KZA ဖြန့်ချိရေး-Pandaဟင်းချိုမှုန့်၊စိန်ပန်းမုန့်ဖတ်ခြောက်

  • Home
  • Myanmar
  • Mawlamyine
  • KZA ဖြန့်ချိရေး-Pandaဟင်းချိုမှုန့်၊စိန်ပန်းမုန့်ဖတ်ခြောက်

KZA ဖြန့်ချိရေး-Pandaဟင်းချိုမှုန့်၊စိန်ပန်းမုန့်ဖတ်ခြောက် Panda ဟင်းချိုမှုန့်၊စိန်ပန်း မုန့်ဖတ်ခြောက်
လက်လီလက်ကားဖြန်ချိရေး

🦐ပုဇွန်တန်ပူရာကြော်နည်း(1)🦐-သန့်စင်ပြီးပုဇွန်များကို အမြီးချန်အခွံခွာ ကျောခွဲအညစ်အကြေးကြောင်းထုတ်ဆွဲဆန့်ပြီးဆား၊ငရုတ်ကော...
14/11/2023

🦐ပုဇွန်တန်ပူရာကြော်နည်း(1)🦐

-သန့်စင်ပြီးပုဇွန်များကို အမြီးချန်အခွံခွာ ကျောခွဲအညစ်အကြေးကြောင်းထုတ်ဆွဲဆန့်ပြီးဆား၊ငရုတ်ကောင်းမှုန့်ဖြူး ဖွဖွနယ်ထား
-ယိုးဒယားအ‌ကြော်မှုန့်နှင့်ဘက်စုံသုံးဂျုံမှုန့်ကိုဆတူရောပြီးရေခဲရေနဲ့ပျစ်ပျစ်ဖျော်ပြီးအနည်းဆုံးနာရီဝက်ခန့်နှပ်ထား
-အချိန်ပြည့်ရင်ဖျော်ထားတဲ့ထဲကြက်ဥတစ်လုံးဖောက်ထည့်၊အရသာမှုန့်ထည့်(ဆားမထည့်ရ ကြော်ရင်ပျော့တတ်ပါတယ်)
သမအောင်ခလောက်ထားမယ်
-bread cramb ခေါ်တဲ့ကပ်ကြော်မှုန့်ကိုချေပြီးပန်းကန်တစ်ခုထဲထည့်ထားမယ်
-ပုဇွန်တစ်ကောင်အမြီးကကိုင်ယူပြီးတန်ပူရာဖျော်ထားတဲ့ထဲအပြည့်နှစ် ဆယ်ပြီးကပ်ကြော်မှုန့်ပန်းကန်ထဲထည့်လူး
ထိုနည်းအတိုင်းအခြားပုဇွန်အားလုံးလုပ်ပြီးပန်းကန်ပြားတစ်ခုထဲစီထည့်ထားပါ။
-အားလုံးလုပ်ပြီးရင်ရေခဲသေတ္တာ‌ အောက်ထပ်ထဲ၁၅မိနစ်ခန့်ထားထားပါ။
-ပြီးရင်ဆီအိုးတည် ဆီများများနဲ့ဆီပူမှာမီးအားအနေတော်နဲ့ကြော်ပေးပါ
-တစ်ဖက်တစ်ချက်ရွှေအိုရောင်သန်းပြီးကြွပ်တဲ့ထိလှန်ကြော်ပေးပါ။

--------------------

🦐ပုဇွန်တန်ပူရာကြော်နည်း(2)🦐
********************
ပုဇွန်အခွံ့ခွာပြီး ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် ငရုတ်သီးအစိမ်းမှုန့် ထည့်ပီးနယ်ကာ ၁၀မိနစ် နှပ်ထားပေးပါ။ ပန်းကန်ထဲကို ကြက်ဥ ၁ လုံး ခေါက်ထည့်ပီး
တန်ပူရာမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ပါ။
အမှုန့်ကျေအောင် မွှေလိုက်ပေးပါ။ နှပ်ထားတဲ့ပုဇွန်ကို ကြက်ဥထဲ နှစ်လိုက်ပြီး
တန်ပူရာမှုန့်ပန်းကန်ထဲ ပုဇွန်နှပ်ထားတာကိုထည့်ပြီးလှိမ့်ပေးပါ။ ဆီဆူပြီဆို လှိမ့်ထားပြီးသားပုဇွန်ကိုနှစ်ပြီး ကြော်ပါ။ မီးပြင်းဖို့မလိုပါ။ ၂ဖက်အားညီတူညီမျှလှန်ပေးပီး ကြော်ပေးပါ။
နီရဲပြီး ကျွတ်ရွလာမှ ဆီထဲမှဆယ်ယူပီး
ဆီစစ်ထားပီးပေးပါ။ ပြီးနောက် အရသာရှိတဲ့ ပုဇွန်တန်ပူရာကြော်လေးရပါပြီနော် ☺

--------------------

🦐ပုစွန်တန်ပူရာ ကြော်နည်း(3)🦐
ပါဝင်ပစ္စည်းများ

ပုစွန် ၂၅ ကျပ်သား
တန်ပူရာမှုန့် ၁၀၀ ဂရမ်
ကြက်ဥ ၁ လုံး
မုန့်ကြွပ်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
ငရုတ်ကောင်းမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
နှမ်းဆီ ထမင်းစားဇွန်း တစ်ဝက်
ရေအေး ထမင်းစားဇွန်း ၅ ဇွန်း
ဆီ ၂၀ ကျပ်သား

ချက်ပြုတ်ပြင်ဆင်ပုံ

၁။ ပုစွန်တွေကို ရေဆေး၊ အမြီးအခွံလေးပဲချန်ပြီး အခွံခွာထားပါ။ ကျောဘက်က ချီးကြောင်းကို ဓားနဲ့ခွဲထုတ်ပြီး အကောင်လိုက်ဆန့်ထားပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ၊ ကြက်သားမှုန့်နဲ့ နှမ်းဆီတို့ကို ထည့်နယ်ရင်း ၅မိနစ်ခန့် နှပ်ထားပါ။
၂။ တန်ပူရာမှုန့်ထဲ ကြက်ဥနဲ့ ရေအေးထည့်ပြီး အနှစ်ပျစ်နေအောင်မွှေထားပါ။ ဆီကို ဒယ်အိုးထဲထည့်ပြီး မီးအလယ်အလတ်နဲ့ အပူပေးထားပါ။
၃။ ပုစွန်တွေကို အမြီးကကိုင်ပြီး တန်ပူရာအနှစ်ထဲ ထည့်စိမ်၊ ပြီးတာနဲ့မုန့်ကြွပ်မှုန့်ထဲထည့်ပြီး အမှုန့်များများကပ်အောင်နှစ်ပြီးမှ ဆီပူထဲမြုပ်နေအောင်ကြော်ပါ။
၄။ ပုစွန်လေးတွေ ရွှေဝါရောင်လေးသမ်းပြီး အနံ့မွှေးလာတာနဲ့ နှစ်ဖက်လှန်ပြီး ဆယ်ကာ ဆီစစ်ထားပါ။
၅။ ပြီးရင်တော့ ရွှေဝါရောင်ဝင်းပြီး ကြွပ်မွနေတဲ့ ပုစွန်တန်ပူရာကြော်လေးတွေကို ပန်းကန်ထဲ အလှဆင်ရင်း မယော့နိစ်လေးနဲ့တွဲစားစား Chili Sauce လေးနဲ့ပဲစားစား ကလေးရော လူကြီးပါ သဘောတွေကျမယ့် အရသာရှိတဲ့ တန်ပူရာကြော်လေး ရပါပြီ။

ပုစွန်တန်ပူရာကြော်တဲ့နေရာမှာ အသုံးပြုမည့် တန်ပူရာမှုန့်နဲ့ မုန့်ကြွပ်မှုန့်တွေကို ဆိုင်တွေမှာ အလွယ်တကူမေးဝယ်လို့ရပါတယ်။ ကြော်တဲ့အခါမှာ အကျက်ညီပြီး မတူးသွားစေဖို့ မီးအသင့်အတင့်ထားပြီး ဆီကိုများများထည့်ပြီး မြှုပ်နေအောင်ကြော်ပါ။

Credit to Owner with Respect

 #ခရမ်းသီးမီးဖုတ်သုပ်နည်း===================ဒီတစ်ပတ်တော့ အသားတွေ စားရတာ ရိုးအီလာတဲ့သူတွေ အတွက် ခရမ်းသီးမီးဖုတ်သုပ်လေး တင...
12/11/2023

#ခရမ်းသီးမီးဖုတ်သုပ်နည်း
===================
ဒီတစ်ပတ်တော့ အသားတွေ စားရတာ ရိုးအီလာတဲ့သူတွေ အတွက် ခရမ်းသီးမီးဖုတ်သုပ်လေး တင်ဆက်ပေးပါမယ်။ အချိုဓာတ် လေးလေးပင်ပင် ရှိလှတဲ့ ခရမ်းသီးမီးဖုတ်သုပ်ကို ကြိုက်နှစ်သက်လှသူက ခပ်များများပါ။ သားသတ်လွတ်စားတတ်သူတွေအတွက်လည်း အဆင်ပြေလှတဲ့ ဟင်းတစ်မယ်ပါ။

အခု လိုအပ်တာတွေ အရင် ပြင်ဆင်ကြရအောင်။

ခရမ်းသီး အရွယ်တော် ၂လုံး

ကြက်သွန်နီ ၁ဥ (ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ)

နှမ်းလှော် အနည်းငယ် (မညက်တညက်လေး ထောင်းထားပါ)

ပဲဆီ အနည်းငယ်

ကြက်သွန်နီ ကြော် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ကြက်သွန်ကြော်ဖို့ အဆင်မပြေရင် အသင့်ကြော်ထားတဲ့ ကြက်သွန်နီကြော်ကို အသုံးပြုလို့ ရပါတယ်။

ဆီကိုတော့ ဆီစိမ်းကို အသုံးပြုမှာဖြစ်လို့ အနံ့ အရသာ အဆင်ပြေတဲ့ မြေပဲဆုံဆီလေး အသုံး ပြုထားပါတယ်။

အခု ခရမ်းသီးမီးဖုတ်သုပ်လေး လုပ်ဖို့ ခရမ်းသီးကို မီးဖုတ်ပါမယ်။ မီးသွေးမီးနဲ့က ပိုပြီးအဆင်ပြေလို့ မီးသွေးမီးအနေတော်နဲ့ စပြီး မီးဖုတ်ပါတယ်။

ခရမ်းသီး အကျက်ညီအောင် မကြာခဏ တစ်ဖက်လှန်ပေးပါ။

အပေါ်အခွံတွေ မည်းပြီး အသီး အိလာပြီဆိုရင် ရပါပြီ။

ခရမ်းသီးမီးဖုတ်ကို ခဏ အအေးခံထားပါ။ ပြီးရင်တော့ အပေါ်က တူးနေတဲ့ အခွံတွေကို ဖယ်ထုတ်ပစ်ပါ။

ခရမ်းသီးကို အနေတော်လေးတွေ မျှင်ပြီး ကြက်သွန်နီ၊ ကြက်သွန်နီကြော်၊ နှမ်းထောင်း ဆီအနည်းငယ်နဲ့ ဆား ပါလေရုံလေး ထည့်ပြီး သုပ်ပါ။ နံနံပင်၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရင် ပါးပါးလှီးထည့်လို့ရပါတယ်။

အခုဆိုရင်တော့ အရသာချိုချို အနံ့မွှေးမွှေးနဲ့ ခရမ်းသီးမီးဖုတ်သုပ်လေး ရပါပြီ။ အသားတွေမစားချင်လို့ ၊သားသတ်လွတ်စားချင်လို့ဆိုသူတွေအတွက် ထမင်းမြိန်စေမယ့် ဟင်းတစ်မယ်ပါ။

မူရင်းလေးစားစွာ Credit ပေးပါတယ်။

အိမ်မာလုပ်စားဖို့အသားလုံးလုပ်နည်းကြာရှည်အထားခံတဲ့ ဆေး မပါ အိမ်မာ ကိုယ်တိုင်လုပ်စားနိုငိတဲ့ နည်း ကွေတရိုစ် ၊ ဆွတ်ပြုတ် ၊ ...
12/11/2023

အိမ်မာလုပ်စားဖို့အသားလုံးလုပ်နည်း

ကြာရှည်အထားခံတဲ့ ဆေး မပါ
အိမ်မာ ကိုယ်တိုင်လုပ်စားနိုငိတဲ့ နည်း

ကွေတရိုစ် ၊ ဆွတ်ပြုတ် ၊ အကင် ၊ကြော် ၊အသုပ်
ဘယ်မာ ဘဲ ထည့်စား ကြိုက်သလို့ လုပ်စားလို့ ရတဲ့
အသားတု လုပ်နည်း
ကြက်သား ၊အမဲသား
ကြိုက်ရာ ကို အသုံးပြုပြီးလုပ်စားနိုင်ပါတယ်

အသား နုတ်နုတ်စင်း 1 kg
ဆား 1 ထမင်းစားဇွန်း
ငရုတ်ကောင်း အဖြူ မှုန့် ။ ။
baking powder ။ ။
ကြက်သားမှုန့် ။ ။
ပြောင်းဖူးမှုန့် 4 ။
သကြား 2 ။
ပဲငံပြာရည် 2 ။
ရေ အေးအေး 1 cup
ရေခဲ တုံး သေး ၃-၄ထမင်းစားဇွန်း

1️⃣ရေခဲ တုံး သေး ကို ကျန် ထားပြီး ကျန် ပါဝင်ပစ္စည်း အားလုံး ကို ခွက် ထဲ မာ ထည့်ပြီး မွှေ ပေးပါ

2️⃣ အသား ကို ကြိတ်စက် မာ ထည့် ပါ
ဖျော်ထားတဲ့ ခွက် က ရေကို လောင်းထည့်ပါ
၁၀ မိနစ် လောက် စက် ကို ဖွင့်ပြီး မှ ရေခဲတုံးသေး တွေကို ဖြည်းဖြည်းခြင်း ထည့်ပြီးစက်ကို ထပ်ဖွင့်ပါ

3️⃣ နူးညံ ပြီး တသားထဲ ဖြစ်ပြီးဆို ရေခဲသတ္တော မာ ၄၅ မိနစ် ကြာ အအေးခံပါ

4️⃣ ပြီးတော့ အပြင်ပြန်ထုတ်ပြီး လက်နဲ့ နယ် ပေးပါ ၃ /၅ မိနစ် လောက်ကြာအောင် နယ်ရပါမယ်

5️⃣ ရေနွေး တည် ထားတဲ့အိုးမာ လက်နဲ့ ဇွန်း ကို အသုံး ပြု ပြီး အလုံး လေး တွေရအောင် လုံးပြီး ရေနွေးအိုးမာ ပြုတ်ရပါမယ်
လက် ကို ဆီ အနည်းငယ် သုတ် ထားပါ
မကပ်အောင်လို့
❌ ရေနွေး က အရမ်းဆူပွတ် နေတဲ့ အနေအထားမဟုတ်ရပါဘူး ၊ ဆူပွတ်နေရင် မီး အေးအေး လျော့ချ ပါ နို့မဟုတ်ရင် အသားတု တွေ ကွဲ တတ်ပါတယ်
6️⃣ ဘေး မာ ရေခဲရေ ထည့်ထားတဲ့ ရေဇလုံ တလုံး ချထားပါ
ကျက်တဲ့ အလုံး တွေ က အပေါ် ကို တက်လာပါလိမ့်မယ် ၁၀/၂၀ မိနစ် ဆို ကျက်ပါပြီး
ရေခဲရေ ရေအေးအေး မာ ခဏ လေး စိမ့်ပေး ပြီးရင်တော့ အသားလုံးရပါပြီး နော်

Credit Owner with Respect

ဝက်သားတုတ်ထိုး လုပ်နည်း━━━━━━━━━━━ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။ အသားများကိုဆေးကြောသန့်စင်ပြီး ဆား....
11/11/2023

ဝက်သားတုတ်ထိုး လုပ်နည်း
━━━━━━━━━━━
ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။

အသားများကိုဆေးကြောသန့်စင်ပြီး ဆား.. သကြားတို့ဖြင့်ရောနယ်ထားပါ.

အူများကိုပထမ ပဲမှူန့်နဲနယ်ဆေးပါ။ ဒုတိယအနေနဲ့ ရှာလကာရှည်ဖြင့်ပွတ်ဆေးပြီးရေသန့်နဲ ့၃ကြိမ်ခန့်ဆေးကြောပြီးပြောင်းပြန်လုပ်ကာ တူဖြင့်အူချောင်များကို ထိုးသွင့်၍ ၃ချောင်းခန့််ထပ်ပါ။

ပြုတ်တဲ့ခါ. ၂အိုးခွဲပြုတ်ရမှာဖြစ်ပါတယ်. အနီရောင်ရှိတဲ့ အသဲ၊ အဆုပ်၊နားရွက်၊ကျောက်ကပ်နဲ့ အသားတို့ကို သီးသန့်တစ်အိုးပြုတ်ပြီး.. အူသတ်သတ် တစ်အိုးပြုတ်ပါ။ရောပြုတ်လိုက်ရင် အရောင်မလှတတ်လို့ပါ။

★အူပြုတ်နည်း★

အိုးကိုပူအောင်တည်ပြီသကြားထမင်းစါးတစ်ဇွန်းခန့်ထည့်လှော်ပါ။ငြုပ်ကောင်းမှူန့်အနည်းငယ်နဲ့လေးညှင်း၂ပွင့် နာနတ်၁ပွင့်တို့ ပဲငံပြာပြာရည်..လက်ဖက်ဇွန်း၂ဇွန်းခန့်ထည့်ပါအရောင်အတွက်ထည့်တာဖြစ်ပါတယ်။ရေခန်းအောင်းလုံးထားပြီးမှရေအမြုပ်ထည့်ပြီးပြုတ်ပါနံနံပင်အမျှစ်၃ပင်ခန့်ဓားပြားရိုက်ထည့်ကာ.နူးပြီးရေခန်းသည်ထိမီးဖြည်းဖြည်းဖြင့်ပြုတ်ပါ။

★အသဲ၊အဆုပ်၊ကျောက်ကပ်၊သာ၊နားရွက်ပြုတ်နည်း★

ရေနွေးဆူအောင်တည်ပြီးဆား...သကြားထမင်းစားဇွန်းဝက်..နာနတ်၁ပွင့့်..ပဲငံပြာရည်..ငြုပ်ကောင်းမှူန့်တို့ထည့်ပြီးအသားထည့်ကာမီးဖြည်းဖြည်းနဲ့နူးသည်ထိပြုတ်ပြီးဗန်းထဲဆည်ထည့်ကာအအေးခံပြီးအချဉ်ရည်ဖြင့်တွဲဖက်စားနိုင်ပါပြီးရှင့်။ကြက်ဥပြုတ်ကြိုက်ပါက ၅လုံးခန့်ပြုတ်ပြီ..ထည့်ပြုတ်နိုင်ပါတယ်ရှင့်။

★အချဉ်ရည်ပြုလုပ်နည်း★

မန်ကျည်းသီး လက်တဆုပ်ခန့်နဲ့ထန်းလျှက်ခဲ၃ခဲခန့်ကိုရည်နဲ့အနှစ်ရအောင်ပြုတ်ပါ။အနှစ်ရအောင်ဇကာနဲ့တိုက်ထားပါ။ကြက်သွန်ဖြူ.ငရုပ်သီးစိမ်းရောထောင်းပြီးကြိုထားတဲ့မန်ကျည်းအနှစ်နဲ့ရောပြီးယိုးဒယားပဲငံပြာရည်နဲ့သကြားအနည်းငယ်ထည့်ဖျော်ပြီးသုံးဆောင်နိုင်ပါပြီးရှင့်။

Credit Aye Thazin
Credit Original Owner's Photos

 #အကြော်မှုန်စပ်နည်းလုပ်ရလွယ်ပြီး စားလို့လဲကောင်းသွားတယ် 😋(1)ပဲစိမ်းမှုန့်အထုတ်ကြီး 1ထုပ်(2)ကောက်ညှင်းမှုန့် 1ထုပ်(3)ရွှ...
11/11/2023

#အကြော်မှုန်စပ်နည်း
လုပ်ရလွယ်ပြီး စားလို့လဲကောင်းသွားတယ် 😋
(1)ပဲစိမ်းမှုန့်အထုတ်ကြီး 1ထုပ်
(2)ကောက်ညှင်းမှုန့် 1ထုပ်
(3)ရွှေကြည်မှုန့် 1ထုပ်
(4)ဆန်စိမ်းမှုန့် 1ထုပ်
(5)ယိုးဒယားမယ် 1ထုပ်
(6)ရွှေလိပ်ပြာ 1ထုပ်

ခြောက်သွေ့နေတဲ့အိုးထဲအကုန်လုံးဖောက်ထည့်ပြီးခြောက်သွေ့နေတဲ့ဇွန်းကြီးနဲ့မွှေပေးပါ...

ပြီးရင်ခြောက်သွေ့နေတဲ့လေလုံဘူးထဲထည့်ပြီးသိမ်းလိုက်ပါ...

လိုအပ်တဲ့အချိန် ထုတ်ပြီးဘူးသီးကြော်/ ငှက်ပျောကြော် /အာလူးကြော် တို့ကြော်မယ်ဆို ပျစ်ပျစ်လေးဖျော် ဂျင်းထောင်းရည်လေးနဲနဲထည့် ဆားဆော်ဒါလေးနဲနဲထည့်ပြီး 15မိနစ်လောက်ထားထားလိုက်ပါ...

ဆားကို ထည့်ချင်လဲထည့် မထည့်ချင်လဲ မထည့်နဲ့
ဆားထည့်ရင် ပျော့တာမြန်လို့ မထည့်ကြဘူး

အရွက်ကြော်တွေ ကြက်သွန်ကြော်တွေ ကြော်မယ်ဆို...
အရည်ကျဲကျဲလေး ဖျော်ရပါတယ်...
ဂျင်းထောင်း ဆားဆော်ဒါထည့်ပြီး
ကိုယ်ကြော်မယ့်အရွက်ပါ ရောနယ်လိုက်ပါတယ်...

အ့ပါပဲရှင့်...
အိမ်မှာ ကွကိုယ် ကြိုက်တဲ့အချိန် ကြော်စားတော့ ရပီ...

အချဉ်ရည်စပ်နည်း

မကျည်းသီးမှည့်ကို ရေဆေး
ထန်းလျက်ကို ရေဆေး
နံနံအနဲငယ်ကို ရေဆေး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ဆား သို့ ငံပြာရည်
ငရုတ်ဆီအနီကြိုက်ရင်ထည့်
အခု ငရုတ်ချဉ်စပ်ပြီးသားအထုတ်တွေလဲ လာပါတယ်...ကြိုက်ရင်ထည့်...
ရေလိုသလောက်ထည့်ပြီးမီးပေါ် ကောင်းကောင်း အဆူပေးခံလိုက်ပါ...

ပြီးရင် အအေးခံပြီး ဖျော်ရည်စက်နဲ့ ကြိတ်လိုက်ပါ...
အရသာက ချိုချဉ်စပ်လေးပေါ့...

အ့အချဉ်ရည်နဲ့အကြော်မျိုးစုံနဲ့ အသုပ်မျိုးစုံတို့တွင် အသုံးပြုနိုင်ပါသည်...

ဆူအောင်တည်ထားတဲ့အတွက်ဗိုက်မနာတော့ပါ...

ကိုယ့်အစ်မ မမရီးးသင်ပေးထားတဲ့နည်းလေးပါရှင့်...😘

KeeLay

Credit

11/11/2023
11/11/2023

အများကြီးဆွဲမယ်ဆိုပြီး မောင်းတင်ထားပေမယ့် တကယ်လည်းစားရော သိပ်မစားနိုင်တာမျိုးဖြစ်ဖူးလား? ဒါကြောင့် မင်မင်က များကြီးလည်းစားနိုင်မယ် အရသာရှိရှိလည်း စားနိုင်မယ့်နည်းလမ်း
( ၃ ) ခု ကိုမျှဝေလိုက်မယ်နော်... 😘😘

🥘 နဲနဲချင်းကို ခနခနယူ
နဲနဲချင်းယူပြီးစားပါ။ ကုန်ခါနီးမှ ထပ်ပြီးထယူပါ။ ခနခနထယူတဲ့အခါ ဗိုက်လည်းချောင် ကိုယ်နဲ့ခံတွင်းတွေ့စေမယ့် Menu တွေလည်း ထပ်ပြီးတွေ့စေနိုင်တာ‌မို့ ဒီအချက်လေးကိုစမ်းကြည့်နော်။

🥘 နဲနဲချင်းကို ဖြည်းဖြည်းပုံမှန်စား
နဲနဲချင်းကို ဖြည်းဖြည်းပုံမှန်စားတာက အစာကြေဖို့အချိန်ရပြီး ဗိုက်ပိုဆံ့စေပါတယ်။ ‌

🥘 စားဖော်စားဖက်ကောင်းနဲ့စား
စကားလေးပြောရင်း ပျော်ပျော်ရွှင်ရွှင်တူတူစားမယ့်အဖော်ကောင်းရှိတာ မျာများပိုစားမိစေပါတယ်။ ‌စကားလေးပြောရင်း ဘယ်လိုစားလို့စားမိသွားမှန်းတောင်မသိဘူးဆိုတာမျိုးဖြစ်စေပါတယ်။

🍲🥘🦐🦑 🦞🦀

ကွေ့တီယို/ရှမ်းခေါက်ဆွဲ/ကော်ရည်ခေါက်ဆွဲ/တို့ဟူးနွေး လုပ်နည်း (1) ကွေ့တီယို အရည်/အသုပ်ရော ပြုလုပ်နည်းအရိုးပြုတ်ရည်က အဓိကမ...
11/11/2023

ကွေ့တီယို/ရှမ်းခေါက်ဆွဲ/ကော်ရည်ခေါက်ဆွဲ/
တို့ဟူးနွေး လုပ်နည်း

(1) ကွေ့တီယို အရည်/အသုပ်ရော ပြုလုပ်နည်း
အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လာဥဖြူ၂လုံး ငရုတ်ကောင်းမှုန့် နံနံပင်အမြစ် ပဲငံပြာရည်အကြည် ခရုဆီ သကြား နှင့် ဆား အနည်းငယ် ထည့်ပြီး ၁နာရီခွဲခန့်ပြုတ်ပေးရပါမယ်။

အပေါ်မှ ဝေ့တက်လာတဲ့ အနှစ်ဖတ်အမည်းများကို ခပ်ထုပ်ပေးပါ။ ပြီးမှနှစ်သက်ရာ ပုဇွန် ပဲသွေး ကြက်သားလုံး ဝက္သားလုံး ငါးဖယ္လုံး မ်ားကို ထည့်ပြုတ်ပါ။

ကန်စွန်းရွက် ဆလက်ရွက် ပဲပင်ပေါက် အစိမ်းနံ့ပျောက်စေရန် တို့ကို ရေနွေးဖျောပေးထားပါ။ တွဲဖက်စားသုံးမယ့် ဆန်ပြားခေါက်ဆွဲကိုလည်း ၂မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ အရမ်းပျော့နေအောင်ပြုတ်ဖို့မလိုပါဖူး။

ပြင်ဆင်ပုံကတော့ ပန်းကန်ထဲသို့ ဆန်ပြားခေါက်ဆွဲ အရွက်များ အသားလုံးမ်ား ထည့်ပါ။ အရည်ဆမ်းပါ။ ငရုတ်သီးမှုန့် ထောင်းထားသောမြေပဲမှုန့် ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးကြိုက်သူများအတွက် လိုအပ်ရင်ထည့်စားနိုင်စေဖို့ အချဉ်စိမ်ထားသော ငရုတ်သီးစိမ်းနှင့် သံပုရာသီးစိတ် ပြုလုပ်ထားပါ။ နံနံပင် ကြက်သွန်မြိတ် ဘဲဥ နှင့် ဝက်ခေါက်ကြော်ကိုလည်း ထည့်စားနိုင်ပါသည်။

အတြက္ကေတာ့ ဆန်ပြားခေါက်ဆွဲ အရွက် အသားလုံး မြေပဲလှော်မှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူဖြင့်ချက်ထားသောဆီချက် အားလုံးပေါင်းပြီး နယ်လိုက်ရင် ကွေ့တီယိုသုပ်ရပါပြီ။
Credit : Daw San Thidar Htay
Photos @ Credit

(2) ရှမ်းခေါက်ဆွဲ
ဆန်ခေါက်ဆွဲ သို့ မြီးရှည်ဖတ်ကို ရေစိမ်ထားပါ ကြက်သားကို ဆား သကြား ဂျင်း နာနတ်ပွင့် ရေအနေတော်ထည့်ပြီးပြုတ်ထားပါ အသားနူးရင်ဆယ်ပြီး အသားမျှင်ထားပါ ပြုတ်ရည်တစ်ဝက်ထဲသို့ ပဲငံပြာရည်အကြည် အနောက် နှမ်း တရုတ်မဆလာ ထည့်ပြီးမွှေထားပါ ကျန်ပြုတ်ရည် တစ်ဝက်ထဲသို့ ငရုတ်ကောင်း ကြက်သွန်မြိတ်ခပ်ပြီး ဟင်းချိုလုပ်ထားပါ ကြက်သွန်နီအဖြူထောင်းပြီး ဆနွင်း ငရုတ်စိမ်းမှုန့်ထည့်ဆီသတ်ပါ ကြက်သားမျှင် နဲ့ ပဲငပိအထုပ်လတ် တစ်ထုပ်ဖောက်ထည့်ပြီး ဆက်တိုက်မွှေပါ ဒါဆိုရပါပြီ ပြင်ဆင်နည်းက ဆန်ခေါက်ဆွဲ သို့ မြီးရှည်ဖတ် ပျော့အောင်ပြုတ်ပြီး ပြန်ဆယ် အဲ့ထဲကို ကြက်သားအနှစ် ဖျော်ထားတဲ့ဆော့အရည် ကြက်သွန်မြိတ် ငရုတ်သီးဆီသပ် မြေပဲထောင်း ဆား ကြက်သားမှုန့်ထည့်ပြီး မွှေလိုက်ရင်ရပါပြီ ငရုတ်သီးဆီသပ်ဆိုတာ ငရုတ်သီးမှုန့်ထဲဆီပူပူလောင်းထည့်ထားတာပါ ရှမ်းချဉ် နဲ့ ဟင်းချိုတစ်ခွက်ခပ်ထည့်ပြီး အတူသုံးဆောင်ပါရှင်

(3) ကော်ရည်ခေါက်ဆွဲ

ကော်ရည်ခေါက်ဆွဲ
မိုးအေးအေးလေးနဲ့ ကော်ရည်ခေါက်ဆွဲပူပူလေး စားချင်ကြဘူးလားလို့ 😍
ကော်ရည်ခေါက်ဆွဲ ချက်နည်း

(အဆင်ပြေအောင် (2) နည်းတင်ပေးထားပါတယ်
ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) ၊ ကော်မှုန့် ၊ ဘဲဥ ၊ ကန်စွန်းရွက် ၊ ပဲငံပြာရည် ၊ ဆား ၊ သကြား နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် ။ ငရုပ်ကောင်း ၊ ကြက်သွန်ကြော်နဲ့ ငပိထောင်းလည်း လိုအပ်ပါသေးတယ် ။
ပထမဆုံး ဂျုံခေါက်ဆွဲခြောက်ကို ပျော့အိလာစေဖို့ ပွက်ပွက်ဆူနေတဲ့ ရေထဲ ခဏနှစ်ထားပေးရပါမယ် ။ ကိုယ်ကြိုက်တဲ့ အေနထား အပျော့မာကိုကြည့်ပြီး ခေါက်ဆွဲကို ပြန်ဆယ်ထားကာ
ရေအေးထဲ နှစ်ပြီး ခဏ အအေးခံရပါမယ် ။
ကျွန်မကတော့ ရေအေးနဲ့ အအေးခံတဲ့အပြင် ၊ ရေအေးထဲက ဆယ်ပြီးသား ခေါက်ဆွဲကို စကာထဲထည့်ပြီး ရေခဲတုံးတွေပါ ခေါက်ဆွဲပေါ်တင်ပြီး အအေးခံထားလိုက်ပါတယ် . ။အဲ့လိုမွ အအေးမခံလျှင် ၊ ခေါက်ဆွဲတွေလုံးထွေးပြီး ကပ်ကုန်နိုင်တာကြောင့်ပါ ။
ပြီးတာနဲ့ ဟင်းရည်အတွက် ကြက်သားကို ပဲငံပြာရည် ၊ ဆား ၊ သကြားနယ်ပြီး နူးနေအောင် ပြုတ်ပေးရပါမယ် ။ ကြက်သားနူးပြီဆိုလျှင် အသားတွေကို ဆယ်ပြီး အတုံးသေးလေးတွေဖြစ်အောင် နုတ်နုတ်စင်းပေးရပါမယ် ။
ပွက်ပွက်ဆူနေတဲ့ကြက်ပြုတ်ရည်ထဲကိုစင်းထားတဲ့အသားတုံးတွေပြန်ထည့် ပြီးလျှင်
ကော်မှုန့်ကို ရေနဲ့ ဖျော်ပြီး လိုသလောက်ထည့်ရပါမယ် ။
အဲ့ဒီနောက် မှိုခြောက် ၊ ပန်းခြောက်နဲ့ ၊ sausage တွေကိုလည်း လိုသလောက် ထည့်ပေးရပါမယ်
၊ ပြီးတာနဲ့ ကြက်ဥ နှစ်လုံးကို အကာရော ၊ အနှစ်ပါရောမွှေထားတဲ့ အရည်ကို .ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးထဲ ဇွန်း တစ်ဇွန်း နဲ့ .. ဖြည်းဖြည်း ချင်း လောင်းထည့်ပေးရပါမယ် ။ ဒါမွသာ ပွက်ပွက်ဆူနေတဲ့ အိုးထဲ က်လာတဲ့ ဘဲဥအရည်က အမျှင်လေးတွေ ဖြစ်စေမှာပါ ။
ဆား ၊ သကြား လိုသလောက်ထည့်ပြီးတာနဲ့ ငရုပ်ကောင်းလေးနည်းနည်း ဖြူးထည့်ပေးရပါမယ် ။
ငရုပ်ကောင်းနံ့လေးမွှေးလာတာနဲ့ ဟင်းရည်အိုးကို မီးပိတ်ပြီး ကန်စွန်းရွက်တွေကို အပေါ်က ဖြန့်ထည့် ၊ အဖုံး ပြန်အုပ်ထားရပါမယ် ။(တစ်ချို့က ငရုပ်ကောင်းကို ပန်းကန်ထဲရောက်မှ လိုသလိုလည်း ထည့်စားတတ်ကြတယ်) ။
ဟင်းအိုးမီးပိတ်ပြီးမှ ၊ ကန်စွန်းရွက်ကို နောက်ဆုံးမှ ထည့်တာ ၊ စိမ်းနေအောင်လို့ပါ ကန်စွန်းရွက် နွမ်းသွားလျှင် စားချင်စရာမကောင်းတော့လို့ပါ ။
သုံးမိနစ်လောက်ကြာတာနဲ့ ဟင်းရည်အိုး အပူရှိန်ကြောင့် ကန်စွန်းရွက်လည်း စားလို့ ရတဲ့ အေနထား ရောက်ပါပြီ ။
ဒါဆိုလျှင် ကော်ရည်ခေါက်ဆွဲ အတွက် ဟင်းရည်ချက်လို့ ပြီးပါပြီ ။
ကော်ရည်ခေါက်ဆွဲနဲ့တွဲဖက်စားရတဲ့ ငပိထောင်းလေးအကြောင်းလည်း နည်းနည်း ပွားပါဦးမယ် ။ ငပိထောင်းလုပ်ဖို့ ၊ မျှင် ငပိ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊ ငရုပ်သီးမှုန့် နည်းနည်းနဲ့ ၊ အသားမှုန့် နည်းနည်း လိုပါတယ် ။
ပထမဆုံး မျှင် ငပိကို ကင်ရပါမယ် ။ ကင်တဲ့ နေရာမှာ တူးနေအောင်မကင်ပဲ ၊ မျက်နှာပြင် နီရဲပြီး ၊ ငပိနံ့လေးထွက်လာလျှင်ရပါပြီ။ ပြီးတာနဲ့ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းကို ကြေညက်နေအောင်
ထောင်းထားရပါမယ် ။ ငရုတ်သီးစိမ်းကိုတော့ မထောင်ခင် အရင်ဆုံး အညှောင့်ချွေပြီး ၊ ဒယ်အိုး အပူထဲ ထည့်လှော်ပေးရပါမယ် ။ လှော်နေတုန်း မီးအရှိန်နဲ့ ငရုတ်သီးက ထပေါက်ပြီး စင်တတ်တဲ့အတွက် မျက်စိထဲမ၀င်အောင် သတိတော့ထားလှော်ရမှာပါ ။ အဲ့ဒီငရုပ်သီးနဲ့ ကြက်သွန်ဖြူကို လိုသလောက်ရောပြီးထောင်းရပါမယ် ။ ကြေညက်လာတာနဲ့ငပိကိုပါ ထပ်ပေါင်းထည့်ထောင်းပေးရပါမယ် ( ငပိထောင်းပိုပြီးစားလို့ကောင်းဖို့ ပုစွန်ခြောက်လေး နည်းနည်းပါထည့်ထောင်းလျှင် ပိုကောင်းပါတယ် )
ငရုပ်သီးအကျက်မှုန် နဲ့ ၊ အသားမှုန့်တို့ကိုပါ ရောထောင်းပြီးပြီဆိုလျှင် ၊ ငပိထောင်းလည်း စားဖို့ အသင့်အနေထားရောက်ပါပြီ ။ သံပုရာသီးကိုတော့ စားခါနီးမွ ငပိထောင်း အပေါ်ကနေ အရည်ညှစ်ပြီး တွဲစားပေးရမှာပါ ။ အဲ့လိုမွ မဟုတ်လျှင် သံပုရာရည်က ချဉ်အရသာထက် ၊ ခါးဖန့်ဖန့် အရသာ ဘက္ကို ပြောင်း သွားနိုင်လို့ပါပဲ ။ လတ်ဆတ်တဲ့ သံပုရာနံ့လည်း မမွှေးတော့တာကြောင့်ပါ ။ အားလုံးလည်းပြင်ဆင်ပြီးလို့ စားဖို့ အသင့်အနေထားရောက်ပြီဆိုတော့ . ၊ အအေးခံပြီးရေစစ်ထားတဲ့ ခေါက်ဆွဲကို အလျှင်ထည့်ရပါမယ် ၊ ပြီးတာနဲ့ ခ်က္ထားတဲ့ ကော်ရည်ကိုလောင်းထည့်ပြီး ၊ အပေါ်က ကြက်သွန်ဆီချက်လေး ဖြူးပေးလိုက်လျှင် အိုကေပြီပေါ့နော် ။
credit

ကော်ရည်ခေါက်ဆွဲ နောက်တစ်နည်းပါ
ကော်ရည်ခေါက်ဆွဲအတွက် လိုအပ်တာတွေကတော့
၀ကျ/ကြက်/ဘဲ ကြိုက်နှစ်သစ်ရာအသား၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ပဲပင်ပေါက်၊ တရုတ်နံနံ၊ ဆား၊ သကြား၊ အချိုမှုန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစားနဲ့ သံပုရာသီးတို့ပါနော်။
ပထမအဆင့်အနေနဲ့ အသားအရိုးတြဲလ်က္ကို သန့်စင်အောင်ရေဆေးပြီး အတုံးခပ်ကြီးကြီးတုံးပြီး ဆား၊ သကြား၊ အချိုမှုန့်၊ ချင်းထောင်းရည်တို့နဲ့နယ်ပြီး ခဏနှပ်ထားပေးပါနော်။ ပြီးတော့မှ အိုးတစ်လုံးထဲထည့်ပြီး အသားတွေကိုထည့်၊ ရေကိုလည်း အသားမြုပ်ရုံထည့်ပြီး ပြုတ်ပေးထားပါနော်။
ပထမတစ်ရေခမ်းလောက်ပြီဆိုရင်တော့ အသားတွေကို ဟိုဘက်ဒီဘက်လှန်ပြီးတော့ ရေထပ်ထည့်ပြီး တည်ပေးပါ။ အသားနူးလောက်ပြီဆိုရင်တော့ အိုးထဲကေန အသားတွေကိုဆယ်၊ အအေးခံပြီး အသားနွှင်ပေးထားပါနော်။ ကော်မှုန့်ကိုတော့ စားမယ့်လူရယ်၊ ကော်ရည်အပျစ်အကျဲအကြိုက်ပေါ် မူတည်ပြီး ဖျော်ပေးပါနော်။ ကော်မှုန့်ဖျော်တဲ့အခါမှာ ဆား၊ သကြားနဲ့ အချိုမှုန့်လေးနည်းနည်း ထည့်ဖျော်ပေးပါ။ မုန်ညင်း၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီတို့ကိုလည်း ရေနဲ့သေသေချာချာ အထပ်ထပ်ဆေးပြီး လှီးချွတ်ရေစစ်ထားပေးပါနော်။ ငါးပိစိမ်းစားကိုလည်း မီးလေးအုံးထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးထားပါ။ ကြက်သွန်ဖြူနီတို့ကိုလည်း အခွံနွှာပြီး ဆီချက်ချက်ဖို့ ပါးပါးလှီးပေးထားပါ။
ခေါက်ဆွဲပြုတ်ခြင်းအားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အိုးတစ္လုံးထဲ ရေထည့်ပြီး မီးဖိုပေါ်တင်ပြီး ရေနွေးအိုးတည်ပါ။ ရေနွေးဆူပြီဆိုရင် ခေါက်ဆွဲ/ကြာဇံကို ပြုတ်ပေးပါ။ အကျက်လည်းညီစေ၊ ပျော့လည်းမပျော့စေအောင် သတိထားပြီး ပြုတ်ပြီးရင် ခေါက်ဆွဲပြုတ်အိုးကိုချပြီး ရေသွန်ပါ။ ခေါက်ဆွဲတွေကို စကာနဲ့ စစ်ယူပြီး ရေအေးအေးနဲ့ သေသေချာချာနှံ့စပ်အောင် ဆေးပေးပါ။ ပြီးတော့မှ စကာနဲ့ ရေစစ်ထားလိုက်ပါနော်။ ပဲပင်ပေါက်ကိုလည်း ရေနွေးဖျောပြီး ရေစစ်ထားပေးပါနော်
။ဟင်းရည်အိုးတည်ခြင်းအသားနွှင်ထားပြီးတဲ့ အရိုးတွေကို ငရုတ်ဆုံထဲ မညက်တညက်ထည့်ထောင်းပြီး အရိုးတွေကို ဇလုံးထဲထည့်ပြီး အရိုးထောင်းရေကို အိုးတစ္လုံးထဲ စစ်ယူပါ။ ပြီးတော့မှ အဲ့ဒီအရိုးရေထဲကို ဆား၊ သကြား၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ပြီး ပေးဆူပါနော်။ ဆူလာပြီဆိုရင် ဟင်းအိုးထဲကို ခုနက နွှင်ထားတဲ့ အသားဖတ်လေးတွေထည့်၊ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းမညက်တညက်ထောင်းတို့ကို ထည့်ပြီး ပေးဆူပါ။ နောက်တစ်ကြိမ်ဆူရင်တော့ ကော်ရည်ဖျော်ထားတာတွေကို ထည့်ပြီး မွှေပေးပါ။
ကော်ရည်တွေ လုံးခဲသွားတာမျိုး ဖြစ်မသွားအောင် သေသေချာချာလေး မွှေပေးပါနော်။ ပြီးရင်တော့ မီးအေးအေးနဲ့ ဖြေးဖြေးချင်း ဟင်းအိုးဆူအောင် တည်ထားပေးပါနော်။ ဟင်းအိုးထဲကို ပန်းမုန်လာပွင့်နဲ့ မုန်ညင်းကို စားခါနီးမွ ထည့်စားနိုင်ပါတယ်နော်။ အရသာကိုတော့ ကိုယ်ကြိုက်တဲ့အနေလောက်မှန်းပြီး ထည့်ထားပါနော်။
ကြက်သွန်ကြော်ကြော်ခြင်း
မီးဖိုပေါ် ဒယ်အိုးလေးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်လေးနည်းနည်းခပ်ပြီး အသင့်လှီးထားတဲ့ ကြက်သွန်ဖြူနီကြော်တွေကို ထည့်ကြော်ပါနော်။ မီးမပြင်းစေဘဲ အသင့်အတင့်နဲ့ အကျက်ညီအောင်ကြော်ပါ။ ရွှေဝါရောင်သန်းလာပြီဆိုရင်တော့ မီးဖိုပေါ်ကနေ ဒယ်အိုးကိုချပြီး ကြက်သွန်ကြော်တွေကို ပန်းကန်လုံးတစ်လုံးထဲ ဆယ်ယူပါနော်။
ချဉ်ငံစပ်နည်း
မီးအုံးထားတဲ့ ငါးပိစိမ်းစားထဲကို ကြက်သွန်ဖြူထောင်းလေးထည့်၊ သံပုရာရည်ရွှဲရွှဲလေးဆမ်းပေးပါ။ ရေဆေးပြီးသား ငရုတ်သီးစိမ်းလေးတွေကို မထူမပါးလေးလှီး၊ ဆား၊ သကြားနဲ့နယ်ပြီး သံပုရာရည်လေးနဲ့ နယ်ပေးထားပါနော်။
အဆင်သင့်ပါပဲနော်
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လုံးထဲကို ခေါက်ဆွဲထည့်၊ ကော်ရည်ထည့်၊ အသား၊ ဟင်းသီးဟင်းရွက် မျှထည့်ပါ။ ပဲပင်ပေါက်ရေနွေးဖျောထည့်၊ ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူး၊ ကြက်သွန်ကြော်လေးထည့်၊ တရုတ်နံနံလေးထည့်ပြီး ပွဲပြင်ပေးပါ။ ပြီးရင်တော့ ငါးပိမီးကင်သံပုရာရည်ဆမ်း၊ ငရုတ်ချဉ်လေးနဲ့ တွဲဖက်ပြီး ပူပူနွေးနွေးလေး သုံးဆောင်ပါနော်။
credit - မလုလု
Credit : photo

(4) တို့ဟူးနွေး ပြုလုပ်နည်း
I. တို့ဟူးနွေး ကျို ရန် -

ပါ၀င်ပစ္စည်းများ
မွှေးပဲမှုန့် - အစိမ်း - ၂၅ကျပ်သား
မွှေးကော်မှုန့် - ၁ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ရေ - ၃ လီတာ
ဆား - အနည်းငယ်
နနွင်းမှုန် ့ - အနည်းငယ်

ပြုလုပ်နည်း -
ပဲမှုန့်အစိမ်း နှင့် ရေ ၃ လီတာ ခန့်ဖြင့် တညသိပ် ဖျော်ထားပါ။
မနက်စောစော တို့ဟူး မကျိုမီ အရည်ဖျော ထားသည့် ပဲရည်၏ အပေါ် ရေကြည် ၃ပုံ - ၂ ပုံခန့်ကို ဆား ၊နနွင်းမှုန့် အနည်းငယ်နှ င့်အတူ ရောရျ် မီးအနေတော် ထားရျ် ကျိုပါ။ နှစ်သက်က ဟင်းချိုမှုန့် အနည်းငယ်ထ ည့်နိူင်ပါသည်။
ကျန် ဖျော်ထားသည့် အရည် ၁ ပုံကို ဖယ္ထားပါ။
ပဲရည်ပူရျ် မဆူပွက်ခင်တွင် ဖယ်ထားသည့် အရည် ၁ ပုံကို နှံ့စပ်အာင် မွှေပြီး ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။
ပဲအနှစ်ရည်သည် အနည်းငယ် ပြစ်လာပါလိမ့်မည် ။ အဆက်မပြတ် မွှေပေးနေပါ ။
ပိုပွစြျလာစရေနျ ကော်မှုန့်ကို အရည်ဖျာ်ပြီး ပဲရည်အိုးထဲသို့ ဖြေးဖြေးလောင်း ထည့်ပါ ။ လောင်းထည့်ချိန်တွင် မခဲသွားစေရန် အဆက်မပြတ်မွှေပေးနေပါ။
အပျစ်အကျဲ စိတ်ကြိုက်အနေအထားရ၍ ပဲနံ့ပျောက်ပြီး တို့ဟူးနံ့ မွှေးလာလျှင် မီးအေးအေးဖြင့် ဆက်တည်ထားပါ ။ဖိုပေါ်မှ ချလုက်လျင် အတုံးခဲသွားပါမည်။

II. ဆီ မွှေး ပြု လုပ်ရန်

ပါ၀င်ပစ္စည်းများ
ငရုတ်ကောင်း
ဝှါးကျောင်းစေ့
ရှောင်ကေား
ကြက်သွန်ဖြုဆီချက်
ငရုတ်သီးကြော်
မြေပဲ မညက်တညက်ထောင်း
နမ်းလှော်
ထန်းညက်ရည်
ပဲငံပြာရည် အပျစ်
ကြက်သွန်မိတ်
နံနံပင်
ဆန္စီး ခေါက်ဆွဲ သို့ ရေစိမ် (ခေါက်ဆွဲပါ ထည့်စားမည်ဆိုပါက)

ပြုလုပ်နည်း -
ဒယ်အိုးထဲတွင် ရှောင်းကား ၊ ငရုတ်ကောင်းစေ့ ၊ ဝှါးကျောင်းစေ့ကို လှော်ပြီး လုံးခြမ်းခွဲ ထောင်းပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။
ငရုတ်ခွဲကြမ်းမှုန့် ကိုလဲ ပန်းကန်လုံး နောက်တခုထဲ ထည့်ထားပါ။
အိုးထဲတွင် ဆီမ်ားမ်ားကို အပူပေးပြီး ပူလာသည့် ဆီကို အမွှေးအကြိုင်များ ထည့်ထားသည် ပန်းကန်လုံးများ ထဲသို့ လောင်းထည့်ပါ။
ငရုတ်သီး ဆီခ်က္ကိုလဲ ထိုနည်း အတိုင်းပြုလုပ်ပါ။
လက်ကျန်ဆီထဲတွင် ကြက်သွန်နီကို အကြွပ်ကြော်ပြီး စစ်ထုတ်ပါ။
ကြက်သွန်ဖြူကို မညှက်တညှက် ထောင်းပြီး ဆီချက် ချက်ရျ် နှမ်းလှော်ပါပေါင်းထည့်ပါ။
မြေပဲလှော်ကိုမညှက်တညှက်ထောင်းပါ။
ထန်းညှက်နှင့် ပဲငံပြာရည်အပျစ်ကို ခပ်ပျစ်ပျစ်ကျိုပါ။
နံနံပင် နှင့် ကြက်သွန်မြိတ်ကို ပါးပါးလွီးပါ။
ကြက်သွန်ဖြူ နှင့် နံနံပင် အနည်းငယ်ကို ညှက်နေအောင် ထောင်းပြီး ရေခပ်နွေးနွေးနှင့်ဖျော်ထားပါ။

III. မုန့် ပြဲ ပြင် နည်း

ခေါက်ဆွဲကို တစ္ပြဲစာ စားမည့် ပန်းကန်လုံး ထဲတွင်ထည့်ရျ် တိုဟူး ပူပူထဲတွင် နှစ်လိုက်ပြီး တိုဟူးနှစ်ရည်ကိုပါ ထည့်လိုက်ပါ။
ပြီးလျင် အပေါ်မှ ပြင်ဆင်ထားသည့် မြေပဲထောင်း ၊ ဆီမွှေး ၊ ငရုပ်ဆီ နှင့် နှမ်းလှော် ၊ ကြက်သွန်ဖြူအစိမ်းရည် ၊ ထန်းညက်ရည်ကျို ၊ နံနံပင် ၊ ကြက်သွန်မိတ် တို့နှင့် ပြင်ရျ် စားကြသည်။
တို့ဟူးနွေး နှင့် တြဲ၍ တို့ဟူးကြော် ၊ အီကြာကွေး ဝက်ခေါက်ကြော် တို့နှင့်လည်း တြဲ
စားကြပါသည် ။

Credit Owner with Respect

11/11/2023

ဟင်းလျာကောင်းတို့ရဲ့ လျို့ဝှက်ချက်
Panda ဟင်းချိုမှုန့်နဲ့ချက်

ဟင်းလျာတို့ရဲ့ လျှို့ဝှက်ချက်ပါ
==================
၁။ ကြက်သားနှင့်အလိုက်ဖက်ဆုံးမှာ အာလူးဖြစ်ပါသည်။

၂။ ဘဲသားနှင့်အလိုက်ဖက်ဆုံးမှာ မှိုနှင့်ဂျပန်တို့ဟူးတို့ဖြစ်ပါသည်။

၃။ ဆိတ်သားကို အမြန်နူးပြီး အနံ့မနံအောင် မချက်ခင် ဒိန်ချဉ်ဖြင့် အရင်နူးနပ်ထားရပါသည်။

၄။ ဂဏန်းအသား၏ လှို့ဝှက်ချက်သည် ကြက်ဥထည့်ပေးရခြင်း ဖြစ်ပါသည်။

၅။ အကြော်များ ပိုမိုကြွတ်ရွပြီး စားကောင်းစေလိုပါက မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီးထည့်၊ ရွှေကြည်မှုန့်ကို အနည်းငယ် ထည့်လိုက်ပါ။

၆။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ဝှက်ချက်မှာ မည်သည့်ဟင်းပွဲကိုမဆို ကြက်ရိုးပြုတ်ရည် အနည်းငယ်ထည့်ချက်ခြင်း ဖြစ်ပါသည်။

၇။ ယိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ထဲတွင် မခါးအောင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။

၈။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးရသည်။ သို့မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၉။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးရသည်။

၁၀။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။

၁၁။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဉ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည်သာ အဓိက ဖြစ်ပါတယ်​ေနာ်။

C. R. D

သုံးထပ်သားပေါင်း😋😋°°°°°°°°°°°°°°°°ရိုးရှင်းလွယ်ကူတဲ့နည်းလေးပါ။ဒယ်နီနဲ့ဆီသပ်ပြီးထမင်းပေါင်းအိုးနဲ့ပေါင်းတာပါ။သုံးထပ်သား.....
11/11/2023

သုံးထပ်သားပေါင်း😋😋
°°°°°°°°°°°°°°°°
ရိုးရှင်းလွယ်ကူတဲ့နည်းလေးပါ။
ဒယ်နီနဲ့ဆီသပ်ပြီးထမင်းပေါင်းအိုးနဲ့ပေါင်းတာပါ။

သုံးထပ်သား...............၃၀ကျပ်သား
ကြက်သွန်ဖြူး..............၅မွှာ
ချင်းသေးသေး.............၁တက်
ငရုတ်ကောင်းအမည်းစေ့...၁၀စေ့ခန့်
နံနံပင်အမြစ်............၅ခု
ပဲငံပြာရည်အကျဲ၊ အပျစ်
ခရုဆီ၊ သကြား
ဟင်းချက်ဝိုင် အနည်းငယ်

သုံးထပ်သားကိုရေဆေးသန့်စင်ပြီးအတုံးငယ်များတုံးပါ။

အသားထဲသို့ ပဲငံပြာရည်အကျဲ၊ အပျစ်၊ ခရုဆီ၊သကြား၊ဟင်းချက်ဝိုင်ထည့်နယ်ပြီး( ၁၅)မိနစ်ခန့်နှပ်ထားပါ။

ချင်း၊ ကြက်သွန်ဖြူ ၊ နံနံပင်အမြစ်၊ ငရုတ်ကောင်းစတာတွေကိုခပ်ကြမ်းကြမ်းလေး
ရောထောင်းပါ။

ဒယ်နီထဲမှာဆီကိုအပူပေးပြီးသကြားထမင်းစားဇွန်းတစ်ဇွန်းကိုညိုလာတဲ့အထိကြော်ပေးပါ။

သကြားညိုလာလျှင်ထောင်းထားတဲ့အရောကိုဆီသပ်ပါ။

မွှေးလာလျှင် သုံးထပ်သားတွေထည့်ကြော်ပါ။
ဝက်သားအရောင်လေးညိုလာပြီဆိုရင်ရေလီတာဝက်ခန့်ကိုထည့်ပြီးတစ်ပွက်ဆူသည်အထိအပူပေးပါ။

ရေဆူလာလျှင် အသားတုံးလေးတွေကိုညှပ်နဲ့ဆယ်ယူပြီးပေါင်းအိုးထဲရွှေ့ပြောင်းပါ။

ချင်း၊ကြက်သွန်ဖြူဖတ်တွေကိုဇကာနှင့်စစ်ချပြီး
အရည်ကိုပေါင်းအိုးထဲလောင်းချပါ။

မီးခလုတ်အဝါတက်သည်အထိမစောင့်ပဲရေခမ်းစပြုလာလျှင်ဝက်သားနှုးအိမှုရှိမရှိကို တုတ်ချွန်/ခရင်းလေးနဲ့စမ်းသပ်ကြည့်ပါ။

မနူးသေးလျှင်ရေအနည်းငယ်ထည့်ဖြည့်ပြီးပေါင်းပါ။ မီးအဝါရောင်တက်သည်အထိစောင့်လျှင်အောက်ခြေတူးကပ်တတ်သည်ကိုသတိပြုပါ။

Credit Owner with Respect

မုန့်ဟင်းခါး၊ရခိုင်မုန့်တီလုပ်စားကြမယ်ဆို စိန်ပန်းစပါယ်ရှယ်မုန့်ဖတ်ခြောက်နဲ့ဆို ကွတ်တိရခိုင်မုန့်တီ (ခ) အာပူလျှာပူချက်နည...
11/11/2023

မုန့်ဟင်းခါး၊ရခိုင်မုန့်တီလုပ်စားကြမယ်ဆို စိန်ပန်းစပါယ်ရှယ်မုန့်ဖတ်ခြောက်နဲ့ဆို ကွတ်တိ

ရခိုင်မုန့်တီ (ခ) အာပူလျှာပူချက်နည်း 🌶
ရခိုင်မုန့်တီသုပ် နည်း🌶🌶🌶🌶
🥵🥵🥵🥵🥵🥵🥵🥵
နှစ်သက်သောချက်နည်းအားအသုံးပြုနိုင်စေရန် စုစည်းပေးခြင်းဖြစ်ပါသည်။

ရခိုင်မုန့်တီ အရည်/အသုပ် (ကိုယ်ပိုင်ဟန်အနည်းငယ်စွက်ထားပါတယ်)

ငါးခူကိုပဲသုံးထားပါတယ် .. ဟင်းရည်အတွက် ပဒဲကောရယ် ဂျင်းရယ် အနည်းငယ်သုံးထားပါတယ် .. (ပဒဲကောနဲ့ဂျင်းကမွှေးပြီး ငါးပြုတ်ညှီနံ့ပျောက်စေပါတယ်)

ငါးပြုတ်ပြီးအရိုးနွှင်ပါမယ်။ သုံးပုံနှစ်ပုံကိုဟင်းရည်အတွက်ထားပြီး တစ်ပုံကိုအသုပ်မှာထည့်သုံးဖို့အတွက်ချန်ပါမယ်။
ငရုတ်စိမ်းတွေပြုတ်ပါမယ် .. ဆားသကြားခပ်ပြီးထောင်းပါမယ်။ ပြီးရင်တော့ အသုပ်အတွက်ချန်ထားတဲ့ငါးပြုတ်ထဲကနည်းနည်းယူပြီးရောပါတယ် .. (မရောပဲ မန်ကျည်းချဉ်ရည်နဲ့ ဖျော်လိုက်လည်းရပါတယ်)
ကြက်သွန်စိမ်း နံနံပင် အဆင်သင့်ပါးပါးလှီးထားပါမယ်။

ငါးပြုတ်ရည်ထဲကို နွှင်ထားတဲ့ငါးပြုတ်ရယ် စိမ်းစားငါးပိရယ် ပဒဲကောရယ် ဂျင်းနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နိုင်နိုင်ခတ်ပြီး ဆူအောင်တည်ပါမယ် (ဆားထပ်ခတ်ဖို့လိုမယ် သကြားနည်းနည်း) ။

ဒါဆိုရင် ရခိုင်မုန့်တီ အရည်ကော အသုပ်ကောအတွက် မုန့်ပွဲပြင်ဆင်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီရှင် ..

ရိုးရှင်းလွယ်ကူပြီး ရှူးရှူးရှဲရှဲနဲ့စားကောင်းလှတဲ့
" ရခိုင်မုန့်တီ "

မြကလေး

ရခိုင်မုန်.တီ အသုပ်နှင့် အရည်

ပါဝင်ပစ္စည်းများ
မုန်.ဖတ် - ၅၀ သား
ငါးခူ- ၁ကောင် ( ဟင်းရည်ပြုလုပ်ရန်)
ငါးဖယ် - ၁၀ သား (ကြော်ပြီး အရှည်လှီးထားပါ)
ငရုတ်သီးစိမ်း - ၂၀တောင့်
မျှင်ငပိ - အနည်းငယ်
မန်ကျည်းသီးမှည့် - ကွမ်းသီးလုံးခန်.(ရေနွေးစိမ်ထားပါ)
စပါးလင်- ၁ ပင်
ပဒဲကော - ၁ တက်
ငါးငံပြာရည်- အနည်းငယ်
နနွင်းမှုန်.-အနည်းငယ်
အရသာမှုန်. - အနည်းငယ်
ငရုတ်ကောင်းမှုန်. - အနည်းငယ်
ငရုတ်သီးအကျက်မှုန်.- အနည်းငယ်
နံနံပင် - အနည်းငယ်
ကြက်သွန်ဖြူကြော်နှင့်ဆီချက်

ဟင်းရည်အတွက် ပြင်ဆင်ပါမယ်
အရင်ဆုံး ငါးခူကိုရေဆေးသန်.စင်ပြီး နနွင်းမှုန်.၊ငပိ ၊ငံပြာရည် ၊အရသာမှုန်.တို.နှင့်
ရောနယ်ပါ။ ပြီးရင် စပါးလင်ကို ဓါးပြားရိုက်၊ ပဒဲကောကို ပါးပါးလှီးပြီး ငါးနဲ.ထည့်ပြုပ်ပါ။ငါးနူးရင် ဆယ်ပြီးအသားနွှင်ထားပါ။
အရိုးတွေကိုပြန်ထည့်ပြုပ်ပြီး ဟင်းရည်ရပြီဆိုရင် အရိုးအားလုံးကို ခပ်ထုတ်ပါ။ငရုတ်ကောင်းမှုန်.ထည့်ပါ။
ငရုတ်သီးစိမ်းကို ရေနွေးနဲ.ပြုပ်ပြီးညက်အောင် ထောင်းထားပါ။

ရခိုင်မုန်.တီသုပ်ပြင်ဆင်ရန်
ဇလုံတစ်ခုထဲသို. မုန်.ဖတ်တစ်ယောက်စာ၊ငါးအသား၊
ငံပြာရည်၊မန်ကျည်းရည်၊ငရုတ်သီးပြုပ်ထောင်း၊
အရသာမှုန်.၊ငရုတ်သီးအကျက်မှုန်.တို.ထည့်ပြီး သမအောင်ရောနယ်ပါ။
အရသာအဆင်ပြေရင် ပန်းကန်ထဲထည့်ပါ။ငါးဖယ်၊ ကြက်သွန်ဖြူကြော်၊နံနံပင်ထည့်ပါ။
အခုဆိုရင် အရသာစပ်စပ်လေးနဲ.ရခိုင်မုန်.တီသုပ်ကို ငါးပြုပ်ရည်လေးနဲ.သုံးဆောင်နိုင်ပါပြီ 😉

ရခိုင်မုန်.တီအရည်နဲ.ပြင်ဆင်ရန်
ပန်းကန်ထဲကို မုန်.ဖတ်၊ငါးအသား၊ငရုတ်သီးစိမ်းပြုပ်ထောင်း၊
ငံပြာရည်၊မန်ကျည်းရည်၊ကြက်သွန်ဖြူကြော်၊ဆီချက်၊
ငါးဖယ်၊နံနံပင်ထည့်ပါ။ပြီးရင် ငါးပြုပ်ရည်လေးခပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ 😉

အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး ..............................
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶
💖💖💖💖💖💖💖💖💖💖💖
ရခိုင်မုန့်တီသုပ် စပ်စပ်လေးလုပ်စားကြရအောင် 😍

ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း
-----------------------------------------------------
ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်း ပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ။

ရလာသော ငရုပ်သီးအနှစ် ၊ ငပိ ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ။

ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီ။

တချို့တွေကတော့ ငရုပ်သီးအနှစ်ချက်မှာ ဟင်းချိုမှုန့်ခတ်တတ်ကြပါတယ်။

နောက်ထပ် ပြင်ဆင်ထားရန်များ
-------------------------------------
ဆီချက်သတ်ပေးပါ။
မကျည်းသီးအနှစ်ရည် ဖျော်ထားပါ။
နံနံပင် လှီးထားပေးပါ။
ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့ အနည်းငယ် ရောထောင်းထားပေးပါ။
ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ။ ( ကြိုက်သူများ အတွက်သာ)
သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ။
ငရုပ်သီးအကျက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ။
ကိုယ်ကြိုက်ရာ ပဲကြော် ငါးဆုပ်ကြော် ၀ကျဆီဖတျ တမျိုးမျိုး ပြင်ဆင်
ထားပါ။
အထက်က လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည် ၊ အသုပ်အစုံ စားလို့ ရပါပြီရှင်။

ရခိုင်မုန့်တီသုပ်နည်း
-----------------------
ကိုယ်စားနိုင်မယ် ထင်သလောက် မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ။

ချက်ထားတဲ့ငရုပ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ။

မကျည်းသီးအနှစ်ဖျော်ရည် နည်းနည်းထည့်ပေးပါ။

ဆားလိုသလောက် ထည့်ပေးပါ။

ဆီချက်ကို ကြိုက်သူတွေလည်း ထည့်စားတတ်ကြပြီး မထည့်ပဲ စားတတ်တဲ့ သူတွေလည်း ရှိပါတယ်။

ရခိုင်မုန့်တီသုပ်မှာ ငရုပ်သီးအနှစ်ချက်က အဓိက ကျပါတယ်။

ကျမကတော့ မုန့်တီသုပ်ဆိုရင် မကျည်းနှစ်ဖျော်ရည်ဖြင့် သုပ်စားရတာ ကြိုက်ပြီး တစ်ချို့တွေကြပြလည်းသံပုရာသီး အနည်းငယ်ညှစ်ထည့်ကာ ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ကာ စားကြပြန်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်ရာ အကြော်တစ်မျိုးကို ညှပ်ထည့်က ရောသုပ်လိုက်ပါ။

သုပ်ပြီးပြီးဆိုရင်တော့ အပေါ်ကနေ နံနံပင်ညှပ်ထားတာလည်းကို ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကျမတို့အကြိုက် ရခိုင်မုန့်တီသုပ်တစ်ခွက် ရရှိလာမှာ ဖြစ်ပါတယ်ရှင်။

Credit : မူရင်းပိုင်ရှင်အား လေးစားလျက် :-) ရခိုင်သူ
Credit photo : မြကလေး

ငါးသံပရာပေါင်းဘာဟင်းတွေပဲချက်ချက် Panda ဟင်းချိုမှုန့်ကိုမမေ့လိုက်နဲ့နော်
11/11/2023

ငါးသံပရာပေါင်း

ဘာဟင်းတွေပဲချက်ချက် Panda ဟင်းချိုမှုန့်ကိုမမေ့လိုက်နဲ့နော်

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when KZA ဖြန့်ချိရေး-Pandaဟင်းချိုမှုန့်၊စိန်ပန်းမုန့်ဖတ်ခြောက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share