NABC Runner Distribution

NABC Runner Distribution Northern ABC Runner distributes BEER brands such as:
ABC , HEINEKEN, TIGER, R7, BAWDAR beer.

“ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)”ဝါဆိုလပြည့်နေ့ဆိုတာ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုတဲ့အတိုင်း ထူးထူးခြားခ...
29/07/2026

“ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)”

ဝါဆိုလပြည့်နေ့ဆိုတာ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုတဲ့အတိုင်း ထူးထူးခြားခြား ဘာသာရေးမှတ်တိုင်ကြီးတွေကို စိုက်ထူခဲ့တဲ့နေ့ ဖြစ်ပါတယ်

ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်လည်း ဖြစ်တဲ့အတွက် မြန်မာပြည်သူပြည်သားအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း NABC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🤗

\ \_Runner\_Distribution #ဝါဆိုလပြည့်နေ #ဓမ္မစကြာအခါတော်နေ့

“ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း”ဝါတွင်းကာလ ကုသိုလ်ကောင်းမှုအဖြစ် NABC Runner နဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ UMT Distributi...
21/07/2026

“ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း”

ဝါတွင်းကာလ ကုသိုလ်ကောင်းမှုအဖြစ် NABC Runner နဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ UMT Distribution တို့ ပူးပေါင်းပြီး သံဃာတော်တွေကို ဝါဆိုသင်္ကန်းနဲ့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါတယ် 🙏

လှူဒါန်းမှုအစီအစဉ်မှာ သံဃာတော်တွေ ရွတ်ဖတ်ချီးမြှင့်တဲ့ မေတ္တာပို့ အန္တရာယ်ကင်း ပရိတ်တရားတော်တွေကိုလည်း နာယူခဲ့ကြပါတယ်

ယခုပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု အစုစုတို့ကို မိတ်ဟောင်း မိတ်သစ်များနှင့်တကွ (၇) ရက်သားသမီးအပေါင်းတို့လည်း ထပ်တူအမျှ ပေးဝေအပ်ပါတယ်ခင်ဗျာ 🙏

အလှူတော် မှတ်တမ်းပုံရိပ်တွေကိုလည်း ဝေမျှပေးလိုက်ပါတယ်

မြန်မာနိုင်ငံသားတိုင်းအတွက် မမေ့နိုင်စရာ နေ့တစ်ရက်ဖြစ်တဲ့ အာဇာနည်နေ့ကို NABC Runner ကနေ အောက်မေ့ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ\ \...
19/07/2026

မြန်မာနိုင်ငံသားတိုင်းအတွက် မမေ့နိုင်စရာ နေ့တစ်ရက်ဖြစ်တဲ့ အာဇာနည်နေ့ကို NABC Runner ကနေ အောက်မေ့ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ

\ \_Runner\_Distribution

“ကမ္ဘာ့ အလုပ်သမားနေ့”စီးပွားရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ အဓိကမောင်းနှင်ပေးနေတဲ့ အလုပ်သမားတွေကို ယနေ့ မေလ (၁) ရက်နေ့ ကမ္...
01/05/2026

“ကမ္ဘာ့ အလုပ်သမားနေ့”

စီးပွားရေးယန္တရားတွေ လည်ပတ်နိုင်ဖို့ အဓိကမောင်းနှင်ပေးနေတဲ့ အလုပ်သမားတွေကို ယနေ့ မေလ (၁) ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ 🥰

Day

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ ထူးခြားချက် (၄) ချက်နဲ့ ပြည့်စုံတဲ့ ကဆုန်လပြည့်နေ့လေးမှာ ပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်...
30/04/2026

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့ ထူးခြားချက် (၄) ချက်နဲ့ ပြည့်စုံတဲ့ ကဆုန်လပြည့်နေ့လေးမှာ ပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းဝေးကြပါစေ၊ စိတ်နှလုံး ကြည်လင်အေးချမ်းနိုင်ကြပါစေကြောင်း NABC Runner ကနေ ဆုတောင်းအပ်ပါတယ်ခင်ဗျာ 🥰

“နှစ်သစ်ဆုတောင်းမင်္ဂလာ”အေးချမ်းသာယာတဲ့ မြန်မာနှစ်သစ်ကူး အချိန်အခါလေးမှာ အခက်အခဲတွေ၊ ပူဆွေးသောကတွေအားလုံး ကင်းဝေးသွားပါစ...
17/04/2026

“နှစ်သစ်ဆုတောင်းမင်္ဂလာ”

အေးချမ်းသာယာတဲ့ မြန်မာနှစ်သစ်ကူး အချိန်အခါလေးမှာ အခက်အခဲတွေ၊ ပူဆွေးသောကတွေအားလုံး ကင်းဝေးသွားပါစေ

အားလုံးပဲ နှစ်သစ်မှာ လန်းဆန်းတက်ကြွတဲ့ ခွန်အားတွေနဲ့အတူ ရည်မှန်းချက်ပန်းတိုင်တွေကို အောင်အောင်မြင်မြင် လှမ်းကိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ အဆမတန် တိုးတက်လာပါစေကြောင်း

NABC Runner Distribution ကနေ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ 🥰

အေးချမ်းတဲ့ သင်္ကြန်ရေစင်တွေနဲ့အတူ ဖြတ်သန်းရင်း တစ်နှစ်ပတ်လုံး ကြိုးစားရုန်းကန်ခဲ့ရတဲ့ ပင်ပန်းမှုတွေအားလုံး ရေစင်နဲ့အတူ ...
13/04/2026

အေးချမ်းတဲ့ သင်္ကြန်ရေစင်တွေနဲ့အတူ ဖြတ်သန်းရင်း တစ်နှစ်ပတ်လုံး ကြိုးစားရုန်းကန်ခဲ့ရတဲ့ ပင်ပန်းမှုတွေအားလုံး ရေစင်နဲ့အတူ ကင်းစင်သွားပါစေနော်

ဒီအားလပ်ရက်လေးမှာ မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ အေးချမ်းပျော်ရွှင်စရာ အချိန်တွေကို အပြည့်အဝ ဖန်တီးနိုင်ကြပါစေလို့လည်း ထပ်လောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🥰

မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ နွေးထွေးနေတဲ့ NABC Runner ရဲ့ လုပ်ငန်းခွင် အလုပ်မှာ သွန်သင်လမ်းပြပေးတဲ့ Senior တွေဆိုတ...
10/04/2026

မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ နွေးထွေးနေတဲ့ NABC Runner ရဲ့ လုပ်ငန်းခွင်

အလုပ်မှာ သွန်သင်လမ်းပြပေးတဲ့ Senior တွေဆိုတာ လမ်းပြကြယ်တွေပါပဲ

သူတို့ရဲ့ လမ်းညွှန်ပြသပေးမှုတွေအကြောင့် အငယ်ဝန်ထမ်းတိုင်း လမ်းမှန်ကို ရဲရဲကြီး လျှောက်နိုင်ခဲ့ကြတာပါ

ဒါကြောင့် အခုလို မြန်မာ့နှစ်သစ်ကူးချိန်လေးမှာ NABC Runner က လူငယ်ဝန်ထမ်းတွေက ဝါကြီးတဲ့ seniorဝန်ထမ်းတွေကို ကျေးဇူးဆပ်တဲ့ အစီအစဉ်လေးတစ်ခု ပြုလုပ်ခဲ့ပါတယ် 🥰

အဲ့တာက အငယ်တွေကို အမြဲတမ်း ဖေးမကူညီပေးတဲ့ အသက် (၄၀) ကျော် Senior ဝန်ထမ်းကြီးတွေကို လှူဖွယ်ပစ္စည်းတွေနဲ့အတူ ရိုရိုသေသေ ကန်တော့ခဲ့ကြတဲ့အစီအစဉ်လေးပါ

ကန်တော့ခံ Senior ကြီးတွေဘက်ကလည်း ဝမ်းသာပီတိဖြစ်ရုံမကဘဲ နွေးထွေးတဲ့ ဆုတောင်းမေတ္တာတွေ ပြန်လည်ပို့သပေးခဲ့ပါတယ်

ကျေးဇူးသိတတ်မှုတွေ၊ အပြန်အလှန် လေးစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အခုလို မြင်ကွင်းတွေက တကယ့်ကို ကြည်နူးစရာပါပဲ

ဒါကြောင့် တစ်ဦးပေါ်တစ်ဦး မေတ္တာထားပြီး ဖေးမကူညီတတ်တဲ့ NABC Runner မိသားစုရဲ့ ကန်တော့ပွဲ အမှတ်တရ မြင်ကွင်းတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🥰

နေပူမရှောင်၊ မိုးရွာမရှောင် အားကြိုးမာန်တက် လုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားကြီးတွေဟာ နိုင်ငံရဲ့ အသက်သွေးကြောတွေပါပဲ။ဦးကြ...
02/03/2026

နေပူမရှောင်၊ မိုးရွာမရှောင် အားကြိုးမာန်တက် လုပ်ကိုင်နေကြတဲ့ တောင်သူလယ်သမားကြီးတွေဟာ နိုင်ငံရဲ့ အသက်သွေးကြောတွေပါပဲ။

ဦးကြီးတို့ရဲ့ ကြိုးစားအားထုတ်မှုတိုင်းအတွက် ထိုက်တန်တဲ့ အကျိုးအမြတ်တွေ ရရှိပြီး၊ မိသားစုနဲ့အတူ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြပါစေ လို့ NABC Runner Distribution ကနေ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🥰

\ #တောင်သူလယ်သမားနေ့

Brand တစ်ခုရဲ့ Image ကို အလှပဆုံး ပုံဖော်ပေးနေတာက 'ကောင်းမွန်တဲ့ ဝန်ဆောင်မှု' ပါပဲNABC Runner မှာ Customer တွေနဲ့ နေ့စဉ်...
28/02/2026

Brand တစ်ခုရဲ့ Image ကို အလှပဆုံး ပုံဖော်ပေးနေတာက 'ကောင်းမွန်တဲ့ ဝန်ဆောင်မှု' ပါပဲ

NABC Runner မှာ Customer တွေနဲ့ နေ့စဉ်နဲ့အမျှ အနီးကပ်ဆုံး ထိတွေ့နေရတာက Warehouse နဲ့ Sales Team ဝန်ထမ်းတွေပါ

သူတို့တွေက Brand ရဲ့ Image ကို အကောင်းဆုံး ထင်ဟပ်ပြသနေတဲ့ ကိုယ်စားလှယ်တွေလို့ ပြောရင်လည်း မမှားပါဘူး

ဒီဝန်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ဝန်ဆောင်မှုတိုင်းက Customer တစ်ဦးချင်းစီအတွက် စိတ်ကျေနပ်မှုတွေကို ဖြစ်စေပါတယ်

ဒီအချက်က ကျွန်တော်တို့ရဲ့ Branding Image တစ်ခုလုံးကို ပိုမိုခိုင်မာလာစေဖို့အတွက် အရေးအကြီးဆုံးပါပဲ

ဒါကြောင့် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး "Customer ဝန်ဆောင်မှုသင်တန်း" ကို ပေးခဲ့ပါတယ်

ဒီသင်တန်းမှာ စာတွေ့တင်မကဘဲ၊ လက်တွေ့လုပ်ငန်းခွင်မှာ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကိုပါ Activity လေးတွေနဲ့ ပျော်ပျော်ပါးပါး၊ ထိထိရောက်ရောက် လေ့ကျင့်သင်ယူခဲ့ကြပါတယ်

Customer တွေကို အကောင်းဆုံး ဖြန့်ချိရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေတဲ့ ကျွန်တော်တို့ ဝိုင်းတော်သားတွေရဲ့ သင်တန်းမှတ်တမ်း ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🥰

NABC_Runner_Distribution

Address

No. 14, 38st, Bet 78 & 79
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+9592011177

Alerts

Be the first to know and let us send you an email when NABC Runner Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NABC Runner Distribution:

Shortcuts

Share