စီးမခံပါနဲ့ …

အလှူပွဲကြီး အောင်မြင်စွာပြီးဆုံးဖို့ဆို အလှူပွဲပေါင်း ( ၅၀၀၀ )ကျော် ကို အကောင်းဆုံး ဝန်ဆောင်မှုပေးလာတဲ့ ဖိုးလပြည့်မှ ပါဝင်လှူဒါန်းပါရစေ 🙏🙏

အလှူပွဲတိုင်းအတွက် အထူးဧည့်ခံရန် အကောင်းဆုံးဖြစ်သော ဟင်းလျာများကို မိတ်ဆက်ပေးပါမယ် 🙏🙏

အသား (၃)မျိုး အရံ (၇)မျိုး + ထမင်း

(၁) အလှူငါးခြောက်အိုးကြီးနှပ်
(၂) အလှူ ဝက်သားအိုးကြီးနှပ်
(၃) အလှူ ကြက်သားအိုးကြီးနှပ်

အရံ(၇) မျိုး + ထမင်း

စုစုပေါင်း (၁၁) မျိုးအဆက်ပါရှင့်

စျေးနှုန်းအနေနဲ့ကတော့ လူ (၁) ယောက်စာကို
၁၀,၀၀၀ (တစ်သောင်း) ကျပ်နှုန်းပါရှင့်။

ရရှိနိုင်တဲ့ အရံဟင်းတွေကတော့

(၁) အလှူရှယ်ကုလားပဲနှပ်
(၂) ပဲတိချဥ်သုပ်
(၃) သရက်ချဥ်သုပ်
(၄) အလှူရှယ်ငရုတ်သီးကြော်
(၅) အလှူရှယ်ငံပြာရည်ချက်
(၆) အလှူရှယ်ငါးပိရည်ဖျော်
(၇) အတို့အမြုပ်အစုံ
(၈) အလှူရှယ်ခရမ်းချဥ်သီးငါးပိချက်
(၉) အစိမ်းကြော်အစုံ
(၁၀) မှန်ရောင်ဟင်းရည်
(၁၁) သီးစုံချဥ်ရည်ဟင်း
(၁၂) သီးစုံပဲကုလားဟင်းရည်
(၁၃) ကြက်ဘူးခါးဟင်းရည်
(၁၄) ဘူးသီးချဥ်ရည်ဟင်း

စသဖြင့် ကြိုက်နှစ်သက်ရာ (၇) မျိုး ရွေးလို့ ရပါတယ်ရှင့်။

အလှူ့ရှင်များ စိတ်တိုင်းကျ ကျွေးချင်သော အရံဟင်းများ ရှိပါက ကြိုတင်ပြောပေးပါက စီစဥ်ပေးပါတယ်ရှင့်။

💥အထူးဟင်းလျာဖြစ်တဲ့
-------------------

✅ရှယ်ပုဇွန်ထုပ်ချက်
✅ရှယ် ကြက်သားပင်စိမ်းချက်
✅ရှယ်ဆိတ်သားအိုးကြီးနှပ်
✅ရှယ်ဆိတ်ကလီဇာ ချက်
✅ရှယ် ဆိတ်ချဉ်ဆီ ရိုးကုလားပဲနှပ်
✅ရှယ် ဆိတ်ရိုးကုလားပဲနှပ်
✅ရှယ်ကျောက်ပွင့်ငါးဖယ်သုပ်
✅ရှယ် ငါးဖယ်သုပ်

စတဲ့ ဟင်းလျာများကိုလည်း ထပ်ဆောင်းဟင်းပိုအနေနဲ့ သီးသန့်အော်ဒါမှာယူလို့ရပါတယ်ရှင့်။

🍰🧈အချို ပွဲများဖြစ်တဲ့
------------------------------

✅ရှယ်ရွှေချည် ဆနွင်းမကင်း
✅ရှယ် အုန်းနို့ကျောက်ကျော
✅ရှယ် နို့ကျောက်ကျော
✅ရှယ်အုန်းစိမ်းကျောက်ကျော
✅ရှယ်အုန်းစိမ်းဂျယ််လီ‌ ‌‌ကျောက်ကျော
✅ရှယ် အုန်းနို့သာကူငှက်ပျောပေါင်း
✅ရှယ် နို့ပူတင်း
✅ရေခဲမုန့်
✅နှပ်ကော်ဖီ
✅bubble tea
✅Soda juice

စတဲ့အချိုပွဲများအပြင် လူကြီးတို့စိတ်ကြိုက်ဖြစ်သော အချိုပွဲများလည်း သီးသန့် မှာယူလို့ရပါတယ်ရှင့်။

အခြားရရှိနိုင်သော ဝန်ဆောင်မှုများမှာ

(1)မြန်မာထမင်းဟင်းအဆက်
(2)တရုတ်ထမင်းဟင်းအဆက်
(3)ချစ်တီးထမင်းဟင်းအဆက်
(4)နတ်သုဒ္ဓါ ဒံပေါက် ကြက်ဆီထမင်း ပဲထမင်း
(5)ရှယ်နှစ်ပြန်ကြော်
(6)ရှယ်လက်ဖက်အညွန့်နှပ်
(7)ရှယ်လက်ဖက်ရည်
(8)ရှယ်နှပ်ကော်ဖီ
(9)ရှယ်ရေခဲမုန့်
(10)ကိတ်မုန့်
(11)ရေသန့်ဘူး
(12)အချိုပွဲအစုံ
(13)အသီးအနှံအစုံ
(14)Tissue
(15)ဧည့်ခံကြိုဆိုရေး
(16)ပွဲအပြင်အဆင်
(17)ပန်းကန်ဆေး
(18)ပိုးသတ်ပန်းကန်
(19)စားပွဲခင်း
(20)စားပွဲဝိုင်း
(21)Taxi အကြိုအပို့ တို့ပဲဖြစ်ပါတယ်ရှင့်။

အလှူ့ရှင်များ စိတ်တိုင်းကျ ငါးခြောက်အတုံးလှလှလေးနှင့်အရဿာရှိစေရန်ချက်ပြုတ်ပေးထားပါတယ်ရှင့်။

ဝက်သားအိုးကြီးနှပ်ကို နူးအိနေစေရန်ပေါင်းပြီး အနှစ်များများနှင့် ချက်ပေးထားသောကြောင့် ဝက်သားအိုးကြိီးနှပ်ကတော့ အလှူပွဲတိုင်း မပါမဖြစ်ပါပဲရှင့်။

ကြက်သားအိုးကြီးနှပ်ကိုလဲ အီမနေစေရန် ချစ်တိီးနှပ်ပုံစံလေး ချက်ပေးထားပါတယ်ရှင့်။

အသီးအနှံအစုံကြော်ရာတွင်လဲ စားလို့အရမ်းကောင်းစေရန် ပန်းမုံလာ ခါကျက်ဥ ဘိုစားပဲသီးများကို အသုံးပြုထားပြီး အရသာနိုင်နိုင် ခရုဆီမွှေးမွှေးဖြင့် ရှယ်ချက်ပြုတ်ပေးထားပါတယ်ရှင့်။

ဟင်းပွဲ တစ်ပွဲချင်းစီတိုင်း စေတနာအပြည့်ဖြင့် လက်ရာမြောက်စွာ ဖန်တီးပေးထားပါတယ်ရှင့်။

အလှူ့ရှင်များအနေဖြင့် မင်္ဂလာဆောင်၊ အလှူ၊ကထိန်၊မွေးနေ့ပွဲ၊စတုဒီတာပွဲများအတွက် အလှူ့ရှင်များ စိတ်တိုင်းကျ အသေးစိတ် တိုင်ပင်လို့ရပါတယ်ရှင့်။

ဖိုးလပြည့်နဲ့ဆို ထမင်းဟင်းတွေ
လောက်ပါ့မလား အရသာကောင်းပါ့မလားဆိုတာတွေ တွေးပူနေစရာမလိုတော့ဘူးနော်။

အလှူ့ရှင်များအတွက် ဖိုးလပြည့်မှ အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်ကြိုဆိုနေပါပြီရှင့်။

စုံစမ်းမေးမြန်းများခြင်းများကို နွေးထွေးစွာဖြင့် ကြိုဆိုနေပါတယ်ရှင့်။

လူကိုယ်တိုင်လာရောက်တိုင်ပင်ဆွေးနွေးချင်ရင်တော့ 51*52 & 107D လမ်း၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးသို့ လာရောက်ဆွေးနွေးလို့ရပါတယ်
ရှင့်။

ဖုန်းဆက်တိုင်ပင်မယ်ဆိုရင်တော့

☎️09 2 5555 6413
☎️09 2 5555 6424
☎️09 2 5555 9931 တို့ကို ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်။

#အလှူ့ရှင်များအတွက်ဖိုးလပြည့်
#အကောင်းဆုံး
#ဝန်ဆောင်မှု
#အလှူငါးခြောက်နှပ်
#ဝက်သားအိုးကြီးနှပ်
#ဖိုးလပြည့်
#အလှူ
#မင်္ဂလာဆောင်
#ကထိန်
#မွေးနေ့
#ဆွမ်းကပ်

အလှူငါးခြောက်နှပ်တွေက ဘယ်နှရက်ထိ သိမ်းစားလို့ရလဲ ???💬 ကြိုက်လွန်းလို့သာ ဝယ်စားတာ အလှူငါးခြောက်နှပ်လေးက များနေတော့ မကုန်ဘ...
03/06/2025

အလှူငါးခြောက်နှပ်တွေက ဘယ်နှရက်ထိ သိမ်းစားလို့ရလဲ ???

💬 ကြိုက်လွန်းလို့သာ ဝယ်စားတာ အလှူငါးခြောက်နှပ်လေးက များနေတော့ မကုန်ဘူးသမီးရယ်

💬နောက်ရက်ရော သိမ်းစားလို့ရနိုင်လားသမီး

•ဟုတ်ရတယ်နော် အန်တီ ငါးခြောက်ချက်လေးတွေက ခရမ်းချည်သီးမပါ ရေမကျန် ဆီပြန်နေအောင် ချက်ပေးထားတာမလို့ …

•နောက်ရက်လဲ သိမ်းထားနိုင်ပါတယ်ရှင့် ။

💬ရေခဲသေတ္တာထဲ ထည့်သိမ်းမှ အထားခံတာလားသမီး

•ရေခဲသေတ္တာနဲ့ဆိုရင်တော့ ပိုကောင်းတာပေါ့နော် ..

•ရေခဲသေတ္တာက အမြဲမဖွင့်ထားရင်တောင် အေးတဲ့နေရာဆိုတော့ ၃ရက် ၄ရက်လောက် သိမ်းစားလို့ရတယ်အန်တီ

•အကယ်လို့ ရေခဲသေတ္တာမရှိရင်လဲ နေမပူတဲ့နေရာသာသိမ်း ၂ရက် ၃ရက် အထားခံတယ်နော် အန်တီ …😍😍

💬အန်တီတို့က မိသားစု ၄ယောက်ပဲရှိတာဆိုတော့ ပွဲကြီးဆို လောက်လား

•၂ရက်လောက်တောင် ကောင်းကောင်းစားတာပေါ့အန်တီ 😍😍

•တစ်ရက်စားလို့ အီရင် မနက်ဖြန်ကိုသိမ်းထား နောက်ရက်မှထုတ်စားပေါ့ …😁😁

💬 အန်တီကို ပွဲကြီး ၁ပွဲလောက်ပို့ပေးနော်…

•နေ့လည်စာအမှီပို့ပေးလိုက်ပါမယ်ရှင့် ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် 🥰🥰

👉ငါးခြောက်နှပ်ကို ပွဲကြီးမှာပြီး မကုန်ရင်လဲမပူပါနဲ့နော် …

✅၃ရက်လောက် သိမ်းစားလဲ အေးဆေးပါနော်

ဟင်းပွဲတွေက နေ့တိုင်းမရနိုင်တာမလို့ ရနိုင်တဲ့ ဗုဒ္ဓဟူး ၊စနေမှာ အမှီအော်ဒါတင်ထားနိုင်ပါတယ်ရှင့် ။

☎️09 255556424 & 09 255556413

#ဖိုးလပြည့်အလှူပွဲဝန်ဆောင်မှု
#အလှူငါးခြောက်အုန်းနို့နှပ်
#အလှူငါးခြောက်ဒိန်ခဲနှပ်

အညာဘက်က အလှူပွဲတွေမှာ ကျွေးလေ့ရှိတဲ့ အသားအိအိ အငံပေါ့ပေါ့လေးနဲ့သစ်ဂျပိုးခေါက် ကရဝေးရွက်နံ့လေးတွေမွှေးကြိုင်နေပြီး အရသာရှ...
03/06/2025

အညာဘက်က အလှူပွဲတွေမှာ ကျွေးလေ့ရှိတဲ့ အသားအိအိ အငံပေါ့ပေါ့လေးနဲ့
သစ်ဂျပိုးခေါက် ကရဝေးရွက်နံ့လေးတွေမွှေးကြိုင်နေပြီး အရသာရှိတဲ့ ငါးခြောက်နှပ် အိုးကြီးချက်ရဲ့ အရသာကို သတိရမိကြမယ်ထင်ပါတယ်….

ရှယ်ငါးခြောက်ကြီးတွေကိုအငံဓာတ်ကုန်အောင်ထုတ်ပြီးမှ အသားရော အနှစ်ပါအရသာရှိနေအောင် အုန်းသီးနဲ့ အနှစ်လေးချက်၊ နို့စိမ်းနဲ့နှပ်ပြီး ချက်တဲ့အရသာစိမ့်စိမ့်လေး …

အလှူငါးခြောက်ချက်လို့ ပြောလိုက်တာနဲ့ လိုက်ဖက်တဲ့ ဟင်းလျာတွေဖြစ်တဲ့…

•ဆီသန့်သန့်နဲ့ကြော်ထားတဲ့ ငရုပ်သီးကြော်စပ်စပ်လေးရယ်

•နို့စိမ်း မဆလာလေးနဲ့ နှပ်ထားတဲ့ကုလားပဲနှပ် လေးရယ်

• နံနံပင် ငရုပ်သီးစိမ်းကြက်သွန်ရော သုပ်ထားတဲ့ ပဲတီချဥ် သုပ် လေးရယ်

• ဘူးသီးနဲ့ကြာဇံရောထားတဲ့ ဟင်းချိုရည်လေးရယ်

• ခရမ်းချဥ်သီးငါးပိချက် စပ်စပ်လေးတွေနဲ့ဆို ငါးခြောက်နှပ်က အစပ်ဟပ်ကို တည့်လို့ပေါ့နော်…..

ဒီလိုလိုက်ဖက်လှတဲ့ ဟင်းလျာတွေကို တထိုင်ထဲ အိမ်မှာချက်ဖို့ဆိုလဲ များပြားလွန်းတယ်…

အလှူဟင်းပွဲတွေဆိုတော့ တော်ရုံတန်ရုံလဲ အရသာမှီအောင် မချက်တတ်..

ဒီလိုစားချင်ပေမယ့် မချက်အားဘူးဆိုရင် အိမ်အရောက်ရော မှာမစားချည့်ချင်ဘူးလား ???

အလှူပွဲပေါင်း( ၅၀၀၀ )ကျော်ကို လက်ခံလာတဲ့ အလှူဝန်ဆောင်ကြီးကနေ မြည်းစမ်းစားဖို့အတွက် တပွဲချင်းစီရောင်းချပေးနေပါပြီရှင့် ။

👉ဟင်းပွဲတွေကို နေ့တိုင်းတော့ မရနိုင်ပါဘူးနော် တစ်ပတ်မှာ ဗုဒ္ဓဟူး ၊ စနေ ၂ရက်သာ ရောင်းချပေးပြီး …

👉ဟင်းပွဲရက်မှာ အလှူအော်ဒါနဲ့တိုက်ခဲ့ရင်လဲ ဟင်းပွဲရနိုင်တဲ့ရက် တစ်ရက်လျော့ပါတယ်ရှင့် …

✅အမြဲမရနိုင်တဲ့ အလှူငါးခြောက်အုန်းနို့နှပ် ရှယ်ကြီးတွေကို မြည်းစမ်းချင်လိုပါက …

☎️☎️09255556413,09255556424, 09255559931 (or) chatbox တွင် မှာယူလို့ရပါတယ်ရှင့်။

ရုံးခန်းလိပ်စာ- 51*52 & 107D လမ်း၊ အောင်ပင်လယ်ရွာ၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။

#အလှူငါးခြောက်နှပ်
#ငါးခြောက်နှပ်
#မန္တလေး

#ဟင်းချက်နည်း
#အလှူငါးခြောက်အုန်းနို့နှပ်
#ဖိုးလပြည့်
#အလှူဝန်ဆောင်မှု

ငါးခြောက်ချက် ၃မျိုးက ဘာကွာသွားတာလဲ ???      ဖိုးလပြည့်မှာ ရရှိနိုင်တဲ့ အလှူငါးခြောက်ချက် ( ၃ )မျိုးမှာ ....• စစ်ကိုင်းအ...
28/05/2025

ငါးခြောက်ချက် ၃မျိုးက ဘာကွာသွားတာလဲ ???

ဖိုးလပြည့်မှာ ရရှိနိုင်တဲ့ အလှူငါးခြောက်ချက် ( ၃ )မျိုးမှာ ....

• စစ်ကိုင်းအလှူငါးခြောက်နှပ်
•စစ်ကိုင်းအလှူငါးခြောက်အုန်းနို့နှပ်
•အလှူငါးခြောက်ငါးစိမ့်ချက် ဆိုပြီး ရှိပါတယ်ရှင့် ။

ဆိုတော့ အမေးများတာလေးက ငါးခြောက်ချက် ၃ မျိုးက ဘာကွာလို့လဲ ???

ဘယ်လိုကွာသွားလဲဆိုရင် တမျိုးချင်းစီက ချက်ရပုံလဲမတူသလို အရသာလဲမတူပါဘူးနော် ...

( ၁ )ငါးစိမ့်ချက် အတွက်ဆိုရင် ...

•ငါးစိမ့်ချက်က ငါးအုံတုံကို ကြော်ပြီး ငါးခြောက်နှပ်လိုမျိုး ချက်ပေးတာပါရှင့်။

( ၂ ) စစ်ကိုင်းအလှူငါးခြောက် အုန့်နို့နှပ်အနေနဲ့ ...

• စစ်ကိုင်းအလှူငါးခြောက်အုန်းနို့နှပ်က စိန်ငါးရောင်ခြောက် ကိုသုံးပြီး အလှူပွဲ အရသာအတိုင်း အိုးကြီးချက်ပေးတာပါရှင့်။

( ၃ ) အလှူငါးခြောက် ဒိန်ခဲနှပ်မှာတော့ ...

• အလှူငါးခြောက်အုန်းနို့ဒိန်ခဲနှပ်က အလှူငါးခြောက်အုန်းနို့ချက်ထဲကို ဒိန်ခဲလေးတွေ ထည့်ပြီး ချက်ပေးတာပါရှင့် ။

တမျိုးနဲ့တမျိုးက ပါဝင်ပစ္စည်းမတူသလို ချက်တဲ့အိုးချင်းလဲ မတူပါဘူးနော် ...

စားသုံးသူများအနေနဲ့က မိမိကြိုက်နှစ်သက်နဲ့ အလှူပွဲ စတုဒီသာပွဲအတွက် ကျေးမွေးဧည့်ခံနိုင်ပါတယ်ရှင့် ။

အလှူအတန်းအတွက် အထူးရှယ်ဟင်းပွဲများဖြင့် ဧည့်ခံလိုပါက ဖိုးလပြည့်သို့ ဆက်သွယ်နိုင်ပါတယ်ရှင့် ။

ကိုယ်တိုင်လာရောက် တိုင်ပင်လိုပါက ...

လိပ်စာ 51×52 ကြား 107 Dထောင့် မြို့သစ်

☎️09 255556424 & 09 255556413

#ဖိုးလပြည့်အလှူထမင်းဟင်းဝန်ဆောင်မှုအပြီးအစီး
#အလှူငါးခြောက်အုန်းနို့နှပ်
#အလှူငါးခြောက်ဒိန်ခဲနှပ်
#အလှူငါးခြောက်ငါးစိမ့်ချက်

🛎️ အလှူငါးခြောက်ချက်က ဘာငါးသုံးတာလဲ သမီး • စိန်ငါးရောင်ခြောက် သုံးပါတယ်ရှင့် အန်တီ🛎️ ငါးခြောက်က တအားငံလားဟင် • မငံဘူးနော...
27/05/2025

🛎️ အလှူငါးခြောက်ချက်က ဘာငါးသုံးတာလဲ သမီး

• စိန်ငါးရောင်ခြောက် သုံးပါတယ်ရှင့် အန်တီ

🛎️ ငါးခြောက်က တအားငံလားဟင်

• မငံဘူးနော်အန်တီ ငါးခြောက်ချက်ရင်တောင် ဆားလျော့သုံးထားတယ်အန်တီ

🛎️ငါးခြောက်က ငံမှန်းတော့သိပါတယ် တအားငံမှာသာ ကြောက်တာ ..

• အလှူငါးခြောက်အုန်းနို့ချက်လေးဖြစ်တဲ့အတွက် အရသာလေးက စိမ့်စိမ့်လေးဖြစ်နေမှာပါရှင့် ..

🛎️ငါးခြောက်တွေထဲ အုန်းနို့ချက်အပြင် ဘာတွေရသေးလဲသမီး

• အလှူငါးခြောက်ဒိန်ခဲနှပ်
• အလှူငါးခြောက်အုန်နို့နှပ်
• ငါးစိမ့်ချက်

ငါးခြောက်အမျိုးအစားထဲမှာ ၃မျိုးရနိုင်ပါတယ်ရှင့်

🛎️စျေးနှုန်းတွေကရော အတူတူပဲလား ??

•ဟုတ်ကဲ့အတူတူပါပဲရှင့် ပွဲကြီးပွဲသေးပဲ ကွာပါတယ်ရှင့် ...

• အိမ်စားဟင်းပွဲတွေအတွက်က page မှာတင်ပေးထားပါတယ်ရှင့် ။

• အလှူအတွက်ပဲဖြစ်ဖြစ် စတုဒီသာကျွေးမွေးဖို့ပဲဖြစ်ဖြစ် ကြိုက်ရာ ဟင်းအမျိုးအစားနဲ့ မှာယူနိုင်ပါတယ်ရှင့် ။

အလှူအတွက် ဟင်းပွဲ set လေးတွေကိုလဲ ထပ်တင်ပေးပါမယ်နော် ...

☎️09 255556424 & 09 255556413

#ဖိုးလပြည့်အလှူအပြီးအစီးဝန်ဆောင်မှူ
#အလှူငါးခြောက်အုန်းနို့နှပ်
#အလှူငါးခြောက်ဒိန်ခဲနှပ်

🛎️ အလှူမင်္ဂလာပွဲတွေအတွက် အော်ဒါမှာချင်ရင် လူဘယ်နှယောက်စာက စပြီး လက်ခံလဲ ???• ဟုတ်ကဲ့ ဆွမ်းကပ်ဖို့အတွက် အနည်းငယ်စာပဲဆိုရ...
26/05/2025

🛎️ အလှူမင်္ဂလာပွဲတွေအတွက် အော်ဒါမှာချင်ရင် လူဘယ်နှယောက်စာက စပြီး လက်ခံလဲ ???

• ဟုတ်ကဲ့ ဆွမ်းကပ်ဖို့အတွက် အနည်းငယ်စာပဲဆိုရင်တော့ လူအယောက် ( ၁၀၀ ) စာကစပြီး လက်ခံပါတယ်ရှင့် ။

• အလှူမင်္ဂလာပွဲတွေ အတွက်ဆိုရင်တော့ လူအယောက် ( ၂၀၀ ) စာကစပြီး လက်ခံပါတယ်ရှင့် ။

• စတုဒီသာ ကျေးမွေးဖို့အတွက်ဆိုရင်တော့ ကိုယ်မှာယူလိုတဲ့ ထမင်းဗူးအရေအတွက်တိုင်း ချက်ပေးပါတယ်ရှင့် ။

🛎️ လူအယောက် ၂၀၀စာမှာရင် ၂၀၀စာ မလောက်တာမျိုးရှိလား ???

• လူအယောက် ၂၀၀စာမှာရင် အယောက် ၂၅၀ စာလောက်တော့ ကောင်းကောင်းကျွေးလို့ရအောင် ပိုချက်ပေးပါတယ်ရှင့် ။

ကျွေးရတာရော လောက်ပါ့လားလို့ လုံးဝ စိုးရိမ်နေစရာမလိုတော့ဘူးနော်။

အလှူ့ရှင်တွေက ဧည့်ခံကြိုဆိုပေးရုံဖြင့် အလှူ့ရှင်များ အလှမပျက် ချွေးမထွက်အောင် ကျန်တာအကုန် ဖိုးလပြည့်မှ One - Stop Service ဖြင့် အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်နော်။

လူကြီးမင်းတို့ အနေဖြင့် အသေးစိတ်သိရှိလိုပါက

chatbox (or) ဖုန်း 09255556424 , 09 255556413 တို့ကို အသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင့်🙏🙏🙏

လူကိုယ်တိုင်လာရောက် မေးမြန်းတိုင်ပင်ချင်တယ်ဆိုရင်တော့

ရုံးခန်းလိပ်စာ- 51*52 & 107D လမ်းသို့ လာရောက်မေးမြန်းလို့ ရပါတယ်ရှင့်။

စုံစမ်းမေးမြန်းခြင်းကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့်။

#ဖိုးလပြည့်
#ဖိုးလပြည့်အလှူအပြီးအစီးဝန်ဆောင်မှူ
#အလှူဝန်ဆောင်မှု
#မွေးနေ့
#မင်္ဂလာဆောင်
#စတုဒီတာ
#အလှူ
#အလှူအပြီးအစီးဝန်ဆောင်မှုလုပ်ငန်း
#ဖိုးလပြည့်အလှုဆွမ်းကပ်အော်ဒါအလှူပွဲပုံရိပ်များ

ငါးခြောက်တုံးတွေ ပြင်ဆင်ပြီး ပါပြီရှင့် 😘😘မနက်ဖြန် အိမ်ရှင်မတွေအတွက်ကတော့ နားရက်ပေါ့နော် ....😁😁စကားမစပ် လက်ဆောင်ပေးဖို့ရ...
23/05/2025

ငါးခြောက်တုံးတွေ ပြင်ဆင်ပြီး ပါပြီရှင့် 😘😘

မနက်ဖြန် အိမ်ရှင်မတွေအတွက်ကတော့ နားရက်ပေါ့နော် ....😁😁

စကားမစပ် လက်ဆောင်ပေးဖို့ရှိပါတယ်ရှင့် ....

ဘာလေးဖြစ်မလဲ စောင့်မျှော်ပေးကြပါဦးနော် 😜

#ဖိုးလပြည့်အလှူထမင်းဟင်းဝန်ဆောင်မှု
#အလှူငါးခြောက်အုန်းနို့နှပ်
#အလှူငါးခြောက်နှပ်

ပဲထမင်းလေးတွေ လက်ဆောင်ထည့်ပေးလိုက်တယ်နော် ရကြလားရှင့် 🤩🤩ဒီနေ့ ဟင်းပွဲအော်ဒါတွေက ရှယ်ပဲနော် ...အရံဟင်းလက်ဆောင်တွေ အပြင် ပ...
17/05/2025

ပဲထမင်းလေးတွေ လက်ဆောင်ထည့်ပေးလိုက်တယ်နော် ရကြလားရှင့် 🤩🤩

ဒီနေ့ ဟင်းပွဲအော်ဒါတွေက ရှယ်ပဲနော် ...

အရံဟင်းလက်ဆောင်တွေ အပြင် ပဲထမင်းတွေပါ လက်ဆောင်ရကြတာဆိုတော့ 😘😘

ဒီနေ့ ပဲထမင်းအော်ဒါလေး အကြုံရှိတုန်း ဟင်းပွဲလေးတွေလဲ သတိရပြီး ပိုချက်ပြီး ထည့်ပေးလိုက်တာပါရှင့် ။

စားစေချင်လို့ပါရှင့် ပဲထမင်းဆိုတော့ စောစောစားပေးနော် ....

#ဖိုးလပြည့်အလှူဝန်ဆောင်မှု

🛎️သမီးရေ အလှူငါးခြောက် ပွဲကြီးတစ်ပွဲဆို ဘယ်နှယောက် စားလို့ရလဲ့ကွဲ့ ...•ပွဲကြီးတစ်ပွဲဆို မိသားစုငါးယောက် ကောင်းကောင်းစားလ...
16/05/2025

🛎️သမီးရေ အလှူငါးခြောက် ပွဲကြီးတစ်ပွဲဆို ဘယ်နှယောက် စားလို့ရလဲ့ကွဲ့ ...

•ပွဲကြီးတစ်ပွဲဆို မိသားစုငါးယောက် ကောင်းကောင်းစားလို့ ရတယ်နော် အန်တီ 🤩🤩

🛎️အန်တီက ရွာကိုလဲ လှမ်းပို့ပေးချင်တာမလို့ လမ်းခရီးမှာ အထားခံလားသမီး ...

•အထားခံတယ်နော် အန်တီ ငါးခြောက်နှပ်တွေက ဆီလေးအိနေအောင် ချက်ထားတာဆိုတော့ ..

• ၃ရက် ၄ ရက်လောက်က အေးဆေးထားလို့ရပါတယ်ရှင့်.....

🛎️အဲ့တာဆို အန်တီကို ပွဲကြီးချည့် ၃ပွဲလောက်တော့ ပို့ပေးနော် ...

•ဟုတ်ဟုတ် အန်တီ လမ်းခရီးပို့ဖို့အတွက် ပွဲလေးကို သေချာလေး ထုတ်ပေးလိုက်မယ်နော် 😍😍

ဖိုးလပြည့် အလှူဟင်းပွဲတွေကို ကြိုက်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🥰🥰

☎️09 255556424 & 09 255556413

#ဖိုးလပြည့်အလှူဝန်ဆောင်မှု
#အလှူငါးခြောက်အုန်းနို့နှပ်

သင့်အိမ်ပေါက်သို့ အိမ်အရောက်ငွေချေ ပို့ဆောင်ပေးနေပါပြီ.....အလှူပွဲကြီးများအတွက်သာ သီးသန့်ချက်ပေးသော ဟင်းလျာများကို မိမိအ...
13/05/2025

သင့်အိမ်ပေါက်သို့ အိမ်အရောက်ငွေချေ ပို့ဆောင်ပေးနေပါပြီ.....

အလှူပွဲကြီးများအတွက်သာ သီးသန့်ချက်ပေးသော ဟင်းလျာများကို မိမိအိမ်မှာလဲ စားသုံးနိုင်ပါပြီရှင့်

ဖိုးလပြည့်မှ အလှူပွဲကြီးတွေအတွက် မငှားရမ်းခင် မြည်းစမ်းစေလိုသော စေတနာ​ထား၍ ...

မိသားစု တစ်ရက်စာ ဟင်းပွဲများကို အိမ်စားရောင်းချခဲ့သည်မှာ အချိန်ကြာမြင့်လှပါပြီရှင့် 🥰

စျေးနှုန်းနှင့် အရသာများကလဲ မူလလက်ဟောင်း မပျက်ပါပဲနော် ....

(၁) အလှူငါးဆိမ့်ချက်
ပွဲကြီး = ၁၆,၀၀၀ ကျပ်
(အရံဟင်း ၃မျိုးလက်ဆောင်ပါ )

(၂) အလှူငါးဆိမ့်ချက်
ရှယ်ပွဲကြီး = ၁၈,၀၀၀ ကျပ်
(အရံဟင်း ၅မျိုး လက်ဆောင်ပါ )

(၃) စစ်ကိုင်းအလှူငါးခြောက်အုန်းနို့နှပ်
ပွဲကြီး = ၁၆,၀၀၀ ကျပ်
(အရံဟင်း ၃မျိုးလက်ဆောင်ပါ )

(၄) စစ်ကိုင်းအလှူငါးခြောက်အုန်းနို့နှပ်
ရှယ်ပွဲကြီး = ၁၈,၀၀၀ ကျပ်
(အရံဟင်း ၅မျိုး လက်ဆောင်ပါ )

(၅) အလှူငါးခြောက်ဒိန်ခဲနှပ်
ပွဲကြီး = ၁၆,၀၀၀ ကျပ်
(အရံဟင်း ၃မျိုးလက်ဆောင်ပါ )

(၆) အလှူငါးခြောက်ဒိန်ခဲနှပ်
ရှယ်ပွဲကြီး = ၁၈,၀၀၀ ကျပ်
(အရံဟင်း ၅မျိုး လက်ဆောင်ပါ )

(၇) အလှူရှယ်ဝက်သားအိုးကြီးနှပ်
ပွဲကြီး = ၁၆,၀၀၀ ကျပ်
(အရံဟင်း ၃မျိုးလက်ဆောင်ပါ)

(၈) အလှူရှယ်ဝက်သားအိုးကြီးနှပ်
ရှယ်ပွဲကြီး = ၁၈,၀၀၀ ကျပ်
(အရံဟင်း ၅မျိုးလက်ဆောင်ပါ)

ဟင်းပွဲတွေကို အပတ်စဥ် ဗုဒ္ဓဟူး နှင့် စနေနေ့တိုင်း နေ့လည် ထမင်းစားအမှီ ပို့ပေးပါတယ်ရှင့်။

ယူမယ့် ဟင်းပွဲလေးတွေကို နံပါတ်နဲ့ ပြောပေးလဲ ရပါတယ်ရှင့်။

🛍️Chatbox တွင်သာ အော်ဒါတင်ပေးခဲ့ပါရှင့် ။

☎️09 255556424 & 09 255556413

#ဖိုးလပြည့်အလှူအပြီးအစီးဝန်ဆောင်မှူ
#အလှူငါးခြောက်အုန်းနို့နှပ်
#အလှူငါးခြောက်ဒိန်ခဲချက်
#ငါးဆိမ့်ချက်
#ဝက်သားအိုးကြီးနှပ်

ဟင်းပွဲရေ ၅၀စာတော့ deli အပ်ပေးလိုက်ပါပြီရှင့် 🥳🥳နေ့လည်စာအမှီ အကုန်ရစေရမယ်နော် 😋😋ဟင်းပွဲလေး မှာချင်တဲ့သူရှိသေးရင် chatbox...
07/05/2025

ဟင်းပွဲရေ ၅၀စာတော့ deli အပ်ပေးလိုက်ပါပြီရှင့် 🥳🥳

နေ့လည်စာအမှီ အကုန်ရစေရမယ်နော် 😋😋

ဟင်းပွဲလေး မှာချင်တဲ့သူရှိသေးရင် chatbox မှာလာမေးပေးနော် ...

ရသေးမရသေး တချက်ပြန်ပြောပေးမယ်နော် ။

🛍️Order to chatbox
☎️ 09 255556424 & 09 255556413

#အလှူငါးခြောက်အုန်းနှပ်
#ဖိုးလပြည့်အလှူအပြီးအစီးဝန်ဆောင်မှူ

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959255556413

Website

Alerts

Be the first to know and let us send you an email when ဖိုးလပြည့် အလှူ ဆွမ်းကပ် ဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဖိုးလပြည့် အလှူ ဆွမ်းကပ် ဝန်ဆောင်မှုလုပ်ငန်း:

Shortcuts

Share