U Kar Ka- ဦးကာက ဒေါ်စိန်လက်ဖက်

  • Home
  • Myanmar
  • Mandalay
  • U Kar Ka- ဦးကာက ဒေါ်စိန်လက်ဖက်

U Kar Ka-  ဦးကာက ဒေါ်စိန်လက်ဖက် "ဦးကာက ဒေါ်စိန်"လက်ဖက်လုပ်ငန်းသည် (၁၉၂၈) ခုနှစ်တွင် စတင်ခဲ့ပြီး အဆင်မြင့် လက်ဖက်ခြောက်၊ လက်ဖက်စိုများကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချပေးလျက်ရှိပါသည်။
(205)

U Kar Ka Company is a family owned, Mandalay based, organic tea company that has provided affordable high quality tea to the people of Myanmar since 1928.

💸အရောင်းသွက်စေမယ့် ၂၀၀ကျပ် လက်ဖက်!‘သူတစ်လူ၊ ငါတစ်မင်း’ အပြိုင်ဈေးကွက်ထဲမှာ အရောင်းသွက်ဆုံးအရာ ဘာဖြစ်မလဲ 👀သိလား?  ဆိုင်ရှ...
22/09/2026

💸အရောင်းသွက်စေမယ့် ၂၀၀ကျပ် လက်ဖက်!
‘သူတစ်လူ၊ ငါတစ်မင်း’ အပြိုင်ဈေးကွက်ထဲမှာ အရောင်းသွက်ဆုံးအရာ ဘာဖြစ်မလဲ 👀သိလား?
ဆိုင်ရှင်အစ်ကိုတစ်ယောက်က ပြောဖူးတယ် "အကိုရေ... ဖောက်သည်တွေကလည်း ၂၀၀ တန် အထုပ်ကိုပဲ ပိုမေးနေကြတယ်။ ဒီအထုပ်လေးက လူတိုင်းအိမ်မှာ မရှိမဖြစ်မို့လို့ အမြဲတမ်းကုန်နေတာပဲ။ သူက ဆိုင်ကို လူစည်ကားစေတဲ့ 😇ကုန်ပစ္စည်းလေးပါတဲ့။"

ဟုတ်ပါတယ်။ ဒါကတော့ အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ မရှိမဖြစ် လိုအပ်တဲ့ "ဦးကာက+ဒေါ်စိန်" အမှတ်တံဆိပ်ရဲ့ အရည်အသွေးနဲ့ ယုံကြည်စိတ်ချရမှုအပြည့်ရှိပြီး၊ စားသုံးသူတွေ စွဲလမ်းနှစ်သက်တဲ့ “ထိထိမိမိ” လက်ဖက်ထုပ်ပါ💚

✅ ဆိုင်တိုင်း၊ ဈေးတိုင်းမှာ အမြဲတမ်းလိုအပ်ပြီး အလွယ်တကူရောင်းထွက်နေတဲ့ ကုန်ပစ္စည်းမျိုးပါ။
✅ "ဦးကာက+ဒေါ်စိန်" ဆိုတာ နှစ်ပေါင်းများစွာ စားသုံးသူတွေရဲ့ အရသာနဲ့ အသားကျပြီးသား နာမည်ရ Brand ဖြစ်လို့ ဖောက်သည်အသစ်ရှာစရာမလိုဘဲ ရောင်းရလွယ်ကူပါတယ်။
✅ လက်ကားဈေးနှုန်းနဲ့ သင့်တင့်မျှတစွာ ဝယ်ယူနိုင်ပြီး၊ နေ့စဉ်ဝင်ငွေမြန်ဆန်စေမယ့် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ။

မိတ်ဆွေရဲ့ 🏪လက်လီဆိုင်များ၊ ကုန်စုံဆိုင်များအတွက် စိတ်ချရတဲ့ လက်ကား Stock လေးကို အခုပဲ စတင်ဖြည့်ဆည်းလိုက်ပါ။

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684

#ဦးကာကဒေါ်စိန် #ထိထိမိမိ #လက်ကား

☕ဆိုင်ကအတိုင်း မွှေး၊ ဆိမ့်၊ ခါး... အိမ်မှာကိုယ်တိုင် ဖျော်သောက်လို့ရမယ့် Black Tea လျှို့ဝှက်ချက်!ချစ်ခင်ရတဲ့ ကျွန်တော့...
17/09/2026

☕ဆိုင်ကအတိုင်း မွှေး၊ ဆိမ့်၊ ခါး... အိမ်မှာကိုယ်တိုင် ဖျော်သောက်လို့ရမယ့် Black Tea လျှို့ဝှက်ချက်!

ချစ်ခင်ရတဲ့ ကျွန်တော့်မိတ်ဆွေတို့အတွက် ‘ပဝါမကူ/ ရေရှူ’ စရာမလိုဘဲ အလွယ်တကူဖျော်နိုင်မယ့် ဆိုင်ဖျော်နည်းလေးကို 👇မျှဝေပေးလိုက်ပါတယ် ခင်ဗျာ...

☕လက်ဖက်ရည်ချိုဆိမ့်ဖျော်နည်း
• ပထမဦးဆုံး အချိုခြောက် 🥄ထမင်းစားဇွန်း ၃ဇွန်းကို ရေတစ်လီတာနဲ့ ပွက်ပွက်ဆူအောင် ၁၀မိနစ်ခန့် တည်ပါ။
• ပြီးရင် မီးပိတ်ပြီး ⏰မိနစ်၃၀ခန့်နှပ်ထားပေးပါ။
• ရေတစ်လီတာ နဲ့ အချိုခြောက် ထမင်းစားဇွန်း၃ဇွန်းကိုနှပ်ရင် ပုံမှန်မတ်ခွက်(220-250ml)နဲ့ဆိုရင် ပျမ်းမျှ၃ခွက်လောက်ရပါတယ်။
• မိနစ်၃၀လောက်နှပ်ပြီးရင် ဇကာနဲ့အချိုခြောက်ဖက်များကို စစ်ပေးပါ။
• ချိုဆိမ့်အတွက် ဖျော်တဲ့အချိုးစားကတော့ 🫖အကျရည် (250ml) ကို နို့ဆီထမင်းစားဇွန်း ၃ဇွန်းခွဲနဲ့ နို့စိမ်းထမင်းစားဇွန်း ၃ဇွန်းထည့်ပါတယ်။
• ပြီးရင်ဆားလေးနည်းနည်း ခတ်ပေးပါတယ်။
အချိုမကြိုက်ရင်တော့ နို့ဆီလျော့၊ နို့စိမ်းပိုထည့်ပြီး သောက်သုံးနိုင်ပါတယ်။

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684
#ဦးကာကဒေါ်စိန် #အချိုခြောက် #လက်ဖက်ခြောက် #လက်ဖက်ရည်

☕‘တီး’ ရတာ ရှယ်ကြိုက်တဲ့ ကျွန်တော့်လို ‘တီးဖန်’ တစ်ယောက်အတွက် ၁၂လရာသီမှာလည်း ‘တီး’ တာ မပြတ်ခဲ့ပါဘူး။ ဘာ ‘တီး’ တာလဲဆိုရင်...
15/09/2026

☕‘တီး’ ရတာ ရှယ်ကြိုက်တဲ့ ကျွန်တော့်လို ‘တီးဖန်’ တစ်ယောက်အတွက် ၁၂လရာသီမှာလည်း ‘တီး’ တာ မပြတ်ခဲ့ပါဘူး။ ဘာ ‘တီး’ တာလဲဆိုရင်...😎အကုန် ‘တီး’ ပါတယ်။ အထူးသဖြင့် “ဦးကာက+ဒေါ်စိန်”ရဲ့ အချိုခြောက် (Black Tea) လေးနဲ့ပေါ့ဗျာ။

သူလေးကို ရှမ်းတောင်တန်းရဲ့ 🌿အကောင်းဆုံးလက်ဖက်ရွက်တွေနဲ့ သေချာရွေးချယ်ထုတ်လုပ်ထားပြီး၊ ပုံမှန်အချိုခြောက်တွေနဲ့ မတူဘဲ ထူးထူးခြားခြားလေးကို စူးရှကွဲပြားတယ်။ သောက်လိုက်တဲ့အခါ...တစ်ငုံချင်းစီမှာ လက်ဖက်ရည်အရသာအပြည့်ခံစားရလို့ ခံတွင်းမှာ စီးမျောသွားတိုင်း အားအင်အသစ်တွေ ရသလို ခံစားရတယ်ဗျ😇

ဒါတင်ပဲလားဆိုရင် 😌မဟုတ်ပါဘူး။ ကျွန်တော့်လို ဆိုင်ဖျော်အရသာကြိုက်ပေမယ့် ဆိုင်မထိုင်ချင်သူတွေအတွက် အားကိုးရဆုံး နှပ်ခြောက်လို့ဆိုရမယ်။ အိမ်မှာ 🫖ကိုယ်တိုင်ဖျော်ရင်တောင် ဆိုင်ကတီးဆရာလက်ရာအတိုင်း အရသာကွက်တိ ဟတ်တိစေမှာတော့ အာမခံတယ်ဗျ။ ဒီမိုးမှာ ဒါမျိုးမဆောင်ရင် နောင်တရမယ်နော်🤨

အထုပ်သေးတစ်ထုပ်နဲ့ ☕ပုံမှန်လက်ဖက်ရည်ခွက် (၂၀) ထိတောင် ဖျော်နိုင်လို့ ကိုယ့်လို တီးကြိုက်ခင်တွေနဲ့ အဖျော်ဆရာကြီးတို့အတွက် စမ်းကြည့်ဖို့ လက်တို့လိုက်ပါတယ်နော်။ အထုပ်သေးအပြင် အိမ်သုံး၊ ဆိုင်သုံး အထုပ်ကြီးတွေပါရှိလို့ ကြိုက်ရာဝယ်ယူနိုင်ပါတယ် ခင်ဗျာ😍

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684

#ဦးကာကဒေါ်စိန် #အချိုခြောက် #လက်ဖက်ခြောက် #လက်ဖက်ရည်

“ဦးကာက+ဒေါ်စိန်”ရဲ့ စိတ္တသုခ လက်ဖက်💚ဒီတစ်ပတ်တော့ ကျွန်တော်တို့ အိမ်မှာလည်း စားဖူးသူတိုင်း ချီးကျူးကြတဲ့ “ဦးကာက+ဒေါ်စိန်”...
12/09/2026

“ဦးကာက+ဒေါ်စိန်”ရဲ့ စိတ္တသုခ လက်ဖက်💚
ဒီတစ်ပတ်တော့ ကျွန်တော်တို့ အိမ်မှာလည်း စားဖူးသူတိုင်း ချီးကျူးကြတဲ့ “ဦးကာက+ဒေါ်စိန်” အမှတ်တံဆိပ်ရဲ့ “စိတ္တသုခလက်ဖက်” လေးအကြောင်း 🤭ပြောပြချင်လို့။

အလုပ်ကပြန်လာလို့ပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေနဲ့ စကားစမြည်ပြောရင်းပဲဖြစ်ဖြစ်၊ မိသားစုစုံစုံလင်လင် ထမင်းဝိုင်းလေးမှာပဲဖြစ်ဖြစ်၊ လက်ဖက်လေးတစ်ပွဲ ရှိလိုက်ရင် လန်းဆန်းသွားတာ အမှန်ပဲ။ ဒီလက်ဖက်လေးက နာမည်နဲ့လိုက်အောင် စားလိုက်ရင် တကယ်ပဲ ‘စိတ်ချမ်းသာ’ စေပါတယ်😇

ဘာလို့ဒီလိုပြောရလဲဆိုရင်...
✅အရည်အသွေးပြည့်မီသော လက်ရွက်များကိုသာ ရွေးချယ်ထုတ်လုပ်ထားတယ်။
✅အချိုနဲ့ အစပ် နှစ်မျိုးရှိတော့ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်တယ်။
✅အရည်အသွေးကောင်းမွန်တဲ့ ပုစွန်ခြောက်မှုန့်တွေ အများကြီးပါဝင်လို့ ပိုမိုအရသာရှိတယ်။
✅ခေတ်မီနည်းပညာ (Retort) နဲ့ သပ်ရပ်သန့်ရှင်းစွာ ထုပ်ပိုးထားတာကြောင့် ဘေးကင်းစိတ်ချရတယ်။
✅ထောင်း/နှပ်စရာမလိုဘဲ အသင့်စားနိုင်လို့ လွယ်ကူသက်သာတယ်။

ကဲ… ပိတ်ရက်မှာ 🌿လက်ဖက်လေးနဲ့ တစ်ဝိုင်းဖွဲ့ပြီး အေးအေးဆေးဆေး စားချင်ပြီလား?
‘စိတ္တသုခ’အပြည့်နဲ့ ကျန်းမာတဲ့နေ့ရက်တွေ စတင်နိုင်ဖို့ အခုပဲ မြည်းစမ်းလိုက်တော့နော်...

ဈေးနှုန်းအနေနဲ့
ချမ်းသာသုခ (𝟑𝟎𝐠) အချို၊ အစပ် ၁ထုပ်ဈေး - ၁၀၀၀ကျပ်
ချမ်းသာသုခ (𝟑𝟎𝐠) အချို၊ အစပ် ၁၀ထုပ်ပါ ၁ဘူးဈေး - ၉၀၀၀ကျပ်

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684

#ဦးကာကဒေါ်စိန် #ချမ်းသာသုခလက်ဖက်နှပ် #အရသာထိမိ #မြန်မာ့လက်ဖက်

🦟တုပ်ကွေးနဲ့ လက်ဖက်... ဘယ်ဘက်က အားသာမလဲ? မိတ်ဆွေတို့ရေ... မိုးရာသီရောက်လာပြီဆိုတော့ တုပ်ကွေးမိမှာ၊ ဖျားနာမှာကို စိုးရိမ်...
10/09/2026

🦟တုပ်ကွေးနဲ့ လက်ဖက်... ဘယ်ဘက်က အားသာမလဲ? မိတ်ဆွေတို့ရေ... မိုးရာသီရောက်လာပြီဆိုတော့ တုပ်ကွေးမိမှာ၊ ဖျားနာမှာကို စိုးရိမ်နေရပြီမလား?
ဒီလိုအချိန်မျိုးမှာ ကိုယ်ခံအားကောင်းဖို့က အရေးကြီးဆုံးပဲနော်😇 တုပ်ကွေးပိုးတွေ အားကောင်းတဲ့ ဒီရာသီမှာ အိမ်တိုင်းမှာ 🌿လက်ဖက်လေးတော့ ဆောင်ထားသင့်ပါတယ်။

ဘာလို့လဲဆိုတော့ "အစားလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့အတိုင်း လက်ဖက်က ရိုးရာ အစားအစာတစ်ခုတင် မဟုတ်ဘဲ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဆေးဖက်ဝင် အာနိသင်တွေလည်း အများကြီးရှိလို့ပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ "ဦးကာက+ဒေါ်စိန်" ရဲ့ နာမည်ကြီး 🌿ဇယန်းအညွန့်နှပ် လေးက...

✅ခံတွင်းပျက်တာကို ပျောက်ကင်းစေပြီး အစာစားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။
✅အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။
✅အစားအစာမှတစ်ဆင့် ရရှိမယ့် အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
✅ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာလန်းဆန်းမှုကို ရရှိစေပါတယ်။

ဒါ့အပြင် 🌿"ဦးကာက+ဒေါ်စိန်" ရဲ့ ဇယန်းအညွန့်နှပ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော 🌟FSSC (အစားအသောက် ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုစနစ်) အသိအမှတ်ပြု လက်မှတ်ရ ဇယန်းအညွန့်နှပ် ဖြစ်တာမို့ ကျန်းမာရေးအတွက် အပြည့်အဝ စိတ်ချယုံကြည်နိုင်ပါတယ်။ ခေတ်မီ Retort နည်းပညာနဲ့ ထုတ်လုပ်ထားလို့ (၁) နှစ်တာကာလပတ်လုံး အရည်အသွေး အကောင်းဆုံးကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ပါတယ်။

ဆိုတော့... တုပ်ကွေးနဲ့ လက်ဖက် ယှဉ်လိုက်ရင် ကျန်းမာရေးကို ဦးစားပေးတဲ့ လက်ဖက် (ဇယန်းအညွန့်နှပ်) ကပဲ အားသာနေပြီပေါ့...

ဈေးနှုန်းအနေနဲ့
ဇယန်းအညွန့်နှပ် (𝟑𝟎𝐠) အချို၊ အစပ် ၁ထုပ်ဈေး - ၁၀၀၀ကျပ်
ဇယန်းအညွန့်နှပ် (𝟖𝟎𝐠) အချို၊ အစပ် ၁ထုပ်ဈေး - ၂၅၀၀ကျပ်

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684
#မိုးရာသီ #ဦးကာကဒေါ်စိန် #ဇယန်းလက်ဖက်အညွန့်နှပ် #မြန်မာ့ရိုးရာအစားအစာ

မိုးအေးအေးမှာ 😚မွှေးမွှေးပေးချင်လို့ပါ!မိုးအေးအေးလေးမှာ လေပြေလေးတိုက်ခိုက်... အိမ်ထဲမှာ ပူပူနွေးနွေးလေးနဲ့ ဇိမ်ကျချင်လို...
08/09/2026

မိုးအေးအေးမှာ 😚မွှေးမွှေးပေးချင်လို့ပါ!
မိုးအေးအေးလေးမှာ လေပြေလေးတိုက်ခိုက်... အိမ်ထဲမှာ ပူပူနွေးနွေးလေးနဲ့ ဇိမ်ကျချင်လိုက်တာ 🤭မဟုတ်လား?

အပြင်မှာ 🌧️မိုးတွေတဖွဲဖွဲကျနေတဲ့အချိန် အနွေးထည်လေးခြုံပြီး စာအုပ်ဖတ်ရင်း သို့မဟုတ် ဇာတ်လမ်းတွဲလေးကြည့်ရင်း လက်ဖက်ရည်ကြမ်းပူပူလေး တစ်ခွက်လောက် သောက်လိုက်ရရင် ဘာနဲ့မှ မလဲနိုင်ဘူးနော်။

ဒါပေမဲ့ ဒီလိုမိုးအေးတဲ့အချိန်မှာ သာမန်လက်ဖက်ရည်မဟုတ်ဘဲ စိတ်ကိုပါ လန်းဆန်းသွားစေမယ့် 😍"မွှေးရနံ့" လေးကို လိုချင်တယ် မဟုတ်လား?
ဟုတ်ပါတယ်! 💋အနမ်း (မွှေးမွှေး) ပေးတာထက် ပိုပြီး နွေးထွေးသွားစေမယ့် အနံ့မျိုးပေါ့။ ဒါကြောင့် မိတ်ဆွေတို့အတွက် မိုးအေးအေးလေးမှာ အထူးတလည် ဖန်တီးထားတဲ့ “ဦးကာက+ဒေါ်စိန်”ရဲ့ 🌿ကောက်ညှင်းမွှေးလက်ဖက်ခြောက်နဲ့ မိတ်ဆက်ပေးရပါစေ!

မိတ်ဆွေကို မွှေးမွှေးပေးနိုင်မယ့် ကောက်ညှင်းမွှေးလက်ဖက်ခြောက်ရဲ့ ထူးခြားချက်များ🌟
• ကောက်ညှင်းမွှေးရွက်စစ်စစ်နဲ့ အဆင့်မြင့်လက်ဖက်ခြောက်တို့ကို အကောင်းဆုံး အချိုးအစားကျကျ ပေါင်းစပ်ထားပါတယ်။
• အပူချိန်နဲ့ ရောစပ်မှုနှုန်းကို တိကျစွာ တိုင်းတာထုတ်လုပ်ထားတာကြောင့် တစ်နှစ်ပတ်လုံး အရသာနဲ့ အနံ့ မပြောင်းဘဲ အကောင်းဆုံး Quality ကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ပါတယ်✅

🍵တစ်ခွက်သောက်လိုက်ရုံနဲ့ ကောက်ညှင်းမွှေးရနံ့ သင်းသင်းလေးက လေထုထဲမှာ ပျံ့လွင့်သွားပြီး စိတ်ကိုပါ အေးချမ်းကြည်လင်စေမှာ အမှန်ပါပဲ။ ကျွန်တော်ပေးချင်တဲ့ မွှေးမွှေးလေး (ကောက်ညှင်းမွှေးလက်ဖက်ခြောက်) ကို အခုပဲခံစားဖို့ Chat Box ကိုသာ လှမ်းလာခဲ့လိုက်တော့ဗျာ...

ဈေးနှုန်းအနေနဲ့_
ကောက်ညှင်းမွှေး အကြီး တစ်ထုပ် - ၇၀၀၀ကျပ်
ကောက်ညှင်းမွှေး အလတ် တစ်ထုပ် - ၂၈၀၀ကျပ်
ကောက်ညှင်းမွှေး အသေး တစ်ထုပ် - ၁၄၀၀ကျပ်
ကောက်ညှင်းမွှေး (၁၀၀ဂရမ်) တစ်ဘူး - ၄၀၀၀ကျပ်

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684

#ဦးကာကဒေါ်စိန် #ကောက်ညှင်းမွှေးလက်ဖက်ခြောက် #လက်ဖက်ခြောက်

🌟ထူးခြားတဲ့ ရေစက်...ဧည့်ခံပွဲရဲ့ ဖူးစာဖက်!မြန်မာလူမျိုးတို့ရဲ့ အိမ်တွေမှာ ဧည့်သည်လာပြီဆိုတာနဲ့ 🥗လက်ဖက်ပန်းကန်လေးနဲ့ ဧည့်...
07/09/2026

🌟ထူးခြားတဲ့ ရေစက်...ဧည့်ခံပွဲရဲ့ ဖူးစာဖက်!
မြန်မာလူမျိုးတို့ရဲ့ အိမ်တွေမှာ ဧည့်သည်လာပြီဆိုတာနဲ့ 🥗လက်ဖက်ပန်းကန်လေးနဲ့ ဧည့်ခံဖို့ ပြင်ဆင်ကြတာ ကျွန်တော်တို့ရဲ့ လှပတဲ့ ယဉ်ကျေးမှုလေးတစ်ခုပါပဲ။ အဲဒီလို ဧည့်ခံပွဲတိုင်းမှာ အထူးဆုံးနဲ့ အလိုက်ဖက်ဆုံး ဖူးစာဖက်တွေ ရှိနေတယ်ဆိုတာ 😌မိတ်ဆွေတို့ သိပြီးပြီလား?

အဲဒါကတော့ တခြားသူမဟုတ်ပါဘူး... နိုင်ငံတကာအဆင့်မီ 🛡️FSSC အသိအမှတ်ပြုလက်မှတ်ရထားပြီး မွှေးပျံ့နေတဲ့ "ဦးကာက+ဒေါ်စိန်" ဇယန်းအညွန့်နှပ် နဲ့ မွှေးကြိုင်သင်းပျံ့တဲ့ "ကောက်ညှင်းမွှေးလက်ဖက်ခြောက်" တို့ပဲ ဖြစ်ပါတယ်။

🌿ဇယန်းအညွန့်နှပ်ရဲ့ ဆိမ့်ပြီး ခံတွင်းတွေ့စေတဲ့အရသာနဲ့ ကောက်ညှင်းမွှေးလက်ဖက်ခြောက်ရဲ့ မွှေးရနံ့သင်းသင်းလေးတို့ ပေါင်းစပ်လိုက်တဲ့အခါ... ဧည့်သည်တွေအတွက်ရော မိသားစုအတွက်ပါ အကောင်းဆုံးဧည့်ခံဖန်တီးမှုတစ်ခု ဖြစ်လာစေပါတယ်။
🌟သန့်ရှင်းလုံခြုံမှုနဲ့ အရသာ နှစ်ပါးစုံလင်တဲ့ ဒီဖူးစာဖက်အတွဲလေးက မိတ်ဆွေရဲ့ ဧည့်ခံပွဲတိုင်းကို ပိုမိုဂုဏ်ရှိန်မြှင့်တင်ပေးပြီး ဆက်ဆံရေးတွေကိုပါ ပိုမိုပြေပြစ်စေမှာပါ။

ဧည့်ခံပွဲတိုင်းမှာ ဂုဏ်ယူဝံ့ကြွားစွာ 🍽️ဧည့်ခံဖို့အတွက် ဒီဖူးစာဖက် ထုတ်ကုန်အတွဲလိုက်လေးကို အခုပဲ Chat Box ကနေ မှာယူလိုက်ရအောင်ဗျာ။

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684

#ဦးကာကဒေါ်စိန် #ဇယန်းလက်ဖက်အညွန့်နှပ် #ကောက်ညှင်းမွှေးလက်ဖက်ခြောက် #လက်ဖက်ခြောက်

💤“ဝါး...ဝါး...ဝါး” ဆိုပြီး တဝါးဝါးသမ်းနေမယ့်အစား လန်းဆန်းစေမယ့် “ဦးကာက+ဒေါ်စိန်” ဇယန်းချဉ်နံ့ရေနွေးကြမ်းတစ်ခွက် သောက်လို...
04/09/2026

💤“ဝါး...ဝါး...ဝါး” ဆိုပြီး တဝါးဝါးသမ်းနေမယ့်အစား လန်းဆန်းစေမယ့် “ဦးကာက+ဒေါ်စိန်” ဇယန်းချဉ်နံ့ရေနွေးကြမ်းတစ်ခွက် သောက်လိုက်ပါ။

မိုးအေးအေးမှာ ရိုးရာမပြတ်မှိန်းချင်တဲ့ 😴မျက်လုံးနဲ့ ထုံမှိုင်းနေတဲ့ ခန္ဓာကိုယ်က လုပ်စရာတွေကို ပေးဖယ်ဖို့ နိုးဆော်နေတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုအချိန်မျိုးမှာ စိတ်အလိုလိုက်ကာ အိပ်ရာထဲဝင်ခွေချင်ပေမယ့်လည်း လုပ်စရာအလုပ်တွေက 😓ပုံနေတယ်မဟုတ်လား?

⏰အချိန် (၃) မိနစ်ပေးလိုက်ရုံနဲ့ ကိုယ်ရောစိတ်ပါ လန်းဆန်းပြီး...မျက်လုံးတွေ ပြူးကျယ်လာစေမယ့် နည်းလမ်းလေးကို လက်တို့မျှဝေပေးလိုက်မယ်နော်။ အထွေအထူးတော့ မဟုတ်ပါဘူး။ “ဦးကာက+ဒေါ်စိန်”ရဲ့ ဇယန်းချဉ်နံ့လက်ဖက်ခြောက်လေးကို 🫖ရေနွေးအိုးထဲထည့်ခပ်ကာ နှပ်သောက်ရုံပါပဲ။

အငွေ့တလူလူကြားက ပျံ့လွင့်လာတဲ့ 🍵လက်ဖက်အစိုရနံ့သင်းသင်းလေးက စိတ်ကိုကြည်လင်စေပြီး၊ သောက်လိုက်ရင် လက်ဖက်အစိုအရသာက မျက်လုံးကို ပြူးကျယ်သွားစေကာ ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ခံတွင်းထဲမှာ စွဲကျန်တဲ့ အရသာက ရေနွေးကြမ်းကြိုက်တဲ့ မိတ်ဆွေတို့အတွက် တစ်သက်မမေ့စေမယ့် ထူးခြားချက်ပါပဲ😉💚

🌿နှပ်သားကျပြီးသား လက်ဖက်ရွက်ကို အသုံးပြုထားခြင်း
✨အရောင်အဆင်းမှာလည်း စိမ်းရွှင်တောက်ပတဲ့ အရောင်ရှိခြင်း

ဇယန်းနယ်ဘက်က အရသာစစ်စစ်ကို ခံစားရဖို့ တောင်ပေါ်မြေဆီ 😌ခြေချစရာမလိုပါဘူး။ “ဦးကာက+ဒေါ်စိန်”ရဲ့ Page Chat Box ဒါမှမဟုတ် ဖုန်းလေးခေါ်လိုက်ရုံနဲ့ အလွယ်တကူ ဝယ်ယူခံစားနိုင်ပါပြီ...😍

ဈေးနှုန်းအနေနဲ့_
ဇယန်းချဉ်နံ့ အကြီး တစ်ထုပ် - ၇၀၀၀ကျပ်
ဇယန်းချဉ်နံ့ အလတ် တစ်ထုပ် - ၂၈၀၀ကျပ်
ဇယန်းချဉ်နံ့ အသေး တစ်ထုပ် - ၁၄၀၀ကျပ်
ဇယန်းချဉ်နံ့ (၁၀၀ဂရမ်) တစ်ဘူး - ၄၀၀၀ကျပ်

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684
#ဦးကာကဒေါ်စိန် #ဇယန်းချဉ်နံ့လက်ဖက်ခြောက် #လက်ဖက်ခြောက်

“မပြောမပြီး...မတီးမမြည်” ဆိုသလို အိမ်က 👴🏻အဘိုးနဲ့ 👵🏻အဘွားအကြောင်း ပြောရဦးမယ်ဗျ။ သိတဲ့အတိုင်း လူကြီးဆိုတော့ မြန်မာ့လက်ဖက်...
01/09/2026

“မပြောမပြီး...မတီးမမြည်” ဆိုသလို အိမ်က 👴🏻အဘိုးနဲ့ 👵🏻အဘွားအကြောင်း ပြောရဦးမယ်ဗျ။ သိတဲ့အတိုင်း လူကြီးဆိုတော့ မြန်မာ့လက်ဖက်ကို သိပ်ကြိုက်သဗျ။ ဘယ်လောက်ကြိုက်လဲဆိုရင် အခုသွားမရှိတာတောင် လက်ဖက်အညွန့်နှပ်ကို အင်မတန်ဝါးချင်လွန်းလို့ ကလေးလို ဂျီကျနေတယ်။

အသက်အရွယ်ရနေတဲ့ လူကြီးလည်းဖြစ်...သွားလည်းမပါတော့ ကျွန်တော့်မှာ 🌿လက်ဖက်ကောင်းရွေးဖို့ ခေါင်းစားရတာပေါ့ဗျာ။ ဒါပေမဲ့လည်း အဘိုးနဲ့ အဘွားကျေးဇူးနဲ့ “ဦးကာက+ဒေါ်စိန်” လက်ဖက်ကောင်းလေးကို ရှာဖွေတွေ့ရှိသွားတာပေါ့။

🌿“ဦးကာက+ဒေါ်စိန်” ဇယန်းအညွန့်နှပ်က-
• ဆီလုံး လုံးဝမပါဝင်လို့ လူကြီးတွေရဲ့ ကျန်းမာရေးအတွက် အသင့်တော်ဆုံးနဲ့ အရသာအရှိဆုံး လက်ဖက်စစ်စစ်ပါ။
• ဓာတုဆေးဝါး (Preservative) ❌လုံးဝ မပါဝင်ပါဘူး။ ကြာရှည်ခံဆေးနဲ့ ဓာတုဆိုးဆေးတွေ လုံးဝမသုံးထားတာမို့ ကလေးအစ...လူကြီးအဆုံး ယုံကြည်စိတ်ချစွာ စားသုံးနိုင်တယ်။
• ကမ္ဘာ့စံချိန်စံညွှန်းမီ 🛡️FDA၊ ISO 9001 : 2015၊ HACCP တွေအပြင် မြန်မာ့ပထမဦးဆုံး FSSC 22000 လက်မှတ်ရ လက်ဖက်နှပ်လည်း ဖြစ်တယ်ဗျာ။

ဒီလိုအချက်တွေနဲ့ ပြီးပြည့်စုံတဲ့ လက်ဖက်ကောင်းက မစားကောင်းဘဲ 🧑🏻နေပါ့မလားဗျာ...
အခုဆို သွားမပါလည်း ဝါးချင်တဲ့ အဘိုးနဲ့အဘွားက “ဦးကာက+ဒေါ်စိန်” ဇယန်းအညွန့်နှပ်လေးကို တမြုံ့မြုံ့ဝါးရင်း အပြုံးပီတိ ဂွမ်းဆီထိနေတာပေါ့❤️ သွားပါတဲ့ ကျွန်တော်ကတော့ အပြင်းပြေ၊ 🍽️အဆာပြေ၊ အမောပြေ အချိန်တိုင်းကို စားဖြစ်နေပြီ မိတ်ဆွေတို့ရေ...

ဈေးနှုန်းအနေနဲ့
ဇယန်းအညွန့်နှပ် (𝟑𝟎𝐠) အချို၊ အစပ် ၁ထုပ်ဈေး - ၁၀၀၀ကျပ်
ဇယန်းအညွန့်နှပ် (𝟖𝟎𝐠) အချို၊ အစပ် ၁ထုပ်ဈေး - ၂၅၀၀ကျပ်

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684

#ဆီလုံးဝမပါ #ဦးကာကဒေါ်စိန် #ဇယန်းလက်ဖက်အညွန့်နှပ် #မြန်မာ့ရိုးရာအစားအစာ

မနက်တိုင်း 🫖ရေနွေးအိုးမှာ လက်ဖက်ခြောက် ဘယ်လောက်ထည့်ရမှန်း မသိလို့ ဦးနှောက်ခြောက်နေလား? ဒီ Box လေးနဲ့ဆို ရှင်းသွားပြီ😉💚ဧည...
22/08/2026

မနက်တိုင်း 🫖ရေနွေးအိုးမှာ လက်ဖက်ခြောက် ဘယ်လောက်ထည့်ရမှန်း မသိလို့ ဦးနှောက်ခြောက်နေလား?
ဒီ Box လေးနဲ့ဆို ရှင်းသွားပြီ😉💚

ဧည့်သည်လာလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲသောက်သောက်...
🍵လက်ဖက်ရည်ကြမ်းကောင်းကောင်းတစ်ခွက်ရဖို့ဆိုတာ မလွယ်လှဘူးနော်။ လက်ဖက်ခြောက် အနည်းအများချိန်ရတာနဲ့ ရေနွေးပန်းကန်ထဲ ပြန်ဆယ်ရတာနဲ့ တကယ့်အလုပ်ရှုပ်။

ကဲ... ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ "တစ်ရက် တစ်ထုပ်နှုန်းနဲ့ တစ်လစာပြည့်စုံတဲ့ 📦Box" လေးကို မိတ်ဆက်ပေးပါရစေခင်ဗျာ!

🧡လှော်သင်းနံ့ - လှော်နံ့မွှေးမွှေး၊ အရသာလေးလေးနဲ့ လူတိုင်းရဲ့ အသည်းစွဲ။
💛ရွှေဖီမိုဃ်းလွတ် - ထူးထူးခြားခြား ဦးဦးဖျားဖျားလေး သောက်ချင်သူတိုင်းအတွက် အရည်ဖန်၊ လည်ချောင်းမှာ အချိုပြန်စေမယ့် အရသာ။
💚နတ်သစ်ရွက် - Green Tea တစ်ခွက်နဲ့မှ စိတ်ကျေနပ်တာဆိုသူတွေ ရွေးချယ်သင့်ဆုံး အမျိုးအစား။

အထူးခြားဆုံးကတော့... အထုပ်လေးတွေက ၆ ဂရမ်စီ အတိအကျပါဝင်တာမို့ ရေနွေးအိုးတစ်အိုးစာ အတွက် အထူးသင့်တော်ပါတယ်။ တစ်ထုပ်ဖောက်ထည့်လိုက်ရုံနဲ့ ⏰အချိန်တိုအတွင်း အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးနိုင်ပါပြီ!

🏨ဟိုတယ်ပိုင်ရှင်များအတွက် ဧည့်ခန်းတိုင်းမှာထားဖို့ သန့်ရှင်းသပ်ရပ်ပြီး သုံးရလွယ်ကူတဲ့ Welcome Tea အဖြစ် အထူးသင့်တော်ပါတယ်။ ဧည့်သည်တွေအတွက်လည်း အမှတ်တရ ဖြစ်စေမှာပါ။ ဧည့်ခံလက်ဆောင်အဖြစ်ပေးဖို့လည်း ဂုဏ်ရှိပြီး အသုံးဝင်တဲ့ Luxury Gift Set လေးနော်🥰

ဟိုတယ်သုံးအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သောက်ဖို့/ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါ။

🛒မှာယူလိုပါက -
📩𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 - m.me/1384852245165684

#ဦးကာကဒေါ်စိန် #လက်ဖက်ခြောက်

Address

Pya Htike Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9524034041

Alerts

Be the first to know and let us send you an email when U Kar Ka- ဦးကာက ဒေါ်စိန်လက်ဖက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Kar Ka- ဦးကာက ဒေါ်စိန်လက်ဖက်:

Shortcuts

Share

Category