Baby Chit pizza ,BBQ

Baby Chit pizza ,BBQ Baby Chit Pizza,Thai Style BBQ,ကြက်ဆီထမင်း

ကုသိုလ်ပိုရတဲ့နည်း      တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်းနှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏🏻     "ဝ...
18/07/2024

ကုသိုလ်ပိုရတဲ့နည်း

တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်း
နှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏🏻

"ဝါဆိုသင်္ကန်း"
"ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်

ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း မကပ်ဖူးသေးရင်
ကပ်လှူပူဇော်ပါ။

ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

(၁*၈*၂၀၂၃)ဝါဆိုလပြည့်နေ့ နံနက်အာရုံတက်ချိန်

ဘုရားရှေ့မှာ
ကိလေသာအပူအားလုံး ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို မပြုမကျင့်တော်မူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား။
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား🙏🏻🙏🏻🙏🏻
ဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပါ

မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ

စွန့်ပြီး အဲ့ဒီသင်္ကန်းကို
သံဃာတစ္ပါးပါး
အားစွန့်ပြီး ပြန်လှူလိုက်ပါ..

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "

" သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကုသိုလ်ပိုရပါတယ်။

သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး
ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ

တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

အဲ့ဒါ ဘုရားမှာ
တပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရပါတယ်။

ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...

ကုသိုလ်တွေ ပို၍ရအောင် လှူနိူင်ကြပါစေ။
ကုသိုလ်အထူးလည်းရကြပါစေ။
#ဝေမျှကုသိုလ်ပါရှင်
#ချစ်သောမခိုင်

သဘောထားတော့ကြီးပါတယ်ဒါပေမယ့် အရာတိုင်းကိုတော့ခွင့်မလွှတ်တတ်ဘူးလူဆိုတာ အမှားနဲ့ မကင်းဘူးဆိုတာ နားလည်တယ်ခဏခဏမှားနေတာမျိုးက...
10/07/2024

သဘောထားတော့ကြီးပါတယ်
ဒါပေမယ့် အရာတိုင်းကိုတော့
ခွင့်မလွှတ်တတ်ဘူး

လူဆိုတာ အမှားနဲ့ မကင်းဘူးဆိုတာ
နားလည်တယ်
ခဏခဏမှားနေတာမျိုးကိုတော့
ရွံပါတယ်

ကိုယ်တိုင်က ကောင်းအောင်နေတယ်
အထူးသဖြင့်
"စည်း"ရှိတာ

ဒါကြောင့်မို့ စည်းကျော်တာတွေကိုမကြိုက်ဘူး

"တန်ဖိုးရှိတယ်ဆိုတာ
တန်ဖိုးသိမှ"😊😊
...

#ချစ်သောမခိုင်

အရင်ဆံုးမင်းကိုစိတ်ပူတယ်။
10/07/2024

အရင်ဆံုးမင်းကိုစိတ်ပူတယ်။

အလိမ်ခံရလည်း ပြုံးနေတယ်အစော်ကားခံရလည်း ပြုံးနေတယ်ယုတ်မာတာ ခံရလည်း ပြုံးနေတယ် အရမ်းကြီး သဘောထားကြီးလို့တော့ မဟုတ်ပါဘူးဝဋ်...
20/06/2024

အလိမ်ခံရလည်း ပြုံးနေတယ်
အစော်ကားခံရလည်း ပြုံးနေတယ်
ယုတ်မာတာ ခံရလည်း ပြုံးနေတယ်
အရမ်းကြီး သဘောထားကြီးလို့တော့
မဟုတ်ပါဘူး
ဝဋ် ဆိုတာက တုံပြန်တဲ့အခါ
ပိုပြီးတိကျတယ် ပြတ်သားတယ်
မျက်နှာမလိုက်ဘူး တောင်းပန်လို့မရဘူး
ငွေပေးလို့လည်းမရဘူး ကိုယ်လုပ်သမျှ
မကောင်းမှုတွေကို တစ်ချိန်ချိန်မှာ
ထပ်တူပြန်ရတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ် ...
ငါတော့ မကောင်းတာ အကုန်လုပ်တယ်
ငါ အမြဲ နိုင်နေတယ် ဆိုပြီး
မာန်တက်မနေပါနဲ့ ...
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ်ခံ ဆိုသလို
သူကြိုက်တာ သူလုပ်
သူဖြစ် သူခံပါလိမ့်မယ်....။

သူ့ဘဝနဲ့သူ့တန်ရာ******************ဟာ.......ဟိုကောင် မွှေးထားတဲ့ခွေးကသိန်း၂၀၀ကျော် တန်း!!!အော် ... ရူးနေတာ ငါသာဆို မဝယ်ဘူ...
13/06/2024

သူ့ဘဝနဲ့သူ့တန်ရာ
******************
ဟာ.......ဟိုကောင် မွှေးထားတဲ့ခွေးကသိန်း၂၀၀ကျော် တန်း!!!
အော် ... ရူးနေတာ ငါသာဆို မဝယ်ဘူး
အဲ့အစား... ကားဝယ်စီးမှာပေါ့

ဟကောင်
မတူဘူးလေ... လူဆိုတာ သူ့ဘဝနဲ့သူ "

"အခု ငါတို့ စားနေတဲ့ဝိုင်း
ဘယ်လောက်ကျလဲ ???? "
"၃ထောင် .... "
"ငါတို့ လက်ဖက်ရည်ဆိုင်မှာ ခဏလေး စားတာ ၃ထောင်
ခဏ.... ငါ မင်းနားလည်အောင် သက်သေပြမယ်"
:ဖြောင်း...ဖြောင်း ....ညီလေး လာဦး"
ကျွန်တော် လက်ခုပ်တီးပြီး
ကမ်းနား မှာ တောင်းစားနေတဲ့
၈နှစ်အရွယ်
ကလေးတစ်ယောက်ကို ခေါ်လိုက်တယ်
"မင်းကို ငါတို့ ၃ထောင်ပေးမယ်
လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်းကောင်းတယ် ... ပုစွန်ထုပ်ကြီး ၂ကောင်တောင်ပါတယ် ... ဝယ်စားချည် ... စားမလား?"

"ဟာ...ကျွန်တော်အရူးမှ မဟုတ်တာ ဘာလို့စားမှာလဲ?
စားမနေဘူး ... အဲ့အစား မိသားစုအတွက် ဆန်၂ပြည် ဝယ်သွားပြီး ချက်စားမှာပေါ့ "
ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်

သူငယ်ချင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်
"ဟေ့ကောင်... စောစောက မင်း ဘာပြောလဲ?
ဝယ်မနေဘူး .... အဲ့အစား
ကားဝယ်မှာပေါ့ လို့ ပြောတယ်မလား ???"

"အေး အဲလိုပဲ
ငါတို့အတွက် ၃ထောင်ဆိုတာ ၁၀မိနစ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြုန်းပစ်တာ ဘာမှ အရာမဟုတ်ပေမဲ့
သူတောင်းစားတစ်ယောက်အတွက်တော့ ..... အဲ ၃ထောင်က ဆန် ၂ပြည်ပဲ"

"ထို့နည်းတူ.... သူ့ဘာသူ
ဘယ်နှသိန်းတန် ဘာဝယ်ဝယ်
လူချင်းတူပေမဲ့ ဘဝချင်းမတူဘူး
ဒါကို မင်းကောင်းကောင်း နားလည်ဖို့လိုတယ်"

"သူရှိလို့ သူဝယ်တာ
သူရှာတဲ့
သူ့ပိုက်ဆံနဲ့သူဝယ်တာ
မင်းက ဝင်ကဲ့ရဲ့တော့
မင်း အဖြစ်နဲ့ မင်းအဆင့်က
စောစောက ငါယှဉ်ပြတဲ့
သူတောင်းစား လို ဖြစ်သွားတော့ မပေါ့"
"မုဒိတာတရား ထားစမ်းပါကွာ " 🙂

"မင်းအတွက် မတန်ဘူး ထင်လား
အဲ့ဒါဆို အဲ့ပစ္စည်းက မင်းအတွက် ထုတ်တာ မဟုတ်ဘူး "

Credit
ပြန်လည်မျှဝေသည် 😍
#ချစ်သောမခိုင်

Address

Mawlamyaing PaAuk
Mawlamyine

Telephone

+959944423666

Website

Alerts

Be the first to know and let us send you an email when Baby Chit pizza ,BBQ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Baby Chit pizza ,BBQ:

Share

Category