26/07/2024
အိမ်ပြန်ချိန် တိမ်တစ်ချို့ ရှိနေတာ၊
ပန်းတွေပွင့်တာ၊
လေစင်္ကြာလေး လည်နေတာကို ကော်ဖီတစ်ခွက်နဲ့ ထိုင်ငေးနိုင်တာ၊
စားနေကျ ရေခဲမုန့်ကို စားနေကျအရသာအတိုင်း စားခွင့်ရတာ၊
သတိရတာကို သတိရတဲ့အတိုင်း ထားလိုက်နိုင်တာ၊
နောက်ထပ်နည်းနည်းကြာတဲ့အခါ နာကျင်မှုဟာ ကိုယ်တို့ဆီမှာ ပိုပြီးအရောင်မှိန်လာမှာလို့ အတိအကျ ယုံကြည်ထားတာ၊
လွင့်နေအောင် ပျော်ရွှင်ခဲ့ဖူးတဲ့ စိတ်အခြေအနေမျိုး မရှိတော့ဘူး ဆိုရင်တောင် အပျက်အစီး အထိအခိုက်တွေဆီကနေတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖြစ်တဲ့ သက်တမ်းပါပဲ အချစ်ကလေး။
#မယ်စိမ်းလန်း