14/03/2024
သရက်သီး အသီးကြွေခြင်း
🍋🍋🍋🍋🍋🍋🍋🍋🍋🍋
🍋အကြောင်းအရင်းများ
🐝🐝🐝🐝🐝🐝🐝🐝
- ရေငတ်ခြင်း
ပန်းပွင့်ချိန်မှစ၍ ရေကို မကြာမကြာ
နည်းနည်းချင်း ပေးသွင်းတဲ့နည်းကို
အသုံးပြုပါ။
- အစာငတ်ခြင်း
ပန်းတွေအများကြီးပွင့်လာရင် အဟာရ ဓာတ်တွေ အများကြီး လိုအပ်လာမည်။
လိုသလောက်မပေးနိုင်ရင် အစာငတ်မယ်
သူ့ထက်ငါ လုစားနေရမယ်။
ဒါကြောင့်... အစာအဟာရကို ကြိုတင်
ကျွေးရပါမည်။ အနည်းဆုံး ၄-၅ ကြိမ်
ကျွေးပေးရန် လိုအပ်ပါသည်။
- ရောဂါပိုးမွှားကပ်ခြင်း
အမျိုးမျိုးသော ရောဂါဆိုးတွေ မကျ
ရောက်စေဖို့ ရက်ပတ်မှန်စွာ ဆေးဖျန်းပါ။
ဆေး ai ကို ထပ်ကာထပ်ကာ မဖျန်းမိဖို့
အထူးသတိပြုစေလိုပါသည်။
ပင်လုံးပြန့်မှိုသတ်ဆေးများကို သုံးရန်
အကြံပြုအပ်ပါသည်။
(သတိပြုရန်-ပန်းပွင့်နေချိန် လိုအပ်မှသာ
ဆေးဖျန်းကြပါရန်)
- ရာသီဥတုဖျက်ခြင်း
ပန်းပွင့်ချိန် ပူလွန်းခြင်း၊ အေးလွန်းခြင်း
ဖြစ်သည့်အခါ အသီးမတင်တဲ့ ပြဿနာ
ဖြစ်လာနိုင်ပါသည်။
🍋တစ်နှစ် ၃ ခါ အသီးကြွေပါတယ်။
အသီးတင်မှု ကာလတစ်လျောက်လုံး အသီးကြွေမှု ပြဿနာ ရှိတတ်ပါတယ်။
ပထမအကြိမ် အသီးကြွေခြင်း
ဝတ်မှုန်ကူးပြီး ၂၀-၃၀ ရက် အတွင်း
အသီးကြွေမှု အများဆုံး ဟု ဆိုရမည်။
ဒုတိယအကြိမ် အသီးကြွေခြင်း
သန္ဓေအောင်ပြီးနောက်ပိုင်း ဖြစ်လေ့ရှိ၏။
ရက်သားအားဖြင့် ၅၆-၆၇ ရက်အတွင်း
ဖြစ်ပါသည်။
တတိယအကြိမ် အသီးကြွေခြင်း
ခူးဆွတ်ခါနီးကာလဝန်းကျင်၌ ကြွေကျမှု
ကို ဆိုလိုပါသည်။ ကြွေကျမှု နည်းသည်။
အသီးကြွေမှုအား ကာကွယ်ရန်
၁ - ဝတ်မှုန်ကူးကောင်းရန် ဆောင်ရွက်ပါ။
၂ - ပိုး နှင့် မှိုရောဂါအား ကာကွယ်ပေးပါ။
၃ - အစာအဟာရ စနစ်တကျကျွေးပါ။
၄ - ရေကို စနစ်တကျ ပေးပါ။
၅ - ဟိုမုန်းဆေးများကို ချင့်ချိန်၍ ဖျန်းပါ။