108 Outdoor Food Space

108 Outdoor Food Space အေးဆေး chill ချင်တဲ့ သူတွေ အတွက် ✨

Gypsy’s Art & coffee festival 15 ~ 21 | 08 | 2026 See you tomorrow Hippies 🥳✨🍃@ 108 Outdoor Food Space Presented by MAS
14/08/2026

Gypsy’s Art & coffee festival

15 ~ 21 | 08 | 2026

See you tomorrow Hippies 🥳✨🍃

@ 108 Outdoor Food Space

Presented by MAS

14/08/2026

မေမြို့ကို ချစ်သူ ၊ ကော်ဖီကို ကြိုက်သူတစ်ယောက်လား _____

Back to Nature | Gypsy’s Art & Coffee ပွဲမှာ မေမြို့ရဲ့ အဓိက ကော်ဖီတွေကလဲ အဓိက မပါမဖြစ်မလား ၊

မနက်ဖြန် MAS မှာ မတူညီတဲ့ ဖျော်စပ်ပုံ တွေ နဲ့ မေမြို့ရဲ့ ချစ်စရာ ကော်ဖီဆိုင်လေးတွေ ရဲ့ ကွဲပြားခြားနားတဲ့ ကော်ဖီတွေကို တဝကြီး မြည်းစမ်းကြရအောင်ပါ ။

ဘယ်ဆိုင်တွေပါမလဲ ဘယ်လိုကော်ဖီတွေဖြစ်မလဲ နဲ့ ဘာတွေ ထူးခြားနေမှာလဲ ဆိုတာ မလွတ်သွားဖို့ မနက်ဖြန် MAS မှာ ဆုံကြမယ် ။

သဘာဝထဲမယ် ၊ ပန်းချီတွေငေးရင်း ၊ ကော်ဖီတွေ သောက်ရင်း …

Myanmar Art Space (MAS)

Back to Nature ☮️  15 ~ 21 Aug 2026 See you soon 😉
12/08/2026

Back to Nature ☮️ 15 ~ 21 Aug 2026
See you soon 😉

108 Art & Lounge Space
08/08/2026

108 Art & Lounge Space

Hello 👋 , ခုဆိုရင် ရန်ကုန်ရောက်တဲ့ အခါ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ The Secretariat Yangon ရဲ့ အရှေ့ဘက်ဝန်းမှ...
04/08/2026

Hello 👋 ,

ခုဆိုရင် ရန်ကုန်ရောက်တဲ့ အခါ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ The Secretariat Yangon ရဲ့ အရှေ့ဘက်ဝန်းမှာ ပထမထပ်မှာ အသစ်ဖွင့်ထားတဲ့ 1O8 ရဲ့ Art & Lounge Space လေးမှာ
ပြည်တွင်းရဲ့ အကောင်းဆုံး ကော်ဖီတွေကို တခုတ်တရ မြည်းစမ်းရင်း တိတ်ဆိတ်ငြိမ်းချမ်းတဲ့ ပြခန်းထဲက ပန်းချီကားတွေ ၊ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေကို
အေးဆေးခံစား အနားယူလို့ ရနေပါပြီ ဆိုတာလေး သတင်းစကားပါးချင်ပါတယ် ။

ရန်ကုန်ရဲ့ ပူလောင်မှုတွေထဲကို မေမြို့ ရဲ့ အေးချမ်းတဲ့ အငွေ့အသက်လေး တွေ ပေါင်းစပ်ပြီး ၊ ပိုအဆင်မြင့်တဲ့ space တစ်ခုအဖြစ် အကောင်းဆုံး ဖန်တီး ပေးထားပါတယ် ။

အေးဆေး chill ချင်သူတွေ ၊ business talk ပြောဖို့ space ကောင်းကောင်းရှာနေသူတွေ ၊ တစ်ယောက်တည်း အေးဆေး ဆွေးနေချင်သူတွေ အတွက် 108 ရဲ့ Art & lounge space လေးက ဝန်ကြီးများရုံးထဲမှာ နေ့စဉ် မနက် ၉:၀၀ ကနေ ညနေ ၇:၀၀ ထိ ရှိနေပါမယ် ။

1O8 Yangon
1O8 Outdoor Food Space
Myanmar Art Space

စာရင်းလေးပေးသွင်းလို့ရပြီနော်🌿
03/08/2026

စာရင်းလေးပေးသွင်းလို့ရပြီနော်🌿

သဘာဝကိုချစ်တဲ့ ၊ အဝတ်အထည်ကို နှစ်သက်တဲ့ ၊ ဖန်တီးမှုကို မြတ်နိုးတဲ့ အမျိုးသမီးတွေ အတွက် MAS ရဲ့ လက်ဆောင်ပါ
_________________

ပုံမှန် ကျင်းပနေကြဖြစ်တဲ့ သဘာဝနဲ့ပြန်လည်ချိတ်ဆက်ပေးမယ့် Eco- Printing သင်တန်းလေးကို August လ 11 ရက်နေ့မှစပြီး 14 ရက်နေ့အထိ ပညာဒါန သင်ကြားပေးမယ့် အစီအစဉ် ပြန်စမှာပါ ။

တစ်ဖြေးဖြေးဝေးကွာနေတဲ့ သဘာဝနဲ့ ပြန်လည်နီးစပ်အောင် သင်ယူကြရင်း သစ်ပင် ပန်းပင်လေးတွေကိုလဲ ပုံမှန်ထပ်ပိုပြီးတန်ဖိုးထားတက်လာမှာပါ။

ပြီးခဲ့တဲ့ Batch 2 ခုလုံး မသင်ယူလိုက်ရလဲ စိတ်ပူစရာမလိုပါဘူးရှင်။ သင်ပေးသမျှအတန်းတိုင်းမှာ အခြေခံကစပြီးသင်ပေးတာမို့ Join လို့ရပါတယ်။

လက်မှုပညာကိုမြတ်နိုးတဲ့ အမျိုးသမီးရပ်ဝန်းလေးဖြစ်လို့ သင်တန်းလာသူတိုင်း ပျော်စရာအခိုက်အတန့် လေးတစ်ခုကို ပျော်ပျော်ပါးပါးပါဝင်ရင်း အမှတ်တရတွေယူသွားဖို့ကိုပဲ MASနဲ့ 108 အဖွဲ့သားအားလုံးက မျှော်လင့်တာပါ💕

ဒါကြောင့် သင်တန်းလေးကိုလက်လွတ်မခံပဲ အခုပဲ Page Cb မှာ စာရင်းသွင်းအပ်နှံလို့ရပါပြီရှင်။

သင်တန်းအသေးစိတ်-
📅 ၂၀၂၆ ၊ ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ
⏰ မနက် ၁၀:၀၀ မှ ညနေ ၄:၀၀
📍 Myanmar Art Space ၊ အမှတ် (၁၀၈) ၊ ပိတောက်လမ်း ၊ ရပ်ကွက် (၆) ၊ မေမြို့။





Art space

၂၀၂၂ ခုနှစ် ဇူလိုင် မှာ 108 Outdoor Food Space ကို မေမြို့ရဲ့ ရပ်ကွက် (၆) မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ ၁၀၈ ကို သာမန် ကော်ဖီဆ...
01/08/2026

၂၀၂၂ ခုနှစ် ဇူလိုင် မှာ 108 Outdoor Food Space ကို မေမြို့ရဲ့ ရပ်ကွက် (၆) မှာ စတင်ဖွင့်လှစ်ခဲ့တယ်။
၁၀၈ ကို သာမန် ကော်ဖီဆိုင် ၊ စားသောက်ဆိုင်တစ်ဆိုင်ထက် ပိုမိုနက်ရှိုင်းတဲ့ Concept နဲ့ ဖန်တီးခဲ့တာဖြစ်ပြီး၊ အရသာ သက်သက်ထက် အထိအတွေ့၊ ပတ်ဝန်းကျင် Atmosphere နဲ့ စိတ်အေးချမ်းမှုကို အဓိက ဦးစားပေး ခဲ့တာပါ။

လူတွေ စိတ်လက်ပေါ့ပါးစွာ အနားယူဖို့၊ စကားစမြည်ပြောဆိုရင်း အေးဆေး Chill ဖို့အတွက် အေးချမ်းတဲ့ ခိုလှုံရာ အိုအေစစ်လေးတစ်ခု အဖြစ်ရပ်တည်သွားဖို့ အမြဲရည်ရွယ်ခဲ့ပါတယ်။

ခုအခါမှာတော့ အဲ့ဒီ့ ၁၀၈ ရဲ့ အနှစ်သာရနဲ့ ဝိညာဉ်ဟာ ရန်ကုန်မြို့ရဲ့ ယဉ်ကျေးမှုဗဟိုချက်ဆီသို့ 1O8 Yangon | Art & Lounge Space အဖြစ် တိုးချဲ့ ရောက်ရှိလာခဲ့ပါပြီ။

1O8 Yangon ဟာ သမိုင်းဝင် ဝန်ကြီးများရုံး (The Secretariat Yangon) အတွင်းရှိ AIA Art Gallery ထဲမှာ တည်ရှိပြီး၊ မေမြို့ရဲ့ အေးဆေးငြိမ်းချမ်းတဲ့ vibe ကို ဝန်ကြီးများရုံးရဲ့ ခန်းနားထည်ဝါလှတဲ့ Heritage အငွေ့အသက်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။

သမိုင်း၊ အနုပညာနဲ့ ခံစားမှုတို့ကို ပေါင်းစည်းပေးထားတဲ့ 1O8 Yangon ဟာ အဆင့်မြင့်တဲ့ အနုပညာလက်ရာများကြား တိတ်ဆိတ်စွာ အနားယူနိုင်မယ့် သီးသန့် အနုပညာစေ့ဆော်ရာ နေရာလေးတစ်ခု ဖြစ်လာမှာပါ။

ခေတ်မီ အဝိုင်းပုံစံ Open Counter ကို ဗဟိုပြုပြီး ဒီဇိုင်းထုတ်ထားတဲ့ 1O8 Yangon | Art & Lounge Space မှာ အနုပညာမြောက် ပြင်ဆင်ထားတဲ့ Specialty Coffee ရဲ့ အရသာကို တခုတ်တရ ခံစားရင်း ပြခန်းရဲ့ အနုပညာလက်ရာများ၊ ဝန်ကြီးများရုံးရဲ့ သမိုင်းဝင် အမွေအနှစ်များနှင့်အတူ 1O8 ရဲ့ အနုပညာနဲ့ ကော်ဖီတို့ အတူပူးပေါင်းဖန်တီးမှုကို တိုက်ရိုက်ကြည့်ရှု ခံစားနိုင်မှာပါ။

မေမြို့ မှသည် ရန်ကုန်သို့ တိုင်အောင် ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အတူတူပါပဲ —

“ကျွန်တော်တို့ဟာ အစားအသောက် အရသာတင်မကဘဲ၊ အမှတ်တရတွေကို အထိအတွေ့အဖြစ် ခံစားလို့ရမယ့် Space တွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်”။

1O8 Yangon

#108

📍108Outdoorfoodspace⏰ We are open 8Am to 8 Pm
31/07/2026

📍108Outdoorfoodspace
⏰ We are open 8Am to 8 Pm

တစ်နေ့တာအမောတွေကို ဖြေဖျောက်ဖို့ဒီလို outdoor vibe လေးနဲ့ အေးဆေးအနားယူကြရအောင် ✨ဆိုင်ရဲ့signature 108 Brew Coffee လေးနဲ့...
08/07/2026

တစ်နေ့တာအမောတွေကို ဖြေဖျောက်ဖို့
ဒီလို outdoor vibe လေးနဲ့ အေးဆေးအနားယူကြရအောင် ✨

ဆိုင်ရဲ့signature 108 Brew Coffee လေးနဲ့
Brownie နူးနူးညံ့ညံ့လေးက အမြဲတမ်းလိုက်ဖက်တဲ့ အတွဲလေးဖြစ်လို့ဆိုင်ရောက်ရင်မြည်းစမ်းကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်🩵✌️






Our Pop-Up Store  has come to an end ✨ဒီကာလအတွင်းလာရောက်အားပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်တိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်ခဏ...
01/07/2026

Our Pop-Up Store has come to an end ✨
ဒီကာလအတွင်းလာရောက်အားပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်တိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်
ခဏတာအချိန်လေးဖြစ်ခဲ့ပေမယ့်အမှတ်တရတွေ ၊အပြုံးတွေ၊စကားဝိုင်းလေးတွေနဲ့ပြည့်နှပ်နေတဲ့နေ့ရက်လေးတွေဖြစ်ခဲ့မယ်လို့ယုံကြည်ပါတယ်။

နောက်ထပ်event တွေမှာလည်းပြန်လည်တွေ့ဆုံနိုင်ဖို့မျှော်လင့်ပါတယ်
ဆိုင်လေးကိုတော့ပုံမှန်အတိုင်းပိတ်ရက်မရှိဖွင့်တာမို့coffeလေးသောက်ရင်းအေးဆေးလာအနားယူဖို့လည်းမမေ့နဲ့နော်🩵





Address

No. 108, Padauk Street, 6 Ward, Maymyo, Mandalay
Maymyo

Opening Hours

Monday 08:00 - 20:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 21:00

Telephone

+959779599651

Website

Alerts

Be the first to know and let us send you an email when 108 Outdoor Food Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category