28/07/2026
မြန်မာနိုင်ငံမှာရောင်းချပေးမှာလား?.....
Battery အကြီးဆုံး Smartphone Honor X80 Pro Max.....ဘယ်လောက်ထိbatteryအားပါသွားမလဲ.........?
Honor ကတော့ Battery Capacity အပိုင်းမှာ နောက်ထပ် စံချိန်တစ်ခု ထပ်တင်လိုက်ပါပြီ။ အသစ်မိတ်ဆက်လိုက်တဲ့ Honor X80 Pro Max ဟာ 11,000mAh Battery ကြီးကို ထည့်သွင်းပေးထားပြီး လက်ရှိ Mainstream Brand တွေထဲမှာ Battery အကြီးဆုံး Smartphone တစ်လုံးအဖြစ် ရပ်တည်လာပါတယ်။
ဖုန်းရဲ့ အရှေ့ဘက်မှာ 6.8-inch OLED Display ကို အသုံးပြုထားပြီး 60Hz ကနေ 120Hz အထိ Adaptive Refresh Rate ကို Support ပေးထားပါတယ်။ ဒါ့အပြင် 3840Hz PWM Dimming ပါဝင်သလို Peak Brightness ကို 10,000 Nits အထိ ရရှိနိုင်တယ်လို့ Honor က ပြောထားပါတယ်။ Bezel တွေကလည်း 1.3mm ဝန်းကျင်ပဲရှိတာကြောင့် Premium Look ကို ရရှိစေပါတယ်။
Performance ပိုင်းအတွက် Qualcomm ရဲ့ အသစ်ထွက် Snapdragon 6 Gen 5 Chipset ကို အသုံးပြုထားပြီး LPDDR5 RAM နဲ့ UFS 3.1 Storage တို့ကို တွဲဖက်ပေးထားပါတယ်။
Android 16 အခြေခံ MagicOS 10 ကို အသုံးပြုထားပြီး AI Outdoor Mode၊ AI Grip Control စတဲ့ AI Feature တွေလည်း ပါဝင်လာပါတယ်။
ဒီဖုန်းရဲ့ အဓိက Highlight ကတော့ 4th Generation Qinghai Lake Battery ဖြစ်တဲ့ 11,000mAh Battery ကြီးပါပဲ။ Honor ရဲ့ အဆိုအရ Standby Time 42 ရက်အထိ အသုံးပြုနိုင်ပြီး Smartphone နဲ့ Livestream ဆက်တိုက် 26 နာရီကျော် ပြုလုပ်နိုင်တဲ့ Guinness World Record တောင် ရရှိထားတယ်လို့ သိရပါတယ်။
Charging ပိုင်းမှာ 90W Fast Charging Support ပေးထားပြီး 27W Reverse Charging ပါဝင်တာကြောင့် Power Bank လိုမျိုး တခြား Device တွေကို ပြန်အားသွင်းပေးနိုင်ပါတယ်။
Camera ပိုင်းမှာ OIS ပါဝင်တဲ့ 50MP Main Camera ကို အသုံးပြုထားပြီး Selfie အတွက် 8MP Front Camera ပါဝင်ပါတယ်။ Stereo Speaker, NFC, IR Blaster, Dual-Frequency GPS, IP66/IP68/IP69/IP69K Water & Dust Resistance နဲ့ SGS Five-Star Drop Resistance Certification တွေလည်း ရရှိထားပါတယ်။
Color အနေနဲ့ Lightning Red, Vibrant Orange, Moon Shadow White နဲ့ Mystic Black ဆိုပြီး 4 မျိုး ရွေးချယ်နိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ဆိုရင် batteryအားကကော ရှယ်ပဲ...☺☺
Thank for watching till the end.📱📱