Lin Let Mixed Nuts & Seeds

Lin Let Mixed Nuts & Seeds ကျန်းမာရေးအတွက် နေ့စဥ်စားသုံးပေးသင့်တဲ့ အစေ့အဆံများကို Healthy Snack အဖြစ် ရောင်းချပေးပါတယ်။
(1)

စတော်ဘယ်ရီသီးဟာ အရသာရှိရုံသာမက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ အံ့ဖွယ်အသီးတစ်မျိုးဖြစ်ပါတယ်။ စတော်...
06/08/2026

စတော်ဘယ်ရီသီးဟာ အရသာရှိရုံသာမက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ အံ့ဖွယ်အသီးတစ်မျိုးဖြစ်ပါတယ်။

စတော်ဘယ်ရီရဲ့ အာဟာရတန်ဖိုး

စတော်ဘယ်ရီသီးဟာ အာဟာရသိပ်သည်းဆ မြင့်မားပြီး ကယ်လိုရီနည်းပါးတဲ့ အသီးတစ်မျိုးပါ။

· ဗီတာမင် C ကြွယ်ဝခြင်း - စတော်ဘယ်ရီ ၁၀၀ ဂရမ်မှာ ဗီတာမင် C ၄၇ မီလီဂရမ် ပါဝင်ပြီး,လိမ္မော်သီးနဲ့ သံပုရာသီးတို့ထက်တောင် ပိုများပါတယ်။ တစ်နေ့ကို စတော်ဘယ်ရီ ၁၀ လုံးလောက်စားရုံနဲ့ လူကြီးတစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင် C ပမာဏကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
· အခြားသော အာဟာရဓာတ်များ - ဗီတာမင် C အပြင် ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် B အုပ်စုဝင်များ၊ ဖောလစ်အက်ဆစ် (ဗီတာမင် B9)၊ ပိုတက်စီယမ်၊ မန်းဂနိစ်၊ အမျှင်ဓာတ်နဲ့ သံဓာတ်တို့လည်း ပါဝင်ပါတယ်။
· ကယ်လိုရီနှင့် သကြားဓာတ်နည်းပါးခြင်း - စတော်ဘယ်ရီ ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၃၂ ခန့်သာ ပါဝင်ပြီး,သကြားဓာတ် ၄.၈၉ ဂရမ်သာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်လိုသူတွေအတွက် သင့်တော်ပါတယ်။

စတော်ဘယ်ရီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

၁။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

စတော်ဘယ်ရီသီးမှာ ပါတဲ့ ဖောလစ်အက်ဆစ်က နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကိုလက်စထရောနဲ့ သွေးကြောရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ စတော်ဘယ်ရီကို ပုံမှန်စားသုံးခြင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

၂။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

စတော်ဘယ်ရီဟာ Glycemic Index (GI) နိမ့်တဲ့ အသီးဖြစ်လို့ သွေးတွင်းသကြားဓာတ်ကို ရုတ်တရက်မမြင့်တက်စေဘဲ ဆီးချိုရောဂါရှိသူတွေအတွက် စားသုံးရန် သင့်တော်ပါတယ်။ လေ့လာမှုတစ်ခုအရ ဆီးချိုရောဂါအကြိုအဆင့်ရှိသူတွေ စတော်ဘယ်ရီကို နေ့စဉ်စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ကို ပိုမိုကောင်းမွန်စေပြီး အင်ဆူလင်ခံနိုင်ရည်ကိုလည်း လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။

၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း

ဗီတာမင် C ကြွယ်ဝတာကြောင့် ခုခံအားစနစ်ကို အားကောင်းစေပြီး သွားဖုံးသွေးယိုခြင်း၊ အရိုးပွရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

၄။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်းနှင့် ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

စတော်ဘယ်ရီမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

၅။ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုခြင်း

စတော်ဘယ်ရီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်ဆဲလ်တွေကို ဖရီးရယ်ဒီကယ်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပြီး မှတ်ဉာဏ်ကျဆင်းမှုကို နှေးကွေးစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ပတ်ကို စတော်ဘယ်ရီ တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ထက်ပိုစားသူတွေဟာ လစဉ်တစ်ကြိမ်ထက်နည်းစားသူတွေထက် အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ၃၄% လျော့နည်းတယ်လို့ တွေ့ရှိရပါတယ်။

၆။ အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကို ကြည်လင်လှပစေပြီး အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။

စတော်ဘယ်ရီ စားသုံးရာတွင် သတိပြုရမည့်အချက်များ

· ဓာတ်မတည့်သူများ - စတော်ဘယ်ရီနဲ့ ဓာတ်မတည့်တဲ့သူတွေ ရှောင်ကြဉ်သင့်ပါတယ်။
· အစာအိမ်အက်ဆစ်များသူများ - စတော်ဘယ်ရီမှာပါတဲ့ အက်ဆစ်ဓာတ်က အစာအိမ်အက်ဆစ်ကို ပိုများစေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။
· သန့်ရှင်းရေးပြုလုပ်ခြင်း - စတော်ဘယ်ရီကို စားခါနီးမှ ရေဆေးခြင်း,အညှာမဖယ်ရှားဘဲ ရေဆေးခြင်းက ပိုမိုသန့်ရှင်းစေပါတယ်။
· သိုလှောင်ခြင်း - ၀°C မှ ၁၀°C ကြားတွင် သိုလှောင်သင့်ပြီး,ရေမထိဘဲ လေလုံအောင်ထားပါက ရက်အနည်းငယ် ခံနိုင်ပါတယ်။

ဒါကြောင့် စတော်ဘယ်ရီသီးဟာ အရသာရှိရုံသာမက ကျန်းမာရေးအတွက်ပါ အကျိုးပြုတဲ့ အသီးတစ်မျိုးဖြစ်တာမို့ နေ့စဉ်စားသုံးပေးဖို့ အကြံပြုလိုက်ရပါတယ်။

အနေကြာ သေချာစေဖို့  #နေကြာစေ့ ကိုစားပါနေကြာစေ့ဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အရင်းအမြစ်​ဖြစ်ပါတယ်၊ နေကြာစေ့မှာကေ...
05/08/2026

အနေကြာ သေချာစေဖို့ #နေကြာစေ့ ကိုစားပါ

နေကြာစေ့ဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အရင်းအမြစ်​ဖြစ်ပါတယ်၊ နေကြာစေ့မှာကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့ Phytosterols တွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာသွေးတွင်းမှာ ကိုလက်စထရောလျှော့နည်းအောင် ကူညီပေးပြီး နှလုံးကို ကျန်းမာစေပါတယ်။

နေကြာစေ့မှာ စိတ်ခံစားချက်ကို ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်တာကြောင့် သွေးလည်ပတ်စီးဆင်းမှုကိုကောင်းမွန်စေပါတယ်။
သုတေသနတွေအရ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မဖြစ်အောင် ကူညီပေးတယ်လို့ ဆိုထားပါတယ်။ နေကြာစေ့မှာ ပါဝင်တဲ့ ဇင့်ဓါတ်ကလည်း အမျိုးသားတို့အတွက် မျိုးအောင်ဖို့ အထောက်အကူပြုပါတယ်။လေ့လာချက်တွေအရ ဇင့်ဓါတ်ဟာ သုတ်ပိုးအရေအတွက်၊ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေကိုမြင့်တက်စေပါတယ်။နေကြာစေ့ (၁၀၀) ဂရမ်မှာ ဇင့်ဓါတ်(၅) မီလီဂရမ် ပါဝင်တာကြောင့် ဇင့်ဓါတ်အများဆုံး ပါဝင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။

နေကြာစေ့မှာ စိတ်ဖိစီးမှုတွေကိုလျှော့ကျစေမယ့် အာဟာရဓါတ်တွေအပြင် အိပ်ပျော်စေမယ့် သတ္တုဓါတ်တွေလည်း ပါဝင်ပါတယ်။နေကြာစေ့မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အိပ်ပျော်စေဖို့ အပြည့်အဝ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်မပျော်တာတွေဖြစ်တယ်ဆိုရင် အိပ်ခါနီးမှာ နေကြာစေ့နည်းနည်းလောက် စားပြီးမှ အိပ်မယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။

#အသင့်စားနေကြာစေ့ #လင်းလက် #နေကြာစေ့

 #သေးငယ်တဲ့ဖရုံစေ့ လေးတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ဒီအစေ့လေးတွေကို နေ့စဉ်စားသုံးခ...
04/08/2026

#သေးငယ်တဲ့ဖရုံစေ့ လေးတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ဒီအစေ့လေးတွေကို နေ့စဉ်စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် အံ့ဩစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ဖရုံစေ့မှာ မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သားတွေနဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စွမ်းအင်ဖြစ်ပေါ်မှုကိုလည်း အထောက်အကူပြုပါတယ်။ နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်း မြှင့်တင်ပေးပါတယ်။

ညဘက်အိပ်ရခက်တဲ့သူတွေအတွက် ဖရုံစေ့က သဘာဝအိပ်ဆေးတစ်မျိုးပါပဲ။ Tryptophan ဓာတ်ပါဝင်တာကြောင့် အိပ်ပျော်စေတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး အိပ်ရေးဝဝ အိပ်စက်ရစေပါတယ်။

အမျိုးသားတွေအတွက်ဆိုရင် ဆီးကျိတ်ကျန်းမာရေးကို အထူးအထောက်အကူပြုပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတာကြောင့် ဆီးကျိတ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပြီး အင်တီအောက်ဆီဒင့်ဓာတ်တွေက ဆဲလ်တွေကို ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။

အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာမို့ ဆီးချိုရောဂါရှိသူတွေလည်း စားသုံးသင့်ပါတယ်။

ဒါကြောင့် ဖရုံစေ့လေးတွေကို နေ့စဉ်စားသုံးခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားနိုင်မှာပါ။ ဖရုံစေ့ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိပြီး အာဟာရဓာတ်များစွာ စုစည်းတည်ရှိရာ Superfood တစ်မျိုးဖြစ်တာကြောင့် နေ့စဉ်အစားအသောက်ထဲ ထည့်သွင်းစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။

#လင်းလက် #ဖရုံစေ့ #အာဟာရ #မနက်စာ #သရေစာ #ကျန်းမာရေးဓာတ်စာ

လပြည့် လကွယ်၊ စနေ အင်္ဂါ တွေ မရွေးပါဘူး၊ မှာရင်ပို့ပါတယ်။ အစဥ်အမြဲ ဝယ်ယူအားပေးကြတဲ့ ချစ်မိတ်ဆွေများကို ကျေးဇူးအထူးပါ၊ စိ...
29/07/2026

လပြည့် လကွယ်၊ စနေ အင်္ဂါ တွေ မရွေးပါဘူး၊ မှာရင်ပို့ပါတယ်။ အစဥ်အမြဲ ဝယ်ယူအားပေးကြတဲ့ ချစ်မိတ်ဆွေများကို ကျေးဇူးအထူးပါ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီပွားဥစ္စာများ ဒီရေအလား တိုးပွားပါစေ...

ဒီနေ့တော့ ဒါလေးတွေ ပို့ပါတယ်...
28/07/2026

ဒီနေ့တော့ ဒါလေးတွေ ပို့ပါတယ်...

ဝယ်ယူအားပေးသူ မိတ်ဟောင်း မိတ်သစ်များအားလုံးကို ကျေးဇူးအထူးပါ၊ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင...
27/07/2026

ဝယ်ယူအားပေးသူ မိတ်ဟောင်း မိတ်သစ်များအားလုံးကို ကျေးဇူးအထူးပါ၊ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ...

ဝယ်ယူအားပေးသူ တဦးတယောက်စီတိုင်းကို ကျေးဇူးအထူးပါ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီပွားဥစ္စာများ ဒီရေအလား တိုးပွားပါစေ...
10/07/2026

ဝယ်ယူအားပေးသူ တဦးတယောက်စီတိုင်းကို ကျေးဇူးအထူးပါ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီပွားဥစ္စာများ ဒီရေအလား တိုးပွားပါစေ...

ဝယ်ယူအားပေးသူ မိတ်ဆွေအပေါင်းကို ကျေးဇူးအထူးပါ၊ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒမှန်သမျှ ပ...
05/07/2026

ဝယ်ယူအားပေးသူ မိတ်ဆွေအပေါင်းကို ကျေးဇူးအထူးပါ၊ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ...

Address

60th Street, Bet 40th & 41st
Mandalay

Telephone

+959799916872

Website

Alerts

Be the first to know and let us send you an email when Lin Let Mixed Nuts & Seeds posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lin Let Mixed Nuts & Seeds:

Shortcuts

Share