SPRING

Call Directions Contact the business

SPRING မေမြို့ Arabica Coffee
Roasted Bean | Pure Coffee | Drip Coffee | Instant Brewed Coffee

🌕✨ တန်ဆောင်မုန်းလပြည့်နေ့ဒီနေ့လေးမှာ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါ...
24/11/2026

🌕✨ တန်ဆောင်မုန်းလပြည့်နေ့

ဒီနေ့လေးမှာ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ကုသိုလ်ကောင်းမှုတွေလည်း ပြုလုပ်ရင်း စိတ်ချမ်းသာခြင်းနဲ့ ကောင်းခြင်းမင်္ဂလာတွေ ပြည့်နှက်နေတဲ့ နေ့ရက်လေး ဖြစ်ပါစေလို့ SPRING Coffee မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🤎☕

Happy Tazaungdaing Full Moon Day!

SPRING Coffee
sip it slow, feel it flow

#တန်ဆောင်မုန်းလပြည့်ည

☕🤎 From SPRING Coffee Beans to Your Coffee CupSPRING Coffee ရဲ့ 100% Arabica ကော်ဖီစေ့တွေကို မန္တလာမြေမှ Slow Bar အချို့...
14/11/2026

☕🤎 From SPRING Coffee Beans to Your Coffee Cup

SPRING Coffee ရဲ့ 100% Arabica ကော်ဖီစေ့တွေကို မန္တလာမြေမှ Slow Bar အချို့မှာလည်း အော်ဒါမှာယူပြီး အသုံးပြုနေကြပါပြီ 🙋‍♀️

ကော်ဖီစေ့ကောင်းတစ်ခုကို ရွေးချယ်ခြင်းက ကော်ဖီတစ်ခွက်ရဲ့ အနံ့၊ အရသာနဲ့ Coffee Experience ကို ဖန်တီးရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ အခုလို SPRING Coffee Beans ကို ရွေးချယ်အသုံးပြုနေကြတဲ့ Slow Bar တွေအတွက် ကျေးဇူးတင်ပါတယ်။ 🤎

ကိုယ့်ဆိုင်အတွက် Coffee Beans Supplier အသစ်ရှာဖွေနေတဲ့ Cafe နဲ့ Slow Bar Owner တွေအတွက်လည်း SPRING Coffee Beans ကို မိတ်ဆက်ပေးချင်ပါတယ်။

🌱 100% Arabica Coffee Beans
📦 Minimum Order: 1 kg
☕ အော်ဒါပမာဏများအတွက် Special Rates ရရှိနိုင်ပါတယ်။

📩 အော်ဒါနဲ့ ဈေးနှုန်းအသေးစိတ်ကို သိရှိလိုပါက Page Messenger မှမေးမြန်းနိုင်ပါတယ်။

Let's brew something good together.
SPRING Coffee

ဒီသီတင်းကျွတ်မှာ ဘယ်သူ့အတွက် ဘယ် SPRING Coffee ရွေးမလဲ? ☕🏮ကန်တော့လက်ဆောင်ရွေးတဲ့အခါ လက်ခံမယ့်သူရဲ့ အကြိုက်နဲ့ လိုက်ဖက်တာ...
26/10/2026

ဒီသီတင်းကျွတ်မှာ ဘယ်သူ့အတွက် ဘယ် SPRING Coffee ရွေးမလဲ? ☕🏮

ကန်တော့လက်ဆောင်ရွေးတဲ့အခါ လက်ခံမယ့်သူရဲ့ အကြိုက်နဲ့ လိုက်ဖက်တာလေး ရွေးပေးရင် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။

☕ ကော်ဖီစစ်စစ်ရဲ့ Aroma နဲ့ Taste ကို ခံစားရတာကြိုက်တဲ့သူဆိုရင် Pure Coffee လေးကို ရွေးပေးပါ။

⏰ အလုပ်များပြီး ကော်ဖီဖျော်ဖို့ အချိန်အများကြီးမရှိတဲ့သူဆိုရင် Instant Brewed Coffee လေးက အဆင်ပြေပါတယ်။

🏮 ဒီနှစ် သီတင်းကျွတ်မှာလည်း နယ်က လူကြီးမိဘတွေကို ကန်တော့တဲ့အခါ သောက်ရလွယ်ကူပြီး အဆင်ပြေစေဖို့ 3 in 1 Coffee လေးတွေကို လက်ဆောင်ပေးခဲ့ကြပါတယ်။ လက်ခံမယ့်သူအတွက် အဆင်ပြေမယ့်အရာလေးကို ရွေးပေးတာကလည်း ဂရုစိုက်မှုတစ်မျိုးပါပဲ။ 🤎

💧 ကော်ဖီဖျော်တဲ့ Process လေးကိုပါ Enjoy လုပ်တတ်တဲ့သူဆိုရင် Drip Coffee လေးကို ရွေးပေးလို့ရပါတယ်။

🌱 ကိုယ်တိုင် ကော်ဖီစေ့ကြိတ်ပြီး ဖျော်သောက်ရတာကြိုက်တဲ့သူဆိုရင် Coffee Beans လေးက သင့်တော်ပါတယ်။

ဒီနှစ် ကန်တော့မယ့်သူက ဘယ်လို Coffee Person လဲ? သူ့အတွက် SPRING Coffee ထဲက ဘယ်တစ်ခုကို ရွေးမလဲ?

SPRING Coffee
sip it slow, feel it flow

🌕✨ သီတင်းကျွတ် လပြည့်နေ့မှာ စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံကြပါစေ။မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့အချိန်လေးတွေကို ဖြတ်သ...
26/10/2026

🌕✨ သီတင်းကျွတ် လပြည့်နေ့မှာ စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံကြပါစေ။

မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့အချိန်လေးတွေကို ဖြတ်သန်းရင်း ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ အမှတ်တရကောင်းလေးတွေ ဖန်တီးနိုင်ကြပါစေ။

ဒီလို ထူးခြားတဲ့ သီတင်းကျွတ်အချိန်အခါလေးမှာ မိဘ၊ ဆရာသမားတွေနဲ့ ကိုယ်တန်ဖိုးထားရတဲ့သူတွေကို ကျေးဇူးတင်စကားပြောရင်း ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေ မျှဝေနိုင်ကြပါစေ။

SPRING Coffee မှလည်း အားလုံးအတွက် ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်းနဲ့ ကောင်းမွန်တဲ့အရာလေးတွေ ပြည့်နှက်နေတဲ့ သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🌕☕✨

Happy Thadingyut Full Moon Day! 🤎

#သီတင်းကျွတ်လပြည့်

ကော်ဖီဆိုင်တစ်ဆိုင်အတွက် ကော်ဖီစေ့ ရွေးချယ်မှုက ဘာကြောင့်အရေးကြီးတာလဲ?ကော်ဖီဆိုင်တစ်ဆိုင်မှာ Menu၊ Brewing Method နဲ့ အသ...
20/10/2026

ကော်ဖီဆိုင်တစ်ဆိုင်အတွက် ကော်ဖီစေ့ ရွေးချယ်မှုက ဘာကြောင့်အရေးကြီးတာလဲ?

ကော်ဖီဆိုင်တစ်ဆိုင်မှာ Menu၊ Brewing Method နဲ့ အသုံးပြုတဲ့ Equipment တွေအပြင် ကော်ဖီစေ့ရွေးချယ်မှုကလည်း Customer တွေရဲ့ Coffee Experience ကို သက်ရောက်စေနိုင်ပါတယ်။ 🤎

🌱Coffee Beans
ကော်ဖီရဲ့ မူလဒေသ၊ Bean အမျိုးအစားနဲ့ Roast Profile တွေပေါ်မူတည်ပြီး Aroma နဲ့ Taste တွေ ကွာခြားနိုင်ပါတယ်။

☕ ကိုယ့်ဆိုင်ရဲ့ Menu နဲ့ ကိုက်ညီမှု
ကိုယ့်ဆိုင်မှာ ဖန်တီးချင်တဲ့ Coffee Taste နဲ့ Brewing Style ကို စဉ်းစားပြီး ကော်ဖီစေ့ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

⚖️ Consistent Coffee Experience
Customer တွေ ပြန်လာတိုင်း အရည်အသွေးတသမတ်တည်းရှိတဲ့ ကော်ဖီတစ်ခွက်ကို ဖန်တီးပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။

ကိုယ့်ဆိုင်အတွက် Coffee Beans Supplier ရှာဖွေနေတယ်ဆိုရင် SPRING Coffee ရဲ့ 100% Arabica Coffee Beans ကိုလည်း ထည့်သွင်းစဉ်းစားကြည့်နိုင်ပါတယ်။ 🌱

📩 အသေးစိတ်အချက်အလက်များအတွက် SPRING Coffee ကိုဖြစ်စေ၊ 09955281124 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

SPRING Coffee
sip it slow, feel it flow

🏮 ဒီသီတင်းကျွတ်မှာ SPRING Coffee လေးနဲ့ ကန်တော့လိုက်ပါ။ ☕🤎        သီတင်းကျွတ်ဆိုတာ ကိုယ်ချစ်ခင်ရတဲ့သူတွေကို လက်ဆောင်ပေးရ...
18/10/2026

🏮 ဒီသီတင်းကျွတ်မှာ SPRING Coffee လေးနဲ့ ကန်တော့လိုက်ပါ။ ☕🤎

သီတင်းကျွတ်ဆိုတာ ကိုယ်ချစ်ခင်ရတဲ့သူတွေကို လက်ဆောင်ပေးရင်း ကျေးဇူးတင်တဲ့စိတ်နဲ့ ချစ်ခင်မှုတွေကို ဖော်ပြတဲ့အချိန်လေးပါ။

ကော်ဖီကြိုက်တဲ့ မိဘတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေအတွက်တော့ SPRING Coffee ကို ကန်တော့လက်ဆောင်အဖြစ် ရွေးချယ်ပေးလို့ရပါတယ်။

☕ Pure Coffee • ကော်ဖီစစ်စစ်ရဲ့ အရသာကို ကြိုက်တဲ့သူတွေအတွက်

🥤 Instant Brewed Coffee • အချိန်အများကြီးမပေးဘဲ ကော်ဖီသောက်ချင်တဲ့သူတွေအတွက်

💧 Drip Coffee • ကိုယ်တိုင်ဖျော်ပြီး Freshly Brewed Coffee ကို Enjoy လုပ်ချင်တဲ့သူတွေအတွက်

🌱 Coffee Beans • ကိုယ်တိုင်ကြိတ်ပြီး ဖျော်သောက်ရတာ ကြိုက်တဲ့သူတွေအတွက်

လက်ဆောင်တစ်ခုက တန်ဖိုးကြီးဖို့ထက် လက်ခံရမယ့်သူကို စဉ်းစားပြီး ရွေးချယ်ပေးထားတာ ပိုအရေးကြီးပါတယ်။

ဒီသီတင်းကျွတ်မှာ SPRING Coffee လေးနဲ့ ကိုယ်ချစ်ရတဲ့သူတွေအတွက် Coffee Time လေးတွေ မျှဝေလိုက်ပါ။ 🪔

SPRING COFFEE
sip it slow, feel it flow

ရာသီဥတုပူလာတဲ့အချိန်မှာ ကော်ဖီစေ့တွေကို ပုံမှန်အတိုင်းပဲ သိမ်းထားလို့ရလား? 🤔အယ်နီညို ဖြစ်စဉ်က ဒေသအလိုက် အပူချိန်နဲ့ ရာသီ...
16/10/2026

ရာသီဥတုပူလာတဲ့အချိန်မှာ ကော်ဖီစေ့တွေကို ပုံမှန်အတိုင်းပဲ သိမ်းထားလို့ရလား? 🤔
အယ်နီညို ဖြစ်စဉ်က ဒေသအလိုက် အပူချိန်နဲ့ ရာသီဥတုပုံစံတွေကို သက်ရောက်မှုရှိစေနိုင်ပါတယ်။ ရာသီဥတုပူလာတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ ကော်ဖီစေ့တွေကို ဘယ်လိုသိမ်းထားလဲဆိုတာလည်း သတိထားဖို့လိုပါတယ်။ ကော်ဖီစေ့တွေက အပူ၊ အလင်းရောင်၊ လေထုနဲ့ စိုထိုင်းဆတွေကို ထိတွေ့တာများလာရင် အနံ့နဲ့ အရသာပိုင်းမှာ ပြောင်းလဲလာနိုင်ပါတယ်။

ဒါကြောင့် ပူတဲ့ရာသီမှာ ကော်ဖီစေ့တွေကို သိမ်းတဲ့အခါ...

🌡️ အပူချိန်မြင့်တဲ့နေရာတွေကို ရှောင်ပါ
မီးဖို၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာလို ပူတဲ့နေရာတွေမှာ မထားတာက ပိုကောင်းပါတယ်။

☀️ နေရောင်နဲ့ တိုက်ရိုက်မထိတွေ့စေပါနဲ့
အလင်းရောင်များများထိတွေ့တာက ကော်ဖီစေ့ရဲ့ Freshness ကို ထိခိုက်စေနိုင်ပါတယ်။

💨 လေဝင်လေထွက်နည်းတဲ့ Airtight Container ကို အသုံးပြုပါ
ကော်ဖီစေ့တွေကို လေထုနဲ့ ထိတွေ့မှုနည်းအောင် သေချာပိတ်ထားတာက အနံ့နဲ့ အရသာကို ပိုမိုထိန်းသိမ်းပေးနိုင်ပါတယ်။

💧 စိုထိုင်းဆများတဲ့နေရာတွေကို ရှောင်ပါ
ရေငွေ့နဲ့ စိုထိုင်းဆတွေ မဝင်နိုင်အောင် ကော်ဖီစေ့ကို ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပါ။

အဓိကကတော့ ကော်ဖီစေ့တွေကို အေးမြ၊ ခြောက်သွေ့ပြီး နေရောင်တိုက်ရိုက်မကျတဲ့နေရာမှာ သေချာပိတ်ပြီး သိမ်းထားဖို့ပါ။ ဒီလိုသိမ်းထားပေးရင် ကော်ဖီစေ့ရဲ့ အနံ့နဲ့ အရသာကို ပိုကောင်းကောင်း ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ် ✨

ရာသီဥတုပူလာတဲ့အချိန်မှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သလို ကိုယ်ကြိုက်တဲ့ကော်ဖီရဲ့ အနံ့နဲ့ အရသာကိုလည်း မှန်ကန်စွာသိမ်းဆည်းပြီး ထိန်းသိမ်းထားဖို့ မမေ့နဲ့နော်။ ✨

SPRING Coffee
sip it slow, feel it flow

ဒီသီတင်းကျွတ်မှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် ဘာလက်ဆောင်ပေးဖို့ စဉ်းစားထားကြပြီလဲ? 👀မြန်မာတို့ရဲ့ ဓလေ့ရိုးရာအရ သီတင်းကျွတ်ကာလ...
14/10/2026

ဒီသီတင်းကျွတ်မှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် ဘာလက်ဆောင်ပေးဖို့ စဉ်းစားထားကြပြီလဲ? 👀

မြန်မာတို့ရဲ့ ဓလေ့ရိုးရာအရ သီတင်းကျွတ်ကာလဆိုရင် မိဘ၊ ဆရာသမားတွေနဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကန်တော့ရင်း ကျေးဇူးတင်တဲ့စိတ်လေးတွေ ဖော်ပြကြတဲ့အချိန်ပါ။ ✨

ဒီနှစ်မှာလည်း ပိတ်ရက်အိမ်ပြန်လက်ဆောင်လေးရွေးတဲ့အခါ၊ လူကြီးတွေကို အရိုအသေပြု ကန်တော့တဲ့အခါ၊ ရုံးမှာလက်ဆောင်ပေးချင်တဲ့အခါ အကြိုက်နဲ့ လိုက်ဖက်ပြီး ကျန်းမာရေးပတွက်လည်း သင့်တောင်တဲ့ အသုံးဝင်မယ့်အရာလေးကို ရွေးချင်ကြမှာပဲနော်။

ကော်ဖီကြိုက်တဲ့သူဆိုရင်တော့ SPRING Coffee လေးက သီတင်းကျွတ် ကန်တော့လက်ဆောင်အတွက် စဉ်းစားလို့ရတဲ့ ရွေးချယ်မှုလေးတစ်ခုဖြစ်ပြီး လူကြီးလူငယ်မရွေး အကြိုက်နဲ့လိုက်စေမယ့် ခါးဆိမ့်၊ ချိုဆိမ့်အမျိုးအစားတွေပါ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

သီတင်းကျွတ်အမှီ လက်ဆောင်လေးအတွက် အခုပဲ Page Messenger ကနေ လာရောက်မှာယူနိုင်ပါပြီနော် 🪔

• Spring Pure Coffee
• Spring 3 in 1 Coffee
• Spring Drip Coffee

SPRING Coffee
sip it slow, feel it flow

12/10/2026

အခုတလော ရာသီဥတုပူလာတာ၊ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာကို သတိထားမိကြမှာပါ

ဒီလိုရာသီဥတုပုံစံတွေကို သက်ရောက်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲမှာ El Niño လည်း ပါဝင်ပါတယ်။

El Niño ဆိုတာ ပစိဖိတ်သမုဒ္ဒရာအတွင်း အီကွေတာအနီးတစ်ဝိုက်က ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် ပိုမိုမြင့်တက်လာတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုပါ။

ဒီဖြစ်စဉ်ကြောင့် ဒေသအလိုက်
🌡️ အပူချိန်တွေ ပြောင်းလဲနိုင်ခြင်း
🌧️ မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲနိုင်ခြင်း
🌍 ရာသီဥတုအခြေအနေတွေ ပုံမှန်နဲ့ မတူဘဲ ဖြစ်လာနိုင်ခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
အခုရက်ပိုင်းတွေမှာလည်း အပူလွန်ကဲမှုကြောင့်, အစာအဆိပ်သင့်မှုကြောင့် ‌ေ-သဆုံးသတင်းတွေ တွေ့နေရတာကြောင့် အထူးဂရုစိုက်ကြပါနော်

ရာသီဥတုပူပြင်းတဲ့နေ့တွေမှာ နေပူထဲ အချိန်ကြာကြာမနေဖို့၊ ရေဓာတ်ပြည့်ဝနေအောင် ရေကို ပုံမှန်သောက်ပေးဖို့နဲ့ ရာသီဥတုအခြေအနေတွေကို သတိထားဖို့ အရေးကြီးပါတယ်။ 💧☀️

အားလုံးပဲ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး သတင်းနဲ့ မိုးလေဝသအခြေအနေတွေကိုလည်း ပုံမှန်နားထောင်ကြည့်ဖို့ မမေ့နဲ့နော်။ 🤎

နေ့ရက်တိုင်းရဲ့ သာယာတဲ့ နံနက်ခင်းတစ်ခုဟာ စိတ်ကို လန်းဆန်းစေမယ့် ကော်ဖီတစ်ငုံနဲ့တင် စတင်တာပါပဲ! ☕✨ SPRING Coffee မှ Inter...
01/10/2026

နေ့ရက်တိုင်းရဲ့ သာယာတဲ့ နံနက်ခင်းတစ်ခုဟာ စိတ်ကို လန်းဆန်းစေမယ့် ကော်ဖီတစ်ငုံနဲ့တင် စတင်တာပါပဲ! ☕✨ SPRING Coffee မှ International Coffee Day အတွက် မေတ္တာမွန်ပါးလိုက်ပါတယ်!

အိမ်မှာပဲ ဖျော်သောက်သောက်၊ ရုံးမှာပဲ သောက်သောက်၊ သင့်ရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေမှာ SPRING Coffee က ပါဝင်ခွင့်ရလို့ ဝမ်းမြောက်မိပါတယ်။ သင်းပျံ့တဲ့ ကော်ဖီရနံ့၊ အရသာအပြည့်ပါတဲ့ အလှော်အတိုက်နဲ့အတူ ဒီနေ့မှာ SPRING Coffee လေးတစ်ခွက်နဲ့ ပျော်ရွှင်စွာ ဆင်နွှဲလိုက်ရအောင်!

Every great morning starts with a sip that brings you back to life. ☕✨ Happy International Coffee Day from SPRING Coffee!

Whether you’re brewing a fresh drip, making a pour-over at home, or grabbing your go-to mug, we’re honored to be a part of your daily routine. Here’s to the rich aromas, perfect roasts, and endless energy.

Pour a cup of SPRING Coffee today and celebrate the craft!

Address

Mandalay
05024

Telephone

+959955281124

Website

Alerts

Be the first to know and let us send you an email when SPRING posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SPRING:

Shortcuts

Share

Category

Nearby food & beverage services