Jelly Milkshake & Cold Drink

Jelly Milkshake & Cold Drink Good For Health , No Side Effect and Chemicals

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
16/12/2024

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

စီးပွားရေး တစ်ခု စလုပ်တော့မယ် ဆိုရင် …သို့မဟုတ် ..Operating methods for a start upမင်္ဂလာပါခင်ဗျား။ ကျွန်တော့်အနေနဲ့အခုတ...
05/11/2024

စီးပွားရေး တစ်ခု စလုပ်တော့မယ် ဆိုရင် …သို့မဟုတ် ..Operating methods for a start up
မင်္ဂလာပါခင်ဗျား။ ကျွန်တော့်အနေနဲ့အခုတလော Motivation နဲ့ဝန်ထမ်းအကြောင်းတွေ ပဲ စာရေး ဖြစ်တာ များနေတော့ ဒီတစ်ခါမှာတော့ စီးပွားရေး အကြောင်းကို ပြန်ရေးလိုက်ပါတယ်ဗျ။ ဒီဖက်ခေတ်မှာ ဝန်ထမ်း အဖြစ် သက်မွေးကြသူတွေလဲရှိသလို ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် လုပ်ငန်း လေးတွေ လုပ်နေကြတဲ့ သူလုပ်ချင် ကြတဲ့ သူများလဲ ရှိတာကို တွေ့ရပါတယ်။ တစ်ချို့ကျတော့ လဲ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရင် းတစ်ဖက် က တစ်နိုင် အလုပ်ကလေးတွေ စထားကြတာကိုလဲ တွေ့နိုင်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်း တစ်ခုကို စတင်တော့မယ် ဆိုရင် ဘယ်လို Product or service နဲ့ဘယ်customer ရဲ ဘာ Needs and Wants ကို ဖြည့်ဆည်းမယ်ဆိုတာကို အရင် ဆုံး စဉ်းစား တွက်ချက်ရပါတယ်။ ဒီလို စဉ်းစားဆုံးဖြတ်ပြီးရင်တော့ ဒုတိယ အနေနဲ့ကိုယ့်ရဲ့လုပ်ငန်းကို ဘယ်လို ပုံစံနဲ့လည်ပတ်မယ်ဆိုတဲ့ Operation Methods ကို စဉ်းစားဖို့လိုအပ်ပါ တော့တယ်။ ဆိုလိုတာကတော့ ဘယ်လို နေရာမှာ ဆိုင်ဖွင့်မလဲ ဘယ်လို လည်ပတ်မလဲဆိုတာ မျိုး ဖြစ်ပြီး အဲဒီရွေးချယ်မှုက ဘယ်လို ကောင်းကျိုးဆိုးကျိုးလေးတွေ ရှိမယ် ဆိုတာရယ် ဘယ်လည်ပတ်ပုံက ကိုယ့် product သဘာ၀ နဲ့ အဆင်ပြေမယ် ဆိုတာရယ်တွေကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။
အဓိက ကတော့ ကိုယ့်ရဲ့လုပ်ငန်း အခြေအနေရယ် Product nature ရယ်ကို ကြည့်ကာ ဘယ်လို ပုံစံမျိုးလုပ်ရမယ် ဆိုတာကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။ operating method ဟာ လုပ်ငန်းအတွက် ဝန်ထမ်းစရိတ် ပြီး ရင် ဒုတိယ မြောက် ကုန်ကျ စရိတ်အများဆုံး expense လဲ ဖြစ်တဲ့ အတွက် မိမိ စီးပွားရေး အခြေ အနေ နဲ့ကိုက် ညီမှ သာ လုပ်ငန်း အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်မယ် ဆိုတိုင်း ဆိုင် တစ်ဆိုင် ဖွင့်မှ ရမယ် ဆိုတဲ့ ကာလ မျိုး ဟာလည်း ဒီဖက် ခေတ်မှာ မရှိတော့ပါဘူး။
ဒီတော့ ကိုယ့်လုပ်ငန်းကို ဘယ်လို Run မလည်းလို့စဉ်းစားမယ် ဆိုရင် အလွယ်အား ဖြင့် သုံး ခု ရှိပါတယ်။ ဒါတွေ ကတော့
(1) မရွေမပြောင်းနိုင်တဲ့ ဆိုင်ခန်း သို့မဟုတ် လုပ်ငန်းနေရာ တစ်ခု ဖြင့် Run ခြင်း
(2) ရွေ့ပြောင်း နိုင်သော ဆိုင် mobile business အဖြစ် စတင်ခြင်း
(3) အိမ် ကနေ စတင်လုပ်ဆောင်ခြင်း
တို့ပဲဖြစ်ပါတယ်။
(1) ဆိုင်ခန်း ဖွင့်ခြင်း
ဆိုင်ခန်း တစ်ခန် းရှိ ခြင်းရဲ့အကောင်းဆုံး အကျိုး ကတော့ customer တွေ အလွယ်တကူ ဝင်ရောက် လေ့လာ ကြည့်ရှု စမ်းသပ် နိုင်တာဖြစ်ပြီး သူတို့ရဲ့ယုံကြည်စိတ်ချမှုကို လဲ ရနိုင်ပါတယ်။ တစ်နည်းအားဖြင့် မြင်သာ ထင်သာ တဲ့ လုပ်ငန်း တစ်ခု အဖြစ်ယုံကြည်မှုကို ရနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ဒီဖက်ခေတ် အတွက် အလိုအပ်ဆုံး ဖြစ်တဲ့ မိမိ Brand အကြောင်းကို customer တွေ အလွယ်တကူ သိစေဖို့အတွက်လဲ လွယ်ကူပါတယ်။ အနည်းဆုံး တော့ ရပ်ကွက်ထဲက လူတွေ က ဖြတ်သွားဖြတ် လာလုပ်ရင်း ဆိုင် နဲ့ဆိုင်းဘုတ်ကို တွေ့နေကာ မိမိဆီက နေ ဘာ product or service တွေ ရနိုင်တယ်ဆို တာ ကြော်ငြာ ပြီး သားဖြစ်နိုင်ပါတယ်။
နောက်တစ်ချက် ကတော့ ဆိုင်ခန် းတစ်ခန်း အနေနဲ့ဖွင့်ထားတဲ့ အတွက် မိမိ ရဲ့အဓိက ရောင်း ကုန် အပြင် အခြားသော အပို ဝင်ငွေ လမ်းလေးတွေ လဲရနိုင်ပါတယ်။ ဥပမာ ဒီနေ့ခေတ်မှာဆိုရင် လူသုံးများတဲ့ Wave money လို service မျိုး ထပ်ထားတာ ၊ ဖုန်းဘေ တွဲရောင်းတာ၊ ခရီးသွား ကားလက်မှတ်တွေ ပါတွဲရောင်းတာ စတဲ့ အပို ဝင်ငွေ ရနိုင် မှု လေးတွေ ရှိပါတယ်။ ကိုယ်နောက်ထပ် တင်ရောင်းချင်တာလေးတွေ လဲ တင်လို့ရနိုင်ပါတယ်။
နောက် ထပ် တစ်ချက်ကတော့ company ကြီးတွေ လက်ကား ဆိုင်ကြီးတွေ ရဲ့ယုံကြည်မှုကို ပို ရနိုင်ပြီး ကိုယ်စားလှယ်နဲ့လက်ကား အခွင့် အရေးတွေ ပိုရနိုင်ပါတယ်။ ဥပမာ ဆိုင်ပိုင်ရှိ တဲ့အတွက် တစ်ချို့လက်ကား တွေ က ကုန် တွေကို လပေး ထားပေး နိုင်တာမျိုး တွေ ရနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဆီက ဆိုင်းဘုတ်လို ဗီနိုင်းလို sponser တွေ ပါရနိုင်ပါသေးတယ်။
ဆိုးကျိုး အနေ နဲ့ဆိုင်ခန်း တစ်နေ ဖွင့်မယ် ဆိုရင် ပထမဆုံး စဉ်းစားရမှာကတော့ ကိုယ်ပိုင် ဆိုင်ခန်း လား ငှားရမ်းမှာ လားဆိုတာဖြစ်ပါတယ်။ ငှားရမ်းပြီး မှ ဖွင့်ရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ကုန်ကျစရိတ်တွေ တက်လာ နိုင်မှာ ဖြစ်ပြီး ကိုယ့် လုပ်ငန်းရဲ့တစ်လရောင်းရမှုမှ အသားတင်အမြတ်ငွေ ကဆိုင်ခန်း ငှား ခထက်ဘယ်လောက် ကျော် နိုင်သလဲ ဆိုတာ သေချာဖို့လိုအပ်ပါတယ်။
နောက်တစ်ခု ကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းတွေ ရဲ့ ခွင့်ပြချက်နဲ့ လစဉ်ကြေးတွေ ကုန် ကျ နိုင်ပါတယ်။ ဥပမာ စည်ပင် အခွန် အခ နဲ့ ဆိုင်းဘုတ် ခ လိုမျိုး ကုန်ကျ စရိတ်တွေ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဆိုင်ခန်း အဖြစ် ဖွင့်မယ် ကိုယ့် ကုန် ပစ္စည်းကလဲ လူတွေ သိဖို့brand awareness ရနေ ဖို့လိုအပ် တဲ့ အနေအထား ဆိုရင် ဆိုင်ခန်း ဖွင့်မှ ရမှာ ဖြစ်ပေမယ့် အငှားအဖြစ် ဖွင့်ပြီး တစ်နှစ်တစ်ခါ လောက် ဆိုင် နေရာ ပြောင်း နေမယ် ဆိုရင်လဲ မလွယ်ပါဘူး။ ဆိုင် ခန်း နေရာပြောင်းလိုက်တာ နဲ့customer လျော့ကျ တာ အနည်းနဲ့အများ တော့ ရှိ လေ့ရှိပါတယ်။
(2) Mobile Business
ကိုယ့်လုပ်ငန်းကို ရွေလျားလုပ်ငန်းအနေနဲ့လည်း လုပ်လို့ရနိုင်ပါသေးတယ်။ ဒါကတော့ လူတိုင်း မြင်တွေ့နေကျ ဘာဂါ ကား လေးတွေကို ကြက်ကြော် အအေးကားလေးတွေလို ဖြစ်ပါတယ်။
သူရဲ့အားသာ ချက်ကတော့ ဆိုင်နေရာကို အလွယ်တကူ ရွေ့ပြောင်း နေ နိုင်တဲ့ အတွက် တစ်နေ့တာလုံး လူစည် ကားတဲ့ နေရာတွေကို လိုက်လံ ရောင်းချနိုင်ပါတယ်။
ဆိုင်းဘုတ်နဲ့လှည့်လည်သွားလာနေတဲ့အတွက် အလိုလို မြို့ပတ်ကြော်ငြာ တဲ့အနေအထားမျိုးလဲ ရှိနိုင်ပါတယ်။
ဒါ့အပြင်ဆိုင်ခန်း ကြီး တစ်ခု ဖွင့်တာလောက်လဲ ကုန်ကျစရိတ်မများ သလို အထက်က ဆိုင်ခန်း ရဲ့အားသာချက်တွေကို ပါ ယူသုံးလို့ရနိုင်ပါသေးတယ်။
နောက်တစ်ချက်ကတော့ customer တွေအတွက်လဲ ပိုမို အဆင်ပြေလွယ်ကူစေတာမျိုးဖြစ်စေပါတယ်။ customer order တွေကို အိမ် တိုင်ရာရောက် သို့မဟုတ် customer နဲ့အနီးဆုံး နေရာအထိ ပို့ပေးနိုင်တာမျိုး ဖြစ်ပါတယ်။
အခြားနိုင်ငံ အချို့က ဘာဂါ ဗင် ကားလေးတွေ ဆိုရင် အစားအသောက် ပါ လူစည်ကားရာမှာ ရောင်း ချတဲ့ အပြင် deliver service မျိုး ကိုပါတွဲလုပ်တာမျိုး တွေ့ခဲ့ဖူးပါတယ်။
သူရဲ့ဆိုးကျိုးလေးတွေကတော့ လှည့်လည်သွားလာမှာဖြစ်တဲ့အတွက် အနည်းဆုံး ကားလေး တစ်စီးတော့ လိုအပ်ပါတယ်။ ဒါ့အပြင် ကားနဲ့လှည့်လည် ရမယ့် ကုန်ကျစရိတ်တွေ ဆီဖိုးတွေ ကိုလဲ ထည့်သွင်းတွက်ချက်နိုင်ဖို့လိုအပ်ပါတယ်။ နေရာ အတည်တကျ မရှိပဲ ဒီအတိုင်း လှည့်လည်ရောင်းချနေမယ်ဆိုရင်တော့ Loyal customer ရတာလဲနည်းနိုင် တာမျိုး အခြေအနေရှိပါတယ်။
ဒါ့အပြင် လှည့်လည်ရောင်းချတာဖြစ်တဲ့အတွက် နေရာ ကောင်း မရတာမျိုး လူတွေ သတိထားမိနည်းတာမျိုးတွေ ရှိနိုင်ပါတယ်။
(3) အိမ်ကနေ စလုပ်ကြမယ်
အိမ်ကနေ လုပ်မယ်ဆိုတဲ့အပိုင်းမှာ နှစ်မျိုး ထပ်ပြီး ကွဲပါသေးတယ်။ ရိုးရိုး သာမာန် အိမ်မှာ တစ်နိုင် လုပ်တဲ့ အလုပ်မျိုးနဲ့ online အသုံးပြုပြီး online ငွေ ချေ စနစ် နဲ့လုပ်တဲ့စီးပွားရေးမျိုးပါ။ ပထမ တစ်ခုကတော့ ဥပမာပေးရရင် အထည် ချုပ် ဆိုင်ကြီးတွေ ကနေ ကိုယ်က အထည်ပြန်ယူပြီး လက်ခနဲ့ပြန်ချုပ်ပေးတာမျိုး ဖြစ်ပါတယ်။
ဒီပထမ တစ်မျိုးကတော့ ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်ကာ စလုပ်ဖို့လဲ လွယ်ကူပါတယ်။ ဒါပေမယ့် ဆိုးကျိုး ကတော့ ကိုယ့်လက်ရာဘယ်လောက်ကောင်းကောင်း ကိုယ့်ကို လူမသိတော့ ပဲ ပင်ရင်းဆိုင် ကသာ နာမည်ထွက်တာမျိုး ဖြစ်နိုင်သလို customer တွေက လဲ ကိုယ့်ကို ရှာဖွေ တွေ့ဖို့မလွယ်ပါဘူး။
အွန်လိုင်းကနေ လုပ်တဲ့စီးပွားရေးတွေ ကတော့ customer တွေ နဲ့တိုက်ရိုက်ထိတွေ့နိုင်မယ့် သူတို့အကြိုက်ကို အလွယ် သိနိုင် ကာ တစ်နိုင်ငံလုံးကို လဲ ဖြန့်ဝေနိုင်တဲ့အားသာ ချက်တွေ လဲရှိပါတယ်။ ဒါ့အပြင် ကုန် ကျစရိတ်လဲ အသက်သာ ဆုံးပဲ ဖြစ်ပါတယ်။
အထက်က ပြောခဲ့တာတွေ ကတော့ operating method ၃ ခုပဲဖြစ်ပြီး ဒီသုံးခု လုံးကို ရောသမ မွှေ ကာ အားသာ ချက်တွေအကုန်လုံးကို ရယူ နိုင်အောင် လဲ လုပ်လို့ရနိုင်ပါတယ်။ အနည်းဆုံးတော့ ဒီဖက်ခေတ် မှာ ဆိုင်ခန်း ဖွင့်ထားရင်း onine ကနေ ငွေပေးချေ တာ ကြော်ငြာတာတွေကို ပါပူးတွဲ လုပ်နေကြပြီဖြစ်ပါတယ်။
ဘယ်နည်းလမ်း ကအကောင်းဆုံး ဆိုတာရယ်မရှိပဲ မိမိ လုပ်ငန်းရဲ့သဘောသဘာ၀ အခြေအနေရယ် မိမိရဲ ့ရင်းနှီး နိုင်စွမ်းရယ်ကို မူတည်ကာ ရွေးချယ်အသုံးချ ကြဖို့ပဲ ဖြစ်ပါကြောင်းမျှ ဝေလိုက်ရပါတယ်။
Kaung Hein Soe. - Strategic
Business Consultant

Address

Daungzayap Qr, University Across Road
Mawlamyine

Telephone

+959400511373

Website

Alerts

Be the first to know and let us send you an email when Jelly Milkshake & Cold Drink posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jelly Milkshake & Cold Drink:

Share

Category