Irrawaddy Dragon

Irrawaddy Dragon သတင်းများတင်ကြားခြင်း

11/08/2024
01/08/2024

မြစ်အများစု ရေပြန်ကျနေ၊ စိုးရိမ်ရေမှတ်အထက်ရှိတဲ့ မြို့ ၆ ခုသာကျန်

CJ Platform

မြန်မာနိုင်ငံအတွင်း အဓိက ဧရာဝတီမြစ်အပါအဝင် မြစ်နဲ့ ချောင်းများ ရေအကျဘက်ပြန်ရောက် လာတဲ့အတွက် မြို့အများစုမှာလည်း ရေတွေပြန်ကျနေပြီလို့ စစ်ကောင်စီမိုးဇလရဲ့ ဒီကနေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သံလွင်၊ သောင်ရင်း၊ ငဝန်၊ တိုး၊ ဘီးလင်း စတဲ့မြစ် ဆယ်ခုအပါအဝင် နမ့်ယင်း၊ နမ့်ကောင်းချောင်းတို့မှာလည်း ရေပြန်ကျနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲ မြစ်ရေအနည်းငယ်ပြန်တိုးမှုအနေနဲ့ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းနဲ့ မင်းကင်းမြို့တို့မှာ ၁၉ စင်တီမီတာစီ၊ မော်လိုက်မြို့မှာ ၂ စင်တီမီတာ၊ မြစ်သာမြစ်က ကလေးမြို့မှာ ၅၀ စင်တီမီတာ၊ စစ်တောင်းမြစ်က တောင်ငူမြို့မှာ ၈၀ စင်တီမီတာ၊ ဘီးလင်းမြစ်က ဘီးလင်းမြို့မှာ ၆ စင်တီမီတာ တိုးခဲ့တယ်လို့ မိုးဇလထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ အဲဒီမြို့တွေမှာ မြစ်ရေတွေအားလုံး စိုးရိမ်ရေမှတ်အောက် ရောက်နေတာဖြစ်ပါတယ်။

လက်ရှိ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေတဲ့ မြို့တွေကတော့ ပဲခူး၊ မဒေါက်၊ ရွှေကျင်၊ ဘားအံ၊ ငါးသိုင်းချောင်းနဲ့ သာပေါင်းတို့ဖြစ်ပေမဲ့ ဒီမြို့တွေမှာလည်း မြစ်ရေတဖြည်းဖြည်းပြန်ကျနေတယ်လို့ မိုးဇလရဲ့ ယမန်နေ့ မနက် ၆ နာရီခွဲမှ ဒီကနေ့ ၆ နာရီခွဲအထိ မြစ်ရေတိုင်းထွာချက်များအရ သိရပါတယ်။
ဒီလို မြစ်ရေတွေ ပြန်လည်ကျဆင်းနေပေမဲ့ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နိုင်ငံတဝန်းက ပြည်သူတွေ ရေဆက်ကြီးနေမှာနဲ့ ပြန်ကြီးလာမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိ ပဲခူးတိုင်း၊ ပဲခူးမြို့မှာ အမြင့်ပိုင်းရပ်ကွက်တွေရဲ့ သဲအိတ်တာဘောင်ပြုလုပ်မှုတချို့ကြောင့် အနိမ့်ပိုင်းရပ်ကွက်များမှာ ရေဆက်ရှိနေဆဲဖြစ်တယ်လို့ မြို့ခံများထံမှ သိရပါတယ်။

ပဲခူးမြို့မှာ ဇူလိုင် ၂၈ ရက် ညပိုင်းအထိ ရပ်ကွက် ၁၃ ခု၊ ကျေးရွာလေးခုတို့မှာ ယာယီရေဘေးရှောင်စခန်း ၂၇ ခုအထိ ဖွင့်လှစ်ထားပြီး အိမ်ခြေ ၆၂၀၀ ခန့်က အိမ်ထောင်စု ၆၂၅၀ ကျော်က လူဦးရေ ၂၅,၀၀၀ ကျော် ရေဘေးရှောင်နေရတယ်လို့ စစ်ကောင်စီပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

🖋ကိုထားဝယ်

ဓာတ်ပုံ - လူမှုကွန်ရက်

ပုံစာ - ဒီကနေ ဩဂုတ် ၁ ရက် မနက်ပိုင်း ပဲခူးမြို့တွင်းကို တွေ့မြင်ရစဉ်

#ဧရာဝတီမြစ် #ရေပြန်ကျ

01/08/2024

ကလေးမှာ စက်သုံးဆီ ဝယ်မရဖြစ်နေ

CJ Platform

စစ်ကိုင်းတိုင်း၊ ကလေးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ယနေ့ ဩဂုတ်လ ၁ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်နေတာကြောင့် ဝယ်မရဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဓာတ်ဆီ တစ်လီတာ ၁၀,၀၀၀ ကျပ်နဲ့ ရောင်းချပေးနေပေမဲ့ ယနေ့ ဩဂုတ်လ ၁ ရက်နေ့မှာတော့ စက်သုံးဆီအရောင်းဆိုင်တွေအပြင် လမ်းဘေးမှာ ရေသန့်ဘူးဖြင့် ရောင်းချနေတဲ့ ဆိုင်တွေမှာလည်း ဝယ်ယူလို့မရတော့ဘူးလို့ ဆိုပါတယ်။

ကလေးမြို့က တချို့ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ စက်သုံးဆီတွေ လက်ကျန်ရှိပေမဲ့ မရောင်းချပေးတော့ဘဲ သိမ်းဆည်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

"အရင်ရက်တွေက ဓာတ်ဆီတစ်လီတာ ရှစ်ထောင်ကနေ တစ်သောင်းထိ တက်သွားတယ်။ အခု စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ ပြတ်လပ်လာလို့ လမ်းဘေးက စျေးဆိုင်တွေမှာလည်း ဝယ်လို့မရတော့ဘူး။ တချို့ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ အနည်းငယ်ရှိပေမဲ့ မရောင်းကြတော့ဘူး။ ပိတ်ထားကြတယ်” လို့ ၎င်းက ပြောပါတယ်။

ကလေးမြို့မှာ စက်သုံးဆီတွေ ဝယ်ယူလို့မရတာကြောင့် ဆိုင်ကယ်၊ သုံးဘီး၊ ကား စတဲ့ အငှားမောင်းသူတွေနဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေ အခက်တွေ့နေရတယ်လို့ သုံးဘီးအငှားလိုက်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“တစ်နေ့လုပ်မှ တစ်နေ့စားရတာဖြစ်ပါတယ်။ အခု သုံးဘီးအငှားလိုက်ဖို့ ဓာတ်ဆီဝယ်လို့မရတော့ဘူး။ အရင်ရက်တွေက ရပ်ကွက်လမ်းဘေးစျေးဆိုင်တွေမှာ ရှာဖွေပြီး စျေးကြီးပေး ဝယ်လို့ရတယ်။ ဒီနေ့တော့ ငွေရှိပေမဲ့ ဘယ်မှဝယ်မရတော့ဘူး” လို့ ၎င်းက ပြောပါတယ်။

ကလေးမြို့ကို ကုန်စည်တင်ပို့တဲ့ မဟာမြိုင်လမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက နှစ်လကြာပိတ်ထားပြီးနောက် ပြီးခဲ့တဲ့အပတ်ထဲ ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ ကလေးမြို့မှာ ဓာတ်ဆီတွေ ပြတ်လပ်လာတာဖြစ်ပါတယ်။

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာတော့ ဇူလိုင်လနှောင်းပိုင်းကစလို့ စက်သုံးဆီပြတ်လပ်မှုနဲ့ ပြန်လည်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ် ၁ ရက်အထိ မပြေလည်တဲ့အပြင် ပိုမိုဆိုးရွားလာပြီးနောက် နယ်ဒေသက စက်သုံးဆီဆိုင်တွေမှာ ဆီထုတ်မရောင်းပေးတာမျိုးတွေနဲ့ ဒေသခံတွေ ရင်ဆိုင်လာရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

🖋ဆလိုင်း

ဓာတ်ပုံ - CJ

ပုံစာ- ကလေးမြို့က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဥ်

#စစ်ကိုင်းတိုင်း #ကလေးမြို့ #စက်သုံးဆီအရောင်းဆိုင်

01/08/2024

အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျော်အထိ စံချိန်တင်စျေးမြင့်တက်လာပြီး အခေါက်ရွှေစျေး သိန်း ၆၉ သိန်းဝန်းကျင်သို့ စံချိန်ချိုးရောက်ရှိ၊ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေ

ရန်ကုန်၊ ဩဂုတ် ၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၅၀၀ ကျော်အထိစံချိန်တင် စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေစျေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ၆၉ သိန်းဝန်းကျင်သို့ စံချိန်ချိုးရောက်ရှိလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ ကမ္ဘာ့ရွှေစျေးမှာ ရွှေတစ်အောင်စလျှင် ၂၄၀၀ ပတ်ချာလည်တွင်ပင် အတက်အကျ အနည်းငယ်ရှိနေပြီး မြန်မာ့ရွှေစျေးမှာမူ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၉ သိန်းဝန်းကျင်တွင် စျေးနှုန်းတွက်ချက် ပေါက်စျေးရှိနေကြောင်း၊ အရောင်းအဝယ်အနေဖြင့် အဝယ်သာရှိပြီး အရောင်း နည်းပါးကာ စျေးကွက်တွင် စျေးထိုးတက်နေခြင်းကြောင့် အရောင်းအဝယ်မဖြစ် ဖြစ်နေကြောင်း သိရှိရသည်။

"ရွှေစျေးက နေ့စဉ် တက်နေတာဆိုတော့ ၀ရုန်းသုန်းကားဖြစ်နေတာမျိုး။ အဝယ်က ရှိပေမယ့် အရောင်းမရှိဘူး။ အတက် အကျ ကြမ်းတော့ အဝယ်အရောင်း ခက်တယ်။ စျေးနှုန်းနဲ့ အခြေအနေစောင့်ကြည့်တာများတယ်။ အလားအလာကတော့ ဆက်တက်ဦးမယ်လို့မှန်းတယ်။ သိန်း ၇၀ တစ်ပတ်ချာလည်လောက်အထိ ရောက်မယ်လို့ မှန်းတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာမှာလည်း ဆက်လက် မြင့်တက်နေပြီး အဓိကအားဖြင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးကျနေခြင်းဖြစ်ကြောင်း၊ မကြုံစဖူး ကျပ်ငွေတန်ဖိုး တဟုန်ထိုး ထိုးကျနေခြင်းဖြစ်သည်ဟု နိုင်ငံခြားငွေလဲဒိုင်များက သုံးသပ်ကြသည်။

"အရွက် တစ်နေ့တစ်ခြားတက်လာတာက ကျပ်ငွေတန်ဖိုး ထိုးကျနေတာ။ စီးပွားရေးကျနေတာ၊ စစ်ဘေးဂယက်၊ ငွေစက္ကူတွေ အတောမသတ်ရိုက်နေတာကြောင့်လို့ထင်တယ်နော်။ အားလုံးစုပြုံပြီး ကျပ်တန်ဖိုးထိုးကျနေတာလို့ ထင်တယ်။ ဒီအကျ ဘယ်လောက်ထိ ကျဦးမလဲတော့ မသိဘူး။ စျေးအပြောင်းအလဲအရမ်းမြန်နေတယ်" ဟု ရန်ကုန်မှ ဒေါ်လာဝယ်ရောင်းလက်ကြီးတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ဝိသမလောဘသားများ၏ စျေးကစားမှုကြောင့် ရွှေစျေးနှင့်ငွေစျေးနှုန်းများ ကမောက်ကမဖြစ်ရသည်ဟုဆိုကာ မကြာခဏ ဆိုသလို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုတစ်ခေါက် ကျပ်ငွေတန်ဖိုးနှင့်စျေးနှုန်းများ ဆက်တိုက် ကျဆင်းမှုမှာမူ စံချိန်တင် ဆက်တိုက် ထိုးဆင်းနေခြင်းဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

01/08/2024

Khit Thit သတင်းဌာန၏ ဩဂုတ် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁ ရက် ညနေပိုင်း တင်ဆက်ပေး...

Address

Mandalay
Mandalay
783904

Alerts

Be the first to know and let us send you an email when Irrawaddy Dragon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category