Dingar Bakery

Dingar Bakery We bake with love..

သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးကိုပဲ ရွေးချယ်ပေးချင်ကြတာ မိခင်တိုင်းရဲ့ မေတ္တာပါပဲ။ 💛သားသားမီးမီးလေးတွေအတွက် ...
20/08/2026

သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးကိုပဲ ရွေးချယ်ပေးချင်ကြတာ မိခင်တိုင်းရဲ့ မေတ္တာပါပဲ။ 💛

သားသားမီးမီးလေးတွေအတွက် မုန့်ရွေးရင် အရသာတင်မက ကျန်းမာရေးကိုပါ ပဓာနဦးစားပေး စဉ်းစားတတ်တဲ့ မေမေတို့အတွက် ဒင်ဒင်လေးကလည်း မုန့်တိုင်းကို စေတနာအပြည့်နဲ့ ဖန်တီးပေးလျက်ရှိပါတယ်။

ကျောင်းဆင်းချိန် မုန့်စားချိန်လေးမှာဖြစ်ဖြစ်၊ အိမ်မှာကစားရင်း အဆာပြေစားဖို့ဖြစ်ဖြစ် မုန့်ထုပ်လေး ဖောက်လိုက်တိုင်း ကလေးငယ်တို့ မျက်နှာပေါ်က အပြုံးပန်းလေးတွေကို မြင်ရတာဟာ မေမေတို့အတွက်တော့ အကောင်းဆုံး ဆုလာဘ်ပါပဲနော် ... ။

ဒင်ဒင်လေး ရဲ့ မုန့်မျိုးစုံဟာဆိုရင် .....

👉 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝကုန်ကြမ်းတွေကိုသာ စိစစ်ရွေးချယ်အသုံးပြုထားလို့ မေမေတို့ အနေနဲ့ စိတ်ချလက်ချ ရွေးချယ်နိုင်ပြီး

👉 ကလေးတို့အကြိုက် ထောပတ်ကိတ်၊ နို့ကိတ်၊ ဒိုးဝိုင်းနဲ့ အခြားစုံလင်လှတဲ့ အရသာတွေကို အကောင်းဆုံးအရည်အသွေးနဲ့ နေ့စဉ် လတ်လတ်ဆတ်ဆတ် ထုတ်လုပ်ပေးထားပါတယ်။

ဒီလို အာဟာရလည်းရှိ၊ အရသာလည်းရှိတဲ့ဒင်ဒင်လေး ရဲ့ မုန့်လေးတွေကို သားသားမီးမီးလေးတို့အကြိုက် အိမ်မှာများများဝယ်ယူထားလိုက်ဦးနော် ... ။ 🤗

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1

Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက် 🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။

🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586, 09-442 025 454, 09-202 5454

#ဒင်္ဂါး #ရွှေမန်းမြေကဒင်ဒင်လေး #မေမေတို့ရဲ့ရွေးချယ်မှု

☕ ရိုးရှင်းတဲ့ ကော်ဖီချိန်၊ လက်ဖက်ရည်ချိန်လေးတွေကို အထူးခြားဆုံးဖြစ်သွားစေဖို့ ဒင်ဒင်လေးရဲ့ ထောပတ်ကိတ်ခြောက် 🧈အထုပ်လေး စ...
17/08/2026

☕ ရိုးရှင်းတဲ့ ကော်ဖီချိန်၊ လက်ဖက်ရည်ချိန်လေးတွေကို အထူးခြားဆုံးဖြစ်သွားစေဖို့ ဒင်ဒင်လေးရဲ့ ထောပတ်ကိတ်ခြောက် 🧈

အထုပ်လေး စဖောက်လိုက်တာနဲ့ ထောပတ်နံ့ သင်းသင်းလေးက အရင်ဆုံး ဆွဲဆောင်ပါလိမ့်မယ်

သာမန်ကိတ်ခြောက်တွေနဲ့ လုံးဝမတူဘဲ တစ်ကိုက် ကိုက်လိုက်တိုင်း ခံစားရမဲ့ မွရွနေတဲ့ အထိအတွေ့က ကော်ဖီ၊ လက်ဖက်ရည် ပူပူလေးနဲ့ဆို အလိုက်ဖက်ဆုံး အရသာပါပဲ 🧈

တစ်ခါစားဖူးတာနဲ့တင် နောက်တစ်ခါ ထပ်ခါထပ်ခါ စားချင်သွားအောင် ဖမ်းစားထားနိုင်တဲ့ ဒင်ဒင်လေး ရဲ့ ထောပတ်ကိတ်ခြောက်က စွဲမက်ဖွယ်ရာ အရသာနဲ့မို့ အမြဲတမ်း စားချင်နေပါမှာနော် ✨

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#ထောပတ်ကိတ်ခြောက် #ကိတ်ခြောက်

မနက် ၇ နာရီ Alarm မြည်ပြီဆိုတာနဲ့ အဝတ်အစားမြန်မြန်လဲ၊ ကားပိတ်တာနဲ့ ရုန်းကန်ပြီး အလုပ်သွားနေရတဲ့ မနက်ခင်းတွေမှာ မနက်စာထို...
13/08/2026

မနက် ၇ နာရီ Alarm မြည်ပြီဆိုတာနဲ့ အဝတ်အစားမြန်မြန်လဲ၊ ကားပိတ်တာနဲ့ ရုန်းကန်ပြီး အလုပ်သွားနေရတဲ့ မနက်ခင်းတွေမှာ မနက်စာထိုင်စားဖို့ဆိုတာ အတော်လေး အိပ်မက်ဆန်ပါတယ်။

ဒါပေမဲ့ မနက်စာမစားဘဲ အလုပ်လုပ်တဲ့အခါ ၁၀ နာရီလောက်ဆို ခေါင်းမကြည်၊ အားအင်ကုန်ပြီး တစ်နေ့တာလုံး စွမ်းဆောင်ရည်တွေ ကျဆင်းလာတာကို လူတိုင်းကြုံဖူးကြမှာပါ။

အချိန်ကုန်သက်သာပြီး အာဟာရပြည့်ဝတဲ့ မနက်စာကို ရှာနေတယ်ဆိုရင် ဒင်ဒင်လေး ရဲ့ လတ်ဆတ်တဲ့ မုန့်လေးတွေက ကိုယ်တစ်နေ့တာအတွက် လိုအပ်တဲ့စွမ်းအင်ကို အပြည့်အဝ ဖြည့်တင်းပေးမှာပါ။

ဒီတော့ မနက်စာအတွက် လိုအပ်တဲ့ခွန်အားတွေကို သန့်ရှင်း၊ လတ်ဆတ်၊ အာဟာရပြည့်တဲ့ ဒင်ဒင်လေးနဲ့ အစပြုလိုက်ပါနော် ✨

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။
☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#မနက်စာ #အာဟာရပြည့်မနက်စာ

အဘွား... မနက်ဖြန် ဥပုသ်နေ့ မုန့်လှူဖို့ ဘာပြင်ထားလဲအိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ပုတီးစေ့လေးတွေ တစ်ချက်ချင်း စိပ်ရင်း အမေကြီးက...
09/08/2026

အဘွား... မနက်ဖြန် ဥပုသ်နေ့ မုန့်လှူဖို့ ဘာပြင်ထားလဲ
အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ပုတီးစေ့လေးတွေ တစ်ချက်ချင်း စိပ်ရင်း အမေကြီးက ပြုံးပြတယ်။

အလှူဆိုတာ စေတနာ သန့်ဖို့ရယ်၊ လှူရတာ စိတ်ချမ်းသာဖို့ရယ်၊ သုံးဆောင်ရသူ ဝမ်းမြောက်ဖို့ရယ်က အဓိကပေါ့
ဟုတ်ပါတယ်... ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်း ရောက်သွားရင် သံဃာတော်တွေ၊ အဘိုးအဘွားတွေ သုံးဆောင်နေကြတဲ့ အပြုံးလေးတွေကို မြင်ရတာလောက် စိတ်ထဲ ငြိမ်းချမ်းစရာ၊ ဝမ်းမြောက်စရာကောင်းတဲ့ ကုသိုလ်မျိုး မရှိပါဘူး။

ဒါကြောင့်မလို့ပဲ ဒီလိုနေ့ရက်လေးတွေမှာ လှူသူရော၊ ခံယူသူပါ စိတ်နှလုံး အေးမြစေဖို့အတွက် ဒင်ဒင်လေးက ထုတ်လုပ်ထားတဲ့ ရွှေပဲပေါင်နဲ့ ရွှေပူတင်းတွေကို လှူဒါန်းလို့ရပါတယ်
တစ်ခုချင်းစီ Packaging လေးတွေနဲ့ စနစ်တကျ ထုပ်ပိုးပေးထားတာမို့ အလှူပွဲတွေ၊ ဓမ္မာရုံတွေမှာ တန်းစီဝေမျှရတာ လွယ်ကူစေတဲ့အပြင် လှူရတာလည်း လွယ်ကူ၊ သုံးဆောင်ရသူလည်း စိတ်ချမ်းသာစေမဲ့ အလှူတော်တစ်ခု ဖြစ်စေမှာပါ။

ဒီတစ်ပတ် ဥပုသ်နေ့မှာ မြင့်မြတ်တဲ့ ဒါနပါရမီ ဖြည့်ဆည်းဖို့ ဒင်ဒင်လေးရဲ့ မုန့်တွေနဲ့ ကုသိုလ်ယူလိုက်ပါနော် ✨

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#ရွှေပဲပေါင် #ရွှေပူတင်း #ဥပုသ်

🌙 ညသန်းခေါင်ယံရဲ့ တိတ်ဆိတ်မှုနဲ့အတူ ရောက်လာတတ်တဲ့ ဧည့်သည်...နာရီကို ကြည့်လိုက်တော့ မနက် (၂) နာရီ။ ဟိုဘက်လှိမ့်၊ ဒီဘက်လှိ...
06/08/2026

🌙 ညသန်းခေါင်ယံရဲ့ တိတ်ဆိတ်မှုနဲ့အတူ ရောက်လာတတ်တဲ့ ဧည့်သည်...

နာရီကို ကြည့်လိုက်တော့ မနက် (၂) နာရီ။ ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့်နဲ့ မျက်လုံးတွေက ကြောင်နေတုန်းပဲ။ အိပ်မပျော်တာလားဆိုတော့ မဟုတ်ဘူး... ဗိုက်ထဲက တဂွီဂွီမြည်ပြီး ဆန္ဒပြ 🤤

🍪 ဒင်ဒင်လေးရဲ့ ဒိုးဝိုင်း ကွတ်ကီးတွေက ညသန်းခေါင် အဆာပြေစားချင်စိတ်ကို အကောင်းဆုံး ဖြည့်ဆည်းပေးလို့ ခြေသံလုံလုံနဲ့ ရေခဲသေတ္တာဆီ အပြေးသွားပြီး တစ်ထုတ်ပြီး တစ်ထုတ်ကို စားပစ်လိုက်တယ်
ဒီလိုအချိန်မျိုးမှာ ညဘက်ဗိုက်ဆာရင် အရင်ဆုံး ပြေးမြင်ရမှာကတော့ တခြားမဟုတ်ပါဘူး…ရေခဲသေတ္တာထဲမှာ အမြဲဆောင်ထားတဲ့ ဒိုးဝိုင်း ကွတ်ကီးလေးတွေပဲ ✨

ဒီတော့ ညသန်းခေါင်ဗိုက်ဆာတဲ့ဒဏ်ကို အလူးအလဲမခံစားရအောင် ဒိုးဝိုင်းကွတ်ကီးလေးတွေ ဝယ်ပြီး ရေခဲသေတ္တာထဲ အပြည့်ဖြည့်ထားလိုက်တော့နော် 🛒

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်

🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454


#ဒင်္ဂါး #မန္တလေး #ဒိုးဝိုင်း #ညဘက်ဗိုက်ဆာရင်

03/08/2026

🍞 ချစ်ရတဲ့သူတွေနဲ့ ဖြတ်သန်းမဲ့ အချိန်တိုင်းကို ပိုပြီးချိုမြိန်သွားစေဖို့...
မြန်မာ့အကြိုက်ဆုံး အရသာတွေကို ဖန်တီးရာ... ဒင်္ဂါး

မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်ဘဝမှာ မပါမဖြစ်တဲ့ နံနက်ခင်း လက်ဖက်ရည်ဝိုင်းလေးတွေပဲဖြစ်ဖြစ်၊ ညနေခင်း အမောပြေ အဆာပြေစားမဲ့ အချိန်လေးတွေပဲဖြစ်ဖြစ် ပိုပြီးပြည့်စုံသွားစေဖို့ဆိုရင် လတ်ဆတ်ပြီး အရသာရှိတဲ့ မုန့်လေးတွေက မရှိမဖြစ်ပါပဲ

Dingar Bakery ဟာ မြန်မာလူမျိုးတို့ရဲ့ အကြိုက်ဆုံး အရသာတွေကို ထိန်းသိမ်းပြီး အကောင်းဆုံးသော မုန့်တွေကို

👉 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝကုန်ကြမ်းများကိုသာ စိစစ်ရွေးချယ် အသုံးပြုပြီး
👉 ကျွမ်းကျင်ဝန်းထမ်းတွေ၊ ခေတ်မီစက်ကြီးတွေနဲ့အတူ နေ့စဉ် လတ်လတ်ဆတ်ဆတ် ထုတ်လုပ်ပေးပါတယ်
💥 မြန်မာလူမျိုးတို့ရဲ့ အာသီသနဲ့ အကိုက်ညီဆုံးဖြစ်အောင် အချိုအဆိမ့် အနေတော် အထူးဖန်တီးထားတာမို့
မိသားစုနဲ့အတူတူ စားမလား
❓သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဝိုင်းမှာပဲ သုံးဆောင်မလား ❓

အားလုံးအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်ဖို့ Dingar Bakery က အမြဲတမ်း အသင့်ရှိနေပါတယ်နော် 🤗

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#ဒင်္ဂါးပေါင်မုန့် #ဒင်္ဂါး

မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်တော်တွေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာဝင်သမိုင်းမှာ ဝါဆိုလပြည့်နေ့ဟာ အထူးခြားဆုံး နေ့တစ်နေ့ပါ။ ဒီလရဲ့ အထင...
29/07/2026

မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်တော်တွေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာဝင်သမိုင်းမှာ ဝါဆိုလပြည့်နေ့ဟာ အထူးခြားဆုံး နေ့တစ်နေ့ပါ။ ဒီလရဲ့ အထင်ရှားဆုံး ဓမ္မပူဇာပွဲကတော့ အားလုံးသိကြတဲ့ “ဓမ္မစကြာအခါတော်နေ့” ပါပဲ။ တခြားလတွေထက်စာရင် ဘာသာရေးအရ အင်မတန် အရေးပါတဲ့လဖြစ်လို့ ဒီနေ့ကို နှလုံးသွင်း ကြည်ညိုသူတိုင်း ကုသိုလ်တိုးပွားပြီး ကောင်းကျိုးတွေ ရရှိနိုင်မဲ့ သာသနာတော်ဆိုင်ရာ အခါတော်နေ့ကြီးလည်း ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက်တွေကို ကြည့်မယ်ဆိုရင် မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်မှာ ဘုရားအလောင်းတော် ပဋိသန္ဓေတည်ခဲ့တဲ့နေ့၊ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့နေ့၊ ဘုရားဖြစ်ပြီးနောက် ဓမ္မစကြာတရားဦး စတင်ဟောကြားတဲ့နေ့၊ တရားရတနာနဲ့ သံဃာရတနာ စတင်ပေါ်ထွန်းတဲ့နေ့ စတဲ့ ထူးခြားလေးနက်တဲ့ အဖြစ်အပျက်တွေ အားလုံး စုဝေးနေပါတယ်။ ဒါ့အပြင် အဘိဓမ္မာတရား ဟောကြားဖို့ တာဝတိံသာနတ်ပြည်ကို ကြွတော်မူစဉ်မှာ ရေမီးအစုံနဲ့ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့တဲ့ နေ့လည်း ဖြစ်ပါတယ်။

ဒီလို သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုတဲ့ အံ့ချီးဖွယ် အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့ ဝါဆိုလပြည့်နေ့ကို ဖြတ်သန်းပြီး နောက်တစ်နေ့ကစလို့ ရဟန်းသံဃာတော်တွေဟာ ဝိနည်းတော်နဲ့အညီ အရပ်တစ်ပါးကို မသွားတော့ဘဲ သီတင်းသုံးရာ ကျောင်းတိုက်မှာပဲ ဝါတွင်းသုံးလပတ်လုံး ပုရိမဝါကပ် ဝါဆိုတော်မူကြတော့မှာပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီလို လမြတ်ဝါဆိုမှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အာရုံပြု ကြည်ညိုရင်း ဥပုသ်သီလ ဆောက်တည်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ကိုယ်ကျင့်သီလတွေ လုံခြုံအောင် ထိန်းသိမ်းရင်း အားလုံးပဲ စိတ်နှလုံး ကြည်လင်အေးမြစွာနဲ့ အေးချမ်းသာယာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Dingar Bakery မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454
#ဝါဆိုလပြည့်နေ့

Tastes of the Golden Land 2026 မှာ ဒင်ဒင်တို့ရဲ့Booth လေးဆီကို ရောက်လာပြီး အားပေးခဲ့ကြတဲ့ ပုံရိပ်လေးတွေနဲ့ အမှတ်တရတွေကို...
27/07/2026

Tastes of the Golden Land 2026 မှာ ဒင်ဒင်တို့ရဲ့Booth လေးဆီကို ရောက်လာပြီး အားပေးခဲ့ကြတဲ့ ပုံရိပ်လေးတွေနဲ့ အမှတ်တရတွေကို ပြန်ကြည့်ရင်း တကယ်ကို ပြုံးမိနေပါတယ်။

ပွဲကြီးက ပြီးသွားပြီဆိုပေမဲ့ ဒင်ဒင်လေးတို့ Booth ရှေ့မှာ လာရောက်လည်ပတ်ရင်း ရယ်မောပျော်ရွှင်ခဲ့ကြတဲ့ Moment လေးတွေကတော့ အမှတ်တရ အဖြစ်ဆုံးပါပဲ။ အားပေးဖို့ ရောက်လာကြတဲ့ ချစ်ရတဲ့သူတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်နော်။

ဒီလိုပျော်စရာ အမှတ်တရလေးတွေကို အတူတူ ဖန်တီးပေးခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ နောက်ထပ် ပွဲတွေမှာလည်း ဒင်ဒင်လေးနဲ့အတူ ထပ်ပြီး ဆုံကြပါဦးမယ်နော် ✨💖

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…

🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

တံခါးဝကနေ "အိမ်ရှင်တို့ရေ..." ဆိုတဲ့ နှုတ်ဆက်သံလေး ကြားလိုက်တာနဲ့ အပြုံးပန်းတွေဝေကာ လှိုက်လှိုက်လှဲလှဲ ဆီးကြိုတတ်တာဟာ မြ...
26/07/2026

တံခါးဝကနေ "အိမ်ရှင်တို့ရေ..." ဆိုတဲ့ နှုတ်ဆက်သံလေး ကြားလိုက်တာနဲ့ အပြုံးပန်းတွေဝေကာ လှိုက်လှိုက်လှဲလှဲ ဆီးကြိုတတ်တာဟာ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့တစ်ခုပါ။

အညာဒေသရဲ့ ဧည့်ဝတ်ကျေပွန်မှုကတော့ ရိုးရှင်းပေမဲ့ နွေးထွေးမှုအပြည့် ရှိလှပါတယ်။

အထူးသဖြင့် အိမ်ရှေ့ကွပ်ပျစ်လေးမှာ ရေနွေးကြမ်းအိုးလေးချ၊ လက်ဖက်ပန်းကန်၊မုန့်ပန်းကန်နဲ့ ဧည့်သည် ကို နွေးနွေးထွေးထွေး ဧည့်ခံတတ်တာကတော့ အညာရဲ့ ချစ်စရာ ဓလေ့လေးတစ်ခုပဲပေါ့✨

ဒီလို ရိုးရှင်းပေမဲ့ လေးနက်လှတဲ့ အညာရဲ့ ဧည့်ဝတ်မပျက်တဲ့ဓလေ့ကို ပိုပြီးမြိုင်ဆိုင်သွားအောင်၊ ဧည့်သည်တွေ အကြိုက်တွေ့သွားအောင် Dingar Bakery ရဲ့ ကြွပ်ရွမွှေးပျံ့နေတဲ့ မုန့်ကြွပ်လေးတွေက အသင့်ရှိနေပါတယ် 😋

ကဲ ချစ်ခင်ရသူတွေကို အကောင်းဆုံး ဧည့်ခံနိုင်ဖို့ ဒင်ဒင်လေးရဲ့ မုန့်ကြွပ်တွေကို အခုပဲ သတိရလိုက်ပါနော် 💖

TikTok - https://www.tiktok.com/?_t=8nNOEkuuqis&_r=1
Viber - https://invite.viber.com/…
🍞 Dingar Bakery - ဒင်္ဂါးမုန့်တိုက်
🚏 ၁၀-၁၂ လမ်းကြား၊ အရှေ့မြို့ပတ်လမ်း၊ မန္တလေးမြို့။
🚏 ၈၇လမ်း၊ ၃၃-၃၄ လမ်း ကြား၊ မန္တလေးမြို့။

☎️ 09-799 865 586,09 - 442 025 454, 09 - 202 5454

#မုန့်ကြွပ် #အညာဓလေ့ #လက်ဖက်ရည်ဝိုင်း

Address

87st33. 34st
Mandalay
05024

Alerts

Be the first to know and let us send you an email when Dingar Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dingar Bakery:

Shortcuts

Share