မေမေဂျယ်လီနှင့်အချိုရည်

မေမေဂျယ်လီနှင့်အချိုရည် Natural taste to Natural life

Company ၏ Brand Name သည် “မေမေစားသောက်ကုန်လုပ်ငန်း” ဖြစ်သည့် အားလျော်စွာ မေတ္တာတရားကို ရည်ညွန်းခြင်းဖြစ်ပြီး အမြတ်အစွန်းရရှိမှုထက် စားသုံးသူ မိဘပြည်သူများ၏ အကျိုးကျေးဇူးအတွက် အကောင်းဆုံးပေးဆပ်မှုများဖြင့် ကြိုးစားသွားရန် ရည်ရွယ်ပါသည်။ ထို့ပြင် Company မှ ရရှိလာသော အကျိုး အမြတ်များကိုလည်း မေမေဂျယ်လီနှင့်အချိုရည်စက်ရုံမှ တည်ထောင်ထားသော မေမေဖောင်ဒေးရှင်း(MOTHER FOUNDATION) ၏ အာဟာရဒါန လှူဒါန်းခြင်း၊ သန့်စင်သောသွေး၊ အသည်း၊ ကျောက်ကပ် ကူညီ ရှာဖွေလှူဒါန်းခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်များ ဆက်ကပ်လောင်းလှူခြင်း၊ ကျန်းမာရေး အတွက်အခက်အခဲဖြစ်နေသူများကို ဆေးဖိုးထောက်ပံ့လှူဒါန်းခြင်း နှင့် ထူးချွန်သော ကျောင်းသား လူငယ်များကို ပညာသင်စရိတ်ထောက်ပံ့ခြင်း တို့အတွက် အသုံးပြုလျှက်ရှိပါသည်။ ထိုအပြင် မေမေ ဖောင်ဒေးရှင်း၏ အခမဲ့ ပညာဒါန သင်တန်းကျောင်းကိုလည်း ထပ်မံဖွင့်လှစ်ပြီး ပရဟိ အကျိုးများကို စွမ်းစွမ်းတံမံ ဆောင်ရွက်လျှက်ရှိပါသည်။

သောက်ကြည့်လိုက်နော်  နို့စတော်ဘယ်ရီအရသာ  အချိုရည်......
23/09/2026

သောက်ကြည့်လိုက်နော် နို့စတော်ဘယ်ရီအရသာ အချိုရည်......

ကိုယ့်ဘဝကို ပြောင်းလဲနိုင်တဲ့ အဓိက အ‌ရေးကြီးဆုံးက ကိုယ်ကိုတိုင်ပဲ ဖြစ်ပါတယ်၊၊ကိုယ်ကိုတိုင်က လေ့လာသင်ယူထားမှု မရှိရင် ဘယ်...
23/09/2026

ကိုယ့်ဘဝကို ပြောင်းလဲနိုင်တဲ့ အဓိက အ‌ရေးကြီးဆုံးက ကိုယ်ကိုတိုင်ပဲ ဖြစ်ပါတယ်၊၊
ကိုယ်ကိုတိုင်က လေ့လာသင်ယူထားမှု မရှိရင် ဘယ်လောက်ပဲ အခွင့်အလမ်းတွေ ရှိနေပါစေ အောင်မြင်မှုကို မရရှိနိုင်ပါဘူး၊၊
ဒါကြောင့် အောင်မြင်မှုတွေ ရရှိဖို့ဆိုရင် ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံထားဖို့ လိုအပ်ပါတယ်၊၊
ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံခြင်းဆိုတာက ငွေကြေးနှင့်ပဲ မဟုတ်ပါဘူး၊၊
အသိပညာတွေ၊အတတ်ပညာတွေ၊ဗဟုသုတတွေကို အချိန်‌ပေးပြီး လေ့လာသင်ယူထားဖို့ လိုပါတယ်၊၊
ဒါအပြင် စာဖတ်ခြင်းက အသိပညာတွေ၊ဗဟုသုတတွေ၊အတွေ့အကြုံတွေကိုလည်း ရရှိစေပါတယ်၊၊
တချို့လူတွေက ကိုယ့်ဘဝကို တန်ဖိုးမထားဘဲ အခြားသူတွေကိုသာ အာရုံစိုက်နေတတ်ကြပါတယ်၊၊
တကယ်တော့ ကိုယ့်ကိုယ်ကို တိုးတက်အောင် မလုပ်နိုင်တဲ့သူက အခြားသူကို ကူညီနိုင်ဖို့လည်း မလွယ်ကူပါဘူး၊၊
ကိုယ့်ကိုကိုယ် သန်မာအောင်၊ဉာဏ်ရည်တိုးတက်အောင်၊စိတ်ဓာတ်တွေ ခိုင်မာအောင် လုပ်ထားနိုင်မှ ဘဝမှာ တည်မြဲနိုင်ပါတယ်၊၊
ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံခြင်းက ချက်ချင်း အကျိုးရလဒ်‌တွေ မမြင်ရနိုင်ပါဘူး၊၊
ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ပြန်လည်ရရှိစေပါတယ်၊၊
ဒီနေ့ သင် ဖတ်တဲ့ စာအုပ်တစ်အုပ်၊သင် လေ့လာသင်ယူလိုက်တဲ့ အရည်အချင်းတစ်ခုက မနက်ဖြန်မှာ သင့်ဘဝကို ပြောင်းလဲပေးနိုင်ပါတယ်၊၊
အောင်မြင်ချင်ရင် အခြားသူတွေလို အခွင့်အလမ်းကို စောင့်မနေပါနဲ့ နေ့တိုင်း ကိုယ့်ကိုကိုယ် ပိုကောင်းလာအောင် နည်းနည်းချင်းစီ တိုးတက်အောင် လုပ်ပါ
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင် လေ့လာသင်ယူပါ၊၊
ကိုယ့်ကိုတိုင်း လေ့လာသင်ယူထားတဲ့ ပညာတွေ၊ဗဟုသုတတွေ၊ရင်းနှီးထားတဲ့ အချိန်တွေ၊ ကြိုးစားအားစိုက်မှုတွေက ကိုယ့်ဘဝကို ပြောင်းလဲစေပါတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ဘဝရဲ့ အရေးကြီးဆုံး အရင်းအနှီး ဖြစ်နေလိုပါပဲ၊၊
See less

မင်္ဂလာရှိသောနေ့လေး  ဖြစ်ပါစေ.......
23/09/2026

မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေ.......

သဘာဝ စပျစ်အရသာအချိုရည်ချိုမြိန်မှုနဲ့အတူရင်ထဲအေးမြလန်းဆန်းသွားစေတယ်....
22/09/2026

သဘာဝ စပျစ်အရသာအချိုရည်
ချိုမြိန်မှုနဲ့အတူရင်ထဲအေးမြလန်းဆန်းသွားစေတယ်....

ကြေကွဲလို့ရတယ်၀မ်းနည်းလို့ရတယ်နာကျင်လို့ရတယ်ထိခိုက်လို့ရတယ်ပြိုလဲလို့လည်းရတယ် အော်ငိုမယ်ဆိုလည်း အဆင်ပြေတယ်။ဒါပေမယ့် မင်း...
22/09/2026

ကြေကွဲလို့ရတယ်
၀မ်းနည်းလို့ရတယ်
နာကျင်လို့ရတယ်
ထိခိုက်လို့ရတယ်
ပြိုလဲလို့လည်းရတယ် အော်ငို
မယ်ဆိုလည်း အဆင်ပြေတယ်။
ဒါပေမယ့် မင်း ကျရှုံး
သွားလို့တော့မရဘူး။
ဘာလို့လဲဆိုတော့
မင်းကိုမုန်းတဲ့သူတွေ
ရှိနေသေးတယ်။
မင်းကိုမနာလိုတဲ့သူတွေ
ရှိနေသေးတယ်။
မင်းကိုတိုက်ခိုက်မယ့်သူတွေ
ရှိနေသေးတယ်။
မင်းအကြောင်းမကောင်း
ပြောမယ့်သူတွေ ရှိနေသေးတယ်။
မင်းဟာကွက်ကိုအလစ်ချောင်း
နေတဲ့သူတွေ ရှိနေသေးတယ်။
မင်းကျရှုံးတာကိုလက်ခုပ်တီးပြီး
လှောင်ကြမယ့်သူတွေ ရှိနေသေးတယ်။
အဲ့တာကြောင့်
ဘယ်တော့မှမကျရှုံးစေနဲ့
မရရအောင်ပြန်ထ
မင်း “ဇ” ရှိသလောက်
အောင်မြင်ပြလိုက်စမ်းပါ။

See less

မင်္ဂလာနံနက်ခင်းလေးပါ......
22/09/2026

မင်္ဂလာနံနက်ခင်းလေးပါ......

သောက်ကြည့်လိုက်နော်ရင်ထဲထိစွဲသွားမယ်.......
21/09/2026

သောက်ကြည့်လိုက်နော်
ရင်ထဲထိစွဲသွားမယ်.......

 #နေတတ်ရမယ်အခက်အခဲတွေရှိမယ်၊  အဆင်မပြေတာတွေရှိမယ်၊ ထိခိုက် နာကျင်နေတာတွေရှိမယ်။ ဝမ်းနည်း မျက်ရည်ကျရတဲ့ အချိန် တွေရှိမယ်၊...
21/09/2026

#နေတတ်ရမယ်
အခက်အခဲတွေရှိမယ်၊ အဆင်မပြေတာတွေရှိမယ်၊ ထိခိုက် နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်း မျက်ရည်ကျရတဲ့ အချိန် တွေရှိမယ်၊ စိတ်ဖိစီးမှုများ လွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်းနေတတ်ရမယ် နေတတ်အောင် နေပါ။
ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့ မင်းထိပ်တိုက် တိုး တဲ့အခါ မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ် ခုက မင်း စိတ်ပျက်ညည်းညူနေမှာလား၊ နှစ်ခုက အခြေအနေမ ကောင်းပေမယ့်လည်း
မင်း ပကတိစိတ်လေးကို ကောင်း အောင် ဆက်ထိန်းထားမှာ လား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း ဆို တာက မင်းရွေးချယ်မှု
တွေပေါ်မှာပဲ မူတည်တယ်ဆို တာကိုပါပဲ။
တခြားအရာတွေထက် မင်းကိုယ်မင်း ဦးစားပေး ရမယ်။ ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်း တဲ့အခါ ဆေး သောက်မပျင်းရဘူး။ သဘာဝအလှ တရားတွေကို မင်းခံစား တတ်ရမယ်။
မင်းကိုယ်မင်း ပိုချစ်ရမယ်။ မင်းကိုယ်မင်း မထိခိုက် အောင် ဂရုစိုက်ရမယ် ။ အတိတ်ကအဖြစ်အပျက် တွေကို ပစ္စုပ္ပန်ထဲ
ထည့်မ သိမ်းထားသင့်တော့ဘူး။ မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်...မင်းနာကျင် လည်းပဲ လွှတ်ချတတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားရမယ်။ မင်းမှာ အနာဂတ် လှလှ လေး ရှိနေရမယ်။ ရည်မှန်းချက်တွေ ရှိနေ ရမယ်။
လူတွေရဲ့ စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ကြား မင်းအရှုံး မပေးသွားရဘူး။
မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။ မင်းကိုယ်မင်း လေးစား တတ်ရမယ်။ မင်းလိုချင်တဲ့ဘဝကို မင်း ကိုယ်တိုင် ဖန်တီး နိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တွေ မဖြစ်သင့်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ ကြားမှာ
မင်း အနေအထားကို ချိန်ဆတတ်ရမယ်။ မင်းကိုယ်မင်း သန်မာနေစေရမယ်။ အချစ်တစ် ခုအတွက် နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မ နာကျင်စေသင့်တော့ ဘူး။ မလိုလို့ လွှတ်ချခဲ့တဲ့ လက် တစ်စုံအတွက် အသနားခံမ နေသင့်တော့ဘူး။
မင်း အတွက်မင်း ရှိနေရမယ်။ မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။ စကားလုံးတွေ ကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ် စေသင့်တော့ဘူး။ မင်း နှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့် ပြီ။ မင်းကိုယ်မင်း ချစ်တတ်ရမယ်။ မင်းကိုယ် မင်း တန်ဖိုးထား တတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။ မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့ မင်း စိတ်ပျော် ရွှင် မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့...
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါ စေ။ ဘာ ပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။ နေ တတ်အောင်လည်း ကြိုးစားပါ။
ဘဝဟာ နေတတ် လျှင် ပျော်စတွေ အများ ကြီးပါ။ နေတတ်အောင် ပဲ ကြိုးစားပါ။ နေတတ်ဖို့က စိတ်ကအဓိကပါ...။

See less

စတော်ဘယ်ရီအရသာနဲ့နို့အရသာပေါင်းစပ်ထားတဲ့  နို့စတော်ဘယ်ရီ  အရသာအချိုရည်....သောက်ကြည့်လိုက်နော်........
19/09/2026

စတော်ဘယ်ရီအရသာနဲ့နို့အရသာပေါင်းစပ်ထားတဲ့ နို့စတော်ဘယ်ရီ အရသာအချိုရည်....
သောက်ကြည့်လိုက်နော်........

Address

No. H – 209/3, 51st Road, Bet 137st & 138st, Pyigyidagon Township, Industrial Zone (1)
Mandalay
05051

Website

Alerts

Be the first to know and let us send you an email when မေမေဂျယ်လီနှင့်အချိုရည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မေမေဂျယ်လီနှင့်အချိုရည်:

Shortcuts

Share